'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, May 18, 2015
လက်တွေ့ ဘ၀မှာ...
လက်တွေ့ ဘ၀မှာ...
---
တကယ့် အရေးမှာ သမားရိုးကျ လူ တွေသဘောအရ လက်တွေ့ ဘ၀ ဖြစ်တည်နေမှု့  သဘော ခံစားမှု့ တွေနဲ့ သာ ဘ၀ကို သွားကြတာများတယ်...သဘောက အကောင်းမြင်တယ် အဆိုးမြင်တယ် အကောင်းဘက်က မြင်ပေးတယ်ဆိုတာတွေကို စကားဥပမာတွေ မျိုးစုံပေးပြီး ထိုင်ပြောလို့ ရတယ်..ဆိုပါတော့  လူသတ်တာတောင် သတ်သင့် တယ်ဖက်က ထိုင်ပြီးပြောရင် ပါလာမယ့် သူတွေတစ်ပုံကြီးဖြစ်သွားအောင်ပြောလို့ ရသလိုပဲ...ဘာကြောင့် နဲ့ မှ မသတ်သင့် ပါဘူးဆိုပြီး ထိုင်ပြီး ဥပမာမျိုးစုံနဲ့ ပြောရင်လည်း ကျသွားမယ့် လူတွေ တစ်ပုံကြီးပဲ...ဘယ်လိုတွေ ပြောပြထားထား လက်တွေ့ ဘ၀မှာ ကြုံတွေ့ လာရမယ့် အခြေအနေတစ်ခု ဘယ်လိုဆုံးဖြတ်လုပ်မလဲဆိုတာ အဲ့  သူဟာ သူ့ ခံစားမှု့ ဝေဒနာတစ်ခုခုကို ဘယ်လို ခံစားမလဲဆိုတာက စကားပိုပြောသွားတာများတယ်.
ဒါကြောင့်  သာမန်အနေအထားမှာ ကိုယ့် သေးကို ကိုယ်ပြန်သောက်ဖို့  နေနေသာသာ မတော်တဆ သေးစိုသွားရင်တောင် ရွံသလိုလို ဖြစ်တတ်ကြပေမယ့် ငလျင်လှုပ် တိုက်ပြိုပြီး အကျိုးအပဲ့ တွေ အောက်ရောက်နေတဲ့ ဘ၀မှာ သောက်စရာ ရေမရှိတော့ လို့ ကိုယ့် သေးကိုယ်ပြန်ပြီး ရေ အငတ်ပြေ သောက်ခဲ့ ရတယ်ဆိုတဲ့ အဖြစ်တွေ ကြားခဲ့ ရတဲ့ သဘောပဲ...ဘ၀ဖြစ်တည်မှု့  ရပ်တည်မှု့ ကို ထိခိုက်လာပြီဆိုရင် တော်ယုံစိတ်သမာဓိနဲ့ တော်ယုံ စိတ်ဓါတ်ကြံ့ ခိုက်မှု့ နဲ့ မသင့် တော်ဘူး ဆိုတဲ့ အသိတရားတွေ မကောင်းဘူးလို့ ထင်နေတဲ့ အပြုအမူတွေကို မလုပ်မိ မပြုမိအောင်တွန်းလှန်ရခက်တယ်..
ခက်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့  အပိတ်စကား သဘောလို့ မယူဆနိင်သေးပဲ ကြိုးစား ကျော်လွှားတွန်းလှန်နိုင်ခွင့် ရှိသေးတယ်.တစ်ချို့ သူတွေဟာ သူတို့ ယူဆထားတဲ့  မသင့် တော်ဆိုတဲ့  အနေအထားတစ်ခုကို အသက်နဲ့ လဲပြီး ဘာအကြောင်းနဲ့ မှ မပြုမူမိအောင် ကျင့် ကြံနေထိုင်သွားတာတွေ အများကြီးရှိခဲ့ တယ်

ကွမ်းတယာရဲ့ ဘ၀ဖြစ်တည်မှု့ ..
ကွမ်းတယာရဲ့ ဘ၀ဖြစ်တည်မှု့ ..
----------
တက္ကစီကား မောင်းစားဘူးတုန်းကတည်းက ကွမ်းယာဝါးတတ်သွားတယ်.....၊ ကားမောင်းစမှာ ခရီးသည်တွေဆီက ပါးစပ်ရဲရဲ နဲ့  ပိုက်ဆံတောင်းရဲအောင်ရယ် ကွမ်းဝါးရင်းကားမောင်းရတာဟာ ဖီလင်တစ်မျိုးလေးလာနေတာရယ် တစ်ခုခုမှ ခပ်ထွေထွေလေး ဖြစ်မနေရင် ဘာလိုနေမှန်းမသိတာရယ် တစ်ခုခု မှ မကောင်းမှု့ မလုပ်ရရင် စိတ်မရွှင်တာတွေရယ် ယောက်ျားတစ်ယောက် ကွမ်းဝါးတာဟာ အရွယ်ရောက်လူကြီးဖြစ်နေပြီလို့ ထင်နေမိတာရယ်ပါင်းပြီး အကြောင်းပြချက်မျိုးစုံနဲ့  ကွမ်းယာကို ၀ါးဖြစ်ခဲ့ တယ်ပဲဆိုပါတော့ ....ပါးပေါက်နိုင်တာတွေ ကင်ဆာဖြစ်နိုင်တာတွေ သိပေမယ့် လည်း လူဆိုတာ ဒုက္ခ တကယ် မဖြစ်မချင်း နောင်ဘ၀မှာ ငရဲကျမယ်ဆိုတာတောင် တကယ်မကျမချင်း. မကြောက် တတ်သေးပါဘူး. .ပညာပေးတွေလောက်တော့  ကွမ်းယာကြောင့်  ပါးစပ်ကင်ဆာဖြစ်မယ်လို့ ပုံပြတွေ ပြောတာ ခြောက်တာလောက်တော့  ပါးပါးလေးသဘောပါပေါ့ ...
ဟိုတစ်နေ့ ကတော့  ကွမ်းဝါးရင်းအတွေးတစ်ချက်ဝင်လာပုံက ကွမ်းတယာဘ၀ဖြစ်လာဖို့ မှာ ကွမ်းရွက်ရယ် ၊ ကွမ်းသီးရယ်၊ ထုံးရယ် သုံးမျိုးဟာ အခြေခံအကျဆုံးပစ္စည်းသုံးမျိုးလို့ တွေးထုတ်လို့ ရလိုက်တယ်..၊ အဲ့ ဒီမှာမှ ဘယ်လောက်တောင် မဆီမဆိုင်ပစ္စည်းသုံးမျိုးဖြစ်သလဲဆိုရင် ကွမ်းရွက်ပင်ရဲ့ သဘောဟာ နွယ်ပင်လို သဘောသာဖြစ်ပြီး သူနဲ့ ဆင်တူအပင်တွေ အရွက်တွေက တစ်ပုံကြီးပေါ့ ...ကွမ်းသီးရဲ့  လာရာလမ်းဟာတော့  အုန်းပင်လို အပင်ရှည်အမျိုးအစားဖြစ်တယ် အခွံပွတွေဖုံးအုပ်ထားတဲ့  အုန်းသီးလို အသီးမာအုပ်စုဝင်ဖြစ်တယ်....ဒီလို ဘာမှမဆိုင်တဲ့  သီးခြား အပင်အမျိုးအစား ၂ခုပေါင်းပြီး ရောပြီး ၀ါးစရာပစ္စည်းတစ်ခုခုဖြစ်လာဖို့ ဆိုတာတော်တော်လေးကိုမှ ခဲယဉ်းတဲ့ သဘောရှိတယ်..
ဒါထက်ပို အံ့ ဖွယ်ဖြစ်ရတာက သစ်ပင်နွယ်ပင် သဘောတွေ နဲ့ ဘာမှမဆိုင် ရုပ်ပစ္စည်း သက်သက်မျှသာဖြစ်တဲ့  သူ့ ချည်းပဲဆို စားစရာလည်း မဟုတ်တဲ့ မြေကြီးသားအနွယ်ဝင် ''ထုံး '' ဆိုတဲ့  အရာဝတ္ထုဟာ ကွမ်းရွက်တွေ ကွမ်းသီးတွေနဲ့  သွားပေါင်းစပ်ခံလိုက်ရပြီး လူ့ ပါးစပ်ထဲမှာ ၀ါးစရာ ပစ္စည်း အဖွဲ့ ဝင်ဖြစ်သွားတာဟာ တော့် တော်လေးတော့  အံ့ ဖွယ်သုတဖြစ်စရာ ကောင်းလောက်တယ်ပေါ့ .....
ဒီလို လာရာလမ်းကြောင်း သဘောတွေ အတော့် ကို မတူတဲ့  တစ်ခုချင်းစီ သူ့ သဘာဝနဲ့ သူ သူ့ သတ္တိနဲ့ သူနေတဲ့  ပစ္စည်း သုံးမျိုးကို စုစည်းလိုက်ပြီး ပါးစပ်ထဲထည့် ဝါးစရာပစ္စည်းအဖြစ်ဖန်တီးလိုက်တဲ့  လူတွေရဲ့  ဥာဏ်တွေ စဉ်းစားတွေးခေါ်ပုံတွေ စပ်စုလှပုံတွေ စမ်းသတ်လေ့ လာပုံတွေ ကြံကြံဖန်ဖန် လုပ်စားတတ်ပုံတွေဟာ အတော်တော့  အံ့ သြစရာကောင်းတယ်လို့ ...ကွမ်းဝါးရင်း...အနားက ထွေးခံထဲကို...'' ဗျစ် '' ဆိုပြီး......ငိငိ လိုက်ပါတယ်......ခ်ခ်

Subscribe to:
Posts (Atom)