'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, March 6, 2015
ဆေးပေါင်းခနေရင် ဘုရားကုတွဲ
ဆေးပေါင်းခနေရင် ဘုရားကုတွဲ
----------
ကြုံတတ်ပါတယ် ကြုံလည်းကြုံရပါတယ်..ကျမ္မာရေးတစ်ခုခုဟာ ဖြစ်ရိုးဖြစ်စဉ်အချိန်တွေထက် မပျောက်မပျောက်နဲ့ ကြာမြင့် လာပြီး ဆေးပညာအရရော လောကီတွက်ရိုးတွေအရရော သူ့ အနေအထိုင်အစားအသောက်တွေပုံစံအရရော ကိုယ့် ဥာဏ်မီသလောက်ရော မယ်မယ်ရရ အပြစ်ဆိုလောက်စရာရှာမတွေ့ တော့ တဲ့ အခါ ဘုရားကုနဲ့ တွဲလိုက်ရပါတော့ တယ် အဲ့ တော့ မှ ခပ်သုပ်သုပ်လေးပျောက်ကင်းသွားတာတွေရှိတာ တွေ့ ရလေ့ ရှိပါတယ်...
အဲ့ ဒီလိုကြုံခဲ့ ဖူးတဲ့ အဖြစ်များစွာထဲက တစ်ခုက အသက် ၅၀ကျော်ပြီဖြစ်တဲ့ သုညကြွင်း အင်္ဂါ မရဏဖွား အပျိုကြီးတစ်ယောက် ဟာ နှစ်နဲ့ ချီပြီး လည်ချောင်းနာနေတာ အနောက်တိုင်းရော အရှေ့ တိုင်းနည်းတွေရော ဆေးမြီးတိုတွေပါမကျန် ဆေးပေါင်းခနေပြီလို့ ဆိုပါတယ်...လည်ချောင်းနာတယ်
ဆိုတာ လည်ချောင်းကနာတာလား အာခေါင်က နာနေတာလားလို့  ကွဲအောင်မေးတော့  အာခေါင်ကမနာ ကြွက်သားတွေနာနေတာလို့ ဆိုပါတယ်
သူစိုးရိမ်တာက လည်ချောင်းကင်ဆာဖြစ်မှာကိုလို့ ဆိုပါတယ်..လည်ချောင်းကင်ဆာသာဆိုရင် ဒီလို နှစ်ပေါက်အထိနာနေမှာ မဟုတ်ပဲ လပိုင်းအတွင်းပြဿနာဖြစ်လာတတ်လို့  ဒီလိုနာနေပုံမျိုးနဲ့ ဆို ဒီကို ဗေဒင်လာမေးနိုင်ဖို့ နေနေသာသာ အခုဆို အရိုး ဆွေးနေလောက်ပြီပေါ့ လို့ ပြန်ပြောရင် သိုက်ရွိုက်တွေရောင်တာမျိုးရောစစ်ဆေးကြည့် သေးလားဆိုတော့  စစ်ပြီးကြာင်း မဟုတ်ပါကြောင်းပေါ့ ...
''ကံမကောင်းလွန်းတဲ့ အခါ...''
ကံမျက်နှာသာမပေးသေးချိန်မှာ ကွကိုယ် ဂိချင်တဲ့ နည်းနဲ့ ဂိ ပစ်ဖို့ စိတ်ကူးရတာတောင် အဆင်မပြေဘူး ဖြစ်နေတတ်တယ်...
ရင်းနှီးမှု့ ကို အလွဲသုံးစားအလုပ်ခံရတဲ့ အခါ....
ရင်းနှီးမှု့ ကို အလွဲသုံးစားအလုပ်ခံရတဲ့ အခါ....
----------
ဖြစ်ရပ်မှန်ဆိုတဲ့  အမေရိကန်ရုပ်ရှင်ကားတစ်ကား ကြည့် ခဲ့ ရတယ်..ဇာတ်လမ်းအနှစ်ချုပ်က အမေရိကန်မလေးတစ်ယောက်ဟာ တိုးခရီးစဉ်လှည့် ပတ်သွားရင် ခပ်ဖြောင့် ဖြောင့် နဲ့ အပြောကောင်းတဲ့ ကိုလံဘီယာသားတစ်ယောက်နဲ့ တွေ့ ပြီး ကြွေသွားခဲ့ ရတယ်၊ စိတ်လွတ်သွားလို့ ကြွေသွားပေမယ့်  အမေရိကားမှာ သူ့ နဂိုအတူနေချစ်သူကရှိခဲ့ ပြီးသားပါ၊နောက်တော့ ကိုလံဘီယာကိုလိုက်လည်ဖို့ ခေါ်တာနဲ့ ပါသွားရင်းအတူပျော်ခဲ့ ကြတယ်၊ နောက်တော့  အလုပ်က ခွင့် ရက်စေ့ လို့ အမေရိကားကိုပြန်ချိန်မှာ သူ့ ရီစားသစ်ကိုလံဘီယာသားလည်း အတူလိုက်ခဲ့ မယ်ပေါ့ လေ။ လိုအပ်တဲ ဗီဇာတွေကို အမေရိကန်မလေး က လုပ်ပေးခဲ့ တယ်၊ တစ်နေရာစီ နေကြတာဖြစ်လို့ လေဆိပ်မှာချိန်းတယ်၊ လေဆိပ်မရောက်ခင်လမ်းက အိမ်တစ်အိမ်မှာ ခရီးဆောင်သေတ္တာလေး တစ်လုံးဝင်ယူလာခဲ့ ပါလို့  မှာတာနဲ့ ဝင်ယူလာပေးခဲ့ တယ်..အမေရိကန်မလေးက လေဆိပ်ကိုကြိုရောက်နေတာနဲ့  လေဆိပ်က စစ်ဆေးရေးမှာ အိပ်တွေတင်စစ်တဲ့ အခါ သူလမ်းက ၀င်ယူလာပေးခဲ့ တဲ့ သူ့ ရီးစားသစ်လေးရဲ့ သေတ္တာထဲမှာ ကုတ်ကင်းတွေကိုရှာတွေ့ သွားလို့ အဖမ်းခံလိုက်ရတော့ တယ်..။ သူ့ ရီးစားသစ်လေးက ဒါကိုအဝေးကချောင်းကြည့် နေတာမြင်သွားတာနဲ့ ဒိုးတော့ တာပါပဲ.နောက်တော့ အမှု့ ဖြစ်ရောဆိုပါတော့ အမေရိကန်သံရုံးလည်းပါလာ အမေရိကားကချစ်သူပါ သစ္စာရှိရှိနဲ့ လာလုပ်ပေးနဲ့ ကမ္ဘာကျော်အမှု့ ဖြစ်လာတယ်..ဥပဒေအရငြိနေလို့  အပြီးလွှတ်မရမေယ့်  အနဲဆုံး အပြစ်ဒဏ်နဲ့ ကိုလံဘီယာထောင်ထဲရောက်သွားတော့ တယ်၊ လျှော့ ရက်တွေနဲ့  ပြန်လွတ်တော့ တောင် ဆယ်စုနှစ်နီးပါးနေခဲ့ ရတယ်။
ဒီအဖြစ်အပျက်မှာ အဓိကခံလိုက်ရတာက ရီးစားဆိုတာနဲ့ အလွယ်တကူယုံမိလိုက်တဲ့ အမှားကနေ ကိုယ့် ကိုအသုံးချယုံသက်သက်သာလာဝိုက်တဲ့ သူနဲ့ တွေ့ လိုက်ရတဲ့ အခါ ဘ၀ပျက်သလိုတောင်ဖြစ်သွားရတဲ့ သဘောလို့ တွေးမိလိုက်သေးတယ်..တကယ့် ကို ဒီအဖြစ်အပျက်မျိုးဆန်ဆန် အပြင်မှာကြုံဖူးရလိမ့် မယ်လို့ မတွေးမိခဲ့ သေးဘူး...
မျက်နှာမြင်ယုံနဲ့ 
မျက်နှာမြင်ယုံနဲ့ 
-------
အမျိုးထဲမှာ ရှိခဲ့ တယ် အရက်စွဲသွားသူပါ ကျနော်နဲ့ ဆို အသက်လယ်ဘယ်တွေပါ ခုတော့ လမ်းဘေးမှာ စည်ပင်ပိုင်အလောင်းအဖြစ် ခွေခွေလေး အရက်နာကျ အဆုပ်အအေးပတ်ရင်း သေသွားပါပြီ...သူ ဟာ အရွယ်နဲနဲရောက်လာကတည်းက အလုပ်ကိုလဲ လက်ကြော မတင်သလို အိမ်ကိုလည်း ကူဖေါ်မရပါဘူး အရက်သာပထမ အရက်သာဒုတိယအရက်သာတတိယ ဆိုသလိုပါပဲ အတော်အရွယ်ရတဲ့ အထိ မိဘလက်ဝေခံပါပဲ အိမ်ယာလည်းထူထောင်ဖို့ လည်း အာရုံမလာပါဘူး...နောက်တော့ မိဘတွေလည်းမရှိတော့ တဲ့ အခါ ကျန်တဲ့  မောင်နှစ်မတွေက ၀ိုင်းကြည့် ပေးပါသေးတယ် လုပ်စားကိုင်စားတွေ ဖြစ်လို့ အမွေပုံများများ မကျန်ခဲ့ ပဲ ကျောခင်းစရာနေရာတစ်ခုသာကျန်ခဲ့ ပါတယ်.
ကျန်ခဲ့ တာတွေအရက်ဖိုးအတွက်ရောင်းတုတ်ရင်း နောက်တော့ ပုံမှန်ဝင်ငွေမရှိတော့ ပါဘူး....အဲ့ မှာနေရင်း ကျန်တဲ့ မောင်နှစ်မတွေကလည်း လောကထုံးစံအရ အိမ်ထောင်သည်တွေဖြစ်သွားလို့  သူလာတိုင်း ရော့ အင့် အရက်ဖိုးလို့ မပေးနိုင်တော့ ပါဘူး ဒီတော့  အမျိုးတကာအိမ်လှည့် ပါတယ်...
ထူးခြားတစ်ချက်က အပြင်တစ်စိမ်းတွေဆီမှာ သေသွားတဲ့ အထိ လှည့် မ၀ိုက်တတ်တာလေး တစ်ခုကတော့ အမျိုးဂုဏ်ကို မထိခိုက်သေးဘူးလို့  ကောင်းကွက်လေး တစ်ခုရှာရင်ရနိုင်ပါသေးတယ်..
(ငါ့ )ချစ်စိတ်
(ငါ့ )ချစ်စိတ်
---------
တစ်ခြားကမ္ဘာတွေထက် ငါ့ ကမ္ဘာကြီးကို ပိုချစ်တယ်
တစ်ခြားတိုင်းပြည်တွေထက်ငါ့ တိုင်းပြည်ကိုပဲ ငါပိုချစ်တယ်.
တစ်ခြားတိုင်းတွေထက် ငါ ကြီးပြင်းခဲ့ တဲ့ ငါ့တိုင်းကို ပိုချစ်တယ်
တစ်ခြားမြို့ နယ်တွေထက် ငါနေသားကျနေတဲ့ မြို့ နယ်ကို ငါ ပိုချစ်တယ်
တစ်ခြားရပ်ကွက်တွေထက် ငါနေတာကြာပြီဖြစ်တဲ့ ငါ့ ရပ်ကွက်ကို ပိုချစ်တယ်
တစ်ခြားလမ်းသွယ်တွေထက် ငါနေတဲ့ လမ်းသွယ်ကို ပိုချစ်တယ်..
တစ်ခြားအိမ်တွေထက် ငါနေတဲ့ ငါ့ အိမ်ကိုပိုချစ်တယ်
တစ်ခြားစတိတ်ကျောင်းတွေထက် ငါတက်ခဲ့ တဲ့ စတိတ်ကျောင်းကိုပိုချစ်တယ်
တစ်ခြားတက္ကသိုလ်တွေထက် ငါတက်ခဲ့ တဲ့ တက္ကသိုလ်ကိုပိုချစ်တယ်
တစ်ခြားခေါင်းဆောင်တွေထက် ငါကြည်ညိုတဲ့ ခေါင်းဆောင်ကို ပိုချစ်တယ်
တစ်ခြားပါတီတွေထက် ငါသဘောကျတဲ့ ပါတီကို ပိုချစ်တယ်
တစ်ခြားအဖွဲ့ အစည်းတွေထက် ငါ့ ရဟန်းရှင်လူပြည်သူလူထုကျောင်းသူကျောင်းသားအရပ်သားတွေကိုပိုချစ်တယ်
တစ်ခြားဆရာတွေထက် ငါ့ ဆရာတွေကို ပိုချစ်တယ်
တစ်ခြားပညာတွေထက် ငါ့ ပညာကိုပိုချစ်တယ်
တစ်ခြာအယူဝါဒတွေထက် ငါ့ အယူဝါဒကို ပိုချစ်တယ်
တစ်ခြားအမျိုးတွေထက် ငါ့ အမျိုးတွေကို ပိုချစ်တယ်
ငါ့ အမျိုးတွေထက် ငါ့ မိသားစုကို ပိုချစ်တယ်..
ငါ့ မိသားစုထဲမှာ......
အဲ...တစ်ခြားမိန်းမတွေထက် ငါ့ ရီးစားဟောင်းလေးကို ပိုချစ်တယ်(ငိငိ) .။ ။
ဆင်းရဲဒဏ် ချမ်းသာဒဏ်..
--------------
ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ဘူးတဲ့  သဘောက အများသိသလိုပဲ ဆင်းရဲတုန်းက ဆင်းရဲတဲ့ ဒဏ်ကိုခံနိုင်ကောင်းခံနိုင်ပေးမယ့် ချမ်းသာသွားရင်လွတ်ကုန်တတ်လို့ ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူးပေါ့ လေ....အဲ့ ဒါနဲ့  ဒီလိုပဲ သြော် ဟုတ်မှာပါပဲပေါ့  ကိုယ်တွေလည်း ဖုတ်တသောသောထဲနေခဲ့ ဆော့ ခဲ့ တာဆိုတော့ ...နောက်တော့  စဉ်းစားမိပါတယ်...ဒါ သက်သက် ချွန်တွန်းလုပ်တဲ့ စကားပဲလို့  ဘယ်သူက အလကားနေရင်း ဆင်းရဲနေတာ အမြဲဆင်းရဲနေချင်ပါ့ မလဲနော့်  ဒါပေမယ့် ချမ်းသာဖို့ အခြေအအနေ မပေးသေးတဲ့ အခါ ဆင်းရဲတဲ့ ဒဏ် မခံနိုင်လည်း ရွေးစရာလမ်း မရှိတော့  ကြိတ်မှိတ်သည်းခံပြီး နေနေရတဲ့ ဟာ...တစ်ချို့ ဆို မခံနိုင်လွန်းတော့ လို့  ဆေးဖိုးမတတ်နိုင်တော့ လို့ သတ်တောင်သေသွားကြတာ အခုနောက်ပိုင်း ဂျာနယ်တွေထဲတောင်ပါပါလာသေးပဲ..ဒီလိုအဖြစ်အပျက်တွေက
.အရင် ကတည်းက ရှိနိုင်ပေမယ့်  သတင်းစားမျက်နှာပေါ်မရောက်လာသေးလိ့ သာလူမသိတာနေမှာ...အခတော့  ဆင်းရဲလွန်းလာတော့  လူသေတာထက်ဆိုး
သေးလို့ ဆိုနိင်မယ့် ဘ၀သေ အလုပ်တွေတောင် လုပ်မိလုပ်ရာလုပ်ကုန်လာတော့ တာ အရင် အင်္ဂလိပ်ခေတ်က မလုပ်ခဲ့ ကြတဲ့ အလုပ်အမျိုးအစားတွေတောင် လုပ်လာနေခဲ့ ကြတာ တွေ့ လာရပြီ....
ပူတင်း...
-------
ရယူထားတဲ့ အာဏာနေရာထိုင်ခုံ မဖယ်ရရေးအတွက် လုပ်သမျှ ဘာမဆိုတရားတယ်ဆိုတဲ့ သဘောမျိုးကို ကွန်မြူနစ်နိုင်ငံတွေ အများစုနဲ့ အစွန်းရောက်စိတ်ရှိတဲ့ နိုင်ငံတွေမှာ အများဆုံးတွေ့ နိုင်တယ်။ မနေ့ တစ်နေ့ ကတင် ရုရှားမှာ နေရာအာဏာကို လုဖို့ အလားအလာအရှိဆုံး အတိုက်အခံခေါင်းဆောင်ကို ဂန်းရှော့ လုပ်ပစ်လိုက်တယ်...လက်ရှိအာဏာရှင် ပူတင်နဲ့  ပူတင့် အုပ်စုကလွဲရင် အားလုံးက ပူတင့် လက်ချက်လို့  ပြောကြတယ် ၊ ပြောကြဆို အစဉ်အလာကိုကရှိခဲ့ ပြီးသားမို့ ပါပဲ
ဒီလိုမျိုးကိုယ့် နေရာကိုလုမယ့် သူကို ကမ္ဘာမြေပေါ်က အပြီးပျောက်သွားအောင် သတ်ပစ်လိုက်ရင် (၀ါ) သေရင်ပြီးပြီ ဆိုတဲ့ သဘောကိုလဲ အဲ့ လို အာဏာရှင်တွေက တကယ့် ကို ကျင့် သုံးလေ့ ရှိတယ်..သူတို့ သဘောကတော့  လူတွေက မတရားပါဘူးလို့ ဝိုင်းအော်လဲ ခဏပေါ့  အာညောင်းရင်ရပ်သွားမှာလို့ ခံယူထားကြလို့ ပါပဲ...(အာညောင်းရင်ရပ်သွားတတ်တာတော့ သိပ်ငြင်းစရာမရှိပါဘူး ဒါပေမယ့်  မြုံသွားတဲ့ အနာလို အတွင်းဘက်လှိုက်လောင်စားသွားပြီး တစ်နေ့တော့ ကုရခက်သလို ကြီးကျယ်တဲ့ အိုင်းအနာကြီးအဖြစ်ပြန်ပေါ်လာတာမျိုးတော့  နောက်တော့ တိုင်းပြည်ပါပျက်ကရောဆိုတာမျိုး ကဒါဖီတို ဆဒန်တို ပါကစ္စတန်နိုင်ငံပျက်သလိုဖြစ်နေတာတို့ လိုမျိုး အဖြစ်တွေက ခေတ်သစ်အတွက် နမူနာပါပဲ)...
-------
ရယူထားတဲ့ အာဏာနေရာထိုင်ခုံ မဖယ်ရရေးအတွက် လုပ်သမျှ ဘာမဆိုတရားတယ်ဆိုတဲ့ သဘောမျိုးကို ကွန်မြူနစ်နိုင်ငံတွေ အများစုနဲ့ အစွန်းရောက်စိတ်ရှိတဲ့ နိုင်ငံတွေမှာ အများဆုံးတွေ့ နိုင်တယ်။ မနေ့ တစ်နေ့ ကတင် ရုရှားမှာ နေရာအာဏာကို လုဖို့ အလားအလာအရှိဆုံး အတိုက်အခံခေါင်းဆောင်ကို ဂန်းရှော့ လုပ်ပစ်လိုက်တယ်...လက်ရှိအာဏာရှင် ပူတင်နဲ့  ပူတင့် အုပ်စုကလွဲရင် အားလုံးက ပူတင့် လက်ချက်လို့  ပြောကြတယ် ၊ ပြောကြဆို အစဉ်အလာကိုကရှိခဲ့ ပြီးသားမို့ ပါပဲ
ဒီလိုမျိုးကိုယ့် နေရာကိုလုမယ့် သူကို ကမ္ဘာမြေပေါ်က အပြီးပျောက်သွားအောင် သတ်ပစ်လိုက်ရင် (၀ါ) သေရင်ပြီးပြီ ဆိုတဲ့ သဘောကိုလဲ အဲ့ လို အာဏာရှင်တွေက တကယ့် ကို ကျင့် သုံးလေ့ ရှိတယ်..သူတို့ သဘောကတော့  လူတွေက မတရားပါဘူးလို့ ဝိုင်းအော်လဲ ခဏပေါ့  အာညောင်းရင်ရပ်သွားမှာလို့ ခံယူထားကြလို့ ပါပဲ...(အာညောင်းရင်ရပ်သွားတတ်တာတော့ သိပ်ငြင်းစရာမရှိပါဘူး ဒါပေမယ့်  မြုံသွားတဲ့ အနာလို အတွင်းဘက်လှိုက်လောင်စားသွားပြီး တစ်နေ့တော့ ကုရခက်သလို ကြီးကျယ်တဲ့ အိုင်းအနာကြီးအဖြစ်ပြန်ပေါ်လာတာမျိုးတော့  နောက်တော့ တိုင်းပြည်ပါပျက်ကရောဆိုတာမျိုး ကဒါဖီတို ဆဒန်တို ပါကစ္စတန်နိုင်ငံပျက်သလိုဖြစ်နေတာတို့ လိုမျိုး အဖြစ်တွေက ခေတ်သစ်အတွက် နမူနာပါပဲ)...
ကမ္ဘာ့ ပထမတွေ ၊ ရွက်ဖျင်တဲတွေနဲ့  ကျနော်တို့ ရဲ့ အစွဲတွေ...
ကမ္ဘာ့ ပထမတွေ ၊ ရွက်ဖျင်တဲတွေနဲ့  ကျနော်တို့ ရဲ့ အစွဲတွေ...
----
ကိုယ့် မျက်စိထဲ အထူးအဆန်းဖြစ်နေပုံက အရေးအခင်းဖြစ်နေပါတယ်ဆိုမှ ခေတ်ပေါ် ရွက်ဖျင်တဲကို လမ်းလယ် ယူလာပြီး ကျကျနနထိုင် ကွပ်ကဲရေး လုပ်နေပုံက ဆန်းသလိုဖြစ်နေပေမယ့် ..သမိုင်းအရဆိုရင် ကမ္ဘာမှာ ပထမညန်မာကိစ္စတွေက အတော်များများရှိခဲ့ ဖူးတယ်ဆိုတော့ လည်း ထူးပေသည့် မဆန်းပေါ့ လေ...အဲ ပထမမြန်မာတွေထဲမှာ ဆန္ဒပြသမားတွေက ကိုယ့် ကို နှိပ်ကွပ်ဖို့ အမိန့် စောင့် နေတဲ့ သူတွေကို အအေးတွေတိုက် မုန့် တွေကျွေး တော်ကီလေး ဘာလေးထု နှိပ်ကွပ်မဲ့ သူတွေကလည်း ပြုံးစေ့ စေ့ နဲ့ နားတွေ ဘာတွေယောင်တောင်ပေါင်တောင်ထောင် ကမ်းတဲ့ မုန့် တောင်လှမ်းယူစားမိလိုက်သေးပါလားလို့ ပေါ့ .. သမိုင်းဖတ်စာထဲက သူရဲကောင်းတွေလို တစ်နပ်စားဖူး သူ့ ကျေးဇူးကိုသာ အာရုံထားမိလို့ ကတော့  ယူနီဖေါင်းချွတ် အလုပ်ထွက်ယုံသာရှိတော့ မယ်..ဒါပေသိ..ဒါလည်း ထူးခြားမြင်ကွင်းမျိုးပဲ တစ်သက်နဲ့ တစ်ကိုယ် အရေးအခင်းတွေကြုံဖူးခဲ့ သမျှ ဒီလိုမျိုး တွေ မီဒီယာပေါ်ကနေမြင်ရတာ ဒါ ပထမပဲ ..ကြုံခဲ့ သမျှ အမြဲတန်းကတော့  ဖောက်ဖောက်ဖောက် ဖန်းဖန်းဖန်းတွေနဲ့ ချည်းတိုးခဲ့ တာ.
ကောလာဟလမှာ ယုတ္တိရှိစရာမလိုဘူး..လူသိများဖို့ ပဲလိုတယ်..
ကောလာဟလမှာ ယုတ္တိရှိစရာမလိုဘူး..လူသိများဖို့ ပဲလိုတယ်..
-----------------------------------
အမြင်မှာ ပကတိရုပ်ပစ္စည်း မျက်စိနဲ့  ဆင်ခြင်ယူရတဲ့ ဥာဏ်မျက်စိ သဘော ခွဲတယ်...ပကတိမျက်စိရဲ့ အမြင်စွမ်းအားက အကန့် အသတ်ရှိသလို အရာရာတိုင်းကို မမြင်နိုင်ဘူး ဥပမာ လေ ရှိတာကို မမြင်ရသလိုပေါ့ ၊ ဒါပေမယ့်  လေရှိကြောင်းကို ဆင်ခြင်နိုင်တဲ့ ဥာဏ်မျက်စိကနေ ကြားခံတစ်ခုခုကို ခံပြီး သိတယ်။ ဥပမာ သစ်ရွက်အငြိမ် အလှုပ် နဲ့ ကိုယ့် ရဲ့ အသက်ရှု့ မှု့ စနစ် ကို ခံပြီး လေရှိမရှိသိတာမျိုး...သဘောက ပကတိမျက်စိနဲ့  မမြင်ရတိုင်း မယုံဘူးလို့  ငြင်းရင် ရယ်စရာဖြစ်သွားနိုင်သလို ဆင်ခြင်သိရဲ့ အရေးပါမှု့ ကို ပယ်ရာကျလိမ့် မယ်ပေါ့ လေ...
ပုဂံခေတ်က မင်းတစ်ပါး ပျက်သုဉ်းခါနီး(၀ါ) မင်းသက်စံကံကုန်ခါနီး မှာ လူသိများတဲ့  ကောလာဟလ တစ်ခုဖြစ်ခဲ့ တယ်လို့ ဆိုတာ စာပေတွေထဲတွေ့ နိုင်တယ်၊ မုဆိုးမ တစ်ယောက်ဟာ သူ့ ရဲ့ ဆန်ပြာနေကျ ဆန်ကော လေပြင်းတစ်ချက်အဝှေ့ မှာ ကောင်းကင်အဝေးကို လွင့် ပါသွားတယ်လို့ ဆိုတယ် ဒီတော့  အဲ့ မုဆိုးမဟာ သူ့ ဆန်ကော လေထဲလွင့် ပါသွားလို့  '' ဟယ် ငါ့ ဆန်ကောလွင့် သွားပြီးတော့  ရှေ့ ကလူတွေ ကောက်ထားလိုက်စမ်းပါဟယ်.;;;;;..လို့ အပြေးလေးလိုက်တယ်၊လို့ ဆိုတယ်
အညာဒေသဟာ အပူပိုင်းဒေသဖြစ်တယ် ဒီတော့  လေပြင်းဝှေ့ တဲ့ အခါ အောက်ပြည်လို တစ်ချက် ဒဲ့  မြေပြင်ညီ ခပ်ပြင်းပြင်း တိုက်ခတ်တာမျိုးထက် လေဆင်နှာမောင်းလို လေပူတွေဟာ ပူရင် အခိုး အပေါ်တက်တဲ့  သဘာဝ နိယာမဖြစ်စဉ် အရ လေပူ ၀ဲကန်တော့ အဖြစ်နဲ့ သဲတွေ ဖုံမှုန့် တွေထရင် အထက်ကို ပင့် တင်သွားလေ့ ရှိတယ်
(သစ်ရွက်တွေအမှိုက်အပေါ့ စားတွေ ထဘီတွေပုဆိုးတွေ နောက်ဆုံး မီးလောင်ပြင်မှာ မီးကြီးရင် ဆန်ကောတစ်ချက်ထက်လေးတဲ့  သွပ်ခေါင်းမိုးပြားတွေ ကောင်းကင်အထိ လွင့် ဝဲ တက်လာတာမျိုး မကြာခဏမြင်ဘူးခဲ့ ပြီးပြီ)...ဒီတော့  ဆန်ကောတစ်ချပ်လည်း ကောင်းကင်ကို လေပူနဲ့ လွင့် တက် အိမ်ကနေ ခပ်ဝေးဝေးလွင့် ပါသွားနိုင်တာဟာ ယုတ္တိတန်တယ်...
သူရဲကောင်းရွေးပွဲ
သူရဲကောင်းရွေးပွဲ
----
အဲ့  လက်ထိပ်ဖျား အစူးတစ်ခုခုထောင်စိုက်ပြီး တူနဲ့ ထု မတွန့် ရင် သူရဲကောင်းအဖြစ်ရွေး တွန့် သွားရင် မရွေးလို့ လုပ်တဲ့ အခန်းကို ခဏထိုင်ကြည့် ဖြစ်ရောဗျ အဲ့ မှာတစ်ယောက်ကတွန့် သွားတော့ မရွေးဘူးပေါ့  ဒီတော့  ရဲမက်တွေက ဟာသလုပ်တော့ မခံချင်ဖြစ်လာပြီး ငါ့ မှာလည်း သတ္တိရှိပါတယ်ဆိုပြီး ကိုယ့် ဗိုက်ကိုယ် ဓားနဲ့ ဖွင့်  အူဆွဲထုတ်ပြရင်း သေရောဆိုပါတော့  အဲ့ တော့ မှ ဗျင်က ကရုဏာလည်း သက်ပြရင်း သတ္တိဆိုတာ ဒါမဟုတ်ဘူး ဟိုဒင်းဆိုပြီး လိုရာဆွဲပုံဖေါ်သွားရောပဲ... ဒီခေတ်ဝေါဟာရအမြင်အရဆိုရင် မသာတစ်ခု အရင်းပြုပြီး ဆရာကြီး လုပ်သွားသလို သေသွားတဲ့ သူလဲ သေပြရကျိုးမနပ်တဲ့အပြင် ငေါ့ တောင် အပမ်းခံလိုက်တဲ့ သဘောပေါ့ 
အဲ ကိစ္စကို မကြာသေးခင်က ဆရာဝန်တစ်ယောက်က သူ့ ဆရာဝန်မြင်ထောင့် ကနေ ဘယ်လိုမြင်လိုက်သလဲဆိုရင် ဒီလိုအပ်စိုက်ရွေးခြယ်ရင် အဲ့ လက်ဟာ အနာဖြစ်လို ရောင်ကိုင်းနေမှာနဲ့  ချက်ချင်း ဓားကိုင်နိုင်မှာ မဟုတ်ဖူး ကိုင်နိုင်သေးရင်တောင်မှ လက်အကောင်းပကတိလို စစ်မြေပြင်မှာ ခွန်အားရှိသလောက် စွမ်းဆောင်နိုင်မှာ မဟုတ်ဖူး..အဆင်မသင့် ရင် မေးခိုင်ပိုးဝင်ပြီး ဂန့် သွားနိုင်လို့ အသက်တစ်ချောင်း(၀ါ)သူရဲကောင်း တစ်ယောက် အသာလွတ်ဆုံးရှုံးနိုင်တယ်ပေါ့  (အမှန်တော့ အခုပဲ မခံချင်စိတ်ကြောင့်  အသက်တစ်ချောင်းကထွက်သွားပြီ)..ဒါက ဒီ၂၁ရာစု ဆေးဆရာရဲ့ အမြင်ထောင့် ပေါ့ ...
Subscribe to:
Posts (Atom)