Powered By Blogger
Wednesday, December 23, 2015
တစ်ခွန်းစကား..
တစ်ခွန်းစကား...
----
တို့ တွေ ငယ်သေးတယ်လေ နင်ရောငါပါ ပညာလဲ မပြည့် သေးဘူး ကျောင်းတွေပြီးမှပေါ့ နော် နဲ့  မဖြစ်နိုင်သေးဘူး မဖြစ်သင့် သေးဘူးလို့  ဆိုလိုက်တဲ့ ရက်တွေနောက်ပိုင်းမှာ တစ်ပတ်ကျော်လောက် အဆက်အသွယ်ပြတ်သွားပါတယ်၊
နော်ကတော့  သူ သူ့ အိမ်နဲ့ ငြိတုန်း ဖြစ်နတဲ့ စိတ်တွေငြိမ်သက်သွားရင် ပုံမှန်ဖြစ်သွားလောက်မှာပါ အခြေအနေအမှန်သဘောတွေကို ပြန်နားလည်သွားလိမ့် မယ်လို့ ပဲ ထင်ထားခဲ့ တယ်၊ ဒါပေမယ့်  သူ့ ကျောင်းဝသွားစောင့်  သူ့ ကျောင်းဘတ်စ် ကို စုံစမ်းကြည့် တော့ သူ ကျောင်းမတက်ဘူးလို့ သာ အဖြေရတယ် ဘာ့ ကြောင့် ဆိုတာတော့ သူ့ သူငယ်ချင်းတွေဆီကပါ မသိခဲ့ ရဘူး...စိတ်တော့ ပူစပြုလာပြီးပေါ့ လေ..ဆောင်းဦးးပေါက်ဖြစ်လာချိန် စာမေးပွဲကလဲ နီးလာပြီလေ..
.အဲ့ အပတ်ကကျောင်းသာပိတ်သွားတယ် သူ့ ကို မတွေ့ လိုက်ရဘူး...နေမထိထိုင်မသာ...ခေတ်ကိုက သူနေတဲ့  အရပ်ကို ကိုယ်တိုင်လိုက်ချင်လိုက်ချသွားမှ ကွန်တက်လုပ်လို့ ရတဲ့ ခေတ်မျိုး လိုင်းဖုံးတောင် ရှားတားပါးတာခေတ်။
အဲ့ နေ့ ပေါ့  ဆောင်းငွေ့ တွေရိုက် နှင်းမြူတွေ ဆိုင်းနေချက်က မနက် ၇နာရီကျော်နေတဲ့ အထိ လမ်းမတွေမှာ အေးစိမ့် မှုံရီဝေလို့  ။ တနင်္ဂနွေဖြစ်လို့  နော်က စောင်ထူထူနဲ့  ဇိမ်ခံ ကွေးကောင်း နေတုန်းပေါ့ ။ ကျူရှင်က ညနေမှဆိုတော့  အပီယူပြီပေါ့ လေ။
အဲ့ မှာ ဘော်ဒါအရင်းကြီးက လာနှိုးတယ် တော်ယုံနဲ့ ဒီလိုရက်တွေမှာ အိမ်လာလေ့ မရှိတော့ ဘာလဲဟ ပေါ့ ၊ ဒီကောင်ကြီးက အိမ်ဝကနေ မျက်နှာရိပ်မျက်နှာကဲ ပြ ပါးစပ်လှုပ်ပြ နေပေမယ့် နော်က ဒီကောင် ဘာတွေ ပြောနေမှန်းမသိပေါ့  ကျယ်ကျယ်ပြောကွာ အိပ်ပျက်တယ်ဆိုတော့  အမြင်ကပ်ပုံရပါတယ်
မင့် ဟာလေးလိုက်လာတယ်ဟ...( ထိတ်ကနဲပဲ)...ဟင့်  ရှုး တိုးတိုး ဘယ်မှာလဲ လို့ မေးလိုက်တော့  ဘတ်စ်ကားမှတ်တိုင်မှာစောင့် နေတယ် ငါ့ အိမ်လာပြီး မင်းကိုတွေ့ ချင်တယ် လို့  ခေါ်ခိုင်းလို့ ကွ တဲ့  ( ဒီကောင်ကြီးအိမ်က နော့် အိမ်ထက်ပိုလွတ်လပ်တယ်လေ)..အဲ့ တော့ ဘာများလဲမသိ တစ်ခုခုတော့ တစ်ခုခုပဲ သူ့ အိမ်နဲ့  ကွိုင်လာပြီလား ဘာညာတွေတွေးပြီး အဲ့ တုန်းက ခေတ်စားခဲ့ တဲ့  လောင်းကုပ်ညိုကို ကောက်စွပ် ပြီး ချမ်းချမ်းစီးစီးထဲလိုက်ချသွားတော့ တာပေါ့ လေ...စိတ်ကတော့  တထင့် ထင့် နဲ့ ပါ ကြောက်ကလဲ ခပ်ကြောက်ကြောက်နဲ့ ပါပဲ..
တွေ့ ပါပြီ...အံ့ အားသင့် စရာကောင်းတဲ့ ရဲတင်းမှု့ ကို တွေ့ လိုက်ရသလိုပါပဲ ဝေးလွန်းတဲ့ မြို့ နယ်ကနေ တစ်ယောက်ထဲကို လာခဲ့ တာပါ...ကျူရှင်သွားမယ့် ပုံစံမျိုးလေးနဲ့ ပေါ့ ..အပေါ်အနွေးထည်လေးနဲ့  လက်ထဲမှာတော့ လက်ကိုင်ပုဝါလေးနဲ့ ..။ အနားရောက်သွားတော့  နော်က ဘာဖြစ်လာလဲ ဆိုတဲ့  မျက်လုံးနဲ့ သူ့ ကိုကြည့် လိုက်တဲ့ အခါသူလေးကလဲ အဲ့ လို မေးမှန်းသိနေတဲ့  သဘော မျက်လုံးက နေပြန်တုန့် ပြန်လိုက်သလိုပါပဲ..ဒါပေမယ့်  သူ့ မျက်ဝန်းအိမ်ထဲမှာ အမြဲတွေ့ နေခဲ့ ရတဲ့  နူးညံ့ တဲ့  သဘောတွေ မတွေ့ ရတော့ ပဲ တင်းမာအေးစက်တဲ့  အရိပ်အယောင်တွေသာ ရှိနေတာ ရုတ်တရက် အကဲခပ်လိုက်မိတယ်ပေါ့ ဗျ...အဲ့ မှာမှ တကယ် ရင်ထိတ်မိတော့ တာပါပဲ..
ဆောင်းနှင်းမြုတွေကြား အေးစက်စက်လေတွေကြားမှာ ၂ ယောက်သား အသံတိတ်ကလေး ရပ်နေမိတာ ကြာသလိုလို ရှိနေရာက သူ့ ဆီက ရုတ်တရက် အသံထွက်လာပါတော့ တယ်.
... '' နီ့  ''ကို မေ့ ပစ်ပေးပါ..'' တဲ့ .၊
ထင်မထား မျှော်လင့် မထား မိတဲ့  စကား ဖြစ်လို့  ရုတ်တရက်ကြီးဆိုတော့  မယုံနိုင်ခဲ့ ဘူး..သူ တကယ် ပြောချလိုက်ပြီဆိုတာကိုလဲစိတ်က အလိုလိုသိနေပြီ..မဟုတ်ပါစေနဲ့ လို့ လဲ ကြိတ်မျှော်လင့် ရင်း သူ့ မျက်ဝန်းအိမ်ထဲကို အသနားခံတဲ့  မျက်လုံးနဲ့ နော်က လှမ်းကြည့် လိုက်တော့ .သူ့ မျက်ဝန်းတွေဟာ နီရဲနေခဲ့ ပြီ ..မျက်ရည်ဥ တစ်စ သူ့ မျက်ဝန်းထောင့် စွန်းမှာ တွေ့ လိုက်ရပြီ..ဆောင်းချမ်းကြောင့်  စိုသလိုလို ခြောက်သလိုလို သူ့ အောက် နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်ထားခဲ့ ပြီ။ သူ့ လက်ထဲက လက်ကိုင်ပုဝါလေးကို လိမ်ကျစ်နေချက်ကတော့  လက်ကိုင်ပုဝါလေးဟာ ကျိုးကျေလုလု..။
အင်း..မပြင်ပေးနိုင်တော့ ဘူးလား (နီ)..လို့  သိသိကြီးနဲ့ ကိုပြန်မေးလိုက်တော့  ခွန်းတုံ့ ပြန် တစ်ခွန်းစကားလေးတောင် မလာတော့ ဘူး အတင်းလုပ်ယူထားတဲ့  အေးစက်မာကျောတဲ့  မျက်ဝန်းအကြည့် တွေနဲ့ သာ တုန့် ပြန်တော့ တယ်......ဟားးးး...သွားပြီ..နော့် ကမ္ဘာပြိုခဲ့ ပြီ....
သူလေးရဲ့  စိတ်ဓါတ်သဘောကို သိပ်သိနေခဲ့ လို့  ဒါဟာ အိပ်မက်မဟုတ်တော့ ဘူးအမှန်ပဲဆိုတာ
 ခံစားလို့ ရနေပြီ...
.
အဲ့ ဆောင်းမနက်ရဲ့  မြူထုဟာ ရုတ်တရက်ကြီး နော့်  မျက်ဝန်းထဲမှာ သိပ်သိပ်သည်းသည်း ပိုကျလာသလိုပဲ ဘာမှတောင်သဲသဲကွဲကွဲ မမြင်ရချင်တော့ ဘူး မြူထုတွေက အေးလဲမအေးဘူး ပါးပေါ်ကျလာတာ ပူနေတာပဲ...အနားဝန်းကျင်က အသံတွေ ရုတ်တရက်ငြိမ်သွားတယ် ဘာမှမကြားရတော့ သလိုပါပဲ...။
အချစ်
အချစ်
----------
တွေးလိုက်ယုံရှိသေး
တစ်ကိုယ်လုံး ပျော့ ခွေချိနဲ့ 
သွားလောက်အောင်ကို
အသည်းတုန် အူတုန်
ခံစားမှု့  တစ်ခု ဖြစ်လာတတ်တာမျိုးကလဲ အချစ်ပါပဲ  ချစ်။
အချစ်
--
အချစ်ဟာ အချစ်သာဖြစ်လို့ 
အချစ်ကို အချစ်ထက် မပိုခဲ့ ကြတာ
နင်နဲ့ ငါတို့ ရဲ့ ကြားက အချစ်ပေါ့  ..ချစ်။
အချစ်
---
တင်းတင်းကျပ်ကျပ် မလွတ်တမ်း
ပွေ့ ဖက်ထားချင်လောက်အောင်ကို
တုန်နေအောင် ချစ်လွန်းရပေမယ့် 
အိမ်ထောင်ဖက်အဖြစ်အထိတော့ 
မစွန့် စားရဲသေးပါဘူးဆိုတာလဲ အချစ်ပါပဲမေ.
''အတင်းပြောခြင်း အနုပညာ''
''အတင်းပြောခြင်း အနုပညာ''
----------
မင်္ဂါပွဲတက်လာတဲ့ စပျစ်သီးမလေးရဲ့ ဖက်ရှင် အကြောင်း ဟာသလုပ်ပြောနေကြတာကို ချို့ က အစာကြေပုံမရဘူး အတင်းပြောတယ်ဒေ ဘာဒေပေါ့ ၊ ပြီးတော့  ဂလိုဘယ်လ်မှာ ရိုးး.ဟိုး.နေပီဒေဘာဒေ၊
 အဲ့ မှာ ဖွရွာထဲ အကောင့် ပေါင်းစုံတွေ လျှောက်လည်နေတာ ဗွက်ထနေတဲ့ သူတွေက အင်တာနေရှင်နယ်မှာ ရိုးနေတာ သိချက်က လဒကမ်းခြေတောင်ကျော်နေပြီ ဒါက
တမူထူးတဲ့ ကျီညန်မာမို့ ပေါ့ နဲ့  ဟို လက်ဝှေ့ စင်မှာ ဟွှာရေး တက်ပြတဲ့  ဟွှာတွေဆို့  နိ လာချွတ်ပြတာင် အာရုံမလာ အရေးလုပ် အချိန်ကုန်ခံ စာဖွဲ့ မနေပါဘူး ဒါက သူဟာ သူ ဖြစ်နေလို့ လို့ ..
ကိုယ့် အကြောင်း အတင်းတုတ်ကျပါ လို့ လိုက်ပြောတိုင်း ကိုယ်က ဘာကောင်မှ မဟုတ်ရင် ခွေးတစ်ကောင်ကတောင် ကိုယ့် လက်ထဲ ကြက်ပေါင်တုံးမတွေ့ ရပဲ
အမြီးလာရမ်းပြမှာမဟုတ်ဘူး
အဲ့ မှာ အတင်းတုတ်တယ်ဆိုတာ ဘာလဲ ဆိုတာရဲ့  မေးခွန်းက စိတ်ဝင်စားစရာကောင်းတယ်...သူရဲ့ အခြေခံ အချက်က ဘာလဲကတွေးစရာကောင်းတယ်ပေါ့  ပြီးတော့  အတင်းတုတ်ခြင်း အပြုအမူကို
ဘယ်သူတွေလုပ်တတ်သလဲ ဘယ်အချိန်မှာ လုပ်သလဲ နဲ့ ဘယ်အသက်ပိုင်းမှာ လူတွေ စအတင်းတုတ်သလဲက စပ်စုချင်စရာပေါ့ ။ ပြီးတော့  အတင်းတုတ်ခြင်း အပြုအမူဟာ သူများဆီက သင်ယူ
ခဲ့ တာမျိုးမဟုတ်ပဲ အလိုလိုတတ်မြောက်လာတဲ့  အပြုအမူဖြစ်နေတာကလဲ အံ့ သြစရာပေါ့ ..၊ အဲ့ မှာ အစက ပြန်ကောက်ရင်  အတင်းတုတ်ခြင်း ဆိုတာ ဘာလဲက အရေးကြီးဆုံးအခြေခံမေးခွန်းတစ်ခုပေါ့ ဗျ
ဘာကြောင့်  အဲ့ မေးခွန်းက အရေးအကြီးဆုံးဖြစ်သလဲဆိုရင် တစ်ချို့ က သူတို့ ကိုယ်သူတို့  ဘ၀တစ်သက်တာမှာ သူတစ်ပါး ကို ကွယ်ရာမှာ အတင်းမပြောခဲ့ ဘူး ပြောစရာရှိရင် ဗျောင်ပြောတယ် ဘာညာပေါ့ ဖွရွာထဲတက်ရေးပြပုံက အရိယာကြီးလိုလို..အဲ့ တော့  အတင်းပြောတယ် မပြောဘူးဆိုတာဘာလဲ ရဲ့  ဒက်ဖနေးရှင်း စံ တစ်ခုခု တွေးကြည့် မိတယ်ပေါ့ ဗျာ အဲ့ မှာ ကွဲသွားတာက ကောလာဟလ နဲ့  အတင်း နဲ့ မတူဘူးဆိုတာတော့ သေခြာတယ် ကောလာဟလက အရာဝတ္ထု မသေခြာဘူး အတင်းက မြင်ခဲ့ တာကို ပြောတာမျိုး
အဲ့ မှာ အတင်းပြောခြင်းရဲ့  ဘေ့ စစ်သဘောက  တစ်ယောက်ယောက်အကြောင်းကို နောက်  နှစ်ယောက်က တစ်ခြားနေရာမှာ ( ကဲ့ ရဲ့ ခြင်းသဘောများများစကားလုံးတွေနဲ့ ) ဝေဖန်ခြင်း(၀ါ) ရှုံ့ ချလိုခြင်းစိတ်သဘော(၀ါ)မကျေနပ်ခြင်းတွေနဲ့  ပြောကြတာဟာ သူများမကောင်းကြောင်း အတင်းပြောတယ်ဆိုတဲ့  အခြေခံ အပြုအမူသဘောယူရင်ရလောက်မယ်ပေါ့ ၊ ဟုတ်ပြီ ဒါဆို ဆက်တွေးစရာ ရှိလာပြီ တစ်ယောက်ယောက်ရဲ့  အကြောင်းကို အခြား နှစ်ယောက်က ကွယ်ရာမှာ ပြောတာကို အတင်းပြောတာလို့ ဆိုလို့ ရရင် အဲ့ ဒါဟာ မူလတန်းကျောင်းသား ခလေးဘ၀ အရွယ်မှာကတည်းက အတန်းထဲမှာ  ပြုမူခဲ့ တဲ့  အပြုအမူဖြစ်ပြီး အတင်းပြောခြင်း အပြုအမူအရာမြောက်ဖို့ ဆိုတာ အပြောခံပေးရမယ့်  တစ်ယောက်ရယ် ပြောပေးမယ် အခြား နှစ်ယောက်ရယ် ပေါင်း လူ ၃ ယောက်ရှိနေမှ အထမြောက်မယ့် သဘောပေါ့  ဒါဆို အတင်းပြောခြင်း အပြုအမူတစ်ခု အောင်အောင်မြင်မြင်ဖြစ်သွားဖို့ ဆိုတာ ဘယ်လွယ်ပါ့ မလဲပေါ့ ..၊ နောက်ထပ်တွေးစရာတွေက ကျားနဲ့ မ ဘယ်သူတွေက အတင်းပိုပြောသလဲ အတင်းစစ်စစ်ဆိုတာဘာလဲ သတင်းယောင်ဆောင်တဲ့  အတင်းဆိုတာ ရှိသလား မရှိဘူးလားရှိတယ်ဆိုရင် ဘယ်လိုသတင်းမျိုးကို အတင်းလို့ သတ်မှတ်နိုင်သလဲ ၊ အတင်း ဆိုင်ရာ စံနှုံးတွေကို ဗဟုယဉ်ကျေးမှု ကမ္ဘာ ဘယ်လို သတ်မှတ်;;;.တော်ပြီ ဆက်ရေးရင် ကျမ်းပြုလို့ ရတယ်....ခုတော့  ဂလောက်ပဲ..ငိငိ
'''စတင်ခြင်း''
'''စတင်ခြင်း''
--------
ကိုယ့် အလုပ်သဘောအရ ဖွဘုတ်ကို အစက စိတ်မ၀င်စားခဲ့ဘူး ဒါပေမယ့်  ရွေ့ နေတဲ့  ခေတ်သဘောအရ ဗေဒင်လာမေးတဲ့ ခေတ်ထဲက အငယ်ပိုင်းလေးတွေရဲ့  လိုတိုရှင်း ဘမ်းစကားတွေဟာ သူ့ ခေတ်နဲ့ သူ ခေတ်ရဲ့ တောင်းဆိုမှု့ ကြောင့် ဖြစ်လာတဲ့  ဖွရွာထဲ သုံးတော်ကီတွေ ဖြစ်နေတာများတော့   အလုပ်သဘောအရ သူတို့ တွေနဲ့  ဆက်ဆံရေးကောင်းဖို့ က ဖွရွာထဲ ဘယ်လို ဘမ်းစကားတွေ ဖြစ်နေ ပြောင်းလဲနေလဲဆိုတာ သိချင်လာတယ် အဲ့ ဒါဟာ ဖွရွာထဲရောက်လာဖို့ တွန်းအားတစ်ခုပေါ့ ။
နောက်တစ်ချက်က အရင် ကျနော်တို့ ဖွဘုတ်ကိုမသုံးခင် ( ဟမ်းဖုံးရောလိုင်းရော မတရားဈေးကြီးနေချိန်မို့ လဲပါတယ်) အရပ်သားစစ်စစ်တွေဘ၀မှာ ထူးခြားသတင်း ကြားနေမကျတဲ့ 
သတင်း စလောင်းက မပါသေးတဲ့ သတင်းမျိုးက ''အင်တာနက်ထဲက သတင်းဒဲ့  '' ( အဲ့ လို ပြောလာတာကိုပဲ သတင်းက ပိုခိုင်နေသလိုလို  အင်တာနက်သုံးနေတာကိုပဲ ဂုဏ်တစ်ခုခုလို အလွှာကြီးတွေနဲ့  နီးစပ်သူတွေလိုလို )အဲ့ လိုတွေ ဆိုတော့  အင်တာနက် ဆိုသဟာကြီးကို ခေါင်းထောင်ကြည့် မိလာတော့ တယ်...('' ကြာရင် ငါတော့ ကျန်ခဲ့ တော့ မယ်..'')..ဆိုပြီး...၊  အဲ့ အချိန်မှာ တွန်းပိုလိုက်တဲ့  အင်တာနက်ထဲက သတင်း ဆိုတာကြီးကဒေါက်တို ဆရာရွှေရဲ့  သား နဲ့  ညားနေတဲ့  စပျစ်သီး ဓါတ်ရှင်င်းသမီးနဲ့  ဟာသသရုပ်ဆောင်မယ်ရဲ့  ဖုံးနဲ့  အပြန်အလှန် အတင်းချတော်ကီ ကြီး က အရပ်ထဲ ပေါက်လာတဲ့ သတင်းပဲဗျ။ အဲ့ တုန်းက အဲ့  ဖုံးအတင်းကိုဟမ်းဖုံးလေးတွေနဲ့ ဘောစိ မိဘတွေရဲ့  ပံ့ ပိုးမှု့ ကြောင့် ဖွဘုတ်သုံးနေ  ဟမ်းဖုံးကိုင်နိုင်နေတဲ့ ခေးတွေ အိုင်တီသမားတွေ အင်တာနက်ဆိုင်သမားတွေက သယ်ယူပို့ ဆောင်ရေး လုပ်နေတာကို ကျနော်တို့ အရပ်သားတွေက တရားနာသလို စနာရတာ..သြကာသလောက သတ္တလောက သင်္ခါရ လောက ဆိုတဲ့  လောက သုံးပါးမှာ တစ်ခြားသောအရပ်က ဂြိုလ်သားတွေအကြောင်း စိတ်အ၀င်စားဆုံက လူသားမျိုးနွယ်တွေမဟုတ်လား....အဲ့ တော့  အင်တာနက်သုံးကြည့် ဖို့  ဖွဘုတ်ထဲရောက်လာဖို့  အခြေအနေနဲ့ အချိန်အခါအရ '''စတင်ခြင်း'' ဖြစ်လာတော့ တာပေါ့ ဗျာ...
တအားပြည် ------
တအားပြည်
------
ချစ်တအား
မုန်းတအား
ငိုတအား
ရယ်တအား
လွမ်းတအား
မေ့ တအား
ယုံတအား
မယုံတအား
ချီးမွမ်းတအား
ကဲ့ ရဲ့ တအား
ရက်စက်တအား
သနားတအား
ဆန့် ကျင်တအား
သည်းခံတအား
---
----
----။
၇တန်းပဲ ရှိပါသေးတယ်
၇တန်းပဲ ရှိပါသေးတယ်
----
နော်တို့ ခေတ်ကလဲ မိဘတွေက တအားရုန်းနေရချိန်ပါပဲ  အဲ့ တော့  နော်တို့ ကို ကျောင်းပညာရေးမှာ ကိုယ့် ဖိရင်ဖိ စောင့် ကြည့် ပိုကြို လုပ်မနေအားချိန်ကများသလို ပိုဆိုးတာက အဖေကသာ ရဟန်းအဖြစ်မခံခင် လူထွက်သူ အိမ်ယာထူထောင်လူတို့ ဘောင်သဘောအတိုင်း မယားသားသမီးတွေအတွက် လူတန်းစေ့ ဖို့  ကြိုးစားနေရချိန်၊ အမေက ပြည်တွင်းစစ်ပြေး သေစာရှင်စာတောင် နော်တို့ မူလတန်းတက်မှ သားသမီးနဲ့ အတူတူ လိုက်အတူတူဖတ်ပေးခဲ့ လို့  စာဖတ်တတ် ဆိုင်းလေး ပဲသီးပင်ပေါက်လို ရေးပေးတတ်ရှာသူဖြစ်နေတာပါ ၊ အဲ့ တုန်းက အမေ့ ရဲ့  အကြောင်းတွေ ပြန်တွေး ရင် မျက်ရည်တောက်တောက်ကျရတဲ့ အထိကို
အမေ့ ကို သနား... :'( ..။
ဒီလို မိဘတွေက မွေးလာတဲ့ နော် အဖို့  ကျောင်ပညာဆိုတာ ခေတ်အလျောက်နဲ့  ရွေးခြယ်ခွင့် မရှိ ရွေးနိုင်တဲ့ ခွန်အားမရှိချိန်မှာ သူလိုကိုယ်လို ကျောင်းသားဘ၀ မည်ကာမတ္တာသဘော အတွေးအသိလောက်သာသာပါ၊ ရှေ့ အနာဂတ်မှာ ငါတော့ ဘာကြီးဖြစ်ရမယ်ဆိုတဲ့  အနာဂတ်စိတ်ကူးဆိုတာ ဝေလားဝေးပေါ့ ။ မုန့် ဖိုးကို ဘယ်လိုဘတ်တောင်းရမယ် ကျောင်းက အတန်းပိုင် ဆရာမကို ဘယ်လို ခွင့် လိမ်တိုင်ရမယ်  အောင်ရင်ပြီးရော နဲ့  ကျောင်းပြေးကြခြင်းဆိုတာ
နော်တို့ ခေတ်ရဲ့  သရုပ်သကန်အမှန်သဘောတွေပါ။
အဲ့ လိုကျောင်းသား နော်က နဂိုကကို လူကောင်က အသားမဲမဲ ကလန်ကလားဆန်ရတဲ့ ကြားထဲ ငါးတန်းကို သုံးနှစ်ဖတ်ခဲ့ သူမို့  ၇ တန်းရောက်တော့ 
အတန်းထဲမှာ တစ်ခြား အတန်းသားတွေနဲ့ ဆို လူကောင်က ၁၀တန်းကြီးလိုပေါ့ ..နဲနဲလဲ ဂျစ်ကန်ကန်နိုင်ပါတယ် နိုင်ဆို ကျောင်းပြေးတတ်သွားတာက
၅ တန်းတတိယ နှစ်မှာတင်မို့ ကိုးဗျာ...
တစ်နေ့  ကျောင်းပြေးဖို့  အတန်းပိုင်ဆရာမကို ဘတ်ပုံက... အတန်းပိုင်ဆရာမကို ခွင့် လိမ်တိုင်ပုံက အပ်ကြောင်းထပ်လုလုလ ဖြစ်နေပြီလို့ ကိုယ့် ဟာကိုယ် အတွေး ပေါက်မိတာနဲ့ ဘယ်နည်းသစ်နဲ့ ဘတ်ရမလဲလို့ ကြံပြီးအချိန်မှာပေါ့ ...။   အိမ်က တံခါးသော့ ကို အိမ်က မိဘတွေမသိအောင် လွယ်အိပ်ထဲ ထည့်  ကျောင်းယူသွားပါတယ် ။ ကျောင်းရောက်တော့  ကျောင်းက နော်တို့  ပေါင်းသင်းထားတဲ့  မုန့် ဆိုင်မှာ လွယ်အိပ်ကိုထား အပိုထည့် လာတဲ့  အရပ်ဝတ် အိမ်နေ အ၀တ်တွေကို  ကိုယ်ပေါ်က ကျောင်းစိမ်းတွေနဲ့  လဲ ပြီး ကျောင်းတက် ခေါင်းလောင်းထိုးချိန် ရက်ဂျစ်စတာ ခေါ်နေချိန် ချိန်သားကိုက်ပြီး အတန်းပိုင်ဆရာမဆီ ၀င်တွေ့ ပါတယ်..
နော့် မိဘတွေ တအိမ်လုံး ခရီး ခဏထွက်သွားလို့  ခွင့်  ၃ ရက်လောက်ပေးပါဆရာမပေါ့ ဗျာ..လက်ထဲက ဆရာမ မြင်သာအောင်  အိမ်တံခါးသော့ လေးကို အကိုင်ပြထားလိုက်ပါသေးတယ်။ ကျောင်းပြေးနေကျ တပည့်  နဲ့  သိပ်အဆိုးကြီးလဲ မဟုတ် ကောင်းတယ် ပြောရလဲခက်တဲ့  နော့် ကို အတန်းပိုင်ဆရာမက  မယုံချင်ပေမယ့်  ( မယုံလောက်ဖူးလို့ တော့  နဂိုကတည်းက တွက်ပြီးသား ဒါပေမယ့်  မျက်နှာက ခပ်တည်တည် ပဲ ဗျ...အဟီးး)...တစ်ခြား စာတော်တဲ့  အတန်းသားတွေ အနှောက်အယှက်ဖြစ်မှာ
ရယ်  တပည့် တွေအကြောင်း နောကျေနေအောင် သိတဲ့ ဆရာ ဆရာမတွေရဲ့  ထုံးစံအတိုင်း ...''  အေးအေး...မင်းမိဘတွေ ပြန်လာရင် ခွင့် စာယူခဲ့ ''..လို့  ဆရာမက နော်
ခွင့် တိုင်တာကို လက်ခံပေးလိုက်တဲ့ အခါ...ဘာပြောကောင်းမလဲ....အဲ ပြောတော့ ပါဘူး...ခိခိ.....အမြဲကျနေတတ်တဲ့  လပတ်စာမေးပွဲတွေအတွက် ရပို့ ကဒ်မှာ ပူပူဆူဆူ နဲ့ 
အဖေ့ ထိုးနေကျ လက်မှတ်ကို နော်က ကြိုကျင့် ထားပြီးသား ဖြစ်နေလို့  မိဘ ခွင့် စာအတွက်က နော့် အတွက် အေးဆေးပေါ့ ...အဲ့ လို ဘတ်တတ်နေတာ  ၇ တန်းရှိပါသေးလို့ ..။
' ချစ်ခြင်းရဲ့ အပြစ်ဒဏ်...........''
'' ချစ်ခြင်းရဲ့ အပြစ်ဒဏ်...........''
---------
ဝတ္ထုတွေထဲကလို ဆင်တင်တင်ပေမယ့်  ကိုယ့် ဇာတ်ထုတ်က ပိုကြေကွဲစရာလို့ ထင်မိတာ လူ့ သဘာဝ ကိုယ့် ငချဉ်က ကိုယ်ပိုချဉ်တယ်သဘောပေါ့ နေမှာပါ..။
သူလေးကို ကျနော်က မြိုထားမတတ် ချစ်ခဲ့ မိတာ သူလေးကရော  ကိုယ့် ကိုယ် အသည်းတုန်အူတုံ ပြန်ချစ်ခဲ့ တာ ၈ တန်းကတည်းက စခဲ့ တဲ့ အချစ်မို့  ၁၀တန်း ဒုတိယနှစ်မှာ
ခိုင်မာတဲ့  အချစ်တွေ ဖြစ်နေခဲ့ ပြီလေ။  သူလေးနဲ့  ကျနော်ကြားက ဘာသာမတူ ဆိုတဲ့  အယူကွာခြားချက်က သူလေးနဲ့  ကျနော့် အတွက်  ရေးကြီင်္း ခွင်ကျယ် စာဖွဲ့ လောက်စရာ
အချက် အလက်ဖြစ်မနေခဲ့ ဘူး။
 သူလေးက ကျနော် ခေါ်သွားခဲ့ တဲ့  ဘုရားအပေါ် လိုက်ပါပေး ကန်တော့ ပန်းဆင်ပေးဖို့  တုန့် နှေးပုံ မရှိခဲ့ သလို  သူကလေးရဲ့  ချဒ်ကျောင်းကို သူကလေးနဲ့ အတူလိုက်ပြီး ဓမ္မတေးတွေ  သံပြိုင် ဆိုပေးဖို့  ကျနော်ကလဲ နှောင့် နှေးမနေခဲ့ ကြဘူး..။ သူလေးနဲ့ ကျနော့် ကြားမှာ အချစ် ဆိုတဲ့  သံယောဇဉ်ကြိုး ခိုင်မာ တွယ်ငြိနေခြင်း နဲ့  သစ္စာတရားသာ ကြိုး တစ်စင်းဖြစ်နေခဲ့ တာမျိုးပါ။။။
သူလေးရဲ့  ဘ၀အကျပ်အတည်းတွေ သိပ်ကို ကြီးမားလာချိန် တစ်နေ့ မှာ......သူကလေးက စကား ဆိုလာရှာတယ်...သူ့ လက်ရှိ ဘ၀ထဲမှာ ဘယ်လိုမှ ရပ်တည်နေလို့  မရတောဘူး
သူလေးရဲ့  ဆန္ဒဟာ ဘာဆိုတာ ချက်ချင်းသိလိုက်ပေမယ့်  အဲ့ အချိန်မှာ မိဘဆီက လက်ဖြန့် တောင်းသုံးနေရတဲ့  ဘ၀ အနေအထား ၊ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့  ကင်းမဲ့ နေချိန် တွေ သဘောအရ သူကလေးရဲ့ ဆန္ဒကို မစွန့် စားရဲပါဘူး  ၂ ယောက်စလုံး  ခွေးဖြစ်မှာလို့ သာ ဆင်ခြေပေးရင်း ( ကိုယ် ခွေးဖြစ်မှာကို ပိုစိုးနေတာဗျား )သူလေးကို ခိုးမပြေးနိုင်ပါဘူးလို့  စကားပြန်လိုက်မိတဲ့  အချိန်ကစလို့ ............
ချစ်ခြင်းရဲ့  အပြစ်ဒဏ်...........တစ်သက်တာ အလားပေါ့ လေ...........။ ကျနော်ကတော့  ခုတော့ ဆုလဲတောင်းမိတယ်  ဖီးလ် လဲဖြစ်မိတယ် ဓန ကြောင့် တော့  အမှန်တကယ်
အသည်း စူးနင့် အောင် ချစ်မိကြသူတွေရဲ့   ချစ်တဲ့ သူတွေ ...မကွေကွင်းကြပါစေနဲ့    ချစ်ခြင်းတရားမှာ စွန့် စားရဲကြပါစေလို့ ပေါ့ ဗျာ....
ကျွဲပါးစောင်းတီး
ဒါပေမယ့် ကိုယ့်  အတွေးနဲ့  ကိုယ် ဖီးလင်ခံကြည့် တယ် ဘက်တွေကို ပြောင်းလဲ ခံစားကြည့် တဲ့ အခါ တွေးဆချက် ခံစားချက်တွေ ဆင့် ပွားထွက်လာတယ်....ပထမဆုံးက  စောင်းသွားတီးပြတဲ့  သူကို  စောင်း ကို ဂီတအဖြစ် နားလည်မှု့ ပေးနိုင်ပုံရမရ တစ်ဖက်ကို တွက်ဆမနေပဲ ကိုယ့် စောင်းကြီး သွားင်္တီးပြနေသလိုကြီးပဲလို့  စောင်းသံကို နားမလည်ရကောင်းလား ဆိုတဲ့  အရင် အမြင်ကနေ အမြင်သစ်တစ်ခု ကိုယ့် မှာ စဖြစ်လာတယ်
နောက်ထပ်အမြင်က  စောင်းသံကြောင့်  ကျွဲက ထမခွေ့ တာတော်သေးတယ်  ကျွဲကိုသာ ဒေါသတကြီးနဲ့  ပေါက်ကွဲပြီး သွားအော်ဆဲနေရင် စောင်းတီးပြနေတာထက် အခြေအနေတစ်မျိုးပြောင်းသွားပြီး ထ ခွေ့ ချင်ခွေ့ နေမှာလို့  ထပ်တွေးမိလာပြန်တယ်..
နောက်တစ်ခါ ထပ်တွေးမိတာက လူ့ အောက် ဥာဏ်ရည်နိမ့် တဲ့  သတ္တ၀ါလို့  လူတွေက သတ်မှတ်ခံထားရတဲ့  ကျွဲ ဆိုတာနဲ့  လူ့ ဂီတ စောင်းလက်သံကို မခံစားတတ်တော့ ဘူးလို့ 
ပုံသေ တွေးထားလိုက်တာမျိုးဟာ ဖြစ်သင့် ရဲ့ လား   ရူပကာအရ လူ့ ထက်ကြမ်းတမ်းခက်ထရော် ပုံရတဲ့ ကျွဲ သတ္တ၀ါတွေမှာရော ဂီတ ကို ခံစားနိုင်တဲ့  နှလုံးသား (၀ါ)
နူးညံ့ သာယာသံလေးတွေမှာ ပျော်ဝင် နှစ်ခြိုက်တတ်တဲ့  နှလုံးသား ရှိမနေနိုင်ဘူးလို့  ပုံသေတွက်ထားသင့် သလား  ကျွဲ ဆိုတဲ့  သတ္တ၀ါကို လူဆိုတဲ့  လူသားက အသိဥာဏ်အရ ငါတို့ လူသားတွေရဲ့ အသိဥာဏ်က ပိုမြင့် မားတယ်လို့ 
နှိမ်ရကျနေသလား ဆိုတာမျိုးပေါ့ 
ကိုယ့် ခေါင်းကို ကိုယ် တွေးကြည့် ခိုင်းတဲ့  သဘောလောက်ပါပဲ...။
လေ့ လာခဲ့ တုန်းက
ကျနော် ဗေဒင်ကို သင်ဆရာ အဖြစ် စရွေးပြီး လေ့ လာခဲ့ တုန်းက ဆရာရယ် ဆရာက ပို့ ပေးတဲ့  ဆရာ့ ဆရာကြီးဆီမှာ ပညာယူတုန်းက. ကိုယ့် ကိုယ်ကိုယ် တွေးတော ပြင်ဆင် ခဲ့ တာ ဆရာတွေနဲ့  သင်ဆရာ အဖြစ်တပည့် မခံခင်တုန်းက ဖတ်ခဲ့ ကြားခဲ့  မြင်ခဲ့ တဲ့ 
 ကြားဆရာ မြင်ဆရာ စာပေတွေထဲက ဆရာသခင်တွေရဲ့  အယူအဆတွေကို မေ့ ထား (၀ါ) ခေါက်ထားလိုက်ပြီး ဆရာနဲ့  ဆရာကြီးတို့ ရဲ့  အယူအဆ သဘောတရားတွေကို နားထောက်တယ် မှတ်တယ် တွေးခဲ့ တယ်..ကိုယ့် အခံ တစ်ခုခုကနေ လှမ်းဝေဖန်သုံးသပ်ရင်
အသစ်တွေ ဘာမှ မရလိုက်မှာစိုလို့ ပေါ့ ဗျာ...နောက်တော့  ဆရာတွေရဲ့  အယူအဆတွေကို ကိုယ်အရင် သိထားခဲ့ တာတွေ ကိုယ်ပိုင် တွေးစရာ ထောက်စရာတွေနဲ့  သင်ယူခဲ့ တဲ့  ဆရာတွေရဲ့  အယူအဆတွေကို ပြန်ညှိတယ် တွေးဆယူတယ် ပေါင်းစပ်ယူတယ်
ကိုယ် မလိုချင်တာ ခပ်ပြတ်ပြတ်ပယ်ပစ်ခဲ့ တယ် လက်တွေ့ ဘ၀ထဲမှာ အသုံးမြန်မြန်တည့် မယ့် အယူအဆတွေကိုသာ ကွက်ပြီး ယူသုံးချင်တာသုံးခဲ့ တယ်။။။အားလုံးက ဘယ်နေရာကနေပဲ ပညာရပ် အယူအဆသဘောတွေရရ ကိုယ့်  ကိုယ်ပိုင် အတွေးနဲ့ စီစစ်ဖြတ်တောက် မွမ်းမံပြီး
သားသမီးတွေရဲ့  ချစ်ခြင်းမေတ္တာ...
သားသမီးတွေရဲ့  ချစ်ခြင်းမေတ္တာ...
--
ကျနော်တို့ က တစ်ခါတစ်လေ ဖီးလ်သမားဆန်တယ်
ဆိုပါတော့  ကျနော့် အဖေကို ကျနော် အထင်ကြီးလေးစားချစ်မြတ်နိုးစေချင်သလို
အရပ်ထဲမှာလဲ ကျနော့်  အဖေကို ကျနော့် လို ဆက်ဆဲစေချင် မြင်စေချင်တာ ကျနော်တို့ 
သားသမီးတွေရဲ့ ကိုယ့် အဖေပေါ်ထားတဲ့  အချစ် (၀ါ) ချစ်ခြင်းမေတ္တာ သဘောပေါ့ 
အမေကိုလဲ ဒီလိုစိတ်သဘောထားရှိတာပါပဲ
ကျနော့် အဖေကို ကျနော့်  လို စိတ်မျိုး မထားတဲ့ သူတွေအပေါ် ကျနော်က ဖီးလ်မလာတော့ ဘူးဆိုတာလဲ
ဒါကို ရိပ်မိလိုက်တဲ့ အခါ...
ပထမဦးဆုံးဖြစ်လာတဲ့  ကျနော့် မိဘတွေကို မြင်ချင်လာတဲ့ စိတ်က...
လူရိုသေ ရှင်သေရိုသေ နေကြပါ အဖေရယ် အမေတို့ ရယ် ဆိုတဲ့  ဖီလင်ပါပဲ
ကိုယ့် မိဘ ၂ပါးကို သူတကာတွေက အထင်အမြင် သေးမှာကို  မခံနိုင်တာက ကျနော်တို့  သားသမီးတွေရဲ့ ဖီလင်..
အဲ ကနေ ကျယ်ကျယ်ပြန့် ပြန် တွေးဆနိုင်ပါတယ်..
ဥပပမာ မိဘတိုင်းက ကိုယ့် သားသမီးကို......သဘောလေး..
တပည့် တိုင်းက ကိုယ့် ဆရာသခင်တွေကို
ကိုယ့်  ချစ်သူကို သူများတွေက
ကိုယ့်  အဖွဲ့ အစည်းကိုယ် သူများတွေက
ကိုယ့် လူမျိုးကို သူများလူမျိုးတွေက
ကိုယ့် ယုံကြည်မှု့ အယူတွေကို သူများတွေက
ကိုယ့်  နိုင်ငံတော်ကြီးကို သူများနိုင်ငံတွေက.........
စသဖြင့်  စသဖြင့် ...................။
တစ်ဒင်္ဂထဲက တစ်ခဏဘ၀..ခွန်သန်းထွန်း..( COVER)
''နော့် အတွက်တော့  လိုက်ဆိုနေရင်း  ဖြတ်သန်းခဲ့ တဲ့  အတိတ်ကို သတိရရင်း မျက်ရည်တွေ ၀ဲလာရင်း ဖီးလ် တအားဖြစ်ရတဲ့  သီချင်းလေးပေါ့ ဗျာ...''
''' ရင်ဆိုင်ကာ တွေ့ ကြတဲ့ တို့ ဘ၀တွေဟာ...အချိန်တန်တော့ ကျောခိုင်းကြမှာပဲ...'''
---------------
တစ်ဒင်္ဂထဲက တစ်ခဏဘ၀..ခွန်သန်းထွန်း..( COVER)
----------------
ကြုံဆုံကာ ခွဲရမယ့် လောက အစဉ် အလာ
မရှောင်နိုင်တဲ့  လူ့ ဘ၀ရဲ့  ဓမ္မတာ...
----
ဘယ်အရာဟာမြဲလွန်းသတဲ့  မစွဲအပ်ပါဘူး
နေ၀င် နေထွက်ရဲ့ ခရီးစဉ်မှာ...
--------------
ပြုံးလို့  ရီလဲ ဒီမျက်နှာ...ငိုက ရှိလဲ ဒီမျက်နှာပဲ...
----------
ရင်ဆိုင်ကာ တွေ့ ကြတဲ့ တို့ ဘ၀တွေဟာ...
အချိန်တန်တော့ ကျောခိုင်းကြမှာပဲ...   :'(
-------
လူဆိုတာ အမြဲ မလန်းတဲ့  ပန်းကလေးတွေလို
မကြွေချင်တောင် နေလို့ မရပါဘူး....
---------------
ဆင်းရဲရင်လဲ အနှစ်တစ်ရာပဲ ဌေးရရင်လဲ အနှစ်တစ်ရာထဲ....
----------
ဘယ်လို နိဒါန်း စစ လမ်းဆုံး အတူပါ...
ထာဝစဉ် ထာဝရတော့ မရှိပါဘူး...
---------------
ကံကြမ္မာရယ် လမ်းပြလို့  ရှေ့ ကခေါ်မယ်...
ဘယ်လို ဘယ်နည်းနဲ့ ခေါင်းခါမလဲ...
------------
သွားပေါ့  လာပေါ့  လူ့ ခရီးကို
ဆင်းလိုက် တက်လိုက် တဒင်္ဂမှာပဲ
--------------------
တမလွန်ဟာ အားလုံးအတွက် တစ်နေ့ တစ်ရက်မှာ
ဘယ်သူ အရင်သွားမလဲ မပြောနိုင်ဘူး..
----------
အရာရာဟာ အနိစ္စရဲ့ ဖ၀ါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပဲ
---------------
လင်းလိုက် မှောင်လိုက် တဒင်္ဂမှာ...
ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ...
---------------
..ခွန်သန်းထွန်းရဲ့  ဓမ္မ စကားပြောလေး.. :'(
----------------
ကြုံဆုံကာ ခွဲရမယ့် လောက အစဉ် အလာ
မရှောင်နိုင်တဲ့  လူ့ ဘ၀ရဲ့  ဓမ္မတာ..
-----
ဘယ်အရာဟာ မြဲလွန်းသတဲ့ မစွဲအပ်ဘူး
နေ၀င် နေထွက်ရဲ့ ခရီးစဉ်မှာ...
--------------
ပြုံးလို့  ရီလဲ ဒီမျက်နှာ...ငိုက ရှိလဲ ဒီမျက်နှာပဲ...
-------------------------
တမလွန်ဟာ အားလုံးအတွက်...တစ်နေ့ တစ်ရက်မှာ
ဘယ်သူ အရင်သွားမလဲ မပြောနိုင်ဘူး..
----------
အရာရာဟာ အနိ စ္စရဲ့ ဖ၀ါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပဲ
--------------
သွားပေါ့  လာပေါ့  လူ့ ခရီးကို
ဆင်းလိုက် တက်လိုက် တဒင်္ဂပါပဲ