
သုံးတန်ပေါ်နိစ် ဘက်က တနင်္လာသက်ရောက်..(ပညာသဘောဆိုင်ရာပါ)
-------
အခုပြတာ ယတြာပေးကြပုံ နဲ့  ကံတိုက်ဆိုင်တဲ့ အခါ ကြုံတတ်ပုံကို သုံးတန်ပေါ်နိစ်တိုင်ဘက်ကနေ အပေါ်သုံးလုံး သဘောကို တနင်္လာသက်ရောက်နဲ့ ဥပမာပြတာ....တနင်္လာသက်ရောက်မှာ သုံးတန်ပေါ်နိစ်တိုင်သဘောအရ အ၀င်ကောင်း ဆိုတာနဲ့  အပေါ်သုံးလုံးက ( ၀၁၂) (သို့ ) ( ၇၁၂ )တိုင်.တဲ့  စနေနံ၊တနင်္ဂနွေနံ၊ တနလာင်္နံ တွေပေါ့ ..
အခွဲ..
-----
ဘယ်သူမဆို တနင်္လာသက်ရောက်ဖြတ်ရင်( လစိတ်လည်းအတူတူပဲ) (တနင်္လာနံ) ငွေဝင်လွယ်တယ် ကား.၀င်လွယ်တယ် ပေါ့ လေ (ကြောင်လေးတွေ ငါးလေးတွေ ငွေဟမ်းချိမ်းလေးငွေဆွဲကြိုး ငွေယွန်းထည်လေးလောက် လက်ဆောင်ရတော့  ငွေများများ လိုချင်သူအဖို့  ဒါလောက်လေး နဲ့ ကျိမ်းကြေသွားတယ်လို့ ပြောတယ်) (စနေ) နံဝင်လွယ်တယ် ထီတို့ ဖိနပ်တို့  အထည်မျိုးစုံတို့  လက်ဆောင်ရတာမျိုး ထီပေါက်တာမျိုးကို ဆိုလိုတာ ၊ ငွေအ၀င်လွယ်တဲ့ ကံအရရော စနေနံအ၀င်လွယ်တာရောမို့  တနင်္လာသက်ရောက်ကို ထီပေါက်သလို ငွေများများရတတ်တဲ့ (ချဲပေါက်လို့ ထောသွားတာမျိုး လောင်းကစားတစ်ခုခုကနေ ထောသွားတာမျိုး..) သက်ရောက်လို့ ပြောတာ....ဒါက တနင်္လာနံ နဲ့  စနေနံကို တစ်နံချင်းစီ သီးခြားပြောတာ..လူတနင်္လာသားသမီး လူ စနေသားသမီးတွေလည်း ညအိပ်လအိပ် ၀င်လာတတ်တယ် အဲဒီ့  တနင်္လာသက်ရောက်အတွင်း တနင်္လာနဲ့ စနေသားသမီးတွေနဲ့  ပူးပြီးအလုပ်လုပ်ရင် ဂွတ်တယ်ပေါ့ လေ..နေနေကျကိုယ့် နေရာ ကိုယ့် အိမ် ကနေ တနင်္လာထောင့် ဖက် သီးသန့် အရပ် စနေထောင့် သီးသန့် အရပ် ခရီးထွက်လည်း ရပါတယ်တဲ့ ဒါက ဗေဒင်ကို လျှာရှည်အောင် တော်ကီထုချင်ရင် တနင်္လာနဲ့ စနေနံအကြောင်း တွေကို တစ်နံချင်း ခွဲပြီး ဇာချဲ့ ပြီး ပြောတဲ့ သဘောတွေပါ...