---
တကယ့် အရေးမှာ သမားရိုးကျ လူ တွေသဘောအရ လက်တွေ့ ဘ၀ ဖြစ်တည်နေမှု့  သဘော ခံစားမှု့ တွေနဲ့ သာ ဘ၀ကို သွားကြတာများတယ်...သဘောက အကောင်းမြင်တယ် အဆိုးမြင်တယ် အကောင်းဘက်က မြင်ပေးတယ်ဆိုတာတွေကို စကားဥပမာတွေ မျိုးစုံပေးပြီး ထိုင်ပြောလို့ ရတယ်..ဆိုပါတော့  လူသတ်တာတောင် သတ်သင့် တယ်ဖက်က ထိုင်ပြီးပြောရင် ပါလာမယ့် သူတွေတစ်ပုံကြီးဖြစ်သွားအောင်ပြောလို့ ရသလိုပဲ...ဘာကြောင့် နဲ့ မှ မသတ်သင့် ပါဘူးဆိုပြီး ထိုင်ပြီး ဥပမာမျိုးစုံနဲ့ ပြောရင်လည်း ကျသွားမယ့် လူတွေ တစ်ပုံကြီးပဲ...ဘယ်လိုတွေ ပြောပြထားထား လက်တွေ့ ဘ၀မှာ ကြုံတွေ့ လာရမယ့် အခြေအနေတစ်ခု ဘယ်လိုဆုံးဖြတ်လုပ်မလဲဆိုတာ အဲ့  သူဟာ သူ့ ခံစားမှု့ ဝေဒနာတစ်ခုခုကို ဘယ်လို ခံစားမလဲဆိုတာက စကားပိုပြောသွားတာများတယ်.
ဒါကြောင့်  သာမန်အနေအထားမှာ ကိုယ့် သေးကို ကိုယ်ပြန်သောက်ဖို့  နေနေသာသာ မတော်တဆ သေးစိုသွားရင်တောင် ရွံသလိုလို ဖြစ်တတ်ကြပေမယ့် ငလျင်လှုပ် တိုက်ပြိုပြီး အကျိုးအပဲ့ တွေ အောက်ရောက်နေတဲ့ ဘ၀မှာ သောက်စရာ ရေမရှိတော့ လို့ ကိုယ့် သေးကိုယ်ပြန်ပြီး ရေ အငတ်ပြေ သောက်ခဲ့ ရတယ်ဆိုတဲ့ အဖြစ်တွေ ကြားခဲ့ ရတဲ့ သဘောပဲ...ဘ၀ဖြစ်တည်မှု့  ရပ်တည်မှု့ ကို ထိခိုက်လာပြီဆိုရင် တော်ယုံစိတ်သမာဓိနဲ့ တော်ယုံ စိတ်ဓါတ်ကြံ့ ခိုက်မှု့ နဲ့ မသင့် တော်ဘူး ဆိုတဲ့ အသိတရားတွေ မကောင်းဘူးလို့ ထင်နေတဲ့ အပြုအမူတွေကို မလုပ်မိ မပြုမိအောင်တွန်းလှန်ရခက်တယ်..
ခက်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့  အပိတ်စကား သဘောလို့ မယူဆနိင်သေးပဲ ကြိုးစား ကျော်လွှားတွန်းလှန်နိုင်ခွင့် ရှိသေးတယ်.တစ်ချို့ သူတွေဟာ သူတို့ ယူဆထားတဲ့  မသင့် တော်ဆိုတဲ့  အနေအထားတစ်ခုကို အသက်နဲ့ လဲပြီး ဘာအကြောင်းနဲ့ မှ မပြုမူမိအောင် ကျင့် ကြံနေထိုင်သွားတာတွေ အများကြီးရှိခဲ့ တယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..