ဗီဇ
ဖလော်ကျောင်းသား ဖြစ်ခဲ့ လို့  အတွေးထဲမှာ ဖလော်ကျောင်းက ရခဲ့ တဲ့  တွေးပုံစတိုင်တွေ ရောနေတယ်...ဗေဒင်လိုက်တော့  ဗေဒင်ဆိုတာ
လူ တွေအတွက်အထူးပြု ပညာသဘောလို့ လဲ တွေးထားတယ်ပေါ့ လေ..
အဲ့ မှာ လူတွေရဲ့ ဗီဇသတ္တိတွေသဘောတွေ စိတ်ဝင်စားတယ် ချက်တယ်ပေါ့  အဲ့ မှာ ချက်ရတာ အလွယ်ဆုံးက အပြင်လူတွေထက်
ကိုယ့် စိတ်ဗီဇကို ပြန်ချက်တာက ပိုပြီး နီးစပ်မယ်လို့ လဲ တွေးတာပါတယ်
အဲ့ ကနေ တွေးလိုက်တာ ကိုယ့် ကိုယ်ကို မူလ ဗီဇ သဘော ၁ ကြွင်းနှစ်မွေးတွေရဲ့ ယေဘူယျ ဖီလင်သဘောရော ဘောမတိုင်က ဖြစ်လာတဲ့ 
၃ကြွင်းဗီဇ စိတ်သဘာဝတွေပါ ရှိနေတာ တွေ့ ယုံတင်မကဘူး..
အဲ့  ၁ တွေ ၃ တွေမှာ သိပ်တွေ့ ရလေ့ မရှိတဲ့  စိတ်သဘောတွေပါ ရှိနေတာ သတိထားမိတယ်...ဥပမာ ၆ အများစုမှာတွေ့ ရတတ်တဲ့  ဘဇ်နက်ကို
ပေသီး ခေါက်တွေးတတ်တဲ့ စိတ်သဘောပေါ့  အဲ့ စိတ်က ဘယ်ကနေ ရောက်လာတာလဲ ဆက် တွေးတာ ချက်တာ အဲ့ မှာ မိဘ ၂ ပါးထဲမှာ ကျနော့် 
အဖေက ၆ ကြွင်းမဟာဘုတ်သမားဆိုတာကို သတိထားမိတယ် မအေက ၁ကြွင်း..
ဒီတော့  သူတို့ ရဲ့ သားသမီးဖြစ်တဲ့  ကျနော့်  သွေးတွေထဲမှာ မအေ့ ဆီက ၁ ကြွင်း ဗီဇ သတ္တိတွေ သဘောရော ဖအေ့ ဆီက ၆ကြွင်းရဲ့ ဗီဇသတ္တိသဘောတွေပါ
မြုတ်လိုက်ပေါ်လာလိုက် ဖြစ်နေတာ တွေ့ လာရတယ်...အဲ့ တာကို လူမှာ အမျိုး
ကြက်မှာ အရိုးသဘောနဲ့  ဆက်စပ်တွေးတယ်ပေါ့ လေ...သဘောကတော့  လူတစ်ယောက်မှာ သူ့ ကိုယ်ပိုင် ဗီဇစတ္တိ စိတ်သဘောသဘာဝတင်မကဘူး မိဘ ၂ ပါးဆီက
ဗီဇစိတိသတ္တိတွေပါ ပေါ်လိုက်မြုတ်လိုက်နဲ့  လွှမ်းမိုးနေတယ်လို့  တွေ့ လာရတာမျိုးပေါ့  ဒါကို ဖြစ်နိုင်မဖြစ်နိုင် တစ်ခြားလူတွေကိုပါ ဆက် စပ်စုကြည့် တော့ တာပေါ့ ဗျာ
ဆိုပါတော့  ဒီမို စု ဟာ ၅ကြွင်း မွေးဖြစ်ပေမယ့်  အက်ရှင်တွေဟာ ၅ ကြွင်းတစ်ယောက်ရဲ့  အက်ရှင်တွေသာအကပဲ ၂ ကြွင်း တစ်ယောက်ရဲ့  အက်ရှင်တွေ စိတ်ဓါတ်မာကြောမှု့ တွေပါ လွှမ်းမိုးနေတာ တွေ့ ရတယ် အဲ့ ဒါဟာ သူ့ ဖခင် ၂ ကြွင်း စနေသားကြီးရဲ့  သွေးဗီဇတွေ အများကြီး ဖြစ်နေတာမျိုးပေါ့  အဲ့ မှာ သားကိုပါ ဆက် အကဲခတ်တော့  သားကလည်း သူ့ နည်းသူ့ ဟန်နဲ့  သူမှန်တယ်ထင်ရင် ဘယ်သူ့ ကိုမှ ဂရုမစိုက်ပဲလုပ်တတ်တဲ့  သဘာဝ ခေါင်းမာတာမျိုး ဆိုတဲ့  ၂ သဘာဝတွေ ရှိနေတာပါတွေ့ ရတယ်ပေါ့ လေ...
( လူတိုင်း မှန်တယ်ထင်ရာ လုပ်တတ် ခေါင်းမာတတ်ပေမယ့်  ၂ ခေါင်းမာတာမျိုးက သေတဲ့ အထိ မာရဲတယ်ဆိုတဲ့  မာနည်းမျိုးမို့  ၂ ရဲ့ မာကြောမှု့ ကို အထူးပြုပြောတာပါ) ဒီသဘောတွေ နီးစပ်မစပ် ဆိုတာ ကွကိုယ်လဲ ပြန်တွေးဆ ချိန်ဆကြည့် လို့  လွယ်လွယ်လေးရနိုင်ပါတယ်
အဲ့ အတွေးရဲ့ အကျိုးဆက်က ၁ နှစ်မွေး ၂ နှစ်မွေးတွေဟာ ဒါပဲ ဆိုတဲ့  အပေါ်မှာ အပြီး မရပ်တော့ ပဲ ချိန်ဆကြည့် သေးတဲ့  သဘောတွေ ဖြစ်လာပါတယ် ပြီးတော့  ကိုယ့် မှာ ရှိနေတဲ့  အလေ့ အကျင့် သဘောတွေဟာ ကိုယ့် ရဲ့ မိဘ ၂ ပါးရဲ့  အလေ့ အကျင့်  စိတ်နေစိတ်ထားတွေ တစ်ချို့ ပါ ပပါနေလိမ့် မယ်ဆိုတာလဲ သတိထားမိလာနိုင်ပါမယ် ( အဲ့ လိုသတိထားမိရင် ကိုယ့် မိဘနဲ့ ကိုယ်နဲ့  ဆက်ဆံရေး လုပ်ရတာ ( မိဘ ရဲ့  ဖီလင်ကို ပို မြင်သာသွားလို့  )နဲနဲ အဆင်ပိုချောလာတတ်ပါတယ်
============
ဖလော်+ ဗေဒင်
--
ဒုတိယ အပုဒ်အဖြစ် စိတ်ကူးပေါက်တုန်း တွေးပုံစတိုင်ရေးပြလိုက်တယ် ဆြာတို့ .ငိငိ
----------
ချွင်းချက်သဘောကို ချွင်းချက်သဘော မပြောပဲ အမျာကနေ အနဲ အနဲကနေအများသဘောတွေအဖြစ် သင်ပေးတာ ဖလော်မှာ ကကြီးကခွေး သဘော အတွေးစတိုင်တွေ စတင်တည်ဆောက်ခြင်း အဖြစ်စသင်ပေးတာမျိုးဗျရည်ရွယ်ပုံက ခေါင်းကို အလကားမထားပါနဲ့  တွေးကြပါ လို့  စသင်တာမျိုး နဲ့  ထောင့် စုံအောင်ပါတွေးစေတဲ့ ပညာသဘောမျိုး..အကျိုးကျေးဇူးက တွေးဖြစ်လာတယ်ပေါ့ လေ..
ချွင်းချက်သဘာတွေကို စထင်ရှားတဲ့  သင်ခန်းစာက ကြားဖူးကြတဲ့  ကျီးဖြူ ကျီးမဲ သင်ခန်းစာလေး၊ ကျီးကန်း အမဲ အကောင် ၉၉ ကောင်လောက်အထိ တွေ့  ခဲ့ ရတော့  ကျီးကန်းလို့  ကြားလိုက်တာနဲ့  စိတ်မျက်စိထဲမှာ အမဲ နဲ့  တွဲလိုက်ပြီးကျီးကန်းသည် မဲ သည် ဆိုတဲ့ အများသဘောဆောင်တဲ့  ခြုံယူဆင်ခြင်တဲ့ ပုံစံ တစ်ခု စဖြစ်လာတယ်၊ ၁၀၀ကောင်မြောက် ကျီးတစ်ကောင်က အဖြူရောင် ဖြစ်နေတာတွေ့ လိုက်ရတော့ ...အဲ့ မှာ သို့ သော် တစ်ချို့ သော ကျီးကန်းများသည် အဖြူရောင်ဖြစ်နိုင်သည် ဆိုတဲ့  နောက်ထပ် ဆင်ခြင်မှု့ တစ်ခု ထပ်ဖြစ်လာတယ် အများထဲကနေ သီးခြား အဖြစ် ထုတ်ယူဆင်ခြင်လိုက်တဲ့ သဘောပေါ့  ..ဒီကျီးဖြူက ချွင်းချက် သဘောပေါ့ ...အားလုံး စုလိုက်ရင် မူလကျီးကန်း အမဲ ၉၉ ကောင်ကို အကြောင်းပြုပြီး ကျီးကန်သည် မဲသည် ဆိုတဲ့  သတ်မှတ်ချက်ဟာ ကျီးကန်းဆိုတာနဲ့  မဲရမယ် ဆိုတဲ့  ရာနှုံးပြည့် အဆိုတစ်ခု အဆင့် ကနေ ယေဘူယျ လက်ခံထားတဲ့  ( အဖြူရောင်ကျီးမတွေ့ ရမချင်း ယာယီ သဘောတူပေးထားတဲ့ ) အဆို အဖြစ်ပြောင်းလဲ သွားပြီး ဖြူတဲ့  ကျီးကန်တွေလဲ ရှိနိုင်သေးတယ် ဆိုတဲ့ ဆင်ခြင်မှု့ တစ်ခုကို ထပ်တည်ဆောက်ထားပေးလိုက်တဲ့ 
သဘော ဖြစ်လာတယ်...
အဲ့ က အလေ့ အကျင့် က လူမှု့ ဆက်ဆံရေးတွေမှာ အလုပ်ဖြစ်ဖို့  သူ့ နေရာနဲ့ သူ အသုံးကျတဲ့  အတွေးတွေကို ဖြစ်လာစေတယ်...ပြီးတော့ လဲ အများစုက ကျင့် သုံးနေတဲ့ အတွေးစတိုင်တစ်ခုလဲ ဖြစ်နေတာတွေ့ နိုင်တယ်
( အများစုက ကိုယ်တိုင်တွေလဲ ဖလော်အတွေးရှင်တွေပါပဲဆိုတာ မရိပ်မိတတ်ကြဘူး ) ဥပမာ...အခု နိုင်ငံရေးလောကမှာ ပြောနေကြတာမျိုး စစ်သားဆိုးတွေချည်းပဲ မဟုတ်ဖူး ကောင်းတဲ့  စစ်သားတွေလဲ ရှိပါသေးတယ်လို့  ပြောကြတာဟာ ကျီးဖြူကျီးမဲ သင်ခန်းစာက လာတဲ့  အတွေးစတိုင် ချွင်းချက်တွေ သဘောပေါ့ ဗျာ...အကောင်းထဲမှာ အဆိုးပါတတ်သလို အဆိုးထဲမှာလဲ အကောင်းရှိနေနိုင်သေးတယ်လို့  တွေးပေးကြတာမျိုးတွေပေါ့ လေ..
( အဲ့ မှာ ဖလော်မှာ ပြဿနာ သင်ခန်းစာတွေ ရှိသေးတယ် တစ်ချို့  ဒဿနရှင်တွေက အကောင်းမှန်ရင် အကောင်းထဲက အဆိုးမထွက်နိုင် အဆိုးမှန်ရင် အဆိုးထဲကနေ အကောင်းထွက်လာစရာမရှိ ဘာညာကွကွတွေ တစ်ပုံကြီးနဲ့ ငြင်းကြ ခုန်ကြပေါ့ လေ...အဲ့ မှာ ထောင့် ပေါင်းစုံ အမြင်သဘောတွေ ရလာတယ်ပေါ့ နော့် )
အဲ့ အတွေးစတိုင်ကနေ ဗေဒင် မဟာဘုတ်ထဲ ဆွဲသွင်းလာတော့  မရဏဖွားဆိုတာနဲ့  မြွေဖမ်းတော့ မယ့်  အမြင်တွေကနေ အိုကေမှာ စိုပြေတဲ့  မရဏဖွားတွေလဲ ရှိသေးနိုင်ကြောင်း အတွေးတည်ဆောက် ရှာဖွေမှု့ တွေ ...၁ကြွင်းဆိုတာနဲ့ လူရမ်းကားဖြစ်ရမယ်ဆိုတာနဲ့  လူယဉ်ကျေး ၁ တွေလဲ ရှိနိုင်သေးကြောင်း သူတို့ ကရာ ဘာကြောင့်  ယဉ်ကျေးတဲ့  ၁ ဖြစ်ရတာလဲ ဘယ်အချက်တွေက လူယဉ်ကျေး ၁ ကြွင်းအဖြစ်ကို ရောက်သွားစေတာလဲ စတဲ့ အတွေးတည်ဆောက်မှု့ တွေစဖြစ်လာ
ဆက်လက် အကြောင်းတရားတွေ ထပ်ရှာ အဲ့ လိုပေါ့ ...
================
ကျနော့် ဗေဒင်စတိုင်တွေထဲမှာ ဒဿနပညာသုံး စတိုင်တွေပါနေပုံက မေးခွန်းတွေပြန်ပြန်မေးပြပြီး သူ့  ကိစ္စကို ၀ိုင်းတွေးပေးတာမျိုးလဲပါတယ် ပလေတိုနိဒါန်းတို့  အရစ္စတိုတယ်လ်တို့ စာတွေ ထဲက စတိုင်မျိုးပေါ့ 
ဆိုပါတော့  ကိုယ့် အိမ်သားက ကဲ နေလို့ စိတ်တွေကုန် ပျားတွေ တုတ်ပြီး ရောက်လာတတ်တဲ့ အမျိုးသမီးကို ကျနော်က ဘာလုပ်ချင်လဲလို့  စပြန်ပြီးမေးခွန်းထုတ်လိုက်ရင် အဖြေ ၂ မျိုး ယောဘူယျထွက်လာတတတ်တယ်
ပထမက ဟို ဘဲလူးမနဲ့  ပြတ်သွားစေချင်တယ်ပေါ့ ...အဲ့ ဒါမျိုးဆို ကိုယ် လုပ်ပေးနိုင်တဲ့  နည်းတွေ သိသမျှ ပြောလိုက်ယုံပေါ့ ဖြစ်နိုင်ခြေတွေ တွက်ချက်ပေးလိုက်တာပေါ့ ပြီးတော့ တီးခေါက်လိုက်တယ် ကိုယ်တိုင်ဒဲ့ တွေ့ လား
သတင်းကြား မသင်္ကာလားမေးရင် အများအားဖြင့်  သတင်းကြား မသင်္ကာက ပိုများတယ် ( ပိုများမှပေါ့  ဘဲက ဒါမျိုးဆိုခိုးစားတာက ပိုများကို ငိငိ )..အဲ့ တော့  ဆက်မေးကြည့် တယ် တကယ်လို့  ကိုယ့် အိမ်သားက
ကဲနေတာသေခြာရင် ဘာဆက်လုပ်မလဲ ကွာပစ်မှာလားပေါ့  အဲ့ လိုမေးလိုက်ရင် မကွာတော့  မကွာနိုင်ဘူးတွေ ဘာတွေ ဖြစ်လာတယ်...အဲ့ မှာ ဆက်ပြောတာက မကွာနိုင်ရင် ဒဲ့ ကြီး လက်ပူးလက်ကျပ်မိအောင်
လိုက်မဖမ်းနဲ့  မတော်တဆ ဒဲ့ မိသွားလို့ ရှိရင် ဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန်လိမ့် မယ် ဘာမှ မလုပ်ဖူး ဆိုရင်လဲ ကိုယ့် အင်ပရက်ရှင်ကကျနေဦးမယ် လွှတ်ပေးထားပြန်ရင်လဲ အတင့် ကပိုရဲသွားချင်သွားဦးမှာ..
စသဖြင့် ပေါ့  ဆွေးနွေကြတယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင်ရဲ့  ဖီလင်အစစ်ကို ဖေါ်ကြည့် ပေးလိုက်တာမျိုး ...
..
နောက်တစ်မျိုးက ခွင့် မလွှတ်နိုင်ဘူး ကွဲမယ်ဘာမယ်နဲ့  ပေါက်ကွဲလာတဲ့  သူတွေလဲ ရှိတယ် အာ့ မျိုးဆိုလဲ မေးတာပဲ ကွဲတာက သိပ်မခက်ပါဘူး..သေခြာရင် ရုံးကနေ စကားပြောလို့ ရတယ်ပေါ့ ဗျာ မေးကြည့် ချင်တာက
ကွဲပြီးရင် ကိုယ့် ဘ၀ကိုယ် ရပ်တည်နိုင်ပြီလား ရပ်တည်ရဲပြီလား ကိုယ့် ဟာကိုယ်ပြန်တွေးကြည့် ဖို့ လိုမယ်ပေါ့  ကလေးရှိရင် ကလေးကို ဘယ်သူတာဝန်ယူမလဲ
ကိုယ်ချည်းပဲရော တာဝန်ယူနိုင်ပြီလား ကွဲသွားပြီးရင် ပတ်ဝန်းကျင်ဆွေစုမျိုးစု မိသားစုတွေရဲ့  ဖြစ်တတ်မြင်တတ်တဲ့  သဘာဝတွေကို ကြိုတွေးထားပြီလား ကြုံလာရင် တောင့် ခံနိုင်ရဲ့ လား..စသဖြင့် ပေါ့  အဲ့ လိုတွေ
ကွဲပြီးနောက်ပိုင်း ဖြစ်လာနိုင် ဖြစ်တတ်တာတွေကို ကြိုတွေးပြ ၀ိုင်းဆွေးနွေ သဘောပေါ့ ....အဲ့ လိုတွေ မေးလိုက် ဖြေလိုက် ပြန်မေးလိုက် ပြန်ဖြေလိုက် လုပ်ပေးနေရင်းကကို သူ့ ဟာသူ စိတ်တွေ ငြိမ်သက်လာပြီး
ဝရုန်းသုန်းကားတွေ မဖြစ်တော့ ပဲ ဘာလုပ်သင့် တယ် အချိန်တစ်ခုကိုစောင့် သင့် ရင် စောင့် ရလိမ့် မယ် စသဖြင့် တွေ သူ့ ဟာသူ တွေးမိသွားတတ်တယ်ပေါ့ ဗျာ..အဲ့ တော့ မှ ယတြာတွေ ဘာတွေ လိုတော့ လဲ ပေးရတယ်ပေါ့ လေ...
အိမ်ရောင်းမလို့ ဆိုတာတောင် အိမ်ရောင်း လွယ်တဲ့  ယတြာ ပေးလိုက်ယုံတင်မရပ်ထားပေးပဲ ရောင်းပြီးရလာတဲ့ ငွေက ဘယ်မှာ သုံးချင်တာလဲ လို့ ပြန်မေးပေးလိုက်ရင်
ဘယ်မှာ သုံးမယ်လို့ အဖြေပြန်ရလာလေ့ ရှိတယ် အဲ့  အဖြေကို ဗေဒင်ထဲက သက်ရောက်တွေနဲ့  ညှိပြတာ အကျိုးဆက် တွက်ချက်ပြတာမျိုးသဘောဗျား..နိုင်ငံခြား သွားချင်လို့ ဆို ဘာသွားလုပ်ချင်တာလဲ စာဖတ်လာ ပိုက်ဆံလား ဆေးကုလားလို့ မေးလိုက်ရင် သွားချင်ရတဲ့ အကြောင်း ထွက်လာတယ် အဲ့ အဲ့ သွားချင်ရတဲ့  အကြောင်းကို သက်ရောက် လစိတ်နဲ့ ချိန်လိုက်ရင် သူ့ သွားလိုရတဲ့ အကြောင်းရဲ့ 
ခရီးဟာ သဂွတ် သဘက် သအားဂလီး တစ်ခုခု ဆိုတာ တန်းပေါ်လာတယ် ကျနော် ကံချိန်တယ်ဆိုတာ အဲ့ သဘောပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..