Powered By Blogger
Thursday, June 4, 2015
ငရဲသစ်ငုတ်..စိတ်ပုပ်စိတ်ယုတ်...
ငရဲသစ်ငုတ်..စိတ်ပုပ်စိတ်ယုတ်...
-------
စိတ်ဆိုးတာ ဒေါသကြီးတာ စိတ်နာတာ စိတ်ကမထင်ရင် မထင်သလို ထရမ်းကားတာ အတင်းတုတ်တာ ဆဲတာ စသဖြင့် ပေါ့  အဲ့ ဒီ့ စိတ်ဖြစ်စဉ်တွေမျိုးက စိတ်ရှိတဲ့ လူတွေရဲ့ သမားရိုးကျဖြစဉ်တွေလို့ ပဲ သဘောရသေးတယ်..စိတ်ပုပ်စိတ်ယုတ်အဆင့် တွေလို့ တော့ မဆိုလိုချင်သေးဘူး. အလိုက်အထိုက်ဆက်ဆံပေးလို့ ရလောက်သေးတယ်.......စိတ်ပုပ်စိတ်ယုတ်အဆင့် တက်သွားပြီဆိုတဲ့ သဘောအဖြစ်ကတော့  ''''သူများအကျိုးစီးပွားကို ပျက်ဆီးစေလိုတဲ့ အဆင့် '''အထိပါလာပြီ
အတ္တဥခွံ
အတ္တဥခွံ
------
သူများအကြောင်း ကိုယ့် အကြောင်းလုပ်ဖို့ တောင် ကိုယ့် အကြောင်းကိုယ် ပြန်အရင်ကြည့် ရသေးတယ်..ကိုယ့် ခံနိုင်ရည်အားပေါ့ ..ရလိုခြင်းနဲ့ သံသရာလည်တာ ဒီ အတ္တဥခွံက ကြက်ဥခွံလောက် ဘယ်ပါးဘယ်ပြော့ လိမ့် မလဲ..ကြက်ဥခွံတောင် ဇွတ်ခွာရင် အတွင်းသားတွေပါ ပဲ့ ထွက်ကုန်တတ်လို့  သရုပ် အတော်ပျက်တတ်သေးတော့  လှတပတလေး ကြက်ဥခွံခွာတတ်ဖို့ ကို တက္ကနစ်တွေ မျိုးစုံသုံး ခွာရတယ်...
အက်ဆေး
အက်ဆေး
---
ကွမ်းယာထဲက ဗမာဆေးမဟုတ်တဲ့  စာအက်ဆေးတွေကို ပိုကြိုက်တယ် ကြိုက်ရတဲ့ အကြောင်းက လူတွေရဲ့ အတွင်းစိတ်တွေကို မှန်းဆရတာ စိတ်တွေကို ဖတ်ရတာ ပျော်စရာ တစ်မျိုးလေးဖြစ်နေတာမျိုးပဲ..ချစ်ခြင်းတရား အကြောင်းတွေ လူ့ သဘာဝအကြောင်းတွေ စာစီဖွဲ့ ရေးတာချင်းအတူတူ အက်ဆေးဆရာတွေရဲ့ စာတွေက လူတောထဲက လူအစစ်တွေရဲ့ နေ့ စဉ်အရပ်သုံး ခံစားမှု့ နယ်ပယ်တွေကနေ လွတ်မထွက်သွားဘူးလို့ ခံစားရသလို စာတွေက မတိုမရှည်တွေဆိုတော့ ဒီဘက်ခေတ်လို လိုတိုရှင်းခေတ်မှာဆို ကွက်တိလိုဖြစ်နေလို့ ပဲ.
ဖွဖွလေး..
ဖွဖွလေး..
---
တွေးရတာက အကန့် အသတ်တွေသဘောပေါ့ ...ကောင်းဖို့ သွားရာလမ်းမှာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ရဲ့  လက္ခဏာတွေကို အရင်သုံးသတ်ပြီးမှ ကိုယ့် ရဲ့  ပကတိဘ၀အနေအထားကို ပြန်တွေပြီး.. မလိုတာတွေ ရဲရဲဖြုတ်ချတာ လိုတာတွေ ရဲရဲဖြည့် တင်းတာလုပ်တာက အကန့် အသတ်မဲ့ သဘောထက်ပိုအခွင့် အရေးရနိုင်တယ်ပေါ့ ..တပ်မက်မှု့ တွေကို စွန့် လွှတ်တာ စိတ်သဘောအရ အစွမ်းကုန်စွန့် လွှတ်လို့ ရနိုင်တာက မသေနိုင်လို့ ပဲ..ရုပ်သဘောအရ စွန့် လွှတ်ပြီဆိုပြီး ဘာအာဟာရမှမစားတော့ ပါဘူးဆိုရင်တော့  ကိုယ့် ဟာကိုယ် သတ်သေတာနဲ့ အတူတူပဲ ဒီလိုသာ ဘာမှမစားတော့ ပါဘူးဆိုရင် ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို မရောက်ဖို့ သေခြာပြီ...
သဘောက ရိုးရိုးလေးပဲ စွန့် လွှတ်ခြင်းမှာ အပြင်က ရည်ရွယ်ရာပန်းတိုင်ရယ်...ကိုယ့် ရုပ်နာမ်နဲ့ ကိုယ့် ဘ၀ရဲ့ ပကတိအခြေအေနရယ် ချိန်ဆညှိနှိုင်းရသေးတယ်ပေါ့ ..တစ်သံသရာလုံးလည်လာခဲ့ ပြီး အခုဘ၀လူပြန်ဖြစ်နေတာ...ရယူဖို့ စိတ်တွေကြောင် လူဖြစ်နေတာဆိုတော့  အခုမှ ဖီလင်တစ်ခုခုခံစားမှု့ တစ်ခုခု အကြောင်းတစ်ခုခုကြောင့် ကောက်ခါငင်ခါ ထ စွန့် လွှတ်မယ်တယ်ဆိုတာ အင်း..အင်း  လွှတ်ကြည့် ပါဦးပေါ့ ...ရုပ်ပစ္စည်းမပါပဲ စိတ်က လွတ်နေတာတော့  သူသူကိုယ်ကိုယ် လွယ်ထှာပေါ့ ....။....စွတ်လွှတ်တယ်ဆိုတာတကယ်တော့  စာထဲကလောက် လွယ်ပါဘူး.
..လွယ်တဲ့ နည်းက..အရင်လောက် ခပ်တင်းတင်းဆုတ်မထားတော့ ပဲ လောကဓံက လာလုတဲ့ အချိန် မလွှတ်ချင်လည်း လွှတ်ရမှာဆိုတော့  လွှတ်ရရင် လွယ်အောင် ဖွဖွလေးဆုတ်ထားနိုင်စိတ်ကလေးက စ ထရိမ်းရရင် ပိုလွယ်လောက်မယ်...အဲ့ လိုဆို လောလောဆယ် တစ်လငိုမိမဲ့ အစား တစ်ပတ်လောက်ပဲ မျက်ရည်ကျမှာဆိုတော့  စိတ်သက်သာတာပေါ့ ..နောက်ထပ် ငိငိ လို့ ရတာပေါ့ ...ငိငိ.
အစားထိုးလို့ ဘယ်ဟာမှမရ...
အစားထိုးလို့ ဘယ်ဟာမှမရ...
------------
သူတစ်ပါးအဆိုအမိန့် တွေကို ဒီအတိုင်းချည်းလက်ခံလိုက်ဖို့ ထက် တွေးစရာတွေ ဘာများရှိသေးလဲဆိုတာကို ဆက်တွေးတဲ့ အခါ....
စိတ်ရှည်ခြင်းကြောင့် ..
စိတ်ရှည်ခြင်းကြောင့် ..
-------
ဆိုပါတော့   အဓိပတိဖွား ဗုဒ္ဓဟူးသား အပါအ၀င်  ဗုဒ္ဓဟူးသားသမီး လူလွတ်ရော မိသားစုရော အဖိုရော အမရော စသဖြင့် နယ်ပယ်ပေါင်းစုံက လူတွေ  အင်္ဂါသက်ရောက်ဆိုတဲ့  နေရာအကွက်ကို အသက် ၂၄တွေ ၃၂တွေ ၄၀တွေ ၅၆ တွေစသဖြင့်  ဒီအသက်ပိုင်းတွေကို  ဖြတ်သွားကြတာ တစ်ပုံကြီးတွေ့ ခဲ့ တယ်...အဲ့ လူတွေကို ချက်လာတဲ့ အခါ  တစ်ချို့ က ဘ၀ပျက်တာ အကြီးအကျယ် ဒုက္ခရောက်သွားသူတွေ လျှောဘရားသားပြသွားတာတွေ အထိ ဖြစ်ပေမယ့် အများစုကတော့  လောကဓံကို ဒီလိုပဲ သူများတကာလိုပဲ ရင်ဆိုင်ဖြေရှင်းပြီး ကျော်လာကြတယ်...
''' ဗေဒင်ဆြာ့ တော်ကီ..'''
''' ဗေဒင်ဆြာ့ တော်ကီ..'''
--------
ဆြာ ကားဝယ်မို့ ...
-----
(တောက်တောက်တောက်..)..အင်း မ၀ယ်သင့် သေးဘူးဗျ...နောက်၂လလောက်စောင့် ပါလား..တွက်လို့ ရသလောက်တော့  မဂွတ်ဘူးလို့ အဖြေထွက်တယ်
--------------
ယတြာခြေပြီးဝယ်ရင်ရောဆြာ..
------------
အင်း..လုပ်ကြည့် ချင်လုပ်ကြည့် လေ ဒါပေမယ့်  ယတြာလုပ်လို့  ဂွတ်သွားမယ်လို့ တော့ အာမ မခံနိုင်ဘူး..အတွေ့ အကြုံတွေအရတော့ အခြေအနေဆိုးတွေကြုံတာထက်စာရင် သက်သာတယ်ဆိုတာလောက်တော့ ကြုံခဲ့ တယ်..
---------------
အင်းးးး....အာ့ ဆိုလည်း ..စောင့် လိုက်တာကောင်းပါတယ်...တက္ကစီတွေပေါတာပဲဟာ..
-------------
သဘောပါပဲဗျာ..
-------------------
((နောက်တစ်ပုံစံက..)))
--------
ဇွတ်ဝယ်မယ်ဗျာ...
--------
ဟားဟား..သဘောလေ...ကျနော့် ပိုက်ဆံမှ မဟုတ်တာ...ဘာမဖြစ်လည်း ကောင်းတာပဲ...တစ်ခုခုဖြစ်တော့ လည်း အဲ့ တော့ မှမီးစင်ကြည့် ကပေါ့ ..ဖြစ်မယ် မဖြစ်ဖူးတော့ ပြောနိုင်ပါဘူး...ဒါက ဗေဒင်ကပြတဲ့ ကိန်းပဲဟာ...
---------
(((( ညယ်....သူ့ တာဝန်လည်း ဘာမှ မရှိဘူးသလိုပဲ..ရှောင်လင်သိုင်းကျောင်ထွက်နဲ့ တူတယ် .ခ်ခ်..)
တစ်ခြမ်းပဲ့ သစ္စာသည်သာ..
တစ်ခြမ်းပဲ့ သစ္စာသည်သာ..
---------------------
သစ္စာတရားဆိုတာ စိတ်ကိစ္စ.....ကိုယ်ကချည်း သစ္စာတစ်ခြမ်းရှိနေတာက ကိုယ့် ရဲ့ မူပိုင်စိတ်ပဲ...ကိုယ့် သစ္စာတရား နဲ့ ကိုယ် တိုင်းထွာပြီး သူများက ကိုယ့် အပေါ် သစ္စာရှိလိမ့် မယ်လို့ တော့ တွက်မထားလေနဲ့  သူ့ စိတ်ကို ကိုယ်ပိုင်တာ မဟုတ်ဖူး သူ့ မိဘကတောင် သူ့ သားသမီးရဲ့ စိတ်ကို မပိုင်ဘူး..သူသစ္စာ မပျက်သေးဘူးဆိုရင် ကိုယ် ကံကောင်းနေသေးတယ်ပေါ့  သူသစ္စာမဲ့ ရင်တော့ ကံ ပဲ တတ်နိုင်ဘူး..ကိုယ်ကတော့  သစ္စာ မပျက်တတ်ပါဘူး ဆိုတာက ကိုယ့် စိတ်နဲ့ ကိုယ်သဘော...
လူကများများ
လူကများများ
------------
ကျနော် တစ်ချို့ ရင်းနှီးတဲ့ သူတွေ ဘော်ဒါတွေကို ပြောလေ့ ရှိတာက
ငါတွေ့ သလောက်ကတော
့ ဂြိုလ်က နဲနဲပါကွာ....လူ ကညော့ တာက ခပ်များများပါလို့ .....ဟီးဟီး..
'''တွေးပူကြံကြောက် လှည်းအောက်မနေသာ'''
 '''တွေးပူကြံကြောက် လှည်းအောက်မနေသာ'''
------------------------
ကုန်သည်မျိုးဖြစ်ရတာ အဲ့ ဒါတွေ ကောင်းတာ ရာသီပေါ်ဆို အိမ်ကို ဒေသထွက်တွေ ပို့ တော့ တာပဲ.အပြန်အလှန်မေတ္တာတရားတွေသဘောပေါ့  .ပြည်က မြကျောက်တွေ..သနပ်ခါးတုံးလိုပဲ တစ်လုံးချင်း သတင်းစာ စက္ကူနဲ့ တောင် ပတ်ပေးလိုက်သေးတယ်..လမ်းမှာ မပျော့ မပြဲပဲ ကောင်းကောင်းစားစေချင်တဲ့ အဖြစ်လေးတင်မဟုတ်တဲ့  စေတနာတွေ ပေါ်ချက်ပေါ့ ...အဲ့ မှာ အလိုလိုက်တာချင်းတူတူ ဒီကြောင်မလေးတစ်ကောင်က ချွန်ပြီး အခွင့် အရေးယူပုံက သူတစ်ကောင်ပဲ သရက်သီးပုံပေါ် တက်အိပ်နေလိုက်သေးတယ်...သရက်သီးခိုးက ပူတယ်ဆိုတော့ လေ...
ဒါနဲ့ ဆန်အိပ်တွေက များလှချည်လား လို့ မေးလိုက်တော့  ဆန်ဈေးတက်နေတယ်လေ လိုရမယ်ရတဲ့ ...အင်း..ရန်ကုန်နေတွေ စိတ်ပူချက်များ...လွယ်ပါဘူး..
စိတ်မြန် ကိုယ်မြန်ရှိလှတဲ့ အမျိုးတွေရဲ့  ဆိုရိုးစကားတောင် ရှိသေး ''' တွေးပူကြံကြောက် လှည်းအောက် မနေသာ''' တဲ့  တွေးပူတတ်လို့ ကတော့  ရိုးရိုး ဖုံထယုံ လေပြင်းလေး တိုက်လို့  လှည်းအောက်ခဏ ၀င်ခိုတာတောင် စိတ်ကမလုံရင် ခိုင်မာပြီးလေးလံလှတဲ့ လှည်းတောင် လုံခြုံတယ် ထင်မိပါဘူး..ဆိုပဲ..အာ့ မျိုးပေါ့  လမ်းထိပ်လေးသွားမို့  ဖိနပ်လေး ကောက်စွပ်မိယုံရှိသေး...ဟဲ့ ...ညနေစောင်းနေပြီ  ဘယ်သွားမို့ လဲ လို့ လှမ်းမေးတာ.
( စိတ်ပူတတ်လို့ ပါ စိတ်ပူတတ်လို့ ပါ ဒီမောင်လေး ဒီအကိုလေး တျောက်ထဲမို့ ပါ..  (>_<) )...ခိခိ...ဟီးဟီးးး
မာန်
မာန်
---
(နောက်တော့ အဲ့ သူငယ်ချင်းဆြာတော်ကြီးရဲ့ ဓမ္မတွေအောက်မှာ ပျော်ဝင်သွားပြီး စိတ်ပါလက်ပါ ကန်တော့ ခန်းဖြစ်သွားပါရောဗျား..).
''တစ်ခါတုန်းက သံစဉ်ဖြာခဲ့  လွမ်းလျက်ပါ လှိုင်နယ်မြေ....''
''တစ်ခါတုန်းက သံစဉ်ဖြာခဲ့ 
 လွမ်းလျက်ပါ လှိုင်နယ်မြေ....''
------------------------
၅တန်းကနေ ၁၀တန်းအထိက မြို့ ထဲ က ကျားသီးသန့် ကျောင်းမှာတက်ခဲ့ ရတော့ မ တွေနဲ့ ပတ်သက်လာရင် အနီးက် စကားပြောရမှာ ရှက်တတ်နေသေးပြီး...မရဲတင်းပဲဖြစ်နေတာလေးက အာစီတူးတက်စ ပထမပိုင်းလတွေအထိ ဖြစ်နေဆဲပေါ့ ဗျာ....၊ နောက်တော့ တစ်ခြားမေဂျာက သူငယ်ချင်းမလေးတွေ အုပ်စု နဲ့ ကျနော်တို့ မေဂျာက သိပ်ရင်းသွားတဲ့ သူငယ်ချင်းအုပ်စု ၂ စု အုပ်စုတွေ ဂလောင်ကျရင်း အဖွဲ့ ကျမိပြီး အဲ့ မှာ စတိတ်က ငယ်ပေါင်းတွေလို သိပ်ရင်းသွားကြတယ်
...ပြောမနာဆိုမနာနဲ့  ပွင့် လင်းကုန်ကြပြီး သူ့ ဘ၀ဇာတ်ကြောင်း ကိုယ်ဘ၀ အထွေထွေတွေ လျို့ ဝှက်စရာ အတွင်းရေး မရှိတွေဖြစ်လို့ ပေါ့ ..နဂိုကကို အရယ်သန်တဲ့ သူငယ်ချင်းမလေးတွေနဲ့  ရွှတ်နောက်နောက် သူငယ်ချင်းတွေ ပူးမိသွားတဲ့ အခါ မေဂျာတွဲတွေတော့ မတူကြဘူးဆိုတဲ့ စည်းဆိုတာ ခြားနားခြင်းသဘောတွေကနေ ကျော်ထွက်လာကြတယ်...ဟိုသွား ဒီစား ဟိုပြောင်ဒီနောက် ကိုယ့် ပိုက်ဆံကိုယ်သုံး သူ့ ပိုက်ဆံ ကိုယ်ယူသုံး နဲ့  ( ကျားတွေကချည်း ချေးပါဟယ် ဆိုပြီး ယူသုံးတာများလို့ ပါ ဟီးဟီး..)..ပျော်စရာလူအုပ်လေး တစ်စုဖြစ်ခဲ့ တာ သိပ်လွမ်းစရာကောင်းတဲ့ ကာလတွေပေါ့ ဗျာ....
ပေတံတွေကလည်း များပြားတယ်
ပေတံတွေကလည်း များပြားတယ်
--------------
လူ့ စိတ်သဘာဝဟာ ထင်တာထက် ထွေပြားတယ်.ဆိုပါတော့  ထမင်းစားတာဟာ ခွန်အားဖြစ် ဗိုက်ပြည့် ယုံ အကျိုးသက်သက်အတွက် စားကြတဲ သူတွေချည်း မဟုတ်ပဲ မစားဘူးသူ ဥပမာ ဂျုံအဓိက အားပြုစားတဲ့  အနောက်သားတွေတစ်ချို့ က ထမင်းဆိုတာကို ဘယ်လို အရသာပါလိမ့် ဆိုပြီး တစ်ခါတစ်လေ သိချင်စိတ်ကြောင့်  စားကြည့် တာ စားဘူးကြည့် ချင်လို့  စားကြည့် တာ ဇိမ်ခံစားစရာအဖြစ်စားကြည့် ကြတာမျိုး စသဖြင့်  ထမင်းလေးစားတာတောင် ရည်ရွယ်ချက် မျိုးစုံသမားတွေလည်းရှိတယ်..