Powered By Blogger

Monday, September 21, 2015

ဗေဒင်အကြံ

ဗေဒင်အကြံ
---------
ဗေဒင်အကြံပါပဲ...အဲ့ ကားဝပ်ရှော့ ဆရာရဲ့ မိန်းမက ကားအပ်ထည်တွေနည်းနေလို့ ဆိုလာတော့  ကားပြင်နေကျနေရာတစ်ဝိုက်ကို လဘက်သားရေစိမ်ရေမွှေးစွပ်ပြီး အဲ့  လဘက်သားရေမွှေးရေနဲ့ လက်နဲ့ လိုက်တောက်လိုက် ၂ရက်၃ရက်ပေါ့ လို့  တပွဲတိုးယတြာပေးခဲ့ လည်း အလုပ်ဖြစ်သွားတာပါပဲ
ရွှေပန်းတိမ်သမားက ရွှေအပ်ထည်နဲနေလို့ ဆိုလာလို့  ကြက်သွန်နီတစ်လုံး ရေခဏစိမ်ရေမွှေးစွတ် ပန်းတိမ်လုပ်တဲ့ ခုံတစ်ဝိုက် အဲ့ ကြက်သွန်နီစိမ်ထားတဲ့ ရေမွှေးရေနဲ့  လက်နဲ့ လိုက်တာက်လိုက် ၂ရက်၃ရက်လောက်ပေါ့ လို့ လည်း ယတြာပေးခဲ့ တာ အလုပ်ပြန်ကျလာတယ်
သဘောက လူ့ လောက သဘောမှာ ပြဿနာ အကျပ်အတည်းဆိုတာ ပုံစံမျိုးစုံနဲ့ လာတာဖြစ်လို့  ဘယ်လိုပုံစံနဲ့ လာလာ ဘေ့ စစ် သီအိုရီတွေကို ကိုင်ထားပြီး တွေးဆယူပြီး ဖြေရှင်းယူရတယ်ပေါ့ လေ...တပွဲတိုးနဲ့ ပြီးမှာလာ ရေရှည်ကိစ္စတွေလားကိုလည်း ခွဲခြားယူရသေးတယ်...
-----------------------
ပဉ္စပွတ်ပေးတာလားဆြာ


Na Win Thi Ha ဓါတ်မိတ်တွေ သုံးသွားတာပါ.တနင်္ဂနွေနံကိစ္စ အဆင်ပြေဖို့ ဆို ပိတောက်၊ တနင်္လာနံ လဘက်၊ အင်္ဂါနံ သရက် ဟူးနံ ကသစ်ကြက်သွန် ကြာတေးနံ အင်ကြင်းအကျော် သောကြာနံဇီဇ၀ါဇလပ် စနေနံ အာလူး တွေပေါ့  ဒါတွေကို တပွဲတိုး အဆင်ပြေအောင်သုံးတာ တပွဲတိုးဆိုတာ တစ်ချို့ ဓါတ်မိတ်တွေက ဆိုက်အဖက်ရှိတယ် ဥပမာ ကြာတေးနံအတွက် သုံးတဲ့  အင်ကြင်း က အခါတိုင်အရ ကြာသာပတေးသားသမီးတွေ ရဲ့  မတွန့် စေရ ကျီးအာ ကြက်ဥ အတွဲရဲ့ ပြောင်းပြန်အပျက် အတွဲနံဖြစ်နေတယ် ဒီတော့  ကြာသာတေးနံ ကိစ္စ အဆင်ပြေအောင် အင်ကြင်းကို ကြာသာပတေးသားသမီးတွေက ကြာကြာသုံးရင် သူ့ ကြာသာပတေးနံ မူလ တွေးခေါ်မှု့ တွေ ကြောင်လာတာမျိုး ကျမ္မာရေးညံ့ လာတာမျိုး လူကြီးသူမတွေနဲ့  အဆင်မပြေတော့ တာမျိုး ဆိုက်အဖက်ဝင်လာတတ်တယ်.


ဓမ္မ နဲ့ အဓမ္မ

ဓမ္မ နဲ့ အဓမ္မ
-------------------
သူမ လာရင် ပြုံးပျော်လို့ ကြို
သူမ ပြန်ရင် လွမ်းလို့ ဖြင့် ကျန်ခဲ့ တယ်

ဟိုသူတို့ လာရင် သောကစိတ်ဝင်
ဟိုသူတို့ ပြန်ရင် ဒေါသနဲ့ ကျန်ခဲ့ တယ်...

ကံသတ္တိ



ကံသတ္တိ
------------
ကံတွေရဲ့  အကျိုးပေးသဘော နီးသောအကြောင်း ဝေးသောအကြောင်း ကို ဒီမိုစုက ကြယ်အလင်းတန်းတစ်ခု နဲ့ ဥပမာပေးသွားတာ သိပ်ပြီး ထင်သာမြင်သာရှိတယ်.
.ဒီနေ့  ကမ္ဘာက လှမ်းမြင်နေရတဲ့ ကြယ်အလင်းဟာ ကမ္ဘာနဲ့ မိုင်းနှစ်ပေါင်း အလင်းနှစ်သန်းပေါင်းများစွာကွာဝေးတဲ့ အရပ်ကလာခဲ့ တာသာဖြစ်တယ် သဘောက
အခုမြင်နေရတဲ့ ကြယ်အလင်းဟာ လွန်ခဲ့ တဲ့  နှစ်သန်းပေါင်းများစွာက အလင်းဟောင်းကိုသာ မြင်နေရတာဖြစ်တယ် အခုအချိန်မှာ အဲ့ ကြယ်တွေ အပြီးလောင်ကျွမ်းသွားရင်
 နောက်ထပ် အလင်းတန်းလာမှာ မဟုတ်တော့ ဘူး..ဒီလိုပဲ ဝေးကွာလွန်းတဲ့  သံသရာက ကောင်းကျိုးအကြောင်းက အခုဘ၀မှာ အကျိုးပေးအဖြစ် လာလင်းလက်နေတုန်းတော့ 
 မကောင်းတာတွေလုပ်နေလဲ စင်ပေါ်မှာချည်းလို့  မြင်နေရနိုင်တယ် အဲ့ ကောင်းကျိုး အစွမ်းကုန်သွားရင်တော့  သူထပ်လုပ်နေတဲ့ ကောင်းမှု့ ဆိုးမှု့  ကံတွေကို မလွဲမသေ
ွ ပြန်အကျိုးသစ်ထပ်ဖြစ်ပြီး စံစားခြင်းခံစားခြင်းသဘောတွေလာလိမ့် မယ်ဆိုတဲ့ သဘောပေါ့ 


ဒီအကြောင်းရဲ့ သက်သေက ဘုရားရှင်ကိုယ်တော်တိုင်ရဲ့  ၀ဋ်ကြွေးတော်တွေ အကြောင်း ဖတ်ကြည့် ရင်ထင်ရှားတယ်...ဘုရားရှင်ရဲ့  ၀ဋ်ကြွေးတော်တွေဟာ နီးသော  ဘ၀တွေက ပြုမိမှားတွေမဟုတ်ခဲ့ ပဲ အလွန့် အလွန်ဝေးကွာတဲ့  အတိတ်သံသရာက ပြုမိမှားတွေရဲ့ ဆိုးကျိုးက နောက်ဆုံး ဘ၀ရောက်နေတာတောင် လာရောက် ဆိုးကျိုးပေးနေတာမျိုးဖြစ်တယ်. ..ဘုရားရှင်ဟာ စိတ်က အရင်လွတ်မြောက်ပြီးသားဖြစ်နေတဲ့  သူမို့ သာ ဒီဝဋ်ကြွေးတွေကို သည်းခံနိုင်တာမျိုးဖြစ်တဲ့  ၀ဋ်သဘောက အစွဲဥပါဒန်စိတ်ဟူသမျှကို အကြွင်းမဲ့  ဖယ်ရှားပြီးသားစိတ်ကို မထိခိုက်ပေမယ့်  ကံကြွေးကျန်နေတဲ့  ကိုယ်တော့် ခန္ဓာကိုယ်ကိုတော့ 
 ဆိုးကျိုးတွေပေးသွားသေးတာခံခဲ့ ရတယ်.ဒါက  ၀ဋ်သဘောဖြစ်လာရင် စိတ်က ပယ်နိုင်တဲ့ သတ္တိရှိပြီးခဲ့ တောင် ခန္ဓာကြွင်းက ဆိုးကျိုးကို ပေးဆပ်သွားရသေးတယ်ဆိုတဲ့ သဘော...


ဒီဓမ္မတရားဟာ ကျနော်တို့ အလုပ်လုပ်တဲ့ အခါမှာ အများကြီးဆင်ခြင်တုံတရားကို ရစေခဲ့ တယ်...အဲ့ သဘောကနေ တုန့် ပြန်တိုက်ခိုက်မှု့ သဘောကနေ ကိုယ့် တာကိုယ် လုံအောင် အကုသိုလ်တွေ နည်းတွေက ရှောင်ပြီး ကုသိုလ်နည်းတွေနဲ့  ကာကွယ်ယုံမျှသာ အဆင့် လောက်အထိကို ကျင့် သုံးနိုင်ခဲ့ စေတယ်..


ကြုံလို့ ပြောရရင် ကျနော့် အမေ အူအတက်ပေါက်တုန်းက သူငြီးသွားတဲ့ စကားတစ်ခွန်းရှိခဲ့ တယ်...ရုတ်တရက် အူအတက်က ပြဿနာပေးတော့ အရေးပေါ်ဗိုက်ခွဲရဖို့  လုပ်တယ် ဒီအခါ  နှာခေါင်းက အစာပိုက် အသွင်းခံရတယ်  မမြိုတတ်တော့  အင်မတန်နာကျင်ပုံရပါတယ် မျက်ရည်တွေကျရင်းက နှာခေါင်းထဲ ပိုက်သွင်းပြီးသွားတဲ့ အခါ  ''' ငါ့ ဟယ် ဘယ်ဘ၀က နွားကို နဖားကြိုးထိုးခဲ့ တဲ့  အကုသိုလ်တွေလဲ မသိပါဘူး ခံလိုက်ရတာ ''' လို့ စကားတစ်ခွန်းထုတ်ငြီးတယ်...
ဒီတစ်ခါပဲ နှာခေါင်းက အစာပိုက်သွင်းတာကို ကျေးလက်ရိုးရာရဲ့  လုပ်ရိုးလုပ်စဉ်ဖြစ်နေတဲ့  ကိုယ့် အလုပ်ခွင်မှာ ခိုင်းစားဖို့  နွားကို နဖားကြိုးထိုးတဲ့ လုပ်ငန်းစဉ်နဲ့  နှိုင်းမြင်တာ ကြားခဲ့ ရဖူးတယ်...

ကြားခါစက စိတ်သက်သာရာရစေကြောင်း ၀ိုင်းရယ်ကြပေမယ့်  နောက်တော့ တွးပြီး ဟုတ်သလိုလိုပဲပေါ့ လေ...