Powered By Blogger
Wednesday, July 8, 2015
န၀င်းတစ်လုံးယူတဲ့  နင်းထိုးပညာလေး..
န၀င်းတစ်လုံးယူတဲ့  နင်းထိုးပညာလေး..
----
ကျနော်တို့  လိုင်းတစ်ခုကို အပီလိုက်ပြီဆိုတဲ့ အခါ အရူးတစ်ယောက်လိုပါပဲ သဲသဲမဲမဲကို လိုက်တာမျိုးပါ ကြည့် လေရာရာ မဟာဘုတ်အကွက်တွေချည်း မြင်မိနေသလိုမျိုးပေါ့  ပြီးတော့  သိချင်တဲ့ စတိုင်က ရေဆုံးကုန်းဖျားအထိ လှိုက်နှိုက်နေတာမျိုးပါ မသိတာ မရှင်းတာဆိုလည်း မေးဖို့ အားမနာတတ်ပါဘူး
အစွန်းရောက်ရင်
အစွန်းရောက်ရင်
-----
အပူလွန်လည်း ဂန့် ပါ၏
အအေးလွန်လည်း ဂန့် ပါ၏
ခြေမန်းကွင်းညှော်နံ့ သည်လည်း
--------------
န၀င်းရိုက်ပြီး ညနေစောင်းပွဲထွန်းတော့  န၀င်းလာထိုင်တဲ့ သူဆီက ချွတ်ယူထားတဲ့ ခြေမန်းကွင်းကို နောက်ဖေးလမ်းကြားထုတ်ပြီး ဆီမီးထွန်းပါတယ် ( မီးရှို့ ပစ်တဲ့ သဘော)....အဲ့ ဆီမီးက ညှော်ဟာ သာမန်ညှော်နဲ့ မတူပါဘူး ကြာကြာရှုမိရင် ရှုမိသူတွေဟာ ဓါတ်ခိုက်သလိုဖြစ်လာပြီး နေရထိုင်ရတာ မကောင်းတာ့ ဘူး လေးလံထိုင်းမှိုင်းသွားတယ် ငြီးစီစီဖြစ်လာလေ့ ရှိပါတယ်..အဲ့ တော့  ကိုယ့် အိမ်ထဲကို အဲ့ ညှော် မ၀င်လာအောင် လေအောက်ကို ချိန်ထားရတာ ခပ်လှမ်းလှမ်းမှာ သွပ်မုန့် ပုံးလေးထဲထည့်  ရှို့ ရတာ စသဖြင့်  အကြံအဖန်တွေ လုပ်ထားရပါတယ်ဗျား...( သူများအိမ်ထဲ ညှော်ခိုးလေး လေတိုက်တုန်း နဲနဲပါးပါးဝင်သွားတာကိုတော့  ရူးချင်ယောင်ဆောင်နေလိုက်ပါတယ်...ငိငိ)...( အဲ့ ခြေမန်းကွင်းမှာကိုက အညစ်ဓါတ်တွေပါလို့  သက်ရောက်ဆိုးလေ မီးတောက်ကြီး ညှော်လုံးကြီးတတ်လေပါ)
ဓါတ်ခိုက်မှာကို ဘယ်လောက်တောင် ကြိုတင်ကာထားရသလဲဆိုရင် န၀င်းလာထိုင်တဲ့ သူဆီက ညနေ ဆီမီးထွန်းဖို့  ချွတ်ယူထားတဲ့  ဓါတ်ညစ်တွေကပ်နေတဲ့  ခြေမန်းကွင်းကို မီးမရှို့ ခင် အလွတ် ဒီအတိုင်းချမထားပဲ န၀င်းလာထိုင်သူရဲ့   မွေးနံသားလေးမှာ သွားပတ်ထားရပါတယ် ဥပမာ သောကြာသားရဲ့  ခြေမန်းကွင်းဆို သီစိုရိုးလေးမှာ သွားပတ်ထားတယ်ပေါ့  ညနေကြမှ ယူပြီး ဆီမီးခွက်ထဲထည့်  ရှို့ တယ်ပေါ့ ..
-
ပန်းခဏဖြစ်ခွင့် ရှိလားဟင်.. ?
သံသယ၀ါဒီ
သံသယ၀ါဒီ
----
ဘယ်နိုင်ငံရဲ့  ဥပဒေဖြစ်စေ...ဥပဒေ သဘောက အများအတွက် အဟန့် ယေဘူယျသဘော အသွင်ကိုသာ ဆောင်တယ်..
အဆိုတွေကို အတွေးကပ်တဲ့ အခါ
အဆိုတွေကို အတွေးကပ်တဲ့ အခါ
--
ကျနော်တို့ ပညာရပ်တွေကို လိုက်တဲ့ အခါ ပထမအချက်က သိချင်တာကို သိဖို့ နဲ့  မရှင်းတာကို ရှင်းအောင် သိချင်တယ် '' ရိုးရိုးသားသားသိချင်တဲ့ စိတ် '' နဲ့  လိုက်ခဲ့ ကြတယ်
မိရှယ်လီ
မိရှယ်လီ
---
''...''လူ'' ကို မယုံလို့ ''စာ''ကိုချုပ်တော့ 
 ဘာကို ပုံပြီး ယုံထားထိုက်သလဲ မိရှယ်လီ..''
ကံစီမံရာလား အလိုတော်လား
အချစ် နဲ့ အချစ်ကရော ယုံစရာလား
ဆိုပါစို့ ရဲ့ 
နှလုံးသားစကား နားထောင်မလား
လျှာဖျား အပြုံးစကား မျောပါမလား
ကိုယ်နဲ့ ကိုယ်တောင် သွေးခိုင်သလား
အလိုရှိမှ လာသလား
လိုတာရရင် ပျံမှာလား
လိုတာမရရင် ပြန်မှာလား
ကြိုးချင်းငြိမှ သံစဉ်လား
ကြိုးချင်းညှိကြ အပေးအယူလား
''လူ'' ကို မယုံလို့ ''စာ''ကိုချုပ်တော့ 
ဘာကို ပုံပြီး ယုံထားထိုက်သလဲ မိရှယ်လီ....။   ။
အမှား အမှန်
အမှား အမှန်သဘော တစ်ခုကို တည်ဆောက်ဖို့  အနဲဆုံး ဒွိ ဖြစ်နေဖို့ လိုမယ်..အမှန်ဆိုတာ အမှန်ဖြစ်ကြောင်း သက်သေပြ တိုင်းတာဖို့  အတိုင်းတာခံ တစ်ခြား အမှားတစ်ခု ရှိထားဖို့ လိုလိမ့် မယ်...
ရေသန့် ပါလို့  ပြောချင်ရင် သန့် သောရေဖြစ်ကြောင်း အတိုင်းတာခံ ရွှံ့ ပုပ်ရေ ရှိထားဖို့ လိုအပ်တဲ့ သဘော...
ကိုယ့် ရေသန့် ကို ရေသန့် ဖြစ်ကြောင်း တိုင်းတာဖို့  မျိုးနွယ်သဘာဝတူ တစ်ခြား ရေ နဲ့ သာ တိုင်းတာပြမှ ယုတ္တိကျလိမ့် မယ်..ဆီ နဲ့ မတိုင်းတာ....
အမှန် နဲ့  အမှား ၂ ခုကြားမှာ မမှန့် တမှန် သို့ တည်းမဟုတ်...မမှား တမှား အခြေအနေတစ်ခု (၀ါ) မှန်နေသယောင် မှားနေသယောင်ဆောင်ထားသော အခြေအနေတစ်ခု ရှိနေနိုင်သေးသလား.?...တွေးစရာ...
လူ နဲ့ န၀ရတ်
လူ နဲ့ န၀ရတ်
---
အစက လက်သွယ်တွေမှာ ဘာမှမစွပ်ခဲ့ ဘူး...
ဘုန်းကံရာထူးစီးပွားတက်လာတော့ 
န၀ရတ်လက်စွပ်လေး ပွဲပေးလုပ်ပြီးကောက်စွပ်လိုက်တယ်..
.လူရိုသေ ရှင်ရိုသေပေါ့ 
အဲ့ န၀ရတ်လက်စွပ်လေး စွပ်ထားရင်းကပဲ..
.ရာထူးလျှော အချုပ်ထဲကျသွားခဲ့ တော့ တယ်...
လူလည်းမလေး ခွေးလည်း မဟန့် တော့ ..
ဒါနဲ့ စကားမစပ်...
အဲ့ န၀ရတ်လက်စွပ်လေး ဆက်စွပ်ထားသေးလားဟင်..အဘ....?..
ငင့် 
ငင့် 
--
အဲ့ ဒါ သူက ခေါင်ရမ်းပန်းက အမင်္ဂလာပန်းလို့ ပြောတယ် အဲ့ ဒါဟုတ်လား လို့ မေးလာတော့ ...ကျနော်က
အဲ့ လိုသာ ဆိုရင် နှင်းဆီတွေရော လီလီတွေရော ဂန္ဓမာတွေရော ရှိုးပန်းတွေရော အမင်္ဂလာပန်းတွေ ကို မနဲဘူးဖြစ်ကုန်မှာပေါ့ ဗျာ
ရွှေတွေငွေတွေ စပယ်တွေတောင် အမင်္ဂလာမလွတ်ဖူးဗျ...ဆိုတော့ မှ...
ဘေ့ စစ်သီဝရီ..
ဘေ့ စစ်သီဝရီ..
=========
ဗေဒင်စာအုပ်တွေထဲက ဖတ်နေကျ ဖတ်နေရတဲ့   ဖြစ်တတ်တဲ့ သဘောတွေ
ရေးပြနိုင်သလောက် ရေးပြခဲ့ သလို ဘ၀အဖြစ်အပျက်တွေက မရိုးစင်းဘူး
ပရိယာယ်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ပြဿနာတွေ တစ်ခုနဲ့ တစ်ခု မထပ်ရအောင်ကို
လာနေ တွေ့ နေရတာမျိုးလို့  ...အဲ့ ဒါကို လိုက်အုံးစားနေရတာလို့ ပါ...
{ မဟာအမုန်း}
{ မဟာအမုန်း}
-----------
မုန်းမိတဲ့ သူကို မုန်းပစ်တဲ့  အမုန်းတရား စိတ်ဓါတ်ပြင်းထန်မှု့ မှာ သူ့ ရဲ့  သံသရာအဆက်ဆက် ကမ္ဘာအဆက်ဆက် သူနဲ့  မကွဲမကွာ ဖြစ်တည်လာတဲ့  မဟာအမုန်းစိတ်ကို  ပြိုင်နိုင်တဲ့ သူ ရှိသေးရဲ့ လားတောင် ထင်လောက်စရာပါပဲ...
အမုန်းတရားစိတ်ကြောင့်  သံသရာမှာ ငရဲ အဖန်ဖန်ကျလည်း ငရဲခံသက်ကုန်လို့  လောကရွာထဲပြန်ရောက်လာလည်း မုန်းမိတဲ့ သူကို အခွင့် သင့် လို့ 
အခါပေးတိုင်း  ထင်းခွေမကြုံ ရေခတ်ကြုံလေတိုင်း..မမေ့ မလျော့  မလျှော့ သောစိတ်နဲ့ ဆက်မုန်းပစ်ခဲ့ ဆဲ...
ရတဲ့ နည်းနဲ့ အမုန်းစစ်ပွဲတွေ ဆင်နွှဲမြဲ  အဖေါ်အပေါင်းတွေ ရရင် အဖေါ်အပေါင်းတွေနဲ့ ဆက်ဆင်နွှဲ  တကိုယ်တော် မှ ဆိုလဲ တစ်ကိုယ်တော်ပဲ သွေးမကြဲ နောက်မတွန့် ပဲ ရဲရဲ ဆက်ဆင်နွှဲမြဲ ....
သံသရာတစ်လျှောက် ကံရုပ်အသွင်တွေ ဘယ်လို ပြောင်းသွားစေ  မပြောင်းလဲပဲ ပါသွားမြဲ ကံစိတ်အသွင်က သံသရာတကွေ့ တွေ့ ကြပြီဆိုသည်နှင့်  မုန်းမိသူ့ ကို ရဲရဲ ဆက်မုန်းပစ်ဖို့ စိတ်က သူ့ အတွက် မဟာတာဝန်အမုန်းစိတ်...  ...
အမုန်း..ပြိုင်ဘက် မရှိအောင်မုန်း ...ပြိုင်ဘက်ကင်းအောင်မုန်း...ငရဲအကျခံပြီးမုန်း ပြတ်ပြတ်သားသားမုန်း ရဲရဲတင်းတင်းမုန်း ငရဲသစ်ငုတ် ကမ္ဘာသက်ချုပ်စေ မုန်းဖြစ်အောင်မုန်း .ခါးခါးသီးသီးမုန်း..ရုပ်ခွန်အားနဲ့ မုန်းခွင့် မသာရင် စိတ်ခွန်အားနဲ့ မုန်း...
.
မုန်း...မုန်း...မုန်း..မုန်း..မုန်း..မုန်း..သူ့ လောက် ဘယ်သူ မုန်းနိုင်ပါ့ မလဲလေ...
ပြဿနာအစစ်တွေဆိုတာ...
ပြဿနာအစစ်တွေဆိုတာ...
---------
ဒီလို အခြေအနေဆိုးကြီးအောက်မှာ.
လုံးဝချောင်ပိတ်သွားပြီး ဒီအခြေအနေဆိုးကြီးကနေ ရှောင်ထွက်သွားလို့ မရတော့ ဘူးဆိုတဲ့ အချိန်မှာ....
ပထမတော့  မျက်ရည်တွေ တောက်တောက်ကျရတဲ့ အထိ ...
ဘယ်တုန်းကမှ မတူတဲ့ စိတ်ဆင်းရဲခြင်းမျိုး နဲ့ အလွန့် အလွန်ကို စိတ်ဆင်းရဲပါတယ်...
နောက်တော့  ဒီလိုချည်း ထိုင် ငိုပြီး စိတ်ဆင်းထိုင်ရဲနေလို့  ဒီအခြေအနေဆိုးက ပြီးသွားမှာ မဟုတ်ဖူး
ဒါဟာ ပြဿနာ အစစ်ဖြစ်တယ် ပြဿနာအစစ် ဆိုတာ ရင်ကို ရင်ဆိုင်ဖြေရှင်းမှ ပြီးမယ် မရင်ဆိုင်ချင်လို့  ရှောင်လို့ မရနိုင်ဘူးလို့ 
တွေးပြီးတဲ့ အခါ....
ပြဿနာကို ရင်ဆိုင်ဖို့  ကိုယ်ဘာလုပ်လို့ ရနိုင်သေးလဲဆိုတာကို
တစ်စစီ ပြိုကွဲ ကျသွားတဲ့ စိတ်ဓါတ်တွေကို
တစ်စစီ တစ်စစီ ပြန်စုစည်းရင်း ပြန်တွေးဆ တွက်ချက်ပြီး
ပြဿနာကို ဒဲ့ ရင်ဆိုင်ဖို့  ကိုယ့် မှာ ရှိတဲ့ 
ရုပ်ခွန်အားလေးတွေကို တွက်ချက်အခြေခံပြီး
စိတ်ခွန်အားတွေကို ရသလောက် ကြားကန် အားခဲ  ဘုရားရှင်ကို အားကိုးပြီး စုစည်းလိုက်ရပါတော့ တယ်.....
''' ဟုတ်ကဲ့  ဆရာ အဖေ့ ကျောက်ကပ်သာ မြန်မြန် ဆေးပေးပါတော့ ဆရာ တစ်လနေရလဲ ကျနော်တို့ အဖေပပါပဲဆရာ
လောလောဆယ် အဖေ နေသာထိုင်သာဖြစ်သွားရင်ပြီးရော ဆရာ '''....လို့ 
ကျောက်ကပ် ၂ ဖက်စလုံး အပြီးတိုင်ပျက်ဆီးသွားရာက တစ်ကိုယ်လုံး ဆီးဆိပ်တွေ ပျံ့ နှံ့ နေလို့  မိန်းမော သတိလစ် ယောင်ရမ်းခြင်း ဝေဒနာတွေ
 ခံစားနေရတဲ့ ကျောက်ကပ်ဝေဒနာရှင် အဖေ့ကို ကြည့် ရင်းက...
ကြေကွဲ ဆို့ နင့် နေလို့  ၀ဲတက်လာနေတဲ့  မျက်ဝန်းအိမ်က မျက်ရည်တွေကို ထိမ်းရင်း ။ သောကတွေကြောင့်  ခြောက်သွေ့ ကျဉ်းမြောင်းနေတဲ့ လည်ချောင်းထဲက
 တုန်ရီပြီး ထွက်လာတဲ့ ကျနော့် အသံကို အာခံတွင်းထဲက ခါးသီးနေတဲ့ တံတွေးတွေ နဲ့ ဖိချ ထိမ်းလိုက်ပြီး......
အဖေ့ ကံ ငါတို့ ကံပဲ ငါတို့  ရုန်းနိုင်သမျှ အဖေ့ အတွက် ရုန်းပေးရမယ်ဆိုတဲ့  စိတ်ကို အားခဲမွေးလိုက်ရင်းက......
အဲ့ တုန်းက ခံစားခဲ့ ရတာကို ပြန်ရေးပြရတာတောင် ရေးနေရင်း မျက်ရည်ကျလာတယ်....
နည်းတစ်နည်းလေး
နည်းတစ်နည်းလေး
----------
ဒီပြဿနာကို ကျနော်က ဆရာဆီ ယူသွားတာပါ ကျနော်က တစ်ကိုယ်တော် နွှဲရတော့ မှာ န၀င်းရိုက်ဖို့  ဆပွတ်သား လူ မရှိရင် ဘယ်လိုလုပ်မလဲ ရိုက်လို့  မစွမ်းတော့ ဘူးလားလို့  မေးတဲ့ အခါ ဆပွတ်နံသစ်ရွက်ကလေး အိပ်ထဲဆောင်ရိုက်ရိုက် ပါးစပ်ငုံရိုက်ရိုက် တဲ့  ဗျာ..
သဘောက  စနေသားကို ရိုက်ချင်တော့  ကျနော်က စနေ ရဲ့ အောက်နေ့ သားဖြစ်နေတယ် ဆပွတ်သား ကြာသာပတေးးရော စနေရဲ့  အထက်နံ တနင်္ဂနွေသားရော ဟူးသားရောမရှိဘူး ဖြစ်နေရင်  စနေရဲ့  ဆပွတ် အရွက် ပျဉ်းမရွက်တစ်ရွက် ကိုယ့် ခါးကြားကောက်ညှပ်ပြီး အဲ့ စနေသားကို န၀င်းရိုက်တော့ တာပါပဲ...ကိုယ်က စနေသားရဲ့  ယာယီ ဆပွတ်နေ့ သားလေးဖြစ်သွားတဲ့ သဘောပေါ့   ရိုက်ပြီးတော့ မှ အဲ့ ပျဉ်းမရွက်ကလေး လွှင့် ပစ်လိုက်တယ်...
ကိန်းစောင့် တာလားဆိုတော့ ..?
ကိန်းစောင့် တာလားဆိုတော့ ..?
------
ေ၀၀ါးတတ်တဲ့ သူတွေလည်း တော်တော်လေးတွေ့ ရတတ်တယ်...တစ်ယောက်ဆို ဘာပြောရမှန်း မသိတောင် ဖြစ်သွားတယ်...သူက တိုက်ဆောက်ထားတာ ပြီးပြီမှန်းထားတာ ထက်ကြာသွားတာလေးပဲရှိတယ်...အဲ့ ဒါ ဘယ်တော့  အိမ်ပြောင်းကိန်းရှိလဲလို့ မေးတော့  မျက်စိလည်သွားတာပေါ့ 
ဟင်..အိမ်ကပြီးပြီဆို အခုနေနေတဲ့ အိမ်က ဘယ်သူ့ အိမ်မို့ လဲ လို့ ဆိုတော့  ဟုတ်တယ် ပြီးနေပြီ  ကျနော့် အိမ်ပါပဲ .ဟိုဟာက တိုက်သစ် ဒါပေမယ့်  အခုနေနေတဲ့ အိမ်မှာက တိုးလို့ တန်းလန်းကိစ္စတွေက မပြတ်သေးဘူး အဲ့ ဒါ ဟိုအိမ်သွားလိုက် ဒီအိမ်ပြန်လိုက် ဖြစ်နေမှာစိုးလို့  မိသားစုတွေကတော့  ပြောင်းချင်နေပြီ...လို့  ဆက်ဆိုလာတော့ ...သြော် သွားရပြန်ရတာ ကသီမယ်ပေါ့  လို့ ထောက်ကြည့် ပြန်တော့ ...
အိမ်က သိပ်တော့  မဝေးပါဘူး ၂ လမ်းကျော်မှာ တဲ့  ဗျာ....အာ့ နဲ့  ကိုယ့် ဆရာ ကိန်းခန်းနဲ့  ပြောပေးမှ ဖြစ်မှာပါဆိုပြီး လစိတ်ကိုတွက်ချိန် ပြီး ကြာသာပတေးလစိတ်လေး မှန်း....ဒီလပိုင်းထဲတော့  အိမ်ပြောင်းကိန်းလေး ရှိတယ် အဲ့ လမှာ ပြောင်းခဲ့ ရင်တော့  လွယ်တယ် လို့ ဆိုလိုက်တော့ ...ဟုတ်..အဲ့ လမှာ ပစ္စည်းလေးတွေတစ်ချို့ တော့ ရွှေ့ ခဲ့ ပြီးပြီး သုံးညလည်း အိပ်ပြီးပြီ...လို့  ဆိုပြန်ရောဗျာ...
ဟားး.ဟုတ်တော့ ဟုတ်နေပြီကိုယ့် ဆရာ...အင်းဒါဆို ၂၀၁၆ နှစ်ဆန်းပိုင်းတော့  တိုက်သစ် အပြီးတက်ဖြစ်မှာပါဗျာလို့  ရှေ့ နှစ် တနင်္လာ သက်ရောက်ချိန်ပြောလိုက်ရတယ်...အဲ့ တော့  မှ အိမ်ပြောင်းမယ့်  ကိစ္စပြီးတော့ တယ်...သူ့ ဟာက ကြိုက်သလို သွားနေလို့ လည်းရနေပြီ
ပစ္စည်းတစ်ချို့ တောင် အရွှေ့ ပြပြီးပြီး ၃ ညတောင်သွားအိပ်ပြီးပြီ လမ်းကလည်း ၂ လမ်းကျော်လေး ...
အခုနေတဲ့ အိမ်က ကျောကော့ ဆင်းရမှာလည်းမဟုတ်...အဲ့ ဒါ ချီတုံချတုံလုပ်နေချက်က တစ်မျိုးလေးဗျာ့ ...
ကိန်းစောင့် နေသလားထင်မိပေမယ့်  သူက သွားတောင်အပြောင်းပြပြီနေပြီ...
ဟီးးး..လူလည်း သူဘာဖြစ်ချင်နေမှန်းမသိတာ လိုက်တွေးပေးနေရတာနဲ့  မူးကျန်ခဲ့ တာပဲ...ခိခိ..တစ်ခါတစ်လေ..အဲ့ လိုပဲ ပျော်စရာတော့ ကောင်းသား...
လူ့ ကုသိုလ်
လူ့ ကုသိုလ်
-------
သစ်ပင်အယူအဆကို ရှင်းလက်စနဲ့ ဆက်ရှင်းပြတာပါ....လောကီပညာ စာပေလာတွေရဲ့ ထောက်ခံချက် ကန့် ကွက်ချက်တွေ တစ်ချို့ မှာ အချိန်အခါသဘောတွေ ပါလာလေ့ မရှိပဲ တုံးတိကြီး ရေးဖွဲ့ ပြသွားတာမျိုးတွေ ရှိတတ်ပါတယ်..ဒါကို ဒဲ့ ယူ တွေးလိုက်ရင် လက်တွေ့ လုပ်လိုက်လို့ စာပေလာ သဘောမျိုးမကြုံရတဲ့ အခါ စာပေလာတွေဟာ ယုတ္တိမရှိသဘော ဖြစ်သွားတာတွေအများကြီး ဖြစ်ကုန်ကြလေ့ ရှိပါတယ်
ဆိုက်ကို
ဆိုက်ကို
----
ထပ်ရေးပြတာပါ..ကျနော် သွားနေတဲ့ စတိုင်က (သံသရာကကံ + ပစ္စုတ်ပန်ကံ.>>> အနာဂတ်ကံ ) ဆိုတဲ့  သဘောတရား
အတွေးအမြင်သဘောလို့ ဆိုနိုင်မယ်...
ဗေဒင်နဲ့  ရိုးစင်းသောဘ၀တွေ
ဗေဒင်နဲ့  ရိုးစင်းသောဘ၀တွေ
---------------
နှစ်သက် တစ်ချို့ ရလာတော့  တိုတောင်းလှတဲ့  ဘ၀ခရီးမှာ ဘာအဓိကလဲကို တွေးရတော့ တာပေါ့  အဲ့ အတွက် ကိုယ်တိုင်ရဲ့  ဘ၀ အဖြစ်အပျက်တွေ ကိုယ့် မိဘတွေရဲ့ ဘ၀ အတက်အကျတွေ နဲ့ အမျိုးတွေရဲ့  ဘ၀ရေဆန်လေထန်တွေကို ချက် ရတော့ တာပေါ့ 
၆ ကြွင်း တနင်္ဂနွေသားရဲ့ မရဏ နံ သည်လည်း...
၆ ကြွင်း တနင်္ဂနွေသားရဲ့ မရဏ နံ သည်လည်း...
---------
မရဏ နံက ကျွံသွားရင် ပြန်လိုက်ရ မလွယ်ဘူး  ၆ကြွင်း တနင်္ဂနွေသား သိုက်ဖွား ဆရာဝန်တစ်ယောက်က သူ့ ဟာသူ ဆရာဝန်လုပ်စားပြီး အေးအေး မနေပဲ
ပို ဘောစိချင်တာနဲ့ အင်္ဂလောင်က ကျောင်းနေဘက် ဘော်ဒါက ဟိုကနေ လှမ်းပြီး တော်ကီအပြောကောင်းတာနဲ့  စတော့ ဝင်ကစားဖို့ ဘဏ့် အကောင့် ကနေ
ငွေလွှဲနဲ့ ရှယ်ယာလှမ်းထည့် လိုက်တယ်တဲ့  ပထမတော့  နဲနဲ အမြတ်ပြတယ်တဲ့  နောက်တော့  ဆီမလာ ပဲမပါ ဖြစ်လာတယ်တဲ့  ရှုံးသလိုလို အရင်းနဲနေသလိုလိုတဲ
့ပြီးတော့ ထပ်တောင်းတယ်တဲ့းးး
တိုက်ပွဲဝင်ဗေဒင်
တိုက်ပွဲဝင်ဗေဒင်
--------
အသက် ၂၉ ( ရာဟုသက်ရောက်)ထဲရောက်နေပြီဖြစ်တဲ့  ၄ ကြွင်းအင်္ဂါသမီးပေါ့  ခေး တူး နဲ့  သူ့ မွေးလက ၃ လပိုင်းကုန် ပြီးတော့ 
သူက အလုပ်ကောင်းတယ်..ဒါပေမယ့် .လင်မယား ၂ ယောက် ကိုယ်ပိုင် အိမ်တော့ မရှိသေးပုံရတယ်..
အဲ့ ဒါ ယောက္ခမ အိမ်က နေ ဆင်းလာတယ်လို့ ပြောတယ်..သူ့ မိဘ အိမ်အခုပြန်နေတယ်ပေါ့ 
သူ့ ယောက်ျားကို အသံတောင်မကြားချင်တော့ ဘူးလို့ ဆိုတယ်
( ဆင်းလာတာ ၆လပိုင်းလ၀က်ကလို့ ဆိုတယ် )( အခု အဲ့ အင်္ဂါသမီး ပေါက်ကွဲနေတဲ့  ၇ လပိုင်းက စနေလစိတ်ပါ)...
ဆရာကြီးနဲ့ ပတ်သက်လို့ 
ဆရာကြီးနဲ့ ပတ်သက်လို့ 
===
ဆရာကြီးနဲ့ ပတ်သက်မှတ်မှတ်ရရ ရှိတဲ့  အက်ရှင်တွေထဲက တစ်ခုက
သူ့ နောက်က ဘော ကို သူ့ နောက်စိနဲ့  ဒုံးကနဲ လှန်တိုက်ပြလိုက်ပြီး
'' ဟယောင်တွေ မှတ်ထား ဘောနဲ့ ခေါင်းနဲ့ တိုက်တာလဲ ပညာပဲကွ '' လို့  ပြောချလိုက်တဲ့ 
အက်ရှင်လည်း ပါတယ်ဗျ....အဲ့ နေ့ က တနင်္ဂနွေနေ့ ညနေ ၅နာရီနဲ့ ၆နာရီကြားလောက်ပေါ့ 