ကမ္ဘာမြေကို မီးလောင်တိုက်မသွင်းခဲ့ သူ...၂
------------------------
ကိုယ့် ဘ၀တစ်ခုဖြစ်တည်ခဲ့ ပြီး လာရာလမ်းကို ပြန်ငဲ့ ကြည့် တဲ့ အခါ ကျေနပ်စရာကောင်းတဲ့  အချက်က...........
ကိုယ့် ဘ၀အတွက် ကျေးဇူးကြီးတဲ့  ကျေးဇူးရှင် မိဘ ၂ ပါးဟာ သူတို့ ဖြစ်တည် ရှင်သန်ခဲ့ တဲ့  လူ့ အဖွဲ့ အစည်းနဲ သူတို့  သက်ဝင်လှုပ်ရှားခဲ့ တဲ့ ကမ္ဘာမြေကို မီးလောင်းတိုက်သွင်းခဲ့ သူတွေ
မဟုတ်ခဲ့ ကြဘူး ဆိုတဲ့  အချက်ပါပဲ....
ဒီအချက်က ကိုယ့် ဘ၀ဖြစ်တည်မှု့ တွေမှာ ဘယ်လောက်ပဲ ဒုက္ခတရားတွေရင်ဆိုင်ရပါစေ ကိုယ့် နှလုံးသားဟာ ကိုယ့် ကျေးဇူးရှင်တွေ အကြောင်းတွေကို တွေးမိလိုက်တိုင်း ကိုယ့် စိတ်ကို
ဘယ်လောက်များ ရွှင်လန်းအားရသွားစေပါသလဲလေ......
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, July 25, 2015
ဒုတိယမြောက် သစ်ခုတ်သမား

ဒုတိယမြောက် သစ်ခုတ်သမား
-------------------
တစ်ခါက အားအင်ကြီးမားပြီး ဗလတောင့် လို့  သစ်ပင်တွေ အများကြီးခုတ်နိုင်တယ်လို့  နာမည်ရနေတဲ့ သစ်ခုတ်သမား တစ်ယောက်ဟာ သူ မူလလုပ်နေတဲ့  သစ်ကုမ္ပဏီတစ်ခုက လူမွဲစာရင်းခံသွားလို့  အလုပ်ပြုတ်သွားတာနဲ့  နောက်ထပ် သစ်ကုမ္ပဏီတစ်ခုက သူဌေးဆီမှာ အလုပ်သွားတောင်းပါတယ်....
သူဌေးက သူ့ ရဲ့ ဗလနဲ့ အားအင်ကို အသေအခြာအကဲခတ်လိုက်ရာက စိတ်ကူးတစ်မျိုးပေါက်သွားပြီး သူဖြစ်ချင်တဲ့  စတိုင်ကို သစ်ခုတ်သမားကို စကား အနည်းငယ်ပြောကြည့် လိုက်တဲ့ အခါ သစ်ခုတ်သမားက သဘောတူလိုက်ပါတယ်...
အချိန်
အချိန်
--
တစ်ချို့ တစ်ကြောင်း တစ်ဂါထာမျှဖြင့်  အလုပ်ဖြစ်သွားတတ်ကြသော်လည်း...
အနော်မူကား စီဒီခွေအကြိမ်ပေါင်း ရာချီနားထောင်ခဲ့ ပြီးသော်လည်း
မာယာတောမှာ သာမောဝေစီလျက်...။
တစ်ချို့  တစ်ကြိမ်တစ်ခါမျှ အိုနာသေ တွေ့ ယုံမျှဖြင့် အလုပ်ဖြစ်သွားတတ်ကြသော်လည်း...
အနော်မူကား အိုနာသေပေါင်း ရာထောင်ချီ မြင်ခဲ့ သော်ငြား...
မှော်ရုံတောမှာ ဒရွတ်ဆွဲ မျောပါလျက်...။

' ဖုန်းဆိုးတော....''
' ဖုန်းဆိုးတော....''
-----------
လေတစ်လုံး မိုးတစ်ပေါက်တွေနဲ့ 
လေလုံးတွေသာ လေလုံးတွေဖြစ်ခဲ့ ကြရင်း....
အဆုံးသတ်တော့ 
ဘယ်ဝါဒ ဘယ်အယူကမှသာ
အဆုံးသတ်
အောင်ပွဲ မခံနိုင်ခဲ့ ကြတာ ။
မိသားစုတွေ မိတ်ဆွေတွေ
ချစ်သူတွေ ခင်သူတွေ
မိတွေ ဘတွေ အဖိုးတွေ အဖွားတွေ
ညီရင်းအစ်ကိုတွေ မောင်ရင်းနှမတွေ
သားတွေသမီးတွေ မြေးတွေမြစ်တွေ
ဘကြီးဘဒွေးတွေ ဦးကြီး ဒေါ်ကြီးတွေ
ဘ၀တွေ ဘ၀တွေ ဘ၀တွေ
လမ်းခုလတ်မှာ
အဆုံးသတ်ခဲ့ တာတော့ 
မနဲမနောနဲ့ ပဲ....
သွေးတောမျက်ရည်တော
မိဘမဲ့ တော မိသားစုမဲ့ တော
အိမ်မဲ့ တော အိုးမဲ့ တော
မုဆိုးမတော မုဆိုးဖိုတော
သားပျောက်တော သမီးပျောက်တော
မြေးပျောက်တော မြစ်ပျောက်တော
အဖိုးပျောက်တော အဖွားပျောက်တော
လယ်ပျောက်တော ယာပျောက်တော
အနာဂတ်မဲ့ တောတွေကတော့ 
တစ်တောပြီး တစ်တော
တစ်တောပြီးတစ်တော နဲ့ 
အတော မသတ်နိုင်လောက်အောင်
လေတစ်လုံး မိုးတစ်ပေါက်တွေအောက်မှာ
တောကိုထလို့  ....
တောထချက်က
ဖုန်းဆိုးတောကြီး ဖြစ်မှန်းမသိဖြစ်ခဲ့ ပြီ.။ ။

အချစ်ဟာ ဟိုး.....အဝေးကြီးမှာ....
အချစ်ဟာ ဟိုး.....အဝေးကြီးမှာ....
-----
''နှစ်ဖက်သော မိဘမောင်နှစ်မတွေကို ဆန့် ကျင်ပြီး နှစ်ယောက်သား
တွဲလက်တွေကို မြဲအောင် တင်းတင်းဆုပ်ကိုင်ရင်း...
လက်တွဲခဲ့ ကြတာပါလို့ ဆိုလာရင်တောင်
မိန်းမတစ်ယောက်ရဲ့  ဆန့် ကျင် စွန့် စားခဲ့ ရမှု့ က
ပိုသာနေလောက်မှာပါဆိုတာကို
နားလည်လိုက်တဲ့ အချိန်မှာ
အချစ်ဟာ ဟိုး.....အဝေးကြီးမှာ......''

အဖန်ဖန်..
အဖန်ဖန်..
------
''မင့် ကို..
တစ်ခါ လွမ်းမိတိုင်း
တစ်ခါသေခဲ့ ရင်
ငါလေ အဖန်ဖန်သေခဲ့ ပြီးပြီပေါ့ နင်..''...။
------
''မင့် ကို..
တစ်ခါ လွမ်းမိတိုင်း
တစ်ခါသေခဲ့ ရင်
ငါလေ အဖန်ဖန်သေခဲ့ ပြီးပြီပေါ့ နင်..''...။
ခရီးနှင်ခဲ့ ရင်း.....
အလိုပြည့် တာတွေပြည့် ၍
အလိုမပြည့် တာတွေလည်း မပြည့် ဖြင့် 
ခရီးနှင်ခဲ့ ရင်း.....
အချိန်တစ်ခုရောက်သော်
အသီးသီး အသက အသက
သေဆုံးသွားကြလေကုန်၏..။
အလိုမပြည့် တာတွေလည်း မပြည့် ဖြင့် 
ခရီးနှင်ခဲ့ ရင်း.....
အချိန်တစ်ခုရောက်သော်
အသီးသီး အသက အသက
သေဆုံးသွားကြလေကုန်၏..။
''''ဆိုက္ကားသမား (၀ါ) ဆိုက္ကားဆရာ နဲ့ ပေါင်းရင်ပဲ ခွေးဖြစ်တော့ မဲ့ အတိုင်း....'''
''''ဆိုက္ကားသမား (၀ါ) ဆိုက္ကားဆရာ နဲ့ ပေါင်းရင်ပဲ ခွေးဖြစ်တော့ မဲ့ အတိုင်း....'''
----------------------------------
ရှေ့ စကား နောက်စကား မညီဆုံးသဘောတွေကို သိပ်ပြောတတ်ကြတဲ့ လူတွေပေါ့ ....
''''အလုပ်ဟူသမျှ ဂုဏ်ရှိစွ ''' ဆိုပဲ...ခပ်တည်တည်ပဲ ဆောင်ပုဒ်တွေဘာတွေ ထုတ်ပြလိုက်
သေးပေါ့ ..
ဘယ်အလုပ်မျိုးက ဂုဏ်ရှိသလဲတော့  မပါဘူး ရောသုတ်လေးပေါ့ .ခိုင်းချင်တဲ့ အခါ သုံးဖို့ စာချိုးလုပ်ပြီး ထွင်ထားတာမျိုးနဲ့ တူတယ် ..ပြီးတော့ မှ သထိမ်းကို အမွှန်းတင်ချင်တော့ 

'''တစ်ခါတစ်ရံ ဘ၀တွေဟာ......'''
'''တစ်ခါတစ်ရံ ဘ၀တွေဟာ......'''
-----------
အခုအထိ လမ်းထဲ လာဆဲ အလှုခံ ဘကြီးကို လာတိုင်း ၂၀၀တန်တစ်ရွက် ထွက်လှုဖြစ်နေဆဲပါပဲ....အဲ့ ဘကြီးရဲ့  အသက်က အနဲဆုံး ၇၀ အထက်မှာ ရှိလောက်ပြီ လက်လျှို စတီး တုတ်ကောက်တစ်ချောင်းနဲ့ ပါအဲ့ အဘကြီး လမ်းထဲကို လာတာ ခန့် မှန်းချက်အရ...အနဲဆုံး ၅နှစ်ကနေ ၇ နှစ် ၀န်းကျင်ရှိခဲ့ ပါပြီ ဒီ့ ထက် ပိုကောင်းပိုနိုင်ပါသေးတယ်...တစ်ခါတစ်ရံ ၃လ၄လလောက် ပျောက်နေတတ်ပြီတစ်ခါတစ်လေတော့  တစ်ပတ်အတွင်း ၂ ခါလောက် ၀င်လာ အလှုခံတတ်ပါတယ်...

'''ငိုပွဲ...''
'''ငိုပွဲ...''
-----------
ဘ၀ခရီးမှာ စိတ်ထားရင့် ကျက်သူတွေ စိတ်ထားနူးညံ့ သူတွေ မေတ္တာတရားကြီးသူတွေ ခွင့် လွှတ်လွယ်တတ်သူတွေ အညှိုးအတေးမထားသူတွေ ဒဏ်ရာတွေကို မြိုချပြီး ခွန်အားအဖြစ် ပြောင်းလဲပစ်တတ်သူတွေ လောကဓံတရားဆိုးကို အံ့ တုရင်ဆိုင်နိုင်စွမ်းရှိသူတွေနဲ့  ဆုံဆည်းခဲ့ ရတာဟာ အတော့် ကို ကံကောင်းလှပါတယ်
သူတို့ တွေဆီကနေ ကိုယ့် ဘ၀ခရီးအတွက် ဘ၀နေနည်းတွေ အများကြီးသင်ယူခွင့် ရခဲ့ သလိုမျိုးပါပဲ...

Subscribe to:
Posts (Atom)