တကယ့် ကို နွမ်းလျအိမ်အပြန် တွေပါပဲလားလေ...
-----------------
တကယ်က ဒီနေ့ ပလန်က အရုပ်ဆိုင်အလှည် မဟုတ်သေးဘူး.. စပိုင်ကင်မရာဘောပင်တွေလို တိုလီမိုလီပစ္စည်းထူးဆန်းလေးတွေ ရောင်းတဲ့ ဆိုင်ကို
ချီတက်ကြတာဆိုင်ရောက်တော့ သော့ ဂလောက်ကြီးတန်းလန်းနဲ့  ဒါနဲ့ အဲ့ ဆိုင်ရှေ့ ကနေ ဖုန်းကောက်ဆက်လိုက်တော့  ဂနေ့ တစ်ရက်ထဲပိတ်တာပါ
အိဒ်နေ့ မို့ ပါဆြာ..တဲ့ ...ဟားး.သေဟ.အိုင်ပက်ပွတ်ကြီး..အဲ့ မှာ ကြားဖြတ်စစ်ဆင်ရေး လုပ် ပလန်ဘီထလုပ်ပြီး အရုပ်ဆိုင်တွေဘက် ဒိုးကြတော့ တာ...
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 21, 2015
တစ်ချို့ ကို
လွတ်လပ်နေဟန်တူသော တစ်ချို့ ကို အင်းကျီပုံအောက်မှာ တွေ့ နိုင်ပြီး
အချုပ်ကျနေဟန်သူ တစ်ချို့ ကို ယူနီဖေါင်းပုံထဲမှာ တွေ့ နိုင်လေသည်..

ထိမ်းချုပ်ခြင်း
ထိမ်းချုပ်ခြင်း
------
အဲ့ တော့ သဘောကဗျာ...ယတြာခြေတော့ သာ မူလမဟာဘုတ် + သက်ရောက်သဘော သွားတာ...ဘ၀ခရီးကို လျှောက်တဲ့  အခါ ဖြစ်လာတဲ့ အတွေး အကြုံ လှုပ်ရှားမှု့  ခံစားမှု့  တွေက မူလမဟာဘုတ်က အားတွေတင်မကဘူး မွေးချိန်ကနေ နှိုးဆွပေးနေတဲ့  အားတွေကပါ သိသိသာသာ လွှမ်းမိုးတာ ခံနေရတယ်ဆိုတာထင်ရှားနေတာ လူတွေအများကြီးမှာတွေ့ နေရတယ်ပေါ့  အဲ့ ဒါ မွေးချိန်သိသူတွေဆို ကိုယ့် ကိုယ်ကို ပြန်ပြီး ဆန်းစစ်ကြည့် လို့ ရတယ်ပေါ့ ..

ဘ၀ ၉
ဘ၀ ၉
------
တစ်ခါတစ်ခါ ဂြိုလ်ကြီး ၉ လုံးအကြောင်း
ကောင်းကင်မော့  စိတ်ကူးယဉ်
တွေးကြည့် နေတတ်ပေမယ့် 
တစ်ခါတစ်ခါ ထမင်း ၉လုပ်စာလောက် ရအောင်
အိုးခြစ် ယက်စားခဲ့ ရတဲ့ ငယ်ဘ၀ကိုလည်း
ပြန်သတိရချင်ရနေတတ်တယ်
အဲ့ ဒါ ဘ၀ပဲ...
------
တစ်ခါတစ်ခါ ဂြိုလ်ကြီး ၉ လုံးအကြောင်း
ကောင်းကင်မော့  စိတ်ကူးယဉ်
တွေးကြည့် နေတတ်ပေမယ့် 
တစ်ခါတစ်ခါ ထမင်း ၉လုပ်စာလောက် ရအောင်
အိုးခြစ် ယက်စားခဲ့ ရတဲ့ ငယ်ဘ၀ကိုလည်း
ပြန်သတိရချင်ရနေတတ်တယ်
အဲ့ ဒါ ဘ၀ပဲ...
ရယ်စေ မောစေ ပေါ့ ပါးစေ..ခ်ခ်
ရယ်စေ မောစေ ပေါ့ ပါးစေ..ခ်ခ်
----
ကိုယ့် ဘွလေး အေးချမ်းအောင် အလိုက်သင့် လေး နေမလားလို့ 
ရေလို အကျင့် ကောင်းလိုက်တာ
အရောင်တွေ ၀ိုင်းဆိုးသူနဲ့ တွေ့ တော့ 
နဂို ကာလာမဲ့ ကိုယ့် ဘွ အဖြူထည်လေးခမျာ..
ရေပြာဖြစ်လိုက် ရေနီဖြစ်လိုက် မဲနယ်ဖြစ်လိုက် ဗွက်ဖြစ်လိုက်
ခြေခတ်ဆေးသွားလိုက် နဲ့ ပေါ့ လေ...ငိငိ..အဟီးး

လူ့ အကြိုက်တွေ
လူ့ အကြိုက်တွေ မတူချက်က ဘယ်လောက် ရယ်စရာကောင်းလဲ ကျနော်ဆို အနုပညာမြောက်လှချည့် ဆိုတဲ့  လက်မပါတဲ့  အလှမယ်ရုပ်တုမျိုးကို ခံစားရတာ ငုတ်တုတ်တုတ် ဖြစ်တတ်သလို ခေါင်းပိုင်းချည်းထုထား ရုပ်တုတစ်ချို့ ဆို စေ့ စေ့ ကြည့် ရင်း ရင်တုန်လာတတ်တယ် လန့် သလိုလို ရွံ့ သလိုလိုခံစားမှု့ ပေါ့  ပြောရရင် အင်္ဂါ မစုံတဲ့  ရုပ်တုတွေကို ခံစားရတာ ဖီလင်ငုတ်တုတ်တုတ်သဘောပေါ့ ..ဒါပေမယ့်  ဒါဟာ ကိုယ့် တစ်ဦးတည်း အတွင်းစိတ်ဖီလင်သာဖြစ်ပြီ လူ့ အဖွဲ့ အစည်းတစ်ခုလုံးက ဒီ ရုပ်တုတွေ စတိုင်ကို သဘောကျလှချည့်  ဆိုရင်လည်း လက်ခံပေးထားရလိမ့် မယ်ဆိုတာ နားလည်ပေးပြီးသဘောပေါ့ ...ကိုယ် ဖီလင် မလာတာနဲ့  အကုန် လျှောက်ပုတ်ခတ်နေတာဟာ အဆင်မသင့် ရင် လူ့ အဖွဲ့ အစည်းကြီး နဲ့ ကိုယ်နဲ့ ထိပ်တိုက်တွေ့ ပြီး ကိုယ့် ရပ်တည်မှု့ ဘ၀ ထိခိုက်သွားနိုင်တယ်ဆိုတာ တွေးမြင်ထားပေးရတယ်...
စိတ္တဇမြနှင်းဆီ
စိတ္တဇမြနှင်းဆီ
--
အခေါ်အဝေါ်တွေက ပညတ်တွေလို့ ဆိုတယ် ဒါဆို ...အခေါ်အဝေါ်များ = ပညတ် (၀ါ) ပညတ်= အခေါ်အဝေါ်တွေလို့ ဆိုလိုတဲ့ သဘောပေါ့  ပြီးတော့  အခေါ်အဝေါ်တွေ ပညတ်တွေဆိုတာကလည်း အခြေအနေတစ်ခုထဲကိုပဲ အမျိုးမျိုး ပညတ်တွေဖြစ်နိုင်လို့ ဆိုပြန်တယ်...ဆိုပါတော့ မနှင်းဆီ ဆိုတဲ့ အခြေအနေတစ်ခုထဲကိုပဲ သီရီနှင်းဆီတို့ ရတနာနှင်းဆီတို့  အလင်္ကာနှင်းဆီတို့  မြရည်မာလာနှင်းဆီတို့ မာယာနှင်းဆီတို့ ပဉ္စလက်နှင်းဆီတို့ လို့  စသဖြင့် ပေါ့  အမျိုးမျိုး ထပ်ခေါ်တာမျိုး သဘောပေါ့ ..ဒါဆို အခေါ်အဝေါ်တွေ ပညတ်တွေသဘောက အခြေအနေတစ်ခုထဲမှာကို မသေခြာမှု့ သဘောတွေလို့ ဆိုလို့ ရလောက်မယ်ပေါ့ ..ဒါဆို မသေခြာမှု့ တွေ ရှိနေတယ်ဆိုရင် သေခြာမှု့ ဆိုတာရော ရှိသေးရဲ့ လားတွေးစရာပေါ့  သေခြာမှု့ ဆိုတာရော
အဲ့  ပန်းနုဧကရီနှင်းဆီတို့  သပြေနုနှင်းဆီ တို့ ဆိုတဲ့  အခြေအနေတစ်ခုထဲမှာ ရှိသေးရဲ့ လားလို့ တွေးစရာရှိမယ်ပေါ့ ....
( ရေးထားတာ ကွကိုယ်ပြန်ဖတ်ကြည့် တာ ကွကိုယ်တောင် မူးတွားတာပဲ..ငိငိ..)

၎ကြွင်းတနင်္ဂနွေသား
အသက် ၅၀ထဲရောက်နေတဲ့  ၄ကြွင်းတနင်္ဂနွေသားအတွက်လာကြည့် တာ....( အမေးအဖြေအစအဆုံးက..)
မေး...( ဘယ်သူ့ အတွက်လဲဗျ...)
ဖြေ..( တနင်္ဂနွေသား အတွက်ပါရှင့်  ကျမ္မာရေးအတွက် ၂လပိုင်း ၆၆ မွေးပါ)
( မဟာဘုတ်ကောက်ခြစ်...တောက်တောက်တောက်...လစိတ်က..ဗုဒ္ဓဟူး..( တွက်နေရင်း ပါးစပ်ဆော့ လိုက်၏=='' ဆေးရုံ မရောက်သေးဘူးလားဗျ '')
ပြန်ဖြေ=..ဟုတ် အခု ဆေးရုံမှာ....
ဘယ်နေ့ ကလဲရောက်သွားတာလဲဗျ...ဆရာဝန်ကဘာခေါင်းစဉ်တပ်ထားလဲဗျ...
စနေနေ့ က မောတယ်ဆိုလို့  သွေးတိုးရော ဆီးချိုရောရှိတယ် အဲ့ ဒါ ဘာယတြာလေးလုပ်ပေးရမလဲလို့ ..
----------
ယတြာပေးလိုက်၏....ဗေဒင်တွက် ယတြာကိစ္စပြီး၏...
---------
ဒီကိစ္စမှာ..ကံကြမ္မာ အလုပ်လုပ်သွားပုံက လစိတ်အားက ဆေးရုံကို ပို့ လိုက်တာမျိုးက သိသာနေတယ်..(နဂိုအခံ ကျမ္မာရေးက လစိတ်မကောင်းရင် ထဖေါက်တတ်တဲ့ သဘော) တနင်္လာသက်ရောက်ကောင်းဆိုပေမယ့်  တနင်္ဂနွေသားဟာ သုံးတန်ပေါ်နိစ္စအရ ပြခွင်မှာ ခွင်လွှဲတိုင်ထူရင် ပြခွင်ကို
ဘေးတိုက်လာပူးတာက ကောဇာမဟာဘုတ်ရဲ့  မရဏအိမ်က တနင်္ဂနွေ နံပေါ့ လေ..ဒီလို ကိုယ့် မွေးနံကို ကောဇာ မရဏလာပူးရင် အဆင်ပြေသလို အရစ်ခံရတတ်တဲ့ သဘောရှိတယ်..( ဒါတွေက နောက်မှပြန်တွက်ပြတာပါ)...ဗေဒင်မေးသူနဲ့  တွက်ပေးသူက လိုတိုရှင်း အပေါ်က စကားလုံးလေးတွေနဲ့ တင်ပြီးသွားတာပါ...ပြောချင်တာက သက်ရောက်တွေက ကောင်းနေသားပဲဆိုပြီး...လစိတ်တွေကို လျှော့ တွက်လို့ မရဘူးသဘောပါ အကြီးအကျယ် မဖျက်ဆီးတတ်ပေမယ့်  အာရုံတော့ နောက်တယ်ပေါ့ 

ဥာဏ်ပညာရှိသေးသော အရပ်မှာနေသောသူ
ဥာဏ်ပညာရှိသေးသော အရပ်မှာနေသောသူ
--------
သာလွန်မင်းလက်ထက်လို့ ဆိုတဲ့  ဆင်းရဲသူမရဲ့  ထမင်းရေငှဲ့ တာ လမ်းပေါ်စီးကျ ဗျင်ကမြင် ခေါ်ဆူ ထမင်းရေကလည်း အသုံးဝင်သေးတဲ့ သဘော..။ အဲ့ မှာဗျင်ကို တွေးမိတာ ထမင်းရေကို ကိုယ်တိုင်သုံးစွဲဘူးလေသလားပေါ့  မသုံးဘူးရင်တောင် ဆေးကျမ်းတွဘာတွေများနှံ့စပ်သလားပေါ့ ..ထမင်းရေဆိုတာ အဟာရ ကစီဓါတ် အပြင် ဆေးဘက်ပါဝင်တယ်ဆိုတာ မွေးကတည်းက အလိုလိုသိဖို့ တော့ ခက်သလို ခုခေတ်လို ပေါင်းအိုးခေတ်မှာ ထမင်းရေလိုချင်တာတောင် ခဲရာခဲဆစ် မှာထားရသလို ထမင်းရေ မသောက်ဖူးလို ဆိုပြီ့း အထူးအဆန်းလုပ်ပြီးတော့ တောင် လာမြည်းကြည့် သူတွေတောင်ရှိသေးတယ်..ဒါက ခေတ်တွေရဲ့  အရွေ့ တွေကြောင့်  ဖြစ်လာတဲ့ သဘောပေါ့ 

စိတ်
စိတ်
-----------
ဘုရားလောင်း ဖွားမြင်တော်မူပြီးတော့  ဘုရားလောင်းရဲ့ အနာဂတ်ကို လက္ခဏာဖတ်ဖို့  မင်းကြီးက ပုဏ္ဏားတော် ၈ ယောက်ကို နန်းတော်ပင့်  လက္ခဏာ ဖတ်စေတော့  ၇ယောက်က ဘုရင် နဲ့ ဘုရား လမ်း ၂ခွ အဟောထုတ်တယ်လို့ ဆိုတယ် ၈ယောက်မြောက် အသက်ငယ်ဆုံး ကောဏ္ဍည အနွယ်က သုဒတ္ထကောဏ္ဍည..ဆိုတဲ့ ပုဏ္ဏားတော်လေး တစ်ယောက်ကသာ ဘုရားမှ လွဲ အခြား မဖြစ်နိုင် ဘယ်နမိတ်တွေကိုမြင်လို့ တောထွက်မှာလို့ တောင် ကွက်တိ အဟောထုတ်ခဲ့ တယ်...
ဘ၀ဖြစ်တည်မှု့ တွေမှာ
၃၈ ဖြာ မင်္ဂလာက ပထမဆုံး အရေးအကြီးဆုံးဖြစ်တဲ့  ဘ၀ကြီးတစ်ခုလုံးရဲ့  ဖြစ်တည်မှု့  တွေးခေါ်မှု့ တွေကို ခြယ်လှယ်နိုင်တဲ့  နံပါတ် တစ် အချက်
'' အသေ၀နာ စ ဗာလာနံ '' သဘောမှာတောင် သံသရာက ပါလာတဲ့  ကံသတ္တိက ပါနေသေးတာ တွေ့ နိုင်တယ်...ဆိုပါတော့  ...လက်ဦးဆရာ မိ နှင့် ဘ နှစ်ဦးစလုံးဟာ အကယ်၍ ဝေးလံခေါင်သီတဲ့ ပစ္စိဖိတ်သမုဒ္ဒရာရဲ့ အလယ်လောက်မှာ ရှိနေတဲ့  ပြင်ပကမ္ဘာနဲ့  အဆက်ပြတ်နေတဲ့ ကျွန်းလေးတစ်ကျွန်းက လူသားစား လူရိုင်းတွေသာ ဖြစ်နေခဲ့ ရင် ?...သူတို့ က မွေးတဲ့ သားသမီးတွေဟာ သူတို့  ကိုယ်ပိုင် အသိဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်း မရှိသေးခင် ဘယ်လိုမျိုးလက်ဦးဆရာရဲ့ လက်ထဲမှာ ဘယ်လိုမျိုး လူသားတွေ ဖြစ်လာနိုင်မလဲ ?....အကယ်၍ အဲ့ ကျွန်းမှာပဲမွေး ပြင်ပကမ္ဘာနဲ့ မထိတွေ့ ရပဲ အဲ့ ကျွန်းမှာပဲ သေသွားရင်ရော ?..ဆိုတာမျိုးပေါ့ .
.
ဘ၀ဖြစ်တည်မှု့ တွေမှာ တစ်ချို့ အရာတွေဟာ ရွေးခြယ်ခွင့် ရှိသလို တစ်ချို့ အရာတွေဟာ ရွေးခြယ်ခွင့် မရတတ်တာမျိုး လည်း ရှိတတ်သေးတယ်ပေါ့ ..

ကိုယ့် အကြိုက်နဲ့ ကိုယ်ပေါ့ လေ...
ကိုယ့် အကြိုက်နဲ့ ကိုယ်ပေါ့ လေ...
------------
ကိုရီးယားခေါက်ဆွဲ ၊အီတလီခေါက်ဆွဲ ၊ ကြောင်နှစ်ကောင်ခေါက်ဆွဲ ၊ပန်းသေးခေါက်ဆွဲ ၊ ကြေးအိုးဆီချက်ခေါက်ဆွဲ ၊ ဘဲသားဆီချက်ခေါက်ဆွဲ ၊ရယ်ဒီမိတ်ခေါက်ဆွဲ ၊ နို့ စိမ်းခေါက်ဆွဲ ထွေလီကာလီခေါက်ဆွဲတွေ အများကြီး စာဖူးသမျှ ဘယ်ဟာမှ အသေအလဲကြိုက်တယ် ဆိုတာ မရှိခဲ့ ပေမယ့် ....
အုန်းနို့ ခေါက်ဆွဲကို ကြက်လည်ချောင်းရိုးတွေ ကြက်ခြေထောက်တွေ ကြက်သဲကြက်မြစ်တွေ ဘဲသွေးတွေနဲ့ ကိုတော့  ခေါက်ဆွဲပေါင်းစုံထဲမှာ အတော့် ကိုကြိုက်ပါတယ်...နောက်မှ သွေးတိုးတိုး ဆေးသောက်ပြီး အပီ စားပစ်လိုက်မယ်ဆိုတဲ့  သဘောအထိကြိုက်ပါတယ်...
ကိုယ့် လို အကြိုက်တူသူတွေ ရှိကောင်းရှိမယ် မကြိုက်သူတွေ ရှိကောင်း ရှိနိုင်ပါလိမ့် မယ်...မကြိုက်သူတွေကိုတော့  အတင်းလိုက် မကြိုက်ခိုင်းဘူးသလို ကိုယ့် လို မကြိုက်ရ ကောင်းလားလို့ လည်း အပြစ်ဖွဲ့ စကားမပြောဘူးပါဘူး.....ကိုယ့် အကြိုက်နဲ့ ကိုယ်ပေါ့ လေ...

''ကမ္ဘာမြေကို မီးလောင်တိုက်ထဲ မသွင်းခဲ့ သူ..''

---------------
ကျနော်ဟာတံဆိပ် နှစ်ခု နဲ့  လူပါ
ကျနော်နဲ့ယုံကြည်မှု့ တူသူတွေက
ကျနော့် ကို သမ္မာ လို့  တံဆိပ်တပ်ပါတယ်။
ကျနော်နဲ့ ယုံကြည်မှု့ မတူသူတွေက
ကျနော့် ကို မိစ္ဆာ လို့  တံဆိပ်တပ်ပါတယ်။
ကျနော့် တံဆိပ်က ဘာဖြစ်ကြောင်း ကိုယ်ပဲသိပါတယ်
သေခြာတာက
ဘာတံဆိပ်တွေတပ်ထားထား..
ကျနော်ဟာ ကမ္ဘာမြေကို
မီးလောင်တိုက်ထဲ သွင်းခဲ့ သူ မဟုတ်ဖူးဆိုတာတော့ သေခြာပါတယ်။

အသေခြာဆုံး
ကိုယ် အမှန်တကယ် သိတာထက် ပိုပိုသာသာလေး ပြောမိရင်လဲ အဆင်မသင့် ရင် ဒုက္ခရောက်တတ်သလို
ကြားဖူးနားဝတွေကို ကိုယ်တွေ့ မျက်မြင်လိုလို တန်ဆာဆင်ပြောလွန်းရင်လည်း အဆင်မသင့် တဲ့ အခါ ဒုက္ခရောက်တတ်ပြန်တယ်
ကိုယ့် ဒုက္ခနဲ့ ကိုယ်သဘောတွေပေါ့ ....
ဒီ ကမ္ဘာလောကကြီးတော့  မိုးလင်းလာလိုက် မိုးချုပ်သွားလိုက် မွေးလာလိုက်ကြ သေသွားလိုက်ကြနဲ့ ပုံမှန်သွားနေတာပါပဲ..
တစ်ခုခုကို ယုံပြီး...တစ်ခုခုကို မယုံပဲ သေသွားကြတယ်
တစ်ခုခုကို ယုံသည်ဖြစ်စေ တစ်ခုခုကို မယုံသည်ဖြစ်စေ မွေးလာပြီးရင် တစ်ခုခုကြောင့်  သေသေကုန်တာတော့  လောလောဆယ် ၉၉.၉၉၉ အင်ဖက်နတီ % အသေခြာဆုံး ဆိုတာတွေထဲက အသေခြာဆုံး သဘောတရားတစ်ခုဖြစ်တယ်.
အသေခြာဆုံး သဘောတရားပါဆိုတဲ့  လူ ဆိုတာ သေမျိုး ဖြစ်တယ် ဆိုတာတောင် ဒီ ကမ္ဘာပေါ်မှာရှိနေတဲ့  (သို့ ) တစ်ခြား ကမ္ဘာမှာသွားနေချင်နေကောင်းနိုင်တဲ့  မသေသေးတဲ့  လူသားမျိုးနွယ်ဝင် တစ်ယောက် ကျန်နေသေးသ၍ လူဟာ သေမျိုးဖြစ်သည်ဆိုတဲ့ အဆိုကို ၁၀၀% အမှန်လို့  စာပေသဘောတရား အဖြစ် ကိန်းမဖွဲ့ ပေးနိုင်သေးဘူး...လူသားမျိုးနွယ် တစ်စုလုံး တစ်ယောက် မကျန်သေသွားမှ ၁၀၀ % ပြည့်  ကိန်းဖွဲ့ ပေးနိုင်လိမ့် မယ် ဒီကိန်းကို လူသားမျိုးနွယ်ဝင် မဟုတ်တဲ့ တစ်ခြားသောမျိုးနွယ်စုဝင်ကပေါ့ ..

၂ကြွင်း သိုက်ဖွား ဟူးသားလေးပေါ့ 
အခုပြထားတာ ၂ကြွင်း သိုက်ဖွား ဟူးသားလေးပေါ့ ..မနှစ်က ကတည်းက သူ့ အဖေနဲ့ လာနေသူဖြစ်တယ် သူ့ အဖေက သူ့ သားကို သိပ်မျှော်လင့် ထားသူဖြစ်သလို
သူ့ သားကလည်း သူ့ အဖေ က ဤ ကို ကျွဲ ဖတ်ပါဆို ဖတ်မယ့် ပုံ လို့ အကဲခတ်လို့ ရတယ်။ (ဒါဟာ ၂ ကြွင်းတွေအတွက် သူတို့ ကြံစီရာတွေ အလုပ်ဖြစ်ဖို့ သဘောဖြစ်လာတယ်)

ဝေးလွန်းရင်ရော နီးလွန်းရင်ရော
တစ်ချို့ ကိစ္စတွေက ကိုယ့် အကြောင်းနဲ့ ကိုယ်...စွန်လား လဒ လား သိဖို့ အမှတ်အသားလေးတွေ နဲ့  ခွဲမှတ်ထားရတယ် အခြေအနေအရ တစ်ချို့ အရာတွေက တစ်ချို့ တွေ အတွက် တံဆိပ်ကပ်ပေးဖို့  လိုတဲ့ အခါလိုတဲ့ သဘောပေါ့ ..အမြင့် ပျံ ငှက်တိုင်း စွန်ဖြစ်ချင်မှ ဖြစ်မှာလေ ဝေးလွန်းရင်ရော နီးလွန်းရင်ရော ၀ါးတားတားတွေဖြစ်ကုန်တတ်လို့ ...
အဆိပ်ရေလွှမ်း မီးသင့် မြေလွှာ
အဆိပ်ရေလွှမ်း မီးသင့် မြေလွှာ
----
လူ လူ ချင်း အတူတူ အရင်မွေးလို့  လူစောဖြစ်တာကိုတောင် ဂုဏ်တစ်ခုလုပ် ရိုးလ်တင်ပေးထားပြီး ကိုယ်နဲ့ တိုက်ရိုက် ဘာမိဘဘာဦးကြီး ဒေါ်ကြီး ဘကြီး ဘဒွေး အဒေါ်ဦးလေး အမျိုး အဆွေ ဘာသွေးသားမှ မတော်စပ်ပဲ ကိုယ့် ထက် လူဖြစ်စော အသက်ကြီးနေယုံလေးနဲ့ ကိုတောင် ကိုယ့် ထက် အသက်ကြီးလို့ ဆိုပြီး အရိုအသေပြုပေးတဲ့  ယဉ်ကျေးမှု့  ကောင်းမြတ်သောယဉ်ကျေးမှု့ ....မဟာယဉ်ကျေးမှု့ ...။

ကျမ်းကိုးများဖြင့် လိုရာဆွဲ၍လည်း ပြောနိုင်ပါသည်..
ကျမ်းကိုးများဖြင့် လိုရာဆွဲ၍လည်း ပြောနိုင်ပါသည်..
------------
ကျနော်တို့ မှာ အဆိုးကနေ အကောင်း အကောင်းကနေ အဆိုး သဘောကို ဥပမာတွေ မျိုးစုံနဲ့  ဒီက လူ့ အဖွဲ့ အစည်းဝင် အများစုက လက်ခံထားတဲ့  ကျမ်းတွေကပဲ ကိုယ်လိုရာလေး ကွက်ယူပြီး ချပြောလို့  (၀ါ) ဆင်ခြေပေးလို့ (၀ါ) ဆင်ခြင်တုံရှိဖို့ (၀ါ) သံဝေဂရဖို့ (၀ါ) ဓမ္မအာရုံရဖို့ (၀ါ) ကိုယ့် ဓါတ်ခံနဲ့ ယူချင်သလိုယူဖို့  ရေးပြနိုင်တယ် ....

ကိုဝက်သက်နဲ့  အီကလဲယား
ကိုဝက်သက်နဲ့  အီကလဲယား
---------------------
ဝက်သက်ထပေါက်တဲ့ ဘဲကြီးတစ်ပွေက သူ့ နှလုံးသားရေးရာကို ပြောရောဗျ..သူပြောတာက သူ့ ရုံးသူနဲ့ သူနဲ့ က အီစီကလီဇာတ်တွေ ဖြစ်နေသတဲ့ 
အဲ့ အီစီလေးက သူ့ ထက် ၁၀နှစ်၁၅နှစ်လောက်တော့  ငယ်သတဲ့ 
ပြီးတော့  အဲ့ အီစီလေးက အရင်က အဲ့ ရုံးမှာပဲ ဇာတ်လမ်းလေးတစ်ခု ရှိခဲ့ သေးတယ်တဲ့ အခုတော့  အဲ့ ဇာတ်လမ်းက တစ်ခန်းရပ်သွားပြီလို့ တော့ 
ပြောတာပဲတဲ့ ဒါပေမယ့် တဲ့ သူ့ စိတ်ထဲမှာ အဲ့ အီစီကလေးကြည့် ရတာတစ်မျိုးပဲတဲ့ ဘာကိုတစ်မျိုးပဲလို့  ဆိုလိုတာလဲလို့  ဖြတ်မေးလိုက်တော့  ....
သူက သူ့ ကို ဟိုဇာတ်ထုတ်က မင်းသားဟောင်းလေး ကို ရွဲ့ ပြီး လာ ပလာတာရိုက်နေသလားလို့ တဲ့ တကယ်လား ပုံပြင်လား မကွဲလို့ တဲ့ ..
ဒါနဲ့  ကျနော်က ခင်ဗျားဗမာဗွီဒီယိုတွေ ကြည့် လား လို့ မေးလိုက်တော့  ဘဲကြီးက ဗျာ..မကြည့် ပါဘူး ဘာလို့ လဲတဲ့ ဗျ
ကျနော်က သြော်..ဘာမှမဟုတ်ပါဘူး ဗမာဗွီဒီယိုဇာတ်လမ်းတွေ နဲ့ အတော်တူသလားလို့ ပါလို့ .....
အဟီးးး.ကိုဝက်သက်လည်း အဲ့ တော့ မှ အဟီးးးး တဲ့ ...
.
.ပြီးတော့ မှ ကျနော်က ပြောလိုက်တာ....အဲ့ အီကလဲယားလေးရဲ့ စိတ်ကို သွားဖတ်မနေနဲ့  ခင်ဗျား ဘယ်တော့ မှ အမှန်ဖတ်နိုင်မှာမဟုတ်ဖူး
အမျိုးသမီးတွေ စိတ်ကိုဖတ်ရတာထက် ကျားဖျင်ပြေးနှိုက်တာကမှ လွယ်ဦးမှာ...ခင်ဗျား ကိုယ့် စိတ်ကိုယ် အရင်ပြန်ဖတ်လိုက်...ငါတကယ် ကြွေနေပြီလားလို့ 
ကြွေပြီဆိုတာသေခြာရင် အဲ့ အီကလဲယားလေးကို နင်းလိုကနင်းဖြတ်လိုကဖြတ်ဆိုပြီး လည်ပင်း စင်းပေးထားလိုက်တော့ ဗျာ...
ဒါပဲ..အဲ့ လိုမှ မလုပ်နိုင်ရင် အခုထဲက အောင်မြင်စွာ ဆုတ်ခွာခြင်း ဒန်းကပ်ခွာစစ်သာပြင်တော့ ဗျာလို့ ....ဟီးဟီး...အေးရော...ခ်ခ်

အဟောင်းပြင်ရတာများ...
အဟောင်းပြင်ရတာများ...
--------------
လက်သမားဆရာပြောတာကြားဖူးတယ်...အိမ်ဟောင်းကိုပြုပြင်ရတာထက် အိမ်သစ်သာဆောက်ပေးလိုက်ချင်သတဲ့ ....အိမ်ဟောင်းပြင်ရတာ..ဒီဘက်ကပြင် ဟိုဖက်ကကျိုး ကျိုးတဲ့ ဘက်ဆက်နေတုန်း နောက်ဖက်က အိကျ အိကျတဲ့ နေရာ ပြေးခုနေတုန်း ရေသယောက်အခံတွေက ပြုတ်ထွက် ရေသယောက်...ဟာာာာာ
တော်ပါတော့ ဗျာ...ကျနော်တောင် နားထောင်ရင်းမူးလာပြီ မီးသာရှို့ ပစ်လိုက်ပါတော့ ဗျာ.....ဟီးးးး....

'' ဖြဲသူ..''
'' ဖြဲသူ..''
-----------
တစ်ခါတစ်လေ ဖြဲမိ
တစ်ခါတစ်လေ မဖြဲမိ
တစ်ခါတစ်လေ ရက်ဆက်ဖြဲ
တစ်ခါတစ်လေ စုပုံဖြဲ
တစ်ခါတစ်လေ မိုးလင်းဖြဲ
တစ်ခါတစ် နေ့ လည်ဖြဲ
တစ်ခါတစ်လေ မိုးချုပ်ဖြဲ
ဒီလိုနဲ့  ဖြဲမိတဲ့ အခါ ဖြဲမိ
မဖြဲမိတဲ့ အခါ မဖြဲမိနဲ့ 
နှစ်ဝက်တော့ ကျော်လာခဲ့ ပြန်ပြီ
'' ရွက်ဆုတ်ပြက္ခဒိန် ''လေးရယ်....။ ။
-----------
တစ်ခါတစ်လေ ဖြဲမိ
တစ်ခါတစ်လေ မဖြဲမိ
တစ်ခါတစ်လေ ရက်ဆက်ဖြဲ
တစ်ခါတစ်လေ စုပုံဖြဲ
တစ်ခါတစ်လေ မိုးလင်းဖြဲ
တစ်ခါတစ် နေ့ လည်ဖြဲ
တစ်ခါတစ်လေ မိုးချုပ်ဖြဲ
ဒီလိုနဲ့  ဖြဲမိတဲ့ အခါ ဖြဲမိ
မဖြဲမိတဲ့ အခါ မဖြဲမိနဲ့ 
နှစ်ဝက်တော့ ကျော်လာခဲ့ ပြန်ပြီ
'' ရွက်ဆုတ်ပြက္ခဒိန် ''လေးရယ်....။ ။
၎ကြွင်း ၂ကြွင်း လုပ်ငန်းရှင်
၎ကြွင်း ၂ကြွင်း လုပ်ငန်းရှင်
----------
ဖေါက်သည် အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတစ်ယာက်ရှိတယ်ဗျ...၀န်ထမ်း ထောင်ကျော်တယ် ၄ကြွင်းအင်္ဂါ စန္ဒရောတိုင်မွေး အခု အင်္ဂါသက်ရောက်..(၄၉/၅၀)
ပုံမှန်ထက် တက်ကြွတယ် သူ့ သမိုင်းက ပထမ မိဘတွေ သဘောမကျသူနဲ့  လိုက်ပြေးရင်းက ဘ၀ကိုရုန်းခဲ့ သူဖြစ်တယ်( အောက်ခြေက စခဲ့ တာတော့  မဟုတ်ဖူးပေါ့ ) မျိုးကိုက အထည်မျိုးသဘောရှိတယ် အခုတော့  အများအမြင်အရ ကြီးပွားနေသူပေါ့  ကျားရှိတယ် ကျားက ၂ကြွင်း ကြာတေး..( ကျားကို အလို လိုက်လွန်းသူလည်းဖြစ်တယ်ကျားကလည်း အလိုပြန်လိုက်ပြီး သူကလည်း သူ့ လိုင်းနဲ့ သူ သူကြိုက်တာသူ လုပ်နေလေ့ ရှိတယ်) )....
စီးပွားသဘောမှာ သရဲကျသလို ဘာသာရေးဘက်မှာလည်း သာမန်ထက်ကိုပိုတယ် ယတြာမျိုးစုံကိုလည်း ချန်မထားခဲ့ ပြန်ဘူး..ဒါပေမယ့်  သူလုပ်သမျှတွေ အကုန်လုံးက ကိုယ့် ဘ၀ ကိုယ့် မိသားစုဘ၀ ကိုယ့် အလုပ် တိုးတက်ရာတိုးတက်ကြောင်းတွေ အတွက်အကျိုးရှိမယ်ဆို ကိုယ် ယုံကြည်မိရာတွေကို အကုန် လုပ်မယ်ဆိုတဲ့ သဘောမျိုးလို့  အကဲဖြတ်လို့ ရတယ် ဆြာတော်ကြီးတွေကို ကိုးတယ် ဖျားထီးတွေ လျှောက်တင်တယ် ရွှေပြားတွေကျောက်ထည်တွေ လျှောက်လှုတယ်...
ထူးခြား အလုပ်တစ်ခုက သူ့ ဝန်ထမ်းကြီးတွေထဲက အရေးပါတဲ့  အလုပ်ခွင်နေရာတွေက အမျိုးသမီးဝန်ထမ်း အတော်တော်များများကို သင်္ကြန်တို့  ရက်ရှည် ပိတ်ရက်တစ်ချို့ မှာ ဆယ်ရက်စခန်းတို့  ရိပ်သာတို့ ကို ဇွတ်ဝင်စေတဲ့ အပြုအမူတွေ လုပ်တာက ကြုံဖူးသမျှ လုပ်ငန်းရှင်အတော်များများ လုပ်တယ်လို့ မကြားဖူးခဲ့ သလောက်ပဲ..ဒါပေမယ့်  အဲ့ အမျိုးသမီး ကိုယ်တိုင်တော့  ၀င်တာမျိုး မတွေ့ ခဲ့ မကြားခဲ့ ရသလောက်ပါပဲ....ဒီလို ၀င်ခိုင်းတာကို တစ်ဆင့် မဟုတ်ပဲ သူကိုယ်တိုင် ပြောတာဖြစ်လို့  သူ့ ဝန်ထမ်းအမျိုးသမီးတွေတော့  ဘယ်လိုနေမယ်မသိဘူး ကိုယ်ကတော့ ကြားကနေ သာလိုက်မဓုဖြစ်ပဲ စိတ်မသက်မသာ ဖြစ်မိလေ့ ရှိတာတော့  အမှန်ပဲ
ကြုံဖူးသမျှ လုပ်ငန်းရှင်တွေထဲ တစ်ချို့ ကတော့  ဘုရားဖူးတွေ ပို့ ပေးတာမျိုးအထိတော့ ရှိကြတယ်...အဲ့ လိုမျိုး ကိုယ့် ဝန်ထမ်းကို ရိပ်သာဝင်ခိုင်းတာတော့  သူ ပဲကြားဖူးတယ်..( သူ့ လုပ်ငန်းမှာ အမြင့် ပိုင်းဝန်ထမ်းတွေကို ပေးထားတဲ့ လစာနဲ့  လုပ်ပိုင်ခွင်တွေ အသောရတီတွေ ပေးထားပုံကတော့ မက်လောက်စရာပါပဲ
ကိုယ်သာ သူ့ ဝန်ထမ်းကြီးဖြစ်ရင် သူခိုင်းသလို ရိပ်သာတွေ ၁၀ရက်စခန်းတွေ လိုက်ဝင်ပေးဖြစ်မယ် မထင်ဘူး ဒါဟာ ကုမ္ပဏီပိုင်ရှင်နဲ့ ဝန်ထမ်းကြားမှာ ရှိသင့့် ဖြစ်သင့် တဲ့  အတိုင်းအတာထက် စည်းကျော်နေသလိုပဲလို့ လဲ တွေးနေမိတယ်...ဘ၀ထိုထို လူထိုထိုတွေ ကြုံရတယ်ဆိုတာ ဒီလိုတွေပေါ့ လေ...
(မူလ ၄ကြွင်းနှစ်မွေးအားရော စန္ဒရောတိုင်မွေး ကနေဖြစ်လာတဲ့  ၂ ကြွင်းစတိုင်သဘောရော မြင်သားထင်သာရှိလွန်းတဲ့ အမျိုးသမီးပါပဲ)

'' ရဲရဲစိမ်း ''
'' ရဲရဲစိမ်း ''
-----
အစိမ်း
ဘာမှ မပတ်သက်တော့ ပါကြောင်း
ကိုယ်စားပြုတဲ့ သဘောလေလား
မင့် အတွက်လား
ကိုယ့် အတွက်လား
မင်းဟာ လူစိမ်းလား
ကိုယ်ဟာ လူစိမ်းလား
ခုတော့ စိမ်းပြီးလား
တစိမ်းတွေ လိုနေတော့ မှာလား
စိမ်းလန်းသောမြက်ခင်းလွင်ပြင်ဆိုတာကရော
မင်းနဲ့ ကိုယ်ကြားမှာ စိမ်းသေးရဲ့ လား
မင်းနဲ့ ကိုယ့် ကြားမှာ စိမ်းခဲ့ ပြီလား
စိမ်းရင့် ရင့် စိမ်းလား
စိမ်းလက်စမို့ စိမ်းမတဲ့ လား
စိမ်းလက်စမို့ စိမ်းချင်တာလား
စိမ်းလက်စ စိမ်းကြစို့ ရဲ့ လား
စိမ်းရော စိမ်းရဲရဲ့ လား
စိမ်းမှာဖြင့် ရဲရဲ စိမ်းကြစို့ လား......။ ။

အဓိပတိ
အဓိပတိ
---
ရည်ရွယ်တဲ့ ပစ်မှတ်ကြီးရင်ကြီးသလို ရင်းရတဲ့  အချိန်ဆိုတာ ကမ္ဘာဆက်ချီ ကြာကောင်းကြာနိုင်တယ် ပေးခဲ့ ရတာတွေက အသက်တွေနဲ့ ဘ၀တွေပါ ပေးခဲ့ ရကောင်းပေးခဲ့ ရနိုင်တယ်
စိတ်နဲ့ ကြံတာ ဘယ်နှစ်ကမ္ဘာ နှုတ်နဲ့ ဆုတောင်းတာ ဘယ်နှစ်ကမ္ဘာ လက်တွေ့ အားထုတ်တာ ဘယ်နှစ်ကမ္ဘာ ဆိုတာမျိုးပေါ့ 
ဘယ်နည်းနဲ့ စ သွားသွား ရည်ရွယ်ရာ ပစ်မှတ် ကို တစ်ဘ၀ထဲအချိန်နဲ့  မလုံလောက်ရင်တောင် ဘ၀ဆက်အချိန်တွေ ဒီရည်ရွယ်ပစ်မှတ်တစ်ခုထဲကိုသာ အာရုံပြုတယ်
အဓိက ကတော့  ရည်ရွယ်ရာ ပစ်မှတ်ကို ဆက်တိုက် အာရုံပြုနေခြင်းသဘောကနေ မသွေဖီသွားဖို့ သာလိုရင်း...

စကားလုံးတွေ
စကားလုံးတွေ
-----
တစ်ချို့ တွေက စကားလုံးတွေကို ၀ယ်နေတယ်
တစ်ချို့ တွေက စကားလုံးတွေကို ရောင်းစားနေတယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ မီးရှို့ တယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ လှည့် ဖျားတယ်
တစ်ချို့ တွေက စကားလုံးတွေ နဲ့  ရန်တိုက်တယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ သွေးခွဲတယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ တွန်းချတယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ မြှင့် ပေးတယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့  စီးပိုးတယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ တက်ကြွတယ်
တစ်ချို့ တွေ စကားလုံးတွေ နဲ့ ဘ၀သေတယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ ဘ၀ရှင်တယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ အမှောင်ဖုံးတယ်
တစ်ချို့ တွေက စကားလုံးတွေနဲ့ လင်းစေတယ်
တစ်ချို့ တွေကတော့  စကားလုံးတွေကို ......
အသက်နဲ့ နုပျိုမှု့ နဲ့  မိသားစုနဲ့  ဘ၀နဲ့ လဲခဲ့ တယ်။ ။

ဖိနပ်တွေ
ဖိနပ်တွေ...
-----------------
ကြောင်ကို သနားတတ်သူ အဖို့ 
ကြောင်ဟာ ကြောင်ဖြစ်နေတာနဲ့ တင် သနားဖို့ လုံလောက်ခဲ့ ပြီ
ကြောင်ထီးလား ကြောင်မလား အရေးမကြီးတော့ ..
ဗင်းဆင့် ရဲ့ နေကြာလား မခံစားတတ်ဘူး
သီချင်းထဲက နေကြာလား ကျန်ခဲ့ ပြီ
စိုက်ခင်းထဲက နေကြာလား မကိုင်ဘူးဘူး
ဆိုဖီယာလောရင့် စ့် ရဲ့ နေကြာကိုတော့ စွဲလမ်းခဲ့ ဘူးတယ်
ချစ်သူ ခွာပေးတဲ့ နေကြာစေ့ တွေကိုတော့  မက်မက်စက်စက် စားခဲ့ ဘူးတယ်
ဖိနပ်တော့ မစားခဲ့ ဘူးပါဘူး...
ဘုရားသမိုင်းထဲက ဖိနပ်
အနောက်ကမ္ဘာကဖိနပ်
အာရပ်ကမ္ဘာကဖိနပ်
လွှတ်တော်တွေထဲက လေ၀ဲဖိနပ်
သမ္မတမိန့် ခွန်းစင်က လေပျံ ဖိနပ်
တွယ်ချိတ်ထိုးစီးကြတဲ့ ဆင်ကြယ်ဖိနပ်
ချစ်သူ့ ခြေဖ၀ါးနုနုလေးရဲ့  ကတ္တီပါဖိနပ်
အရေးအခင်းတွေက ဖိနပ်
ငွေကြာရံက ဖိနပ်
ပစ်သတ်ပွဲတွေကဖိနပ်
အာဏာရှင်တွေရဲ့ ဖိနပ်
မဒမ်မာကိုစ့် ရဲ့ ဖိနပ်
တော်လှန်သူတွေရဲ့ ဖိနပ်
ချိုင်းထောက်တွေရဲ့ ဖိနပ်
ခြေတုစာအုပ်ဆရာတွေရဲ့ ဖိနပ်
ကုန်ထမ်းသူတွေရဲ့ ခါးကြားကဖိနပ်
နာဂစ်ကဖိနပ်
မိဘမဲ့ ကျောင်းတွေကဖိနပ်
ထီးတင်ပွဲကတ္တီပါလမ်းပေါ်ကဖိနပ်
တောင်သူမကြီး ဒေါ်ခင်ဝင်းရဲ့ ဖိနပ်
ဒဿနစာရေးဆရာရဲ့ ကဖ်ကာရဲ့ ဖိနပ်..
ဖွရွာထဲက ဖိနပ်
ဖိနပ် ဖိနပ် ဖိနပ်တွေ ဖိနပ်တွေ..ဖိနပ်အကြောင်းတွေ.
--- --- ---- ----
ဖိနပ်ကိုတော့  မစားခဲ့ ဘူးပါဘူး...။

ယတြာဆိုတာ
ယတြာဆိုတာ အကျပ်အတည်းတစ်ခုခုဆိုက်ရောက်လာမှ လိုအပ်ချက်ရှိမှ ထ ထလုပ်တာမျိုးများတယ်...
ပြီးတော့  ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင်တယ်ထင်မှ လုပ်မိတာလည်း များတယ်
ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့  ယတြာမျိုးပေမယ့်  ကိုယ့် အတွက် မလိုအပ်သေးဘူးထင်ရင်
ကိုယ့် မှာ အကျပ်အတည်းတစ်စုံရာ ရှိတယ်လို့  မခံစားမိသေးရင် ယတြာနည်းသိပေမယ့် 
ဗဟုသုတအဆင့် မှာ ထားပြီး ယတြာမလုပ်ဖြစ်တတ်ပြန်ဘူး
ပြဿနာ
ပြဿနာ
---
တစ်ချို့  ပြဿနာတွေဟာ သူများတွေ ဖြစ်ခဲ့ ပြီး ဘယ်လို ရင်ဆိုင်ခဲ့ ကြသလဲကို သူတို့ ကိုယ်တိုင် ပြန်ပြောပြလို့  ကြားနာ မှတ်သားထားလိုက်ရပေမယ့်  သူတို့ ကြုံခဲ့ သလို ကိုယ့် မှာ ကြုံလာရင်းရော သူတို့ တွေ ဖြေရှင်းခဲ့ သလို ကိုယ်ကပါ သူတို့ နည်းအတိုင်း ထပ်တူလိုက် ဖြေရှင်း ဖြစ်မှာလား ?...
ဆိုပါတော့  ငလျင်ကြောင့်  နေရာလွတ်ကလေးအောက်မှာ တိုက်ပိနေပြီး ကယ်သူမရှိခင် အသက်ရှင်နေဖို့ ကြိုးစားနေသူခဲ့ တစ်ယောက်ဟာ အဲ့ ဒီ့ အခြေအနေဆိုးအောက်ကနေ လွတ်လာတော့  သူ့ ပြန်ပြောချက်အရ သောက်ရေမရှိလို့  ကိုယ့်  ဆီး ကိုယ်ပြန် သောက် အာသာဖြေပြီး အသက်ရှင်ခဲ့ ရတယ်လို့ ဆိုတယ်
ကိုယ်ရော သူ့ အခြေအနေမျိုးဆို သူ့ လို ဖြေရှင်းမှာလား ?...အတတ်မပြောနိုင်ဘူး...အဲ့ ဒီလို တကယ်မကြုံရသေးလို့ သဘောပေါ့ ...စိတ်ကူးနဲ့ ကတော့  ကိုယ့် အသက်ရှင်သန်ဖို့  ကိုယ့် သေး ကိုယ် သောက်ဖို့ လိုရင် သောက်ရမှာပေါ့ လို့ တော့  ......

လွတ်လပ်စွာ မယုံခွင့် ယုံခွင့် 
လွတ်လပ်စွာ မယုံခွင့် ယုံခွင့် 
------------
ခင်ဗျားတို့ ကလည်း ခင်ဗျားတို့ မယုံတဲ့  အရာတွေကို မယုံဘူးလို့  မယုံခွင့် ရှိသလို....
ကျနော်တို့ ကလည်း ကျနော်တို့ မယုံတဲ့ အရာတွေကို မယုံဘူးလို့ မယုံခွင့် တော့ ရှိမှာပေါ့ .....
ခင်ဗျားတို့ ကလည်း ခင်ဗျားတို့ ယုံချင်တာ ယုံနေကြသလို
ကျနော်တို့ ကလည် ကျနော်တို့  ယုံချင်တာ ယုံမှာပေါ့ .....
ယုံကြည်မှု့ ဆိုတာ စိတ်ကိစ္စဖြစ်လို့  ယုံချင်ယောင်ဆောင်လို့ လည်း ရသလို မယုံချင်ယောင်ဆောင်လို့ လည်းရတယ်.....

ကိုယ်ပိုင် လွတ်လပ်တဲ့ ဆုံးဖြတ်ချက် န၀င်းပွဲမီးထွန်းစတိုင်
ဒါဟာ ကျနော်တို့ ထွန်းနေတဲ့  န၀င်းပွဲမီးထွန်းစတိုင်ပဲ အိပ်စိုက်ပြီး ဖရီးလုပ်ပေးချင်စိတ်ပေါက်လာရင် ဖရီးလုပ်ပေးလိုက်မယ် သိန်းချီ ယူချင်စိတ်ပေါက်လာရင် သိန်းချီ ယူချင်ယူလိုက်မယ် သိန်း၁၀၀ပေးပါ့ မယ်ဆိုပြီး လာလုပ်ခိုင်းလာလဲ မလုပ်ပေးချင်ရင် မလုပ်ပေးဘူး.....ဒါ ကျနော်တို့ ရဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ပဲ ဒီအတွက် ပြန်လည်သက်ရောက်လာမယ့်  အကျိုးဆက် ကောင်းမှု့ ဆိုးမှု့ က ကျနော်တို့ အပေါ်မှာပဲ တာဝန်ရှိလိမ့်မယ်ဆိုတာ ကျနော်တို့  အယူဝါဒအရ လက်ခံထားပြီးသား ဆင်ခြင်ပြီးသားဖြစ်တယ်.ဘေးက သုံးသပ်ချက်တွေကို ဘေးက သုံးသပ်ချက်တွေ သာဖြစ်တယ်လို့  အာရုံပြုတယ်...
.သေခြာတာတစ်ခုတော့ ဆိုလို့ ရတယ် ယတြာလုပ်ပေးသူရော အလုပ်ခံသူရော ဗေဒင်ယတြာ ဓါတ်နတ်တွေ နဲ့ မပတ်သက်တဲ့ သူတွေပါ
ကိုယ်ယုံတာ ကိုယ်လုပ်ရင်း ကိုယ်မယုံတာ ကိုယ်ပယ်ရင်းက......တစ်နေ့ နေ့ တော့ သေကုန်မှာပါပဲဆိုတဲ့ သဘောတရားပေါ့ ....
လောကဓံဗေဒင်+ န၀င်းပွဲအကြောင်း
လောကဓံဗေဒင်+ န၀င်းပွဲအကြောင်း
-----------------
ပထမဆုံးအချက်က ကျနော်တို့ ရဲ့  ဒီဗေဒင်နည်းရဲ့  သင်ဆရာဟာ ဆရာဦးလင်းအောင် (့ ဝိဇ္ဇာနည်းကျမြန်မာ့ ဗေဒင်) နဲ့  ဆရာကြီး ဦးကြာမြင့်  (ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း) နှစ်ယောက်သာဖြစ်တယ် ဆရာဦးလင်းအောင်ကို ဆရာလို့ ခေါ်ပြီး ဆရာကြီးဦးကြာမြင့် ကို ဆရာကြီးလို့ သာ တစ်သက်တာခေါ်ပါတယ် အမည်ကိုတောင် မလွှဲသာမှ ထည့် ခေါ်ပါတယ်

Subscribe to:
Posts (Atom)