အို..ဘုရားရေ...
----------
အိန္ဒိယယဉ်ကျေးမှု့ သဘောပေါ့  ရုပ်ရှင်တွေထဲမှာကြည့် ရတာပါ..ဟိုးအရင်ကရုပ်ရှင်တွေမှာ ပိုကြည့် ရတယ် မြွေကားတို့ ဘာတို့ ပေါ့ လေ လူကောင်း သူကောင်းတွေကို လူမကောင်းတွေက ဒုက္ခပေးလို့  လူကောင်းသူကောင်းတွေ ဒုက္ခတွေရောက်ရတော့  ကယ်ရာမဲ့ တွယ်ရာမဲ့ တွေ ဖြစ်ကုန်တယ်ပေါ့ 
နောက်တော့ မတတ်နိုင်တော့ တဲ့ အဆုံး ဘုရားရုပ်တုတော်ရှိသွားပြီး ငိုပြရတော့ တာပေါ့ ဇာတ်က အဲ့ နေရာတွေ ဆို သိပ်နာတာ.
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, July 29, 2015
သေခြင်းဓမ္မ

-----------
ဓမ္မသွေးက ပူလိုက်အေးလိုက်နဲ့ ပေါ့ ...ပထမဆုံး ဓမ္မယောင်ယောင် ဘာယောင်ယောင် ဖြစ်သွားတာ ကျနော့် အမေဆုံးတုန်းကပေါ့  ဆယ်စုနှစ် ၃၀ ကျော်လောက် ကိုယ့် မိသားစုရင်းထဲက ပထမဆုံးစပြီး ပဲ့ ထွက်သွားတာ..ဘာပြောကောင်းမလဲ လောကဆိုတာ ဘာအဓိပ္ပါယ်မှမရှိတော့ ဘူးဖြစ်သွားတယ် လတွေတော်တော်ကြာတယ် ဘာမှ မတွယ်တာတော့ သလိုလို မြင်မြင်သမျှ အနိစ္စလိုလို ပေါ့ .မနက်ဖြန် သဘက်ပဲ ကိုယ်ပါ သေတော့ မလိုလို . အလိုဆန္ဒရမက်တွေပဲ ခေါင်းပါးနေသလိုလို..နေ့ ချင်းညချင်းပဲ ဓမ္မမှာ ရင့် ကျက်သွားသူကြီးလိုလို....အဟီး..
နောက်တော့  အမေ့ သေခြင်းနဲ့ က ဝေးဝေးလာတော့  သေခြင်း အပေါ် သွေးက ပြန်အေးစက်စက်ဖြစ်လာတယ်...နောက်တော့  ဒုံးရင်းဒုံရင်း လူ ပြန် ဖြစ်သွားပါရောဗျာ.
..အဲ့ တော့  အရင်လူလိုပဲ ဗျောက်သောက်ဗလုံးရှုတ်ထွေးတွေ ပြန်နေတော့ တာပေါ့ 
ခဏငုတ်သွားတဲ့  ဗလွတ်ရွှတ်တစိတ်တွေက ပြန်ဝင်လာပြီး ဟီးဟီးဟားဟားတွေ ပြန်ဖြစ်လာပါသဗျ...
အဲ့ လိုနဲ့ နေလာလိုက်တာ ကိုယ့် ဘိုးတော်မှာ တစ်ခါ သေခြင်းကို သွေးပြန်ပူလာပြန်ရောဗျာ.
..ဒါပေမယ့်  ဒီတစ်ခါမှာက အမေ က အရင်လက်ဆင်ပေးသွားလို့ မအေ့ တုန်းကလောက်
စိတ်ဖိအား အလွန်အကျွံမဖြစ်တော့ ပဲ လနဲနဲလောက်ပဲ သေခြင်းကို ခံစားနေတာကြာတယ်.
..လူ ပြန်ဖြစ်တာမြန်သွားပါရောဗျာ...နောက်တော့ အပြင်လူတွေ မိတ်ဆွေတွေရဲ့ 
သေခြင်းတွေ ကြုံနေရပေမယ့်  ပထမဆုံးကြုံခဲ့ ရတဲ့  မအေ့ သေခြင်းတုန်းကလောက်
သေခြင်းဓမ္မအပေါ် သွေး သိပ်မပူတော့ ဘူးဖြစ်သွားတယ်.
.မအေ့ မှာက ကိုယ့် ခံစားမှု့ တွေ အကုန်လုံးပါသွားသလိုမျိုးကြီးဖြစ်သွားတာမျိုးကိုးဗျာ....အချစ်ဆုံးသူတွေ အပြီးခွဲသွားတာကို ခံစားလိုက်ရပြီးရင် နောက်ခံစားမှု့ တွေက သွေးနဲနဲအေးသွားပုံရတယ်..ပထမဆုံး ရီးစားဦး နဲ့ ကွဲသွားတုန်းက သေလုမျောပါ ခံစားလိုက်ရသလိုပေါ့ ...ခ်ခ်
အရောင်ကစားကွက်တစ်ချို့ ..
အရောင်ကစားကွက်တစ်ချို့ ..
----------
အခုကိစ္စက ဆရာကြီးကို ကပ်သီးကပ်သတ်တွေ လျှောက်မေးရင်းက ဆရာကြီးတိုက်ရိုက်ပြောခဲ့ တဲ့ ကိစ္စပါ ကျနော်တို့  ကြံဖန်တွေးပြီး မေးခဲ့ တာက ဥပမာ သင်္ဘောား သင်္ဘောပေါ်ရောက်နေရင် အရွက်မရှိတဲ့ နေရာဆို ဘယ်လိုလုပ်မလဲလို့ မေးတာပါ..ဒီတော့  ဆရာကြီးက အရောင်တွေမှာလည်း ဓါတ်သက်ရှိတဲ့ အကြောင်းပြောပြီး ဆိုပါတော့  အရွက်မရှိတဲ့ နေရာဆို အရောင်ပါတဲ့ စက္ကူတွေသုံးပေါ့ လို့ ဖြေပါတယ် သုံးပုံသုံးနည်းက....
----------
အခုကိစ္စက ဆရာကြီးကို ကပ်သီးကပ်သတ်တွေ လျှောက်မေးရင်းက ဆရာကြီးတိုက်ရိုက်ပြောခဲ့ တဲ့ ကိစ္စပါ ကျနော်တို့  ကြံဖန်တွေးပြီး မေးခဲ့ တာက ဥပမာ သင်္ဘောား သင်္ဘောပေါ်ရောက်နေရင် အရွက်မရှိတဲ့ နေရာဆို ဘယ်လိုလုပ်မလဲလို့ မေးတာပါ..ဒီတော့  ဆရာကြီးက အရောင်တွေမှာလည်း ဓါတ်သက်ရှိတဲ့ အကြောင်းပြောပြီး ဆိုပါတော့  အရွက်မရှိတဲ့ နေရာဆို အရောင်ပါတဲ့ စက္ကူတွေသုံးပေါ့ လို့ ဖြေပါတယ် သုံးပုံသုံးနည်းက....
Subscribe to:
Posts (Atom)