'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, July 3, 2015
န၀င်းပွဲမီးထွန်းတာတောင်
န၀င်းပွဲမီးထွန်းတာတောင် စနစ်တကျရှိပါတယ်....လာထိုင်တဲ့ သူရဲ့ သက်ရောက်အရပ်က ဖယောင်းတိုင်ကို စထွန်းညှိပြီး လက်ယျာရစ် တစ်တိုင်ချင်း ထွန်းသွားတာမျိုးပါ..ဥပမာ စနေသက်ရောက်သမားကို စနေထောင့် နားက ဖယောင်းတိုင်ကနေ စထွန်းပေးတာ တနင်္လာသက်ရောက်သမားကို တနင်္လာထောင့် နားအရပ်က ဖယောင်းတိုင်က စထွန်းပေးတာမျိုးပါ....ပြီးမှ အမွှေးတိုင်ကိုလည်း ဖယောင်းတိုင် ထွန်းသလို တစ်တိုင်ချင်း လက်ယျာရစ်ပတ်ပြီးထွန်းတာပါ...ဒါဟာ ဇမ္ဗူဒီပါလက်ယျာတောင်ကျွန်းသြဘာနမိတ်ထွန်းဆိုတဲ့  သဘော ဒီဘဒ္ဒကမ္ဘာမှာ လာယျာရစ်သဘောဟာ အကောင်းသဘော အတက်သဘော ဖြစ်လို့  အတိတ်ကောင်း နမိတ်ကောင်းသဘောဆောင်ပြီး ယျာရစ်စထွန်းတာမျိုးပါ....
.ယေဘူယျမှာ ဖယောင်းတိုင်တွေဟာ ပြိုင်တူပြီးလေ့ ရှိပါတယ် အမွှေးတိုင်တွေရောပါပဲ...အကယ်၍ အညံ့ အကြွင်းကျန် ရှိနေသေးရင် နောက်အကျဆုံးဖယောင်းတိုင်တစ်တိုင်က မပြီးသေးပဲ ကျန်ပြနေတာ အမွှေးတိုင်ဟာ တစ်ဝက်နဲ့ ငြိမ်းနေတာမျိုးတွေ အဖြစ် သူ့ ထောင့် နဲ့ သူ လက္ခဏာပြတာမျိုးရှိပါတယ်....ဥပမာ စနေထောင့် က ဖယောင်းတိုင်တစ်တိုင်ထဲ မပြီးနိုင်ဖြစ်နေသေးရင် အင်ပရက်ရှင်ကျစရာလေးတွေ ကျန်သေးတဲ့ သဘော တနင်္လာထောင့် က ဖယောင်းတိုင် တစ်တိုင်ထဲ အကြောရှည် နေသေးရင် ငွေကိစ္စအကျပ်နဲနဲ ကျန်နိုင်သေးတဲ့ သဘော အဖြစ်ကောက်ထားတာမျိုးပါ
န၀င်းရိုက်ပုံ
န၀င်းရိုက်ပုံ
---
ဒီ န၀င်း ရိုက်ပေးလိုက်တာက ဂျပန်မှာ နှစ်ရှည်သွားနေမယ့်  သောကြာသား ဘဲလေးတစ်ပွေရဲ့ ပုံပါ....ပထမ ထိုင်ခိုင်းထားပြီး နောက်တော့  ခြေစုံဆင်း ရိုက်ပေးလိုက်တာပါ....ခေါင်းကနေ ခြေဖျားအထိ အရွက်တွေနဲ့ ရိုက်သပ်ချပေးလိုက်ပြီးတဲ့ အခါ ရိုက်ပြီးသား အရွက်တွေကို ခြေဖျားရှေ့ မှာ ကန့် လန့် ချထားတဲ့  မွေးနံသားသီဟိုအရိုးလေးကို ကျော်ပြီးပစ်ချထားလိုက်ပါတယ်......
ဒူးရင်းသီးကတော့  အဲ့ ဒီ့ ဒူးရင်းသီးပဲ...
ဒူးရင်းသီးကတော့  အဲ့ ဒီ့ ဒူးရင်းသီးပဲ...
အဲ့ ဒီ့ ဒူးရင်းသီးပဲ ပေါ်ချိန်ကြရင် ကြိုက်လွန်းလို့  ချင်းလိုက်ထိုင်စားတာ ကျောက်ကပ်ပြဿနာတက်တဲ့ အထိ စားတဲ့ သူလည်း တွေ့ ခဲဘူးတယ်
အဲ့ ဒီ့ ဒူးရင်းသီးပဲ ကြိုက်ပေမယ့်  ကိုယ့် ဓါတ်ခံနဲ့ ကိုယ် တော်ယုံသင့် ယုံပဲ စားတဲ့ သူလည်း တွေ့ ခဲ ဘူးတယ်
အဲ့ ဒီ့ ဒူးရင်းသီးပဲ အမှည့် မကြိုက်ဘူး မှည့် လုလု အသားမာနေတုန်းမှ ကြိုက်တယ်ဆိုပြီး အစိမ်းလိုက်စားတဲ့ သူလည်းတွေ့ ခဲ့ ဘူးတယ်
အဲ့ ဒီ ဒူးရင်းသီးပဲ စားဖို့ နေနေသာသာ အနံ့ ရယုံနဲ ခေါင်းတစ်ခြမ်း ချက်ချင်း ထိုးကိုက်လာလို့  အိမ်ထဲသယ်မလာပါနဲ့  လမ်းတင်အပြီးစားခဲ့ ပါလို့ ပြောတဲ့ အထိ ဒူးရင်းသီးအနံ့ တောင် ငပိထက် ပိုနံတယ်ဆိုပြီး မကြိုက်တဲ့ သူလည်းတွေ့ ခဲ့ ဘူးတယ်....
ဒူးရင်းသီးကတော့  အဲ့ ဒီ ဒူးရင်းသီးပဲ..ဒီနေ့ အထိ ဒူးရင်းခြံတွေ ရှိနေဆဲပဲ ...ကြိုက်တတ်တဲ့ သူတွေအတွက်ပေါ့ ....

ဝေါပေါ်တက်လာတဲ့ ဓါတ်ပုံ
ဝေါပေါ်တက်လာတဲ့ ဓါတ်ပုံ
------------
ဒီ ဂျာနယ် သတင်းက အနဲဆုံး ၂ နှစ်ဝန်းကျင် လောက်ရှိပြီထင်တယ် သတင်းက တော်တေယ်ဟောင်းနေပြီသဘောပေါ့  ကျနော် သံသရာက ပါလာတဲ့  ကံ အကြောင်းရေးတိုင်း ကိုးကားမိတဲ့  သတင်းလေး...မြစ်ဝကျွန်းပေါ်မှာ ဖြစ်ခဲ့ တာ ကျောင်းသားလေးပါလာတဲ့  ချောင်းရိုးမြောင်းရိုးသွား မော်တော်ရှည်လေး နစ်တာလို့ မှတ်မိတယ်...ကံသတ္တိတွေဟာ ဘယ်လောက် ထူးဆန်းလဲ တစ်လှေတည်း စီးလာပြီး လှေနစ်တာထဲပါသွားတာချင်း အတူတူ ရေ အနစ်ခံရတာချင်းအတူတူ တစ်ချို့ က ရေနဲ့  မသေ အဆိပ်နဲ့ သေရမယ့်  ကံပါသူက သီးသန့် ပါလာပုံလေး...ဒါကို သံသရာက ကံသတ္တိဟာ လူတွေကို ဘယ်အချိန်မှာ ၀င်ပြီးဘာနဲ့  အကျိုးပေးမှန်း အသိရခက်လောက်အောင် လျို့ ဝှက်တတ်လွန်းလို့ ဗေဒင်ဟောရင် ၅၀တွေ ၆၀တွေ ၇၀တွေ သာသဘောထား ကျန်တာ ကံတစ်ကွက်ချန် သဘောအဖြစ် ကျနော်ပြောပြနေခဲ့ တာ....
အဲ့ ပိုစ်ကို ၀င်မန့် သူတွေအများစုကတော့  ရယ်စရာလိုလို အထူးအဆန်းလိုလို သဘောလောက် အဖြစ် ၀င်မန့် တာများပြီး ကံ ဘက်က တွေးတာ မရှိသလောက်ပါပဲဗျာ....(တစ်ခြားအယူသဘောဆို ဘုရားသခင်အလိုတော်သဘောပေါ့ )
Subscribe to:
Posts (Atom)