လွမ်းတယ်အမေ.လွမ်းတယ်အဖေ..
----------------------------
ကောင်းကင်ထက် မြေလွှာကို ပိုစိတ်ဝင်စားတယ်၊ နေ့ တဓူဝ ပဲပြုတ်ရောင်းနေတဲ့ အစ်မကြီး ဘာတွေများတွေးနေမလဲ၊
ဝယ်စားမိလို့  ၀ယ်စားမလားလို့ မျှော်လင် ချက်နဲ့ နေ့ တဓူဝ အိမ်ရှေ့ လာရပ်တဲ့ မှောင်မှာင်သည် ရဲ့  အတွေးကို စိတ်ဝင်စားတယ်
အမှိုက်ပစ်တိုင်း ငွေအပါအ၀င် ထွေလီကာလီတွေပေးတတ်လို့  သိပ်သဘောကောင်းသွားတဲ့  စည်ပင် အန်တီကြီးရဲ့ ဘ၀အမြင်တွေကို စိတ်ဝင်စားတယ်.
...မြေသားမို့  မြေလွှာတွေကို ပိုအာရုံကျနေလေသလား...သူတို့ အတွေး သူတို့ အသိထဲမှာ ဘာတွေများရှိနေပါ့ မလဲ သိချင်စရာကောင်းလှတယ်..
အိမ့် မျက်စောင်းထိုးက ခြောက်ထပ်တိုက် တစ်နှစ်ကျော်ပြီ မပြီးသေးဘူး ဖြိုတုန်းက
တစ်လမကြာခဲ့ ဘူး...
.အဖြိုတော့ မြန်လိုက်တာ အဆောက်သာကြာတယ်...
ဘုရားဖြစ်ဖို့ ဗျာဒိတ်ရနောက်ပိုင်းတောင် လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း အချိန်တွေရင်းခဲ့ ရတယ်လို့ ဆိုတယ်
အဲ့ မတိုင်ခင်က ကမ္ဘာပေါင်းက မရေနိုင်လောက်အောင် ဘုရားဖြစ်ဖို့ ကြံနေတဲ့  ကာလတွေ
မပါသေးဘူးလို့ ဆိုတယ်.
.ဘုရားဖြစ်လို့  ဘုရားဘ၀မှာ နေခွင့် ရသွားတဲ့ ကာလလေးက အသက် ၃၅နှစ်ကနေ အသက် ၈၀ထဲ...အောင်မြင်မှု့ ရဖို့  ပေးဆပ်ရတဲ့ ကာလတွေကြာသလောက် အောင်မြင်မှု့ ကို ခံစားသွားရတဲ့ ကာလလေးကတိုတောင်းလိုက်တာ...
တည်ဆောက်ရတာ ကြာသလောက် ဖြိုချရတာ လွယ်လွန်းတယ်
အပြုသဘောတဲ့ အဖျက်သဘောက ပိုလွယ်တယ်
ရှင်သန်ဖို့ ထက် ကျဆုံးဖို့ ကပိုလွယ်တယ်
ချစ်ဖို့ ထက် မုန်းဖို့ က ပိုလွယ်လေသလား
တွဲတဲ့ လက်မြဲဖို့ ထက် မြဲတဲ့ လက်ဖြုတ်ချလိုက်ဖို့ က ပိုလွယ်လေသလား..
တစ်ကိုယ် တည်းက သားသမီးရော မိဘရော ဖြစ်နိုင်တယ်.
..သားသမီးခံစားမှု့ ရော မိဘ ခံစားမှု့ ရော ခံစားတတ်တယ်...
မိဘမရှိတော့ တဲ့ အချိန် တစ်ခါတစ်လေ မိဘတွေကို သတိရမိတဲ့  သားသမီးခံစားမှု့ တွေ ၀င်လာတဲ့ အခါ....
အားငယ်သွားတယ်...လွမ်းတယ် တမ်းတတယ်
အမေ့ ကို အဖေ့ ကို မြင်ချင်သေးတယ် စကားတွေပြောချင်သေးတယ်
အမေချက်ပေးတဲ့ ဟင်းနဲ့ ထမင်းစားချင်တယ်
အဖေ့ အသံသြဇာကို အားကိုးတကြီးကြားချင်သေးတယ်...
အသက်ဘယ်လောက်ရရ ကိုယ့် ခြေထောက်ပေါ်ကိုယ် ဘယ်လိုရပ်ရပ် .
.အဖေအမေတို့ အကြောင်း သတိရလိုက်ရင် ကျနော်ဟာ အမြဲတမ်းကလေးလေးပါပဲ...
ကျနော်..လွမ်းတယ်အမေ ကျနော်..လွမ်းတယ်အဖေ...