Powered By Blogger

Wednesday, December 9, 2015

တွေးစရာတွေပေါ့ ..


ရိုးစင်းတယ် သံဝေဂ ရပြီး လက်ငင်း ဘ၀မှာတင် ကျွတ်တန်းဝင်သူ အဖြစ်ပြောင်းလဲ သွားတယ်ဆိုတာတွေမှာ သံသရာက ပြုမိခဲ့ သမျှ ကံ တွေ လက်ငင်းဘ၀ထဲမှာ အကြောင်းပြည့် စုံချိန် တိုက်ဆိုင်နေလို့ သာ ဖြစ်တယ် သံဝေဂ ဆိုတာ လုပ်ယူရလို့  ဇွတ်ရနေလို့ မရနိုင်ဘူး သံဝေဂ ဆိုတာ မြင်ကွင်းတစ်ခုကို မြင်လိုက်ပြီး ဖြစ်လာတဲ့  စိတ်ခံစားမှု့ သဘော သနားတာ ကရုဏာ စိတ်မကောင်း ဖြစ်သွားတာ စက်ဆုတ်သွားတာ တွေဆိုတဲ့  ဖြစ်ဖြစ်ရိုးဖြစ်စဉ် အများဆိုင်ရာ စိတ်ခံစားမှု့ သဘောတွေကနေ လွန်နေတဲ့  ကိုယ်ပိုင်တစ်ဦးချင်းရဲ့  ခံစားမှု့  အတုံ့ အလှည့် တွေသဘောတွေ နဲ့  သံသရာကြီးကိုပါ တစ်ထိုင်ထဲ မြင်ချင်းခဏမှာပဲ အပြီး စိတ်ကုန်သွားတဲ့  ခံစားမှု့ ကြီးသဘော ပိုဆန်မယ် ...

''ယေဓမ္မာ'' အစချီ စာသားကို တစ်ကြိမ်မျှ ပထမဦးဆုံး ကြားနားခွင့် ရယုံမျှနဲ့  သံသရာလည်စနစ်ကနေ အပြီး လွတ်မြောက်သွားမယ့်  လမ်းအပေါ် ရောက်သွားတဲ့ လူ သား ဘယ် နှစ်ယောက်ရှိခဲ့ သလဲ သဘော ၊ အလောင်းကောင်တွေ သွေးသံရဲရဲတွေ လူ့ ဘော်ဒီ တွေကို ခွဲစိတ်နေရင်းကနေ ဆက်စပ်တွေးပြီး သံသရာလည်စနစ်ကနေ အပြီးထွက်ချင်စိတ်တွေ ဖြစ်လာပြီး အပြီး ထွက်သွားသူတွေ ကမ္ဘာ့  လူ့ ဦးရေ သန်း ၇ထောင်လောက်မှာ ဘယ်နှစ်ယောက်ရှိနိုင်ခဲ့ သလဲ ကျနော်တို့ ကိုယ်တိုင်ရော ပုံစံမျိုးစုံနဲ  နာရေးပေါင်းများစွာ မျက်စိနဲ့ မြင်တွေ့ နေခဲ့ ရတာတောင် သံသရာလည်စနစ်ကနေ အပြီးထွက်ဖို့  ဘာလို့ သံဝေဂတွေရ စိတ်တွေကုန်သွားတာမျိုး ဖြစ်မလာသေးတာလဲ စသဖြင့် တွေးစရာတွေပေါ့ ..

အဖေနဲ့ အမေ့ အကြောင်းအတွေး



အဖေနဲ့ အမေ့ အကြောင်းအတွေး
--
ကိုယ့် အဖေကိုယ့် အမေအကြောင်းတွေ သူတို့ ရဲ့ ကြမ်းတမ်းခက်ထန်လှတဲ့  ဘ၀ရေဆန် လောကဓံအကြောင်းတွေ ခေတ်ကျပ် စနစ်ကျပ်ကြီးထဲ တောသားမြို့ ရောက် တောသူ မြို့ မှီ ဘ၀တွေကနေ ရုန်းကန်ခဲ့ ရတဲ့ အကြောင်းတွေ ကို တစ်ခါတစ်လေ တိုက်ဆိုင်တဲ့ အခါ သတိရတဲ့ အခါ ပြန်ပြန်တွေးမိတတ်တယ်...

သားတွေ သမီးတွေ ပွားစည်းလာခဲ့ တဲ့ အခါမှာတော့  သူတို့ ရဲ့ နာကျဉ်စရာ ကောင်းလှအောင် ခံစားခဲ့ ရတဲ့  ကိုယ်ရေးကိုယ်တာတွေ တစ်ချို့ ကို သားသမီးတွေအတွက် ဦးစားပေးရင်း  မြိုချ အံ့ ကြိတ်ခဲ့ လိုက်ကြတာ  သူတို့ တွေရဲ့  သူတို့  သဘောကျ နှစ်သက်တဲ့  တစ်ချို့ အလေ့ အထတွေကို သားသမီးတွေ အတွက် စွန့် လွှတ်ခဲ့ ကြတာ အရာရာ သားသမီးအတွက်သာ ပထမ သဘော အများဆုံး ရှာဖွေလုပ်ကိုင်နေထိုင်သွားကြတာတွေကို တွေးမိတဲ့ အခါ....

သူတို့ တွေ လူ ဖြစ်အောင် ပင်ပမ်းတကြီး ပြုစု ပျိုးထောင်ခဲ့ တဲ့  သူတို့  သားသမီးတွေထဲက တစ်ယောက် ဖြစ်တဲ့  ကျနော်က ဘယ်လောက်တောင် အခြေအနေဆိုးတွေနဲ့  ရင်ဆိုင်ရစေ  ကျနော့် ကိုယ် ကျနော် အဆုံးစွန်အထိ ပျက်ဆီးချင်းမလှ ပျက်ဆီးသွားအောင် လေလွင့် ခြင်းမက လေလွင့် မသွားအောင် ကိုယ့် ကိုယ်ကိုယ် မလုပ်သင့် ဘူးဆိုတဲ့ အတွေး...၊ ကျနော့် ဘော်ဒီ ရုပ်နာမ်မှာ ကျနော့် ကိုယ်ပိုင် သံသရာက ကံတရားအပြငိ သူတို့ တွေရဲ့ လောကဓံဆိုးတွေကို ရင်ဆိုင်ခဲ့ ချိန်က ချွေးစက်တွေ ၊ သူတို့ တွေရဲ့  ချစ်ခြင်းမေတ္တာတွေ သူတို့ တွေရဲ့  မျှော်လင့် ချက်ကြီးတွေ လိမ်းကျန်နေတယ် ဆိုတဲ့ အတွေးက ဖြစ်တည်လာခဲ့ တဲ့ အခါ.....

မလိမ္မာလွန်းမိသေးရင်တောင် တွင်းတူးမိုက်မဲတဲ့ အဖြစ်မျိုး အထိ ရောက်မသွားရအောင်........နဲ့  ကိုယ့် ကိုယ်ကိုယ် မြေမြိုခံရလုလုအထိ ပျက်ဆီး ပြိုလဲ မသွားအောင် ထိမ်းသိမ်းနေထိုင်ပေးနေလိုက်တာဟာ ကိုယ့် မိဘ ၂ ပါးရဲ့  ချစ်ခြင်းမေတ္တာတွေအပေါ် သိတတ်ပေးရာ ၊ သားတွေ သမီးတွေအတွက် ကိုယ့် မိဘ ၂ ပါး ရင်ဆိုင်ကျော်ဖြတ်ခဲ့ တဲ့  လောကဓံတရားဆိုးတွေ အပေါ် အံတုပေးခဲ့ တဲ့ အားမာန်တွေကို အလေနတော သဘော ဖြစ်မသွားရအောင်............

အခြေအနေပေးမှု့ သဘော --


အခြေအနေပေးမှု့ သဘော
--
အဲ့ ကိစ္စက သံသရာက ပါလာတဲ့  အခွင့် အရေးမျိုးသဘောဆန်သလို လုပ်ယူလို့ ရတဲ့  ပုံမျိုးနဲ့ လဲ မတူဘူး အလွန်အကျွံကြီး ကာယ ဥာဏအားတွေကို အစွမ်းကုန်သုံးပြီး လှုပ်ရှားခဲ့ ရတာမျိုးလဲ မဟုတ်ဖူး ဖြစ်ရမယ့် ကိစ္စတစ်ခုအတွက် လိုအပ်တဲ့ အခြေအနေတွေက တကူးတက အားထုတ်မနေရပဲ အလိုက်သင့် လေး ကိုယ့် ဘေးနား ကိုယ့် ဘ၀ထဲ မှာ ရနေတဲ့ သဘောလေးမျိုးလို့ ကိုယ့် ဘ၀ နောင်ကြောင်းကို ပြန်တွေးရင်း မြင်လာတာမျိုး အကောင်းသဘောဖြစ်စေ အဆိုးသဘောလို့  ယူဆရတာမျိုးပဲဖြစ်စေပေါ့ 

ဥပမာ ကျနော် ဗေဒင်ဆြာအဖြစ်နဲ့  အသက်မွေးဘ၀ သဘောအဖြစ်ရောက်လာပုံက ပြန်တွေးရင် အလွန်မှကို လွယ်ကူနေတဲ့  အခြေအနေတွေ ကိုယ့် ဘ၀ထဲမှာ အရံသင့် လိုလို ဖြစ်လာတာမျိုးပဲ

ဆိုပါတော့  ကျောင်းပြီးတော့  တက္ကစီသမားလုပ်ခဲ့ ဘူးတယ်...အဲ့ အထိ ဘ၀မှာ ဗေဒင်ပညာနဲ့  ပိုက်ဆံရှာသူ ရနေသူ ဖြစ်လာမယ်လို့ အိပ်မက်တောင်မမက်ဖူး စိတ်လဲမကူးဘူး အဟောလဲ မခံခဲ့ ရဘူးသေးဘူး...ကားဆွဲရင်းကနေ လက်ဦးသင်ဆရာ ဖြစ်လာမယ့်  ဆရာနဲ့  စဆုံတယ် ဆရာ့ တော်ကီတွေ သဘောကျတယ် လေ့ လာမိတယ် ကားဆွဲနေရင်းတန်းလန်းကနေပေါ့   အဲ့ အထိလဲ ဗေဒင်ဟောစားသူ ဖြစ်လာမယ်လို့  ကိုယ့် ကိုယ်ကိုယ်မထင်ခဲ့ မိသေးဘူး...အဲ့ ကနေ ခြေတစ်လှမ်းကျွံ နှစ်လမ်းကျွံကနေ ကားဆွဲချင်တွေပျောက်လာပြီး ဗေဒင်လမ်းထဲ တစ်စတစ်စ ရောက်လို့ ရောက်မှန်းမသိဖြစ်လာတယ်...

အဲ့ ကာလကနေ အခု ဒီနေ့ အထိ ကျနော့် ဘ၀မှာ အထူးရနေတဲ့  အခွင့် အရေးကြီးက ထမင်းစားဖို့  ဘ၀အသက်ရှင်သန်ရပ်တည်ဖို့  မိဘတွေနဲ့  မိသားစု ညီအစ်ကို မောင်နှစ်မတွေကို ထောက်ပံ့ ရေးတွေ လုပ်ပေးနေရဖို့  မဖြစ်မနေ ပိုက်ဆံရကိုရမှ ဖြစ်မယ် ဆိုတဲ့  ဘ၀အနေအထားမျိုး ဖြစ်မနေပဲ ပိုက်ဆံရလာရင် ကိုယ်ထင်သလို
ကိုယ်သုံးစွဲခွင့် ကိုယ့် ဘ၀ကိုယ် လွတ်လပ်စွာ ကြိုက်သလို လှုပ်ရှားခွင့် နေထိုင်ခွင့်  ဆုံးဖြတ်ခွင့် ရနေတဲ့  အနေအထားမျိုးကို ရနေတာမျိုး ကျနော့် ဆီက ပိုက်ဆံရမှ ဖြစ်မယ်ဆိုတဲ့  လူတွေ တစ်ယောက်မှ ရှိမနေခဲ့ ဘူး အဲ့ အချက်က ထူးခြားအခွင့် အရေးကြီးမျိုးပဲလို့ တွေးလို့ ရခဲ့ တယ်  အဲ့ မှ ဗေဒင်လမ်းကို လိုက်တဲ့ အခါမှာ ပိုက်ဆံကိစ္စရှိမနေတဲ့  အတွက် စိတ်ဖြောင့် လက်ဖြောင့်  အချိန်တွေ အများကြီးပေးနိုင်ခဲ့ တာမျိုးပဲ  တပည့် စစ်စစ်ခံပြီး ဆရာတင်ရင်း ဆုံခဲ့ ရတဲ့ ဆရာ ၂ ယောက်တောင် တကူးတက
စုံစမ်းပြီး ရှာဖွေနေခဲ့ ရတာမျိုးမဟုတ်ပဲ ကိုယ်က တပည့် ဖြစ်ရမယ့် ကံ ဆရာ ၂ယောက်က ကိုယ့် ဆရာ ၂ ယောက်ဖြစ်ရမယ့် ကံ သတ္တိတွေကိုက အကြောင်းပြည်စုံနေချိန်
ဖြစ်နေလို့ ဆရာတပည့် တွေအဖြစ် လွယ်လွယ်ကူကူပဲ ဖြစ်ကုန်ကြတာမျိုးပဲ..

.ဒါကိုပဲ အခြေအနေပေးမှု့ သဘောလို့ ဆိုလိုတာပါပဲ....တစ်ခြားကိစ္စတွေလဲ တွေးဆကြည့် လို့ ရနိုင်လောက်ပါတယ်..ဆန့် ကျင် ဖက် အတွေးက အခြေအနေပေပးမှု့ သဘော အကြောင်း ပြည့် စုံချိန် မဆိုက်ရောက်လာသေးရင် အသေးအမွှားလေးလို့ ထင်ရတဲ့  သဘောကအစ လိုအ်ချက်အကြီးကြီး သဘောအသွင်ဆောင်ပြီး ခက်ခဲသင့် တာထက်ခက်ခဲနေပုံလဲ ရတတ်တယ်ပေါ့ လေ...အဲ့ မှန် အချိန်ကို တွက်ချက်ချိန်ဆတာ သည်းခဏခံပေးထားတာ ဆက်လက်ကျိုးစား ဇွဲခတ်ကြည့် တွေ လိုကောင်းလိုမယ်ပေါ့ လေ

အတွေးစတိုင်



ကျနော်တို့  စတွေးးကကတည်းက လူ့ သက်တမ်းဟာ ဒါပဲ လို့  စတွေးတယ်  အဲ့ ကနေ ဆက်တွေးတာက သက်တမ်းက ဒါပဲ ဆိုရင် ဘူ အတွေး အပျက်အတွေးတွေ သဘော များများ တွေးပြီး ဘ၀နိဂုံးကို သွားမယ့်  သဘောကနေ  ဘာလုပ်လို့ ရသေးလဲ ဆိုတဲ့  ရုန်းကန်သတ္တိကို ထုတ်သုံးတဲ့ အတွေး ခပ်ပျော်ပျော်အတွေးတွေ ဖြစ်ရိုးဖြစ်စဉ်တွေါ ဆိုတဲ့ တွေးတွေဖက်က လှည့် တွေးပစ်လိုက်ပြီး ဘ၀နိဂုံးဆီကို ချီတက်တာ ဘယ်ဟာက လူကို စိတ်ခွန်အားဖြစ်စေလဲ စိတ်ထွက်ပေါက်ကိုရစေသလဲ စိတ်ကို နုပျိုစေသလဲ လို့  ကိုယ့် ကိုယ်ကိုယ် မေးခွန်းတွေထုတ်ပြီး ဘ၀နိဂုံးခရီးဆီ  သွားပုံ သွားနည်းကို စိတ်နဲ့  ချိန်းပစ်ခဲ့ တာမျိုးပဲ.....စိတ်သာ ရှင်စော ဘုရားဟော သဘောနဲ့  သတ္တ၀ါတစ်ခု ကံတစ်ခု သဘောကို လက်ကိုင်ထားပြီး အများထဲမှာ ပုံမှန်လေး အလိုက်အထိုက်နဲ့ ကိုယ် သဘော နေရင်းကနေ တစ်ကိုယ်ရည် သဘော အတွေးစတိုင်ကို ပြောင်းလဲ ပစ်ခဲ့ တဲ့  သဘောပေါ့ ....
===============


ကိုယ်ဖီးလ်လာတဲ့ ဘ၀နေမှု့ စတိုင်ကို ပစ်မှတ်တည်ဆောက်တာ အတွေးထဲမှ အရင်စတည်ဆောက်လိုက်တာမျိုး...ဆိုပါတော့  ဆင်းရဲခဲ့ တော့  ဆင်းရဲမှာကို မချမ်းသာမှထက် 
ပိုပြီး ကြောက်တယ် ဒါကို ကိုယ့် စိတ်ကို ကိုယ်ပြန်စစ်ရင်း မြင်လာတာ ဒီတော့  အတွေးက စတည်ဆောက်လိုက်တာက ဆင်းရဲမှာ (၀ါ) ပြန်ဆင်းရဲသွားမှာ သိပ်ကြောက်နေရင်
ဆင်းရဲနိုင်တာတွေ လျှောက်မလုပ်နဲ့ ပေါ့ ဆိုတဲ့ အတွေးထပ်ရလိုက်တယ်ပေါ့  အဲ့ အတွေးအတိုင်း တစ်ခုခု ထူးခြားလုပ်တော့ မယ်ဆို ဆင်းရဲသွားနိုင်ခြေများမများ အရင် အကဲခတ်လိုက်တာ
မျိုးပေါ့ ..အဲ့ မှာ တစ်ဖက်က ဖြည့် တွေးထားပေးရတာက ကံသဘော ကိုယ်တိုင် ပြုမိမှား ဆင်းရဲနိုင်တဲ့  အကွက်တွေကို မလုပ်မိအောင် ရှောင်ပါလျက်နဲ့  ရေကြီးတဲ့ အထဲပါသွားလို့  ဘာလို့ 
ညာလို့  ဆိုတဲ့ ကိုယ်က တိုက်ရိုက်ပြုမိမှား မဟုတ်ပဲ သံသရာဘေး ကပ်ဘေးကြောင့်  ဆင်းရဲသွားတာမျိုးလဲ ကြုံနိုင်သေးတယ် ဒါတော့ မတတ်နိုင်ဘူး သဘောကို ကြိုတွေးပေးထားတာမျိုး.
ဒါက အခြေအနေတစ်ခုကို စဖန်တီး တွေးဆယူပုံ သဘောလေးဗျ...လမ်းသွားရင် မတော်တဆမှု့ ကြောင့်  ရှောသွားမှာကြောက်ရင် သွားလာတဲ့ အခါမှာ 
မတော်တဆမှု့ တွေ ဖြစ်နိုင်မဖြစ်နိုင် ကြိုတွေးတွက်ချက်မယ်ပေါ့  ရှောင်မရရင် ဘုရားစာရွတ်သွားမယ် အဆောင်တစ်ခုခု ဆောင်သွားမယ်ပေါ့  အဲ့ လို သတိကပ် တွက်ဆ သွားရင်းကကို
တစ်စုံတစ်ရာဖြစ်လာရင်တော့ လဲ ဒါတော့ လည်း မတတ်နိုင်ပါစသဘောပေါ့ ...သံယောဇဉ်ကြီးတတ်တယ် သံယောဇဉ်ကြောင့်  ပါလာတဲ့ သောကပြင်းထန်မှု့ တွေကိုကြောက်တတ်ရင်
နွယ်မိအောင်မနေနဲ့  သံယောဇဉ်မကြီးမိအောင်နေ ဆိုတာ ကိုယ့် ဖီလင်ကို ကိုယ်ပြန်တွေးပြီး ဆောင်တာရှောင်တာတွေ လုပ်တာမျိုး ငရဲကိုကြောက်ရင် ငရဲကျနိုင်မယ်ထင်တာတွေမလုပ်ဖူး
သဘော ကောင်းကင်ရောက်ချင်ရင် ကောင်းကင်ရောက်မယ့် အကျင့် တွေကျင့် သဘောလေးပါ...ကိုယ်လိုချင်တဲ့  ဘ၀စတိုင်ကို ပုံဖေါ်ဖို့ စတွေးတာ 
ရိုးရိုးလေးပဲ တွေးပြီနေတာထိုင်တာလုပ်တာမျိုးလေးရယ်ဗျာ..

အမူအကျင့် တစ်ချို့ 



ဗေဒင်တွက်ပေးရတဲ့ အခါ ထည့် တွေးမိတတ်တဲ့  အတွေးက ဖြစ်ရိုးဖြစ်စဉ် ဘ၀တွေ သဘော နဲ့  ပုံမှန်မဟုတ်တဲ့ ဘ၀သဘောပေါ့   အဲ့ မှာ ပုံမှန်ဟုတ်ပုံ
မရတဲ့  ဘ၀တွေမှာ ၂ ပိုင်း တွေးစရာ တွေ ဆက်ရှိလာတာ  သံသရာက ပါလာတတ်တဲ့ သဘောနဲ့  သူ့ ကိုယ်ပိုင် အတွေး အမြင်သဘောက လောကသဘောကို
သူဟာ ဘယ်လိုတွေ တွေး မြင်နေသလဲ ဆိုတာပါပဲဗျ  ဥပမာ တရားရှာသဘောက  ပုံမှန် လူ့ ဘ၀ ပထမအရွယ် သဘော ဆယ်ကျော်သက်ကနေ လူငယ်အရွယ်
ကုန်စ အသက် အစိတ်ကနေ ခပ်စွန်းစွန်းလေးအထိက နိုး ဓမ္မရှာ ပညာ စီးပွားသဘောနဲ့  အိမ်ထောင်သားမွေးတွေ တွေးဆ လုပ်တတ်ကြတာက အများသဘောဆောင်တဲ့  ဖြစ်ရုးဖြစ်စဉ်သဘာဝ ။  ကြားဖူးဖတ်ဖူးကြသလို ၇ နှစ်သားလောက်နဲ့ လောကီသဘောကို စွန့်  ဓမ္မလမ်းပေါက်ခဲ့ ပြီတို့  အသက် ၃၀ကို တော်တော်ကြီးကျော်လို့  ၄၀တွေ ၅၀တွေလောက်ရောက်ပြီဆိုတော့ မှ ဓမ္မလမ်းသဘောထက် အိမ်ရာထူထောင်တယ်တို့  ဆိုတာတွေ သဘောကြုံလာ ဗေဒင်လာတွက်ပြီဆိုတာမျိုးတွေကို ဒါဟာ ဖြစ်ရိုးဖြစ်စဉ် လူ့ သဘာဝတွေ သဘောကနေ ကျော်နေပြီ ဒါဟာ သံသရာဘ၀က တစ်ခုခု ကန့် သတ်ထားတာလား သူ့ အတွေးအမြင်တွေ သူ့ မိသားစုဘ၀ ဖြတ်သန်းမှု့ စတိုင်တွေက ဘယ်လိုတွေ ဖြစ်လာခဲ့ သလဲလို့  ထည့် တွေး မေးစမ်းကြည့် ရတဲ့ သဘောကို ဆိုလိုတာ...

အဲ့ အတွေးရဲ့ အဆက်က ပုံမှန်ထက် ကျော်နေပုံရတဲ့  ကိစ္စတွေကို  အကောင်းးဆုံး ဖြစ်အောင် ၀ိုင်းတွေးပေးလိုက်တာမျိုး ဖြစ်လာတယ်...
ကောင်းကျိုး ဆိုးကျိုး အလျော်အစားတွေ ဘာတွေ ဖြစ်လာနိုင်တတ်သလဲ ဆိုတဲ့  အကျိုးဆက် သဘောတွေကိုပေါ့ ဗျာ....ဒါဟာ ကျနော် နဲ့ 
ဆုံတဲ့ သူတွေအပေါ်မှာ ကျနော့် ရဲ့ အတွေးအမြင်တွေ ဘ၀ဖြတ်သန်းမှု့ သဘောတွေကိုပါ ထည့် တွေးပြီး ဗေဒင်နဲ့ ပေါင်းစပ် တွေးခေါ်ပေးတတ်တဲ့  အမူအကျင့် တစ်ချို့ ပါဗျား

လိုချင်သောဘ၀ နဲ့ ပြတ်သားရဲတဲ့ စိတ်ဇွဲ

လိုချင်သောဘ၀ နဲ့ ပြတ်သားရဲတဲ့ စိတ်ဇွဲ
----
အစကတော့  သူလိုကိုယ်လို နေခဲ့ တာမျိုးပါပဲ...အသက်တစ်ခုရောက်လာတဲ့ အခါမှာ အတွေးသမား ဖြစ်လာတယ်  ပေါင်းစုံတွေးကြည့် တတ်ပါတယ်...အဲ့ ကနေ ကိုယ့် အကြောင်း ကိုယ့်  စိတ်ခံစားမှု့ တွေကို ပြန်တွေးယူပါတယ်
အဲ့ မှာ အထူးတွေးမိတာက ငါ ဘာလိုချင်နေတာလဲ ငါမလိုချင်တာဘာလဲ ငါဖြတ်သန်းချင်နေတဲ့  ဘ၀နေမှု့ စတိုင်က ဘယ်လိုပုံစံမျိုးလဲ ငါ မဖြစ်ချင်တဲ့ ဘ၀စတိုင်က ဘာလဲ ငါလိုချင်တဲ့  ဘ၀စတိုင်အတွက် ငါ့ ဖက်က ဘာတွေ ပြန်ပေးရနိုင်လဲ ပေးခဲ့ ရမှာတွေအတွက် အစားထိုးဖို့ က ဘာတွေ ဖြစ်နိုင်မလဲ
ငါကြောက်တတ်တာ ဘာတွေလဲ ငါမကြောက်တတ်တာ ဘာတွေလဲ....စသဖြင့် ပေါ့  ဖြစ်နေကြုံနေတဲ့  ကိုယ့် ဘ၀အပေါ်မှာ စတွေးတယ် အချိန်တော့ နဲနဲယူခဲ့ ရတယ်....နောက်တော့  တွေးမိတဲ့  လမ်းကြောင်းနဲ့  ဘ၀စတိုင်ဟာ ငါ တကယ်လိုချင် ဖြစ်ချင် လျှောက်လှမ်းနေချင်တဲ့  ဘ၀စတိုင်ပဲလို့  သေသေခြာခြာ ဆုံးဖြတ်လိုက်နိုင်ပြီဆိုတဲ့ အခါ....

ကိုယ်ရွေးလိုက်တဲ့ လမ်းကို စလျှောက်တော့ တယ်  အဲ့ မှာ ဘ၀လမ်းမှာ ကိုယ် ရွေးခဲ့ တဲ့  လမ်းကို ထိခိုက်လာနိုင်လောက်တဲ့ ကိစ္စတွေလို့  တွေးလို့ တွက်လို့ ရရင် နောက်တွန့် မနေပဲ  နောက်တရမနေပဲ ခပ်ပြတ်ပြတ်ပဲ ဖယ်ရှားပစ်ပြီး ကိုယ့် လမ်းကိုယ်ဆက်လျှောက်ခဲ့ တယ်
ချကျွေးဖို့ ပေးဖို့  လိုတယ် ထင်တာတွေ ခပ်ရဲရဲပဲ ချကျွေးပစ်ခဲ့ တယ် ပေးခဲ့ ပစ်တယ် ယူထားသင့် တယ်လို့ ထင်တာတွေ  ရဲရဲယူထားလိုက်တယ်...အဲ့ အတွက် အချိန်တွေဆိုတာ ၁၀စုနှစ်လောက်တော့  ရင်းခဲ့ ပေးရတယ်...ဒီနေ့  ကိုယ်လိုချင်တဲ့  အနှောင်အဖွဲ့ 
အနဲဆုံး စိတ်ရဲ့ စေရာကို လွတ်လပ်စွာပျံသန်းခွင့် အရဆုံး အနေအထားကို ရလာတာမျိုးပဲ....ပြတ်သားရဲတဲ့ စိတ်ဇွဲတော့ လိုတယ် ကြုံလာသမျှကို ဘယ်သူ့ ကိုမှ အပြစ်ဖွဲ့ မနေပဲ ကိုယ်ရွေးတဲ့ လမ်း ကိုယ့် မှာသာ တာဝန်ရှိတယ်ဆိုတဲ့ သဘောတရားကို ဗဟိုပြုရဲဖို့ တော့ လိုတယ်ပေါ့ လေ

ဗီဇ ဖလော်+ ဗေဒင် စတိုင်


ဗီဇ

ဖလော်ကျောင်းသား ဖြစ်ခဲ့ လို့  အတွေးထဲမှာ ဖလော်ကျောင်းက ရခဲ့ တဲ့  တွေးပုံစတိုင်တွေ ရောနေတယ်...ဗေဒင်လိုက်တော့  ဗေဒင်ဆိုတာ
လူ တွေအတွက်အထူးပြု ပညာသဘောလို့ လဲ တွေးထားတယ်ပေါ့ လေ..
အဲ့ မှာ လူတွေရဲ့ ဗီဇသတ္တိတွေသဘောတွေ စိတ်ဝင်စားတယ် ချက်တယ်ပေါ့  အဲ့ မှာ ချက်ရတာ အလွယ်ဆုံးက အပြင်လူတွေထက်
ကိုယ့် စိတ်ဗီဇကို ပြန်ချက်တာက ပိုပြီး နီးစပ်မယ်လို့ လဲ တွေးတာပါတယ်
အဲ့ ကနေ တွေးလိုက်တာ ကိုယ့် ကိုယ်ကို မူလ ဗီဇ သဘော ၁ ကြွင်းနှစ်မွေးတွေရဲ့ ယေဘူယျ ဖီလင်သဘောရော ဘောမတိုင်က ဖြစ်လာတဲ့ 
၃ကြွင်းဗီဇ စိတ်သဘာဝတွေပါ ရှိနေတာ တွေ့ ယုံတင်မကဘူး..
အဲ့  ၁ တွေ ၃ တွေမှာ သိပ်တွေ့ ရလေ့ မရှိတဲ့  စိတ်သဘောတွေပါ ရှိနေတာ သတိထားမိတယ်...ဥပမာ ၆ အများစုမှာတွေ့ ရတတ်တဲ့  ဘဇ်နက်ကို
ပေသီး ခေါက်တွေးတတ်တဲ့ စိတ်သဘောပေါ့  အဲ့ စိတ်က ဘယ်ကနေ ရောက်လာတာလဲ ဆက် တွေးတာ ချက်တာ အဲ့ မှာ မိဘ ၂ ပါးထဲမှာ ကျနော့် 
အဖေက ၆ ကြွင်းမဟာဘုတ်သမားဆိုတာကို သတိထားမိတယ် မအေက ၁ကြွင်း..
ဒီတော့  သူတို့ ရဲ့ သားသမီးဖြစ်တဲ့  ကျနော့်  သွေးတွေထဲမှာ မအေ့ ဆီက ၁ ကြွင်း ဗီဇ သတ္တိတွေ သဘောရော ဖအေ့ ဆီက ၆ကြွင်းရဲ့ ဗီဇသတ္တိသဘောတွေပါ
မြုတ်လိုက်ပေါ်လာလိုက် ဖြစ်နေတာ တွေ့ လာရတယ်...အဲ့ တာကို လူမှာ အမျိုး
ကြက်မှာ အရိုးသဘောနဲ့  ဆက်စပ်တွေးတယ်ပေါ့ လေ...သဘောကတော့  လူတစ်ယောက်မှာ သူ့ ကိုယ်ပိုင် ဗီဇစတ္တိ စိတ်သဘောသဘာဝတင်မကဘူး မိဘ ၂ ပါးဆီက
ဗီဇစိတိသတ္တိတွေပါ ပေါ်လိုက်မြုတ်လိုက်နဲ့  လွှမ်းမိုးနေတယ်လို့  တွေ့ လာရတာမျိုးပေါ့  ဒါကို ဖြစ်နိုင်မဖြစ်နိုင် တစ်ခြားလူတွေကိုပါ ဆက် စပ်စုကြည့် တော့ တာပေါ့ ဗျာ
ဆိုပါတော့  ဒီမို စု ဟာ ၅ကြွင်း မွေးဖြစ်ပေမယ့်  အက်ရှင်တွေဟာ ၅ ကြွင်းတစ်ယောက်ရဲ့  အက်ရှင်တွေသာအကပဲ ၂ ကြွင်း တစ်ယောက်ရဲ့  အက်ရှင်တွေ စိတ်ဓါတ်မာကြောမှု့ တွေပါ လွှမ်းမိုးနေတာ တွေ့ ရတယ် အဲ့ ဒါဟာ သူ့ ဖခင် ၂ ကြွင်း စနေသားကြီးရဲ့  သွေးဗီဇတွေ အများကြီး ဖြစ်နေတာမျိုးပေါ့  အဲ့ မှာ သားကိုပါ ဆက် အကဲခတ်တော့  သားကလည်း သူ့ နည်းသူ့ ဟန်နဲ့  သူမှန်တယ်ထင်ရင် ဘယ်သူ့ ကိုမှ ဂရုမစိုက်ပဲလုပ်တတ်တဲ့  သဘာဝ ခေါင်းမာတာမျိုး ဆိုတဲ့  ၂ သဘာဝတွေ ရှိနေတာပါတွေ့ ရတယ်ပေါ့ လေ...
( လူတိုင်း မှန်တယ်ထင်ရာ လုပ်တတ် ခေါင်းမာတတ်ပေမယ့်  ၂ ခေါင်းမာတာမျိုးက သေတဲ့ အထိ မာရဲတယ်ဆိုတဲ့  မာနည်းမျိုးမို့  ၂ ရဲ့ မာကြောမှု့ ကို အထူးပြုပြောတာပါ) ဒီသဘောတွေ နီးစပ်မစပ် ဆိုတာ ကွကိုယ်လဲ ပြန်တွေးဆ ချိန်ဆကြည့် လို့  လွယ်လွယ်လေးရနိုင်ပါတယ်

အဲ့ အတွေးရဲ့ အကျိုးဆက်က ၁ နှစ်မွေး ၂ နှစ်မွေးတွေဟာ ဒါပဲ ဆိုတဲ့  အပေါ်မှာ အပြီး မရပ်တော့ ပဲ ချိန်ဆကြည့် သေးတဲ့  သဘောတွေ ဖြစ်လာပါတယ် ပြီးတော့  ကိုယ့် မှာ ရှိနေတဲ့  အလေ့ အကျင့် သဘောတွေဟာ ကိုယ့် ရဲ့ မိဘ ၂ ပါးရဲ့  အလေ့ အကျင့်  စိတ်နေစိတ်ထားတွေ တစ်ချို့ ပါ ပပါနေလိမ့် မယ်ဆိုတာလဲ သတိထားမိလာနိုင်ပါမယ် ( အဲ့ လိုသတိထားမိရင် ကိုယ့် မိဘနဲ့ ကိုယ်နဲ့  ဆက်ဆံရေး လုပ်ရတာ ( မိဘ ရဲ့  ဖီလင်ကို ပို မြင်သာသွားလို့  )နဲနဲ အဆင်ပိုချောလာတတ်ပါတယ်

============

ဖလော်+ ဗေဒင်
--
ဒုတိယ အပုဒ်အဖြစ် စိတ်ကူးပေါက်တုန်း တွေးပုံစတိုင်ရေးပြလိုက်တယ် ဆြာတို့ .ငိငိ
----------
ချွင်းချက်သဘောကို ချွင်းချက်သဘော မပြောပဲ အမျာကနေ အနဲ အနဲကနေအများသဘောတွေအဖြစ် သင်ပေးတာ ဖလော်မှာ ကကြီးကခွေး သဘော အတွေးစတိုင်တွေ စတင်တည်ဆောက်ခြင်း အဖြစ်စသင်ပေးတာမျိုးဗျရည်ရွယ်ပုံက ခေါင်းကို အလကားမထားပါနဲ့  တွေးကြပါ လို့  စသင်တာမျိုး နဲ့  ထောင့် စုံအောင်ပါတွေးစေတဲ့ ပညာသဘောမျိုး..အကျိုးကျေးဇူးက တွေးဖြစ်လာတယ်ပေါ့ လေ..

ချွင်းချက်သဘာတွေကို စထင်ရှားတဲ့  သင်ခန်းစာက ကြားဖူးကြတဲ့  ကျီးဖြူ ကျီးမဲ သင်ခန်းစာလေး၊  ကျီးကန်း အမဲ အကောင် ၉၉ ကောင်လောက်အထိ တွေ့  ခဲ့ ရတော့  ကျီးကန်းလို့  ကြားလိုက်တာနဲ့  စိတ်မျက်စိထဲမှာ အမဲ နဲ့  တွဲလိုက်ပြီးကျီးကန်းသည် မဲ သည် ဆိုတဲ့ အများသဘောဆောင်တဲ့  ခြုံယူဆင်ခြင်တဲ့ ပုံစံ တစ်ခု စဖြစ်လာတယ်၊ ၁၀၀ကောင်မြောက် ကျီးတစ်ကောင်က အဖြူရောင် ဖြစ်နေတာတွေ့ လိုက်ရတော့ ...အဲ့ မှာ သို့ သော်  တစ်ချို့ သော ကျီးကန်းများသည် အဖြူရောင်ဖြစ်နိုင်သည် ဆိုတဲ့  နောက်ထပ် ဆင်ခြင်မှု့ တစ်ခု ထပ်ဖြစ်လာတယ် အများထဲကနေ  သီးခြား အဖြစ် ထုတ်ယူဆင်ခြင်လိုက်တဲ့ သဘောပေါ့  ..ဒီကျီးဖြူက ချွင်းချက် သဘောပေါ့ ...အားလုံး စုလိုက်ရင် မူလကျီးကန်း အမဲ ၉၉ ကောင်ကို အကြောင်းပြုပြီး ကျီးကန်သည် မဲသည် ဆိုတဲ့  သတ်မှတ်ချက်ဟာ ကျီးကန်းဆိုတာနဲ့  မဲရမယ် ဆိုတဲ့  ရာနှုံးပြည့် အဆိုတစ်ခု အဆင့် ကနေ ယေဘူယျ လက်ခံထားတဲ့  ( အဖြူရောင်ကျီးမတွေ့ ရမချင်း ယာယီ သဘောတူပေးထားတဲ့ ) အဆို အဖြစ်ပြောင်းလဲ သွားပြီး   ဖြူတဲ့  ကျီးကန်တွေလဲ ရှိနိုင်သေးတယ် ဆိုတဲ့ ဆင်ခြင်မှု့ တစ်ခုကို ထပ်တည်ဆောက်ထားပေးလိုက်တဲ့ 
သဘော ဖြစ်လာတယ်...

အဲ့ က အလေ့ အကျင့် က လူမှု့ ဆက်ဆံရေးတွေမှာ အလုပ်ဖြစ်ဖို့  သူ့ နေရာနဲ့ သူ အသုံးကျတဲ့  အတွေးတွေကို ဖြစ်လာစေတယ်...ပြီးတော့ လဲ အများစုက ကျင့် သုံးနေတဲ့ အတွေးစတိုင်တစ်ခုလဲ ဖြစ်နေတာတွေ့ နိုင်တယ်
( အများစုက ကိုယ်တိုင်တွေလဲ ဖလော်အတွေးရှင်တွေပါပဲဆိုတာ မရိပ်မိတတ်ကြဘူး ) ဥပမာ...အခု နိုင်ငံရေးလောကမှာ ပြောနေကြတာမျိုး စစ်သားဆိုးတွေချည်းပဲ မဟုတ်ဖူး ကောင်းတဲ့  စစ်သားတွေလဲ ရှိပါသေးတယ်လို့  ပြောကြတာဟာ ကျီးဖြူကျီးမဲ သင်ခန်းစာက လာတဲ့  အတွေးစတိုင် ချွင်းချက်တွေ သဘောပေါ့ ဗျာ...အကောင်းထဲမှာ အဆိုးပါတတ်သလို အဆိုးထဲမှာလဲ အကောင်းရှိနေနိုင်သေးတယ်လို့  တွေးပေးကြတာမျိုးတွေပေါ့ လေ..
( အဲ့ မှာ ဖလော်မှာ ပြဿနာ သင်ခန်းစာတွေ ရှိသေးတယ် တစ်ချို့  ဒဿနရှင်တွေက အကောင်းမှန်ရင် အကောင်းထဲက အဆိုးမထွက်နိုင် အဆိုးမှန်ရင် အဆိုးထဲကနေ အကောင်းထွက်လာစရာမရှိ ဘာညာကွကွတွေ တစ်ပုံကြီးနဲ့ ငြင်းကြ ခုန်ကြပေါ့ လေ...အဲ့ မှာ ထောင့် ပေါင်းစုံ အမြင်သဘောတွေ ရလာတယ်ပေါ့ နော့် )

အဲ့ အတွေးစတိုင်ကနေ ဗေဒင် မဟာဘုတ်ထဲ ဆွဲသွင်းလာတော့   မရဏဖွားဆိုတာနဲ့  မြွေဖမ်းတော့ မယ့်  အမြင်တွေကနေ အိုကေမှာ စိုပြေတဲ့  မရဏဖွားတွေလဲ ရှိသေးနိုင်ကြောင်း အတွေးတည်ဆောက် ရှာဖွေမှု့ တွေ ...၁ကြွင်းဆိုတာနဲ့ လူရမ်းကားဖြစ်ရမယ်ဆိုတာနဲ့  လူယဉ်ကျေး ၁ တွေလဲ ရှိနိုင်သေးကြောင်း သူတို့ ကရာ ဘာကြောင့်  ယဉ်ကျေးတဲ့  ၁ ဖြစ်ရတာလဲ ဘယ်အချက်တွေက လူယဉ်ကျေး ၁ ကြွင်းအဖြစ်ကို ရောက်သွားစေတာလဲ စတဲ့ အတွေးတည်ဆောက်မှု့ တွေစဖြစ်လာ
ဆက်လက် အကြောင်းတရားတွေ ထပ်ရှာ  အဲ့ လိုပေါ့ ...

================

ကျနော့် ဗေဒင်စတိုင်တွေထဲမှာ ဒဿနပညာသုံး စတိုင်တွေပါနေပုံက မေးခွန်းတွေပြန်ပြန်မေးပြပြီး သူ့  ကိစ္စကို ၀ိုင်းတွေးပေးတာမျိုးလဲပါတယ်   ပလေတိုနိဒါန်းတို့  အရစ္စတိုတယ်လ်တို့ စာတွေ ထဲက စတိုင်မျိုးပေါ့ 
ဆိုပါတော့  ကိုယ့် အိမ်သားက ကဲ နေလို့ စိတ်တွေကုန် ပျားတွေ တုတ်ပြီး ရောက်လာတတ်တဲ့ အမျိုးသမီးကို ကျနော်က ဘာလုပ်ချင်လဲလို့  စပြန်ပြီးမေးခွန်းထုတ်လိုက်ရင် အဖြေ ၂ မျိုး ယောဘူယျထွက်လာတတတ်တယ်
ပထမက ဟို ဘဲလူးမနဲ့  ပြတ်သွားစေချင်တယ်ပေါ့ ...အဲ့ ဒါမျိုးဆို ကိုယ် လုပ်ပေးနိုင်တဲ့  နည်းတွေ သိသမျှ ပြောလိုက်ယုံပေါ့ ဖြစ်နိုင်ခြေတွေ တွက်ချက်ပေးလိုက်တာပေါ့ ပြီးတော့ တီးခေါက်လိုက်တယ် ကိုယ်တိုင်ဒဲ့ တွေ့ လား
သတင်းကြား မသင်္ကာလားမေးရင် အများအားဖြင့်  သတင်းကြား မသင်္ကာက ပိုများတယ် ( ပိုများမှပေါ့  ဘဲက ဒါမျိုးဆိုခိုးစားတာက ပိုများကို ငိငိ )..အဲ့ တော့  ဆက်မေးကြည့် တယ် တကယ်လို့  ကိုယ့် အိမ်သားက
ကဲနေတာသေခြာရင် ဘာဆက်လုပ်မလဲ ကွာပစ်မှာလားပေါ့  အဲ့ လိုမေးလိုက်ရင် မကွာတော့  မကွာနိုင်ဘူးတွေ ဘာတွေ ဖြစ်လာတယ်...အဲ့ မှာ ဆက်ပြောတာက မကွာနိုင်ရင် ဒဲ့ ကြီး လက်ပူးလက်ကျပ်မိအောင်
လိုက်မဖမ်းနဲ့  မတော်တဆ ဒဲ့ မိသွားလို့ ရှိရင် ဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန်လိမ့် မယ် ဘာမှ မလုပ်ဖူး ဆိုရင်လဲ ကိုယ့် အင်ပရက်ရှင်ကကျနေဦးမယ် လွှတ်ပေးထားပြန်ရင်လဲ အတင့် ကပိုရဲသွားချင်သွားဦးမှာ..
စသဖြင့် ပေါ့  ဆွေးနွေကြတယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင်ရဲ့  ဖီလင်အစစ်ကို ဖေါ်ကြည့် ပေးလိုက်တာမျိုး ...
 ..
နောက်တစ်မျိုးက ခွင့် မလွှတ်နိုင်ဘူး ကွဲမယ်ဘာမယ်နဲ့  ပေါက်ကွဲလာတဲ့  သူတွေလဲ ရှိတယ် အာ့ မျိုးဆိုလဲ မေးတာပဲ ကွဲတာက သိပ်မခက်ပါဘူး..သေခြာရင် ရုံးကနေ စကားပြောလို့ ရတယ်ပေါ့ ဗျာ မေးကြည့် ချင်တာက
ကွဲပြီးရင် ကိုယ့် ဘ၀ကိုယ် ရပ်တည်နိုင်ပြီလား ရပ်တည်ရဲပြီလား ကိုယ့် ဟာကိုယ်ပြန်တွေးကြည့် ဖို့ လိုမယ်ပေါ့  ကလေးရှိရင် ကလေးကို ဘယ်သူတာဝန်ယူမလဲ
ကိုယ်ချည်းပဲရော တာဝန်ယူနိုင်ပြီလား ကွဲသွားပြီးရင် ပတ်ဝန်းကျင်ဆွေစုမျိုးစု မိသားစုတွေရဲ့  ဖြစ်တတ်မြင်တတ်တဲ့  သဘာဝတွေကို ကြိုတွေးထားပြီလား ကြုံလာရင် တောင့် ခံနိုင်ရဲ့ လား..စသဖြင့် ပေါ့  အဲ့ လိုတွေ
ကွဲပြီးနောက်ပိုင်း ဖြစ်လာနိုင် ဖြစ်တတ်တာတွေကို ကြိုတွေးပြ ၀ိုင်းဆွေးနွေ သဘောပေါ့ ....အဲ့ လိုတွေ မေးလိုက် ဖြေလိုက် ပြန်မေးလိုက် ပြန်ဖြေလိုက် လုပ်ပေးနေရင်းကကို သူ့ ဟာသူ စိတ်တွေ ငြိမ်သက်လာပြီး
ဝရုန်းသုန်းကားတွေ မဖြစ်တော့ ပဲ ဘာလုပ်သင့် တယ် အချိန်တစ်ခုကိုစောင့် သင့် ရင် စောင့် ရလိမ့် မယ် စသဖြင့် တွေ သူ့ ဟာသူ တွေးမိသွားတတ်တယ်ပေါ့ ဗျာ..အဲ့ တော့ မှ ယတြာတွေ ဘာတွေ လိုတော့ လဲ ပေးရတယ်ပေါ့ လေ...

အိမ်ရောင်းမလို့ ဆိုတာတောင်  အိမ်ရောင်း လွယ်တဲ့  ယတြာ ပေးလိုက်ယုံတင်မရပ်ထားပေးပဲ  ရောင်းပြီးရလာတဲ့ ငွေက ဘယ်မှာ သုံးချင်တာလဲ လို့ ပြန်မေးပေးလိုက်ရင်
ဘယ်မှာ သုံးမယ်လို့ အဖြေပြန်ရလာလေ့ ရှိတယ် အဲ့  အဖြေကို ဗေဒင်ထဲက သက်ရောက်တွေနဲ့  ညှိပြတာ အကျိုးဆက် တွက်ချက်ပြတာမျိုးသဘောဗျား..နိုင်ငံခြား သွားချင်လို့ ဆို ဘာသွားလုပ်ချင်တာလဲ စာဖတ်လာ ပိုက်ဆံလား ဆေးကုလားလို့ မေးလိုက်ရင် သွားချင်ရတဲ့ အကြောင်း ထွက်လာတယ် အဲ့ အဲ့ သွားချင်ရတဲ့  အကြောင်းကို သက်ရောက် လစိတ်နဲ့ ချိန်လိုက်ရင် သူ့ သွားလိုရတဲ့ အကြောင်းရဲ့ 
ခရီးဟာ သဂွတ် သဘက် သအားဂလီး တစ်ခုခု ဆိုတာ တန်းပေါ်လာတယ် ကျနော် ကံချိန်တယ်ဆိုတာ အဲ့ သဘောပဲ...