Powered By Blogger

Monday, February 2, 2015

(မဟာဘုတ်) မရဏအိမ်မှ အလှုပ် (အစ) (အမှန်) ဆိုတာဘာပါလဲ..?(အမှား) ဆိုတာ ဘာပါလဲ.?..(ဗေဒင်+အတွေး)





အမှန်က အခု ပြတဲ့ အခြေခံကို အရင်မကိုင်ထားရင် ဖတ်ပြီး ဖတ်ဖူးတယ်ပါပဲ၊ နောက်..ဖတ်လို့ တော့ ကောင်းသား ဘာတွေမှန်းလည်းမသိဘူးဖြစ်တတ်ပါတယ်...ဒါကြောင့်  ဘယ်လိုကြောင့် အဲ့ လိုသဘောမျိုးစဖြစ်လာတာလဲအခြေခံကို ပြန်ရေးပြထားပါမယ်။ သတိထားဖို့  အားလုံးဟာ ''စိတ်'' ခံစားမှု့ အခြေခံကစတာတွေချည်းပါပဲ ..။

အစဉ်အလာ မဟာဘုတ်လေးထောင့် အကွက်က နက္ခတ်သုံးစတိုင်နဲ့ တူပြီး (၀ိဇ္ဇာနည်းကျမြန်မာ့ ဗေဒင်)လို့ သုံးတဲ့ ဆရာဦးလင်းအောင်နဲ့ တပည့် တွေက မဟာဘုတ်တိုင်ကိုကြက်ခြေခတ်တွေနဲ့ သုံးပါတယ် ဆရာဦးလင်းအောင် စသုံးပြလို့ လိုက်သုံးတာပါ။ ရည်ရွယ်ချက်က မဟာဘုတ်အိမ်တွေရဲ့ အပြော့ အမာကိုပြချင်လို့ ပါ..သဘောက (ရာဇ၊ဘင်္ဂ၊ အထွန်းမွေးတွေ)က (မရဏပုတိ၊အဓိပတိမွေးထက်စာရင် )  သဘောထားပျော့ ပြောင်းသွားလွယ်တယ် မရဏပုတိ၊အဓိပတိတွေက တင်းမာလာရင်အလွယ်နဲ့ အလျှောမပေးချင်ဘူး အလယ်ကောင်က သိုက်ဖွားတွေက တစ်ပြိုင်ထဲမှာကို တစ်ကိုယ့် နှစ်စိတ်တွေ..ဂုဏ်တော်ကို ပါးစပ်ကရွတ်နေရင်္င မျက်လုံးနဲ့ လက်က ကြောင်သန်းရှာနေတဲ့ စိတ်သဘော။

ပုံမှာပြထားတဲ့ မဟာဘုတ်အိမ်က စာတွေ အလိုအရ လွန်ကဲတာ မှန်သမျှ အမှားလို့ ရေးတယ်၊ မကောင်းတဲ့ ဖက်မှာ မှားတာ. အဲ့ '''အမှားတွေဆိုတာဟာ '' လူ့ အဖွဲ့ အစည်းကြီးက မှားပါတယ်လို့ ယေဘူယျ သတ်မှတ်ထား(သို့ ) ခံယူထား (သို့ ) ကိုယ်ချင်းစာထားတဲ့ စံနှုံးကနေပြောတာပါ  ''တစ်ဦးချင်းခံယူမှု့ နဲ့ မတိုင်းတာပါဘူး.''။ ဒါတောင် တစ်ချို့ လူ့ အဖွဲ အစည်းမှာ လုပ်သင့် လုပ်ထိုက်တဲ့ ပါဏာတိပါတဟာ ကောင်းမှု့ တစ်ခုလို့ ယူပြီး တစ်ချို့ တမင်တကာ ရည်ရွယ်ပြီး ပါဏာတိပါတ လုပ်တာကို အမှားလို့ မခံယူပါဘူး..တစ်ချို့ လူ့ အဖွဲ့ အစည်းမှာတော့ ''ဘာကြောင့်  ပါဏာတိပါတ လုပ်လုပ် မကောင်းမှု့ အမှား'' သာဖြစ်တယ်လို့  ခံယူပါတယ် ၊ ဒီတော့  အမှားတွေအမှန်တွေဟာလည်း တစ်ဦချင်းတောင်မကသေး လူ့ အဖွဲ့ အစည်းကြီးတစ်ခုနဲ့ တစ်ခုတောင် သဘောထား မတူတာတွေ့ နိုင်ပါတယ်..ဒီတော့  ဗေဒင်ကပြောတဲ့ အမှားတွေအမှန်တွေ မကောင်းဘူးကောင်းတယ်ဆိုတာတွေဟာလည်း ယေဘူယျသဘောတွေပါပဲလို့ ဆိုလိုပါတယ်..

အမှားဆိုတာ ဗေဒင်အလိုအရပြောတဲ့ အမှားက လူတိုင်းမှာ လူ့ သဘာဝရှိတဲ့ ပုံမှန်စိတ်တွေကနေ သာမန်အချိန်မှာထက် အိုဗာဖြစ်လာရင် မှားတတ်တယ် အမှားတွေကြုံလွယ်တတ်တယ်လို့ စပြောတာပါ၊ အမှားဆိုတာဟာ အမည်ဆိုးထွက်လွန်းတာ (ဟစ်တလာသဘော) ဘ၀ပျက်လွယ်ရင်အမှား (ဂျေးထဲရောက်သွားတာ လူထသတ်မိတာ) (လက်ရှိကနေ လက်မဲ့ မွဲသွားလွယ်တာ)စသဖြင့် တွေဖက်ကို ရောက်သွားလွယ်နိုင်တဲ့ အပြုအမူတွေကို အမှားလို့ ဆိုလိုတာပါ.။ ပြီးတော့  အဲ့ အမှားဆိုတဲ့ အမူဟာ တစ်ချို့  ကာလရှည်ကျင့် သုံးပြီးမှ ကြုံပြီးမှ အမှားရဲ့ ဒဏ်ခံရတာ၊ တစ်ချို့ က တစ်ခါပြုမိမှား တစ်သက်စာလောက်ခံရတာ၊ တစ်ချို့ ကတော့  (ယုံကြည်မှု့ အလိုအရ) နောင်ဘ၀မှ ခံရတာလို့  သုံးမျိုးကွဲထွက်လာတာတွေ့ နိုင်ပါတယ်။

မရဏအိမ်က ခြူခြာပျော့ ညံ့ သည်းမခံနိုင်မှု့ အမှားဆိုတာ ၊ တင်းမာလွန်းတာ ၊အလျှော့ ပေးလွန်းတာဟာ အမှားဖြစ်လွယ်တာ၊ ဘင်္ဂအိမ်ကအမှားက သဘောထားခဏခဏပြောင်းလဲလွယ် တည်ငြိမ်မှု့ မဲ့တာများသွားရင် အမှားဖြစ်လွယ်တာ၊ ပုတိအိမ်ကအမှားက ဖုံးဖိလွန်းရင် ပေါ်တင်ကျလွန်းရင်အမှားကြုံလွယ်တာ၊ ရာဇအိမ်က ပရိယာယ်အဆင့် ကျော်ရင်လိမ်လည်လှည့် ဖျားမှု့ ဖြစ်တတ်တဲ့ အမှား ရိုးစင်းဒဲ့ ကျလွန်းရင်လည်းအမှားဖြစ်လွယ်တာ၊ သိုက်က စေ့ လွန်ရင် သံသယ၀ါဒီဖြစ်လာတဲ့ အမှား ပွင့် လင်းလွန်ရင် ဗြဲလရမ်းဖြစ်သွားတဲ့ အမှား၊ အဓိပတိအိမ်က မာနမဲ့ လွန်းရင်လည်းအမှား ကြီးလွန်းရင်လည်းအမှားသဘောပါ...ဒါအခြေခံသဘောပါပဲ...ဒါကိုမှ ဂဏန်းတွေထည့် စဉ်းစားတာပါ။

၁=အိုးအိမ်အိမ်ထောင်အုပ်စု၊ ၂=ငွေအကြွားဟန်ဆောင်မှု့ များ၊ ၃=စိတ်(နာမ်=မနောကံ) /စိတ်လှုပ်ရှားမှု့ ၊၄= လူ (ရုပ်=ကာယကံ) )နဲ့  လူမှု့ ဆက်ဆံရေး၊၅=ပညာအတွေးအခေါ်နဲ့ အပျော်အပါးတွေ ၊၆= စကား(နှုတ်ရေး=၀စီကံ) ခရီးသွားလာလှုပ်ရှားမှု့ ၊ ၀ /၇=ဂုဏ်ထင်ပေါ်လောဘမာနသိက္ခာအရှက်။...လို့  အခြေခံသဘောလို့ ဂဏန်း(သို့ ) နေ့ နံ၇နံသတ်မှတ်ထားပါတယ်။

( ကြားဖြတ်ပြောရရင်...သတ္တ၀ါတိုင်းဟာ ( ကာယကံ ၀စီကံ မနောကံ )သုံးမျိုးနဲ့ အမြဲလှုပ်ရှားပါတယ်.သုံးခုစလုံးရပ်ဆိုင်သွားရင် လူသေပါ။ ဒီတော့  မဟာဘုတ်အလိုအရ ကာယကံ=၄ ဂဏန်း၊ ၀စီကံ=၆၊ မနောကံ=၃၊ ဖြစ်နေပါတယ်...( ၄၊၆၊၃) ကာယကံဝစီကံ မနောကံ ဆိုတဲ့  ကံသုံးပါစလုံး မဟာဘုတ်အောက်တန်း (ပုတိဘင်္ဂမရဏ)သုံးအိမ်စလုံးမှာ အပြည့် ထိုင်သွားတာ (၃)ကြွင်းနှစ်မွေးမဟာဘုတ်သမားတစ်မျိုးထဲရှိနေတာ ထူးခြားသဘောတွေ့ နိုင်ပါတယ်..ဒီတော့  ၃ကြွင်းနှစ်မဟာဘုတ်နဲ့ မွေးလားသူတွေပ ကိုယ်နှုတ်စိတ် ၃ ခု တစ်ခုခု လှုပ်မနေရင်ရင် မနေတတ်ဖူးဆိုတဲ့ ယေဘူယျထူးခြားလက္ခဏာထွက်နေတာမြင်သာလာပါတယ်..ဒါကြောင့်  ၃ကြွင်းမွေးတွေ ငြိမ်နေပြီဆိုရင် သူ့ စိတ်ထဲမှာ တစ်ခုခု ကြိတ်ကြံစီနေတာမျိုးကြောင့် သာငြိမ်နေတာ နို့ မို့ ရင် ၃ကြွင်းမွေးတွေဟာ လက်လှုပ်ရရင်လှုပ်နေပြီး လှုပ်မရရင် ပါးစပ်လှုပ်နေတတ်တယ်လို့ ဒီ မဟာဘုတ်ပညာက  ကြိုတွက်ထားလိုက်တတ်ပါတယ်၊



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..