အိမ်ပြောင်းတဲ့ ကိစ္စ
-----
ပထမဆုံးက ကျနော်နဲ့ ကျနော့် ဆီ လာတဲ့ လူတွေနဲ့  အဆီအငေါ်တည့် တယ်လို့  ဆိုပျစီ...ငိငိ၊..သဘောက အယူစွဲတွေနဲတယ် ခေတ်သဘောနဲ့  ကျနော် ရှင်းပြတာတွေကို နားလည်ပေးတတ်တဲ့ လူတွေများတယ် ကျမ်းတွေကိုင်ပြီး စောဒကသိပ်တက်လေ့ မရှိဘူးဆိုတာပါပဲဗျာ
အိမ်ပြောင်းဖို့  ရက်ရွေးရင် ( လုပ်သက်ကြောင့် အထာပေါက်နေပြီဖြစ်လို့ ) ဘယ်ရက်ကို ပြောင်းဖို့ တွေးထားသလဲလို့ ကျနော်က အရင်ပြန်မေးခွန်းထုတ်လိုက်ရင် သူတို့ အများစုမှာ အိမ်ပြောင်းဖို့  ခန့် မှန်းရက်တွေ ပါလာလေ့ ရှိတယ် ဒါကိုကျနော်က နားထောင်ပေးပြီး ရက်တွေ ချိန်ပေးတယ်...ပထမ ပယ်ရက်က ဖြစ်နိုင်သမျှ ၄ ၈ ၁၃ ၁၇ ဆိုတဲ့  ၄နဲ့ ၈ တွေ ကျတဲ့ ရက်တွေကို ဖယ်လိုက်တာက ပတမ လုပ်ငန်းစဉ်ပါ...
ပြီးတော့ မှ သူတို့ ပြောင်းချင်တဲ့ ရက်နဲ့  ကျနော်ပြောင်းစေချင်တဲ့ ရက်ကို အဟ မကြီးရအောင် ညှိနှိုင်းပြောပေးတတ်ပါတယ်...။ ဥပမာ ၂၃ ရက်နေ့ စိတ်ကူးထားတယ်လို့ သူတို့ ကပြောလာလို့  ရက်ကိုစစ်ဆေးကြည့် လို့  ကျနော်က သိပ်သဘောမတွေ့ ရင် ၂၄ရက်နေ့ တို့  ၂၁ရက်နေ့ တို့ ဆို မဖြစ်နိုင်ဘူးလားလို့ ပြန်ညှိကျတဲ့ သဘောပေါ့ 
အများစုထဲက ပြက္ခဒိန်ထဲက ရက်ရာဇာကို သဘောာကျလေ့ ရှိတယ် ဒါကိုကျနော်က ဇွတ်မငြင်းပယ်ပါဘူး..သူတို့ ကြိုက်တဲ့  ရက်ရာဇာဟာ ကျနော် ပယ်ချင်တဲ့  ရက်နဲ့  မငြိရင် အိုကေ ရတယ်လို့  ပြောပေးလိုက်တာများပါတယ်..တစ်ချို့ က နဂါးလှည့်  ပြဿနာ သယ်လာပါတယ်...ဒါကိုတော့  ကျနော်က နဂါးလှည့် ကို ကျနော်တို့  ပညာက မယူဘူး ကျနော်တို့ ယူတာက ဘယ်လို အဲ့ အတွက် နိုး ပရော်ပလန်ပါ ဘာညာနဲ့  ကျနော့် နည်း ကျနော့် ဟန်နဲ့  နဂါးလှည့် ဟာ အရေးမကြီးဘူးဆိုတဲ့  သဘောရောက်အောင် ပြောလိုက်ရင် အိုကေသွားတာချည်းပါပဲ...( ဘက်စုံကိန်းတွေ ညှိနေလိုကတော့  မူလ အိမ်ရှင်က နှင်ချတဲ့ ရက်အထိတောင် အိမ်ပြောင်းလို့  ကောင်းတဲ့  ရက်ညှိတွက်နေလို့ ပြီးမယ့် ပုံမပေါ်ဘူးး...ငိငိ)
အဓိက ပစ်မှတ်က အိမ်ပြောင်းပြီးရင် အိမ်ရှင်းယတြာ လုပ်စေချင်တာက ကျနော်တို့ ပညာရဲ့  အဓိက မူ..၊ အဲ့ ဒါက ပိုအရေးပါတယ်လို့  ကျနော်က ယူတာ..
အိမ်ပြောင်းတဲ့ အခါ မိဘ ရှိနေသေးရင် သူတို့ ကလဲ အတူတူနေတာဖြစ်နေရင် သားသမီး အမည် ပိုက်ဆံနဲ့  ငှားလဲ မိဘ ဆိုတဲ့  အိမ်ထောင်ဦးစီးအချုပ်နဲ့ အိမ်ရှင်းယတြာပေးလေ့ ရှိတယ် လင်ကိုယ်မယားတွေဆိုရင် လင့် မွေးနံ လစိတ် ရက်စိတ် နဲ့  ချိန်ပြီး အိမ်ရှင်းယတြာပေးလေ့ ရှိတယ် ( ဒီအပိုင်းက ဒဲ့  တကယ်လာတွက်တဲ့ သူကိုမှ မေးစမ်းပြီး ဘယ်သူ့ မွေးနံနဲ့  အိမ်ရှင်းယတြာ ပေးရကောင်းမလဲလို့  တွက်ယူတာဖြစ်လို့  ကျယ်ကျယ်ပြန့် ပြန့်  ပြောပေးလို့  ခက်တယ် အများသဘောအတွက် နည်းလေးသာ ပြောလို့ လွယ်မယ်
ဥပမာ ကျနော်က အင်္ဂါသား နံ နဲ့  အိမ်ရှင်းဖို့  ရွေးလိုက်ပြီဆိုရင် အိမ်စပြောင်းတဲ့ နေ့ ဟာ အင်္ဂါနေ့  မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်းမှာ ဘုရားရုပ်ပွားတော်ကို အရင်ပင့်  အိမ်ထဲဝင်သွားလိုက်ပါဆိုတာ ကျနော့် နည်းပေါ့ ...ပြီးရင် နေရာချ.. ကျန်တာတွေ ရွှေ့ တော့ သဘော....
ပြီးရင် အိမ်ရှင်းယတြာက အင်္ဂါသား န၀င်းရောက်ချိန် တစ်ချိန်ချိန်မှာ ၁။ ပထမ ခရေ ၁ညွန့် နဲ့  အမွှေးနံ့ သာရေ နဲ့  အခန်းထဲကို စတိလိုက်ဖြန်းပါ..ဖြန်းပြီး အဲ့ အညွန့် ကို အိမ်ဝ မှာ အဆင်ပြေရာမှာချည်ထားလိုက်၊ ၂။ ပြီးရင် ရွက်လှ (သို့ ) ဒန်း (သို့ ) အုံး နဲ့  အမွှေးနံ့ သာရည်နဲ့  အခန်းထဲကို ထပ်ဖြန်းပါ ဖြန်းပြီးရင် အဲ့ အညွန့် ကို ဖန်ခွက်သပ်သပ်နဲ့  ပြန်ထည့်  ရေထည့်  ဘုရားလှုထား တစ်ပတ်လောက်ထားလိုက်ပါပေါ့ ...( အိမ်ပြောင်းတဲ့ အလုပ်က ဒါပဲဗျ..) တစ်ချို့  အပန်းကြီးပုံမရတဲ့  လုပ်နိုင်မယ် ထင်တဲ့  မိသားစုတွေကိုတော့  ဒီနည်းကို တစ်ပတ် တစ်ကြိမ် ၃ ပတ်လုပ်လိုက်ပါ အဲ့ ဒါဆို ရပြီလို့ မှာလိုက်တတ်တယ်
အိမ်ပြောင်းလို့  စီးပွား ကြီးပွား ကျမ္မာသဘောက အဲ့ အင်္ဂါသားရဲ့  သက်ရောက်ပေါ်မှာပဲတည်တယ်...သက်ရောက်ကောင်းရင် ဘယ်ပြောင်းပြောင်း ဂွတ်မြဲပဲ..သက်ရောက်မကောင်းရင် ဘယ်မှမပြောင်းပြောင်း ပြောင်းပြောင်း မဂွတ်ဘူး လိုရင်းကဒါပဲ...လစိတ်ကောင်းမှာ အိမ်ပြောင်းရင် သက်ရောက်မကောင်းလဲမဆိုးဘူး သဘောတော့ ရှိတယ် သက်ရောက်ကောင်း လစိတ်အညံ့ မှာ ပြောင်းရင် အစတော့  အသားမကျ နောက်တော့ 
ဂွတ်သွားတယ်. အိမ်နံပတ် ကိစ္စတွေပါလာသေးတယ် အဲ့ မှာလဲ ဟားး အိမ်နံပတ်က ၂၆ ဆိုတော့  ၈ ကြီး မကောင်းဘူးဆိုပြီး ပုံသေ ဆုတ်ထားလို့ မရဘူး လူတွေမှာ ရွေးချယ်ခွင့် ဆိုတာ အမြဲ ရမနေတတ်ဘူး အဲ့ တော့  ရှောင်မရတဲ့  အခါတွေမှာ အဖြည်တွေ ပေးရတယ် ( စိတ်အနှောက်အယှက်မဖြစ်အောင်ပေါ့ )