Powered By Blogger
Tuesday, May 12, 2015
အဉ္ဇလီ + အဉ္ဇလီ အတွက် ဂီတအဉ္ဇလီ ( ၂ပုဒ်ဆက်)
♫ ♪♫ ♪ ♫ ♪♫
သတင်း မကြားရတဲ့ ရက်လနှစ်တွေ ကြာပြီဆိုတော့ မင်းရဲ့ အကြောင်းကို ကိုယ်လေ အစဉ်နားစွင့် နေဆဲ...
နှလုံးသားကြားမှာမင်းညှိခဲ့ လို့  ရင်မှာဖြစ်သော စောင်းကြိုးညှို့ တော့  မျှော်နေရင်ထဲ မင့် ကိုပဲ....
အိမ်အိုဟောင်းကို စွန့် သူ မင့် ရင်ထဲ လွမ်းလှချည်ရဲ့ ဆို နေရာဟောင်းကို အမြန်သာပြန်ခဲ့ ကွယ်
အဉ္ဇလီရယ် အချစ်ရယ့်  ဘယ်ဆီကိုများရောက်နေသလဲ  အဉ္ဇလီရယ် အချစ်ရယ့်  ဘယ်ရင်ခွင်များရောက်နေသလဲ...
 ♫ ♪♫ ♪ ♫ ♪♫
'' အို. အဉ္ဇလီရယ် မင်းမရှိတဲ့ နောက် ရေအိုင်တွေလည်း ခမ်းခြောက်လို့  မေတ္တာပန်းကြွေ နွမ်းတဲ့ အခိုက် သစ္စာစကားကို ကြားလိုက်တယ်..''
''ပြန်လာမယ်ဆို ပြောခဲ့ လို့  ကိုယ်မျှော်နေဆဲ နွမ်းလျလို့ အတိတ်ကို လွမ်းသလို ရှိတဲ့ အခိုက် တေးသံဟောင်းကို ကြားလိုက်တယ်..''
(^_^)
အရာရာနှောင်းခဲ့ ပြီလားလို့  သတိဝင်လာခဲ့ ချိန်မှာတော့  အချစ်ဟာ..ဟိုးးးးအဝေးကြီးမှာ...
ဖအေ စနေအင်္ဂါသက်ရောက် သားစနေ အင်္ဂါသက်ရောက်မှာ..
ဖအေ စနေအင်္ဂါသက်ရောက် သားစနေ အင်္ဂါသက်ရောက်မှာ..
-----------------------------------
ကျနော်ရေးရေးနေသလို မိသားစု ကံကြမ္မာမြေပုံစနစ်သဘောအတိုင်းဖြစ်ခဲ့ တာ....အဲ့ မိန်းမက သူ့ ယောက်ျား စနေသား အခု ၅၇ စနေသက်ရောက် အကြောင်းလာတွက်ရင်းနဲ့  ငိုကြွေးနေတာကို စောင့် ပေးရပါသေးတယ် .(..အခုမှ ကံညံ့ နေတာမဟုတ်ဖူး အသက်၅၅ ၀င်ကတည်းက အညံ့  ပိုင်းဝင်ခဲ့ တာလို့  ပြောမိယုံရှိသေး...နောက်ကြောင်းပြန်ပြောပြီး ငိုတော့ တာပဲဗျာ  သူ့ ကြည့် ရင်းကိုယ်ပါ ၀မ်းနည်းလာတာပေါ့ လေ....)..
သူမက တစ်ခြားဘာသာဝင်ပါ  ယောက်ျားက ဗုဒ္ဓဆိုပေမယ့်  သူမက မိသားစုကို အသဲတုန်အောင် ချစ်ရှာတော့  မိသားစုအတွက် ဗေဒင်မေးပေး ယတြာခြေပေးလုပ်လေ့ ရှိတယ်လို့ ဆိုပါတယ် .သားသမီးသုံးယောက်မှာ အကြီးဆုံးက (၈၈မွေးစနေသား) အငယ်က သမီး ၂ယောက်တဲ့ ..တစ်ဦးတည်းသော သားလိုဖြစ်နေတာပေါ့ ..အဲ့ သားက သေင်္ဘောလိုက်ရင်း အသက် ၂၃ မှာ သင်္ဘောမှာ အသတ်ခံရပြီး သေတယ်လို့ သူပြောတယ်...ဒီနေ့  ဖုံးစကားပြော နောက်နေ့ သေတယ်ဆိုတာ ဘယ်လိုမှ လက်မခံနိုင်ဘူးတဲ့  (အခုအထိ ကြေကွဲမဆုံးသေးပေါ့ ) ...
ကံစေရာပဲလို့ မှတ်ပါလေ...
ကံစေရာပဲလို့ မှတ်ပါလေ...
-----------
အဆိုးလို့ ဆိုတဲ့ ကံကြမ္မာတစ်ခု ကျရောက်လာရင် အမြဲတမ်း ပစ္စုတ်ပန်အမှားတစ်ခုခု နဲ့  ဂြိုလ်မကောင်းလို့ ဆိုတာကြောင့် ချည်းလို့  မယူလိုက်ပဲ အတိတ်ကံက ၀င်နှောက်တာလည်း ပါတတ်ပါတယ်လို့ ထည့် ယူလိုက်တာ ပို စိတ်သက်သာပြီး သဘာဝပိုကျလောက်မှာပါ၊ ဘာလို့ ဆိုတော့  ကိုယ့် လို မွေးသက္ကရာဇ်တွေနဲ့  ပြိုင်တူမွေးလာတဲ့ ဖွားဖက်တော်တွေ ကမ္ဘာပေါ်က မတူညီတဲ့ ဒေသတွေမှာ အများကြီးရှိနိုင်ပြီး သတ္တ၀ါတစ်ခု ကံတစ်ခုသဘောကိုလည်း သတိလက်လွတ်လို့ မဖြစ်ဖူးဆိုတာပါပဲဗျာ...
၈၊၈၊၅၃ နေ့ လည် ၁၂ နာရီခွဲမွေး ဗုဒ္ဓဟူးသမီး ( မူလ ၁ကြွင်း မရဏဖွား၊ မွေးချိန်ဘောမတိုင် ၃ကြွင်းမဟာဘုတ်အကျိုးသက်ရောက်မှု့ ပါ)..ဟာ လာနေကျပါ...အခုအလာကျဲနေပြီးမှ ပြန်ပေါ်လာတော့  ..သူက...၁ကြွင်းတွေကို ကျနော် ခဏခဏ သတိပေးတတ်တဲ့  ၀မ်းဗိုက်ပိုင်းပြဿနာတွေကိစ္စ အတိုင်း အခု မမျှော်လင့် ပဲ ဗိုက်ခွဲလိုက်ရတယ်လို့ ဆိုလာပါတယ်.
..ခွဲရတဲ့ အကြောင်းက...အူခေါက်ပြီး အူပိတ်သွားလို့  ၀မ်းဗိုက်ဖွင့် ပြီး အူဖြတ်လိုက်ရတာ ၆ လက္မလောက်ပါလို့ ဆိုပါတယ်...အခုတော့ ဆီးပိုက်တန်းလန်းနဲ့ ခဏနေနေရသေးတယ်လို့ ဆိုပါတယ်.
..( ဒါဟာဘယ်သူမဆို ရုတ်တရက်ထဖြစ်တတ်တဲ့  အရေးပေါ်ရောဂါသဘောမျိုးထဲက တစ်ခုလို့ ကြားဖူးပါတယ်)....သူသိချင်တာက နောက်ထပ် ခွဲစိတ်ရတာမျိုးရှိသေးလားပေါ့ လေ.
..( လစိတ်တွေအသက်ပိုင်းတွေချိန်ကြည့် ပြီး ဒီခွဲစိတ်မှု့ က ဒီအသက်ပိုင်းတွေမှာ အကြီးဆုံးဖြစ်လို့  နောက်ထပ်ဒီလို ကြီးကျယ်တဲ့ ခွဲစိတ်မှု့ မျိုးတွေ မရှိတော့ ပါဘူးလို့ ဖြေလိုက်တာပေါ့ လေ.)...
ဂြိုလ်အိပ် နဲ့  သက်ရောက်ကို တွဲကြည့် လိုက်ရင် ဘယ်လိုတွေလုပ်စားနေရမလဲဆိုတာ...
ဂြိုလ်အိပ် နဲ့  သက်ရောက်ကို တွဲကြည့် လိုက်ရင် ဘယ်လိုတွေလုပ်စားနေရမလဲဆိုတာ...
--------------
ဆိုပါတော့  တနင်္ဂနွေ တွေဟာ အသက် ၆ နှစ်+ အသက် ၁၅ နှစ် = အသက် ၂၁ အထိဟာ တနင်္ဂနွေဂြိုလ်အိပ်နဲ့  တနင်္လာဂြိုလ်အိပ် ၂ ခုထဲမှာ ဖြစ်လို့  မဆိုးပါဘူးပေါ့ ..ပါးပါးလေး
နေလို့ ရပါသေးပေါ့ ..အသက် ၂၂ ကြတော့  အင်္ဂါ ဂြိုလ်အိပ် ၈ နှစ်ကို ပြောင်းထိုင်ပါပြီ....ဒီတော့  တနင်္ဂနွေတွေဟာ အသက် ၂၂ကနေ အသက် ( ၂၁+၈=၂၉) အသက် ၂၉
အထိ မပါးတော့ ပါဘူး...စိတ်ရုပ် ၂ပါး ၀ီရိယထား ဘ၀ကို ခွန်အားအပြည့် ထည့်  မောင်းရပြီဆိုတာ အင်္ဂါဂြိုလ်အိပ် ၈ နှစ်တာကို ထောက်ပြီး မြင်လိုက်ပါပြီ....
ပထမပိုင်း အသက် ၂၁ နှစ်အထိမှာ ဂြိုလ်အိပ်ကောင်း ၂ ခွင်ဆက်လာလို့  အဲ့  ၂၁ နှစ်ထဲမှာ သက်ရောက်မကောင်းလဲ အပြီးပြိုလဲမသွားသေးပဲဂြိုလ်အိပ်အကောင်းက မျက်နှာသာပေးနေ ပါသေးတယ်ပေါ့ ....
မရဏဥာဉ် အဆိုးအားသန်သွားချိန်မှာ အထွန်းအိမ်က ဂဏန်းဟာ မရဏအိမ်ကိုပြုကျသွားပြီး...
မရဏဥာဉ် အဆိုးအားသန်သွားချိန်မှာ အထွန်းအိမ်က ဂဏန်းဟာ မရဏအိမ်ကိုပြုကျသွားပြီး...
-------------------------
ကိုယ့် ဟာကိုယ်ဘာတွေဖြစ်နေလဲကို နားလည်ဖို့ ချိန်တဲ့ နည်းပညာတစ်ခုပါ..။ တကယ့် အတွေးအခေါ်သဘောဆန်ပါတယ်..ဘ၀နေထိုင်နည်းအတွက် အကူအပံ့ သဘောပါ..။
ပထမဥပမာက ၁ကြွင်း မွေးကိုပြလိုက်ပါတယ်..၁ကြွင်းဟာ ကိုယ်ထင်တာကိုယ်လုပ်မယ်၊ ဘယ်သူ့ ကိုမှဂရုမစိုက်ဘူး.၊ စသဖြင့်  လူကောင်းစရိုက်တော့ အရမ်းလျော့ လာပြီး မကောင်းမှု့ တွေ များလာတဲ့ အခါ...၁ကြွင်းမဟာဘုတ်က ကောင်းပါတယ်ဆိုတဲ့  စနေနံ အင်ပရက်ရှင်တွေ ကောင်းသတင်းတွေ ဟာ မရဏအိမ်ကိုပြုတ်ကျသွားပါတယ်...အဲ့ ဒီ့ အခါ ၄ ကြွင်းနှစ်မွေးတွေ စနေနံမရဏ ရဲ့  သတ်ကွင်းတွေမျိုး အဲ့ ဒီ့ ၁ကြွင်းမွေးတွေမှာ လာခံစားရပါတယ်..အော့ ကြောလန်ဖြစ်သွားတာ၊ လူဆိုးဂုဏ်ရတာ၊ အမှု့ တွေဖြစ်လွယ်လာတာ.အသရေပျက်တဲ့ ဘ၀၊ မကောင်းသတင်းနဲ့ ကျောဇောတာ၊ မဟုတ်တာ အကုန်လုပ်တော့ တာ.နိုးအရှက် ၊ သူတစ်ပါးရဲ့ လုပ်ကြံခံရတာမျိုးတွေ ကြုံလာရတတ်တဲ့ သဘော...။
သူညကြွင်းမွေးတစ်ယောက်ဟာ ငါ့ စိတ်အတိုင်းငါလုပ်မယ် ဒေါသကြီးတာကို မထိမ်းချုပ်နိုင်ရင်၊ အထူးသဖြင့် ကိုယ့် ကြောင့်  မိသားစုတွေ ပတ်ဝန်းကျင်ကို စိတ်ဆင်းရဲစေအောင် အလွန်အကျွံပြုမူနေမယ် စိတ်ပုပ်မယ် ဆိုရင် သုညကြွင်း အထွန်းအိမ်က သောကြာဂဏန်း ဟာ မရဏအိမ်ကိုပြုတ်ကျ သွားပါတယ်...အဲ့ ဒီ့ အခါ အဲ့ ဒီသုညကြွင်းမွေးဟာ..သောကြာနံပရိယာယ်သဘော ဖြစ်တဲ့ ခရီးစကားလှုပ်ရှားမှု့ တွေသဘောတွေအရ တိုးတက်ကြီးပွားမယ့် လမ်းကြောင်းတွေနှေးကွေးသွားမယ် ပိတ်ဆို့ ခံနေရမယ် စကားတွေမဆိုးတော့ ဘူး သွေးရောဂါတွေ ၀င်လာလွယ်မယ် မတော်တဆမှု့ တွေ ဖြစ်လွယ်လာပါမယ်..
ဒီလိုပါပဲ ၂ကြွင်း ရဲ့ အတွေးတွေဟာသိပ်အစွန်းရောက်ပြီးတဇွတ်ထိုးအလွန်ဆန်လာရင် ၅ကြွင်းရဲ တနင်္ဂနွေ မရဏသဘာဝ အဆိုး တရားတွေလိုသဘောကြုံ လာလိမ့် မယ်လို့ သတိပေးတဲ့ သဘော..
''အေသင်မြို့ သား တရားသူကြီးတို့ ကား သေလေပြီ။ ဆော့ ခရတ္တိကား ရှင်လေပြီ......''
'' လူသည် ဆင်ခြင်တုံတရားနှင့်  အသိဥာဏ်ပညာ ကို လက်ကိုင်ထားရမည်။ အမှန်တရားကို မြတ်နိုးအပ်၍ လူ့ အဖွဲ့ အစည်းအတွင်း၌ ရိုင်းပင်းစာနာသင့် ကြောင်းစသည်ဖြင့်  ဟောပြောပို့ ချသောအမှု့ ကား ကြီးလေးသော ရာဇ၀တ်မှု့ ဖြစ်၏။'' ထိုအမှု့ အတွက် ရလာဒ်ကား ''သေဒဏ်'' ဖြစ်လေ၏''...
ဆော့ ခရတ္တိကား သေဒဏ် ထိုက်လေပြီ.....
'' အို...အေသင်မြို့ သားတို့ ....သင်တို့ သွားမည့် လမ်းက ရှင်လမ်း၊ ငါသွားမည့် လမ်းက သေလမ်း ၊ ဘယ်လမ်းက မြတ်သည် ဆိုတာ သင်တို့ လည်းမသိ၊ ငါလည်းမသိ ၊ အဂ္ဂဘုံ သာ သိရော့ မည်''...။
ဆော့ ခရတ္တိသည် ပြိန်းဖျင်းသော သူတို့ လက်ခံသော အယူဝါဒကို လက်မခံ ငြင်းဆန်ခဲ့ သောကြောင့်  အေသင်မြို့ သား တရားသူကြီးတို့  ကမ်းလင့် သော အဆိပ်ခွက် ယူ၍ ရဲရဲဝံ့ ဝံ့ ကြီးမော့ သောက်ပစ်ခဲ့ လေသည်။
''
အေသင်မြို့ သားတရားသူကြီးတို့ ကား သေလေပြီ။ ဆော့ ခရတ္တိကား ရှင်လေပြီ......''.။
မွေးချိန်မဟာဘုတ်အကြောင်း စတိ..
မွေးချိန်မဟာဘုတ်အကြောင်း စတိ..
------------------------
မဟာဘုတ်နဲ့  မွေးချိန်မဟာဘုတ်အကြောင်းတွေမှာ ...ဒါနဲ့ ပါတ်သက်လို့ စာအုပ်တွေက တစ်ပုံကြီးပါ သူ့ ဟာနဲ့ သူ့ ပညာပေါ့းးးကျနော်ခုပြောမယ့် မွေးချိန်ကနေဖေါ်ထုတ်တဲ့ မဟာဘုတ်က ကိုယ်တိုင်စောင့် ကြည့် လေ့ လာမှတ်သားရင်းကနေ မြင်လာရတွေဟာ ဘ၀အတွက် လက်တွေ့ ကျလို့ ဒီနေ့ အထိ လက်တွေ့ လောကမှာ ချသုံးပါတယ် ရိုးရိုးလေးပါ အင်္ဂ၀ိဇ္ဇာ အခါတိုင်ကိုဘဲ ဘင်္ဂ အိမ်ကနေ စပြီး မဟာဘုတ်ထူလိုက်ခဲ့ တာပါဘဲ.့တကယ်အလုပ်ဖြစ်ပါတယ်။
ဒီတော့  ဘာဖြစ်လဲဆိုတော့   လူတစ်ယောက်ဟာ  သူ့ မွေးတဲ့  သက္ကရာဇ်အရ ဖြစ်လာတဲ့  မူလ မဟာဘုတ်ကာရိုက်တာစတိုင်ရယ်......နေ့ တစ်နေ့ မှာ မွေးဖွားလာတဲ့ မွေးချိန်မဟာဘုတ် ကာရိုက်တာ စတိုင်ရယ်၂မျိုး ထွက်လာပြီး ဒီ ၂ မျိုး နဲ့ ဘဲ ဘ၀ကိုဖြတ်သန်းပါတယ်  ဒါကြောင့်  ကျနော်တို့  သူတို့ ဘ၀ကို အရှည်ကြီးခန့် မှန်းရာမှာ  မွေးနှစ်နဲ့ မွေးချိန် ၂ ခုပေါင်းနဲ့  ဆုံြးဲဖတ်ပြီး လမ်းကြောင်းချ ပါတယ်