အတွက်ရယ်က သင်္ချာပါ...ရင်နာတယ်ဆိုတာ မှောက်အိပ်လို့ ...
-----------------------
ယုံယုံ မယုံယုံ သူ့ ဆီ သွားတွက်မိရင်တော့ သူသတ်မှတ်ထားတဲ့ ကြေးပေးရလိမ့် မယ်..ဘာလို့ လဲဆိုတော့ သူက ကိုယ့် ကို တွက်ပါရစေခင်ဗျာလို့ အရင်လာ တောင်းဆိုခဲ့ တာ မဟုတ်လို့ ပဲ...
---------------------
ဗေဒင်ဆိုတာ စားသောက်ကုန် မဟုတ်ပေဘူး..တစ်သက်တာ ဘာဗေ မှ မဒင်ပဲ မွေးပြီး သေသွားတဲ့ သူတွေက ဗေဒင် မေးဘူးတဲ့ သူတွေထက်ပိုများတယ်၊ ဒါပေမယ့် မေးဘူးသူရော မမေးဘူးသူပါ (၀ါ) ယုံသူရော မယုံသူပါ တစ်ခုခု မစားပဲနဲ့ တော့ အသက်ရှင်သန်ချင်လို့ မရပေဘူး.အာဟာရကို မှီဝဲမှ ရှင်သန်မယ်ဆိုတာ အယူအဆ၀ါဒ တစ်ခုကို ယုံကြည်ခြင်း မယုံကြည်ခြင်း စက်ဝိုင်းဘောင်ထဲမှာ မပါလေ......။
-
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 1, 2015
''အတုံးကြီးမ ''
''အတုံးကြီးမ ''
-------------------
ငယ်တုန်းကပေါ့  အနားမှာ ညပိုင်းမှ လာလာဖွင့် တဲ့ ဂျီပီဆေးခန်းတစ်ခုရှိတယ်၊ ဟိုတုန်းက ဆရာဝန်တွေဆိုတာ တော်တော်အသက်ကြီးတဲ့ ခန့် တဲ့ 
သန့် တဲ့ ဦးလေးကြီးတွေလို့ ထင်ရတယ် ထောင်ထောင်မောင်းမောင်းတွေ အရပ်ရှည်ရှည်တွေလည်းများလို့  နဲနဲလည်းဖြုံကြတယ် မျက်နှာမြင်ယုံနဲ့ လေးစားစရာအားကိုးစရာလို့ ကိုထင်ရတာ ၊ ဆရာဝန်ဆီရောက်တာနဲ့  အားကိုးတာရော ကျွတ်တာပါရောပြီး အဖျားက ဘာမှမလုပ်ရသေးပဲ ကျချင်ချင်....

ကိုစနေနဲ့ အပေါင်းအပါးများ အကြောင်းစတိ.
ကိုစနေနဲ့ အပေါင်းအပါးများ အကြောင်းစတိ..
--------------
စနေသက်ရောက်ကို ဖြတ်တဲ့ အခါ ကျနော်က စနေသက်ရောက်ရဲ့ သဘောကို ထင်သာမြင်သာရှိအောင် ချုပ်ချလိုက်တာ အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ် ၊ အပြောမတော်တစ်ခွန်း ဂြိုလ်ပါလို့  ဆိုတဲ့ ဆိုရိုးစကားကို အရင်ချုပ်ချပြလိုက်တယ်.....သုံးကြောင်းထဲသာဆိုတယ်
ချဲ့ ရင် ဘယ်လောက်ကျယ်ပြန်သလဲဆိုရင် အဲ့ '' သုံးကြောင်းဟာ ဘ၀ပဲ ''...

ဘ၀ကြီးတစ်ခုလုံးကို တိုက်ရိုက် စီရင်ပါသော...

------------
သီအိုရီသဘောတွေအရ အခြေခံအချက်တွေဖြစ်တဲ့  လူ့ ကာရိုက်တာတွေ လူ့ စရိုက်တွေ လူ့ ရဲ့ သိသာ မြင်သာတဲ့ အကျင့် သဘောတွေကို ပြင်ပလူတွေ ကိုယ့် မိသားစုဝင်တွေ ကိုယ့် ကိုယ်ကို..ကိုယ့် သူငယ်ချင်းတွေ နဲ့ ကိုယ့် ဆရာသမားတွေပါ မကျန်စောင့် ကြည့် ခဲ့ တယ် သူတို့ရဲ့ ဘ၀အချိုးအကွေ့ တွေ လောကဓံ အတက်အကျတွေကိုလည်း စောင့် ကြည့် တယ် သတင်းနားထောင်ခဲ့ တယ်....အဲ့ ဒီလို ချက်လာတဲ့ အခါ ...ဘ၀ကြီးတစ်ခုလုံးကို သိသာထင်ရှားအောင် အဓိက အကျိုးသက်ရောက်မှု့  တကယ်ဖြစ်စေတဲ့ အချက်က ဘာလဲဆိုတာတွေ့ လာရတယ်...

ဘာကြောင့် ယတြာ..ဘာကြောင့် အားကိုး..ဘာကြောင့် ပြဿနာ...
ʘ‿ʘ

-----
တစ်ခွန်းထဲ ပြောရရင်တော့  လူ့ ရဲ့ '''ရှင်သန်လိုစိတ်'' ကြောင့် ပဲ....
---------
တစ်နေ့ သေမှာ ကျိမ်းသေနေရဲ့ သားနဲ့  ထမင်းမစားတော့ ပါဘူး (အီတာလျံခေါက်ဆွဲပဲစားတော့ မယ်..ငိငိ) ဆေးမကုတော့ ပါဘူးဆိုပြီး သေမယ့် အချိန်ကို ဘယ်သူက ငုတ်တုတ် ထိုင်စောင့် နေပါသလဲ လို့ စဉ်းစားလိုက်ရင် ယတြာတွေ ဘာကြောင့် လုပ်ကြတယ်ဆိုတဲ့  ဘေ့စစ်ကို မြင်လာရမယ်....
----------
နောက်တစ်ချက်က အားကိုးခြင်း...
-------
လူဟာ သူသန်ရာသန်ရာ နဲ့ သူယုံကြည်ရာကို အားကိုးတယ်..
ကလေးက သူ့ မိဘကို အားကိုးသလိုပေါ့ 
တစ်ချို့ က သူတို့ ယုံတဲ့ ဘုရားကို အားကိုးတယ် ယုံတဲ့ ဘုရားခြင်း မတူကြဘူး
တစ်ချို့ က သူတို့ ယုံတဲ့ နတ်တွေကို အားကိုးတယ် ယုံတဲ့ နတ်ခြင်း မတူကြဘူး
တစ်ချို့ က သူတို့ ယုံတဲ့ ယတြာကိုအားကိုးတယ် ယုံတဲ့ ယတြာခြင်း မတူကြဘူး..
အခြေခံက ဒါပဲ....
----------
ဘာကြောင့် ပြဿနာ..
----
ကိုယ်ယုံတာနဲ့ မတူပဲ (၀ါ) ကိုယ်ယုံတာသာ အမှန် တစ်ခြားဟာကို ယုံတဲ့ သူဟာ အမှား လို့  ကိုယ်ယုံတဲ့ ဟာကို ကိုင်ပြီး စပြီး စွတ်စွဲလိုက်ရာကစပြီး.....
ပြဿနာတွေရဲ့ အခြေခံက ဒါပဲ....

Subscribe to:
Posts (Atom)