Powered By Blogger

Thursday, February 12, 2015


Friday 13 စာကိုစီ
---
ဒီနေ့ က ဖေဖေါ်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ ပါ တစ်ထောင့် ကိုးရာ တစ်ဆယ့် ငါး ရှေ့ နေဦးဖါသား ဇာတိနတ်မောက်မကွေးခရိုင် ဘာညာ ဆိုတဲ့ နေ့ ပေါ့ ၊ ဘုရားစာဂါထာတစ်ပုဒ်ကို ကျက်ထားပြီး ကောင်းကောင်း ရသွားရင် မမေ့ လွယ်တော့ ပဲ အိုစနာ ကျသွားတဲ့ အထိ မှတ်မိနေတတ်သလိုမျိုး မှတ်မိနေတာ  ဗိုလ်ချုပ်မွေးနေ့ ကဗျာလေးလည်း ပါတယ်ဗျ..နှလုံးသားအစစ်တွေနဲ့  စွန့် လွှတ်စွန့် စားခဲ့ တဲ့  လူစွမ်းကောင်းတွေရဲ့ ရာဇ၀င်ဆိုတာ အဲ့ ဒီလိုကိုဖြစ်နေတာ ချစ်ပါချစ်ပါ ကျေးဇူးရှင်ကြီးပါ ဘာညာ နဲ့  အတင်း ရိုက်သွင်း နေစရာတောင် မလိုဘူးရယ် သူတို့ တွေ တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့ သလဲကို ရာဇ၀င် နဲနဲခင်းပြလိုက်တာနဲ့  ကြည်ညိုသွားတော့ တာမျိုးပဲ ..အဲ့ ဒါနဲ့ ပဲ အတင်းတိုက်တွန်းပြနေစရာမလိုပဲ လွှတ်စည်နေတဲ့  ရာပြည့် ပွဲ စည်ချက်ကလည်း လွှတ်စည်ပဲ.ဆိုပြီးဖြစ်လာတော့ တာမျိုးပဲ...၊

'' နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ..''



နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ..
------------
နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ....မေးတာတိုသလောက် ကျယ်တာမှလွှတ်ကျယ်။

ဒီလိုဗျာ.A သွေးဆိုဘယ်လို B သွေးဆိုဘယ်လိုလို့ စိတ်နေစိတ်ထားတွေကို ဗေဒင်ဟောပြနေတာ အွန်လိုင်းက လူတွေ မဖတ်ဖူးတဲ့ သူ မရှိသလောက်ပါနော် ။ အဲ့ ထဲမှာ သွေးအမျိုးအစားအကုန်လုံး အသေးစိတ် တစ်ကြောင်းချင်း တစ်ပါဒချင်း လိုက်ဖတ်ကြည့် တဲ့ လူ ထက်  ကိုယ့် သွေး အမျိုးအစားကိုသာ အသေအခြာဖတ်ကြည့် တဲ့ လူက ပိုများမယ်လို့ ထင်ပါတယ် ကျန်တဲ့ သွေးအုပ်စု အဟောတွေကိုတော့ အပေါ်ယံဖတ် ၊ဖတ်ပြီးမေ့ ပေါ့ ။ 
အဲ့ သွေးအမျိုးအစားတွေအကုန်လုံးကို အသေအခြာလိုက်ဖတ်ရင် တကယ်တော့  အခြေခံစိတ်တွေက သိပ်မကွဲလှပါဘူးနဲနဲပါးပါးလေးသာကွဲတာပါ ၊ အဲ့ တာ ဘာကြောင့် လဲဆိုရင် လူ့ ဗီဇလက္ခဏာတွေဟာ မျိုးနွယ်ဗီဇ အခြေခံဗီဇအရ အတူတူတွေချည်းပဲဖြစ်နေလို့ ပါပဲ..ဥပမာ ခွေး ဗီဇတစ်ခုမှာ  ခွေးတွေအုပ်စုလိုက် အူရင် အိမ်ထဲက ဘောစိခွေးတောင် မနေနိုင်တော့ ပဲ ရောပြီးလိုက်အူမိတော့ တဲ့ သဘောမျိုးပေါ့ ။.

''သော့ '''










သော့ 
-------
အိမ့် ပြင်ပသူခိုးအတွက်တော့  အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးနိုင်ပါတယ်..

အိမ်တွင်း သူခိုးရှိနေရင်တော့  သိပ်အသုံးမတည့် လှ...

ဘယ်ပစ္စည်း ဘယ်နေရာချထားထား မပျောက်မရှဟု စိတ်မချရပါလေ....
----------
ငယ်ငယ်တုံးကပေါ့ ...နောက်ဖေး လမ်းကြားပဲခြားတဲ့  တစ်ဖက်မှာလည်း တိုက်ကြီးတွေ ရှိပါတယ်..၃ထပ်တိုက်က အမြင့် ဆုံးဖြစ်နေတဲ့ အချိန်ပါ။ ကိုယ့် အခန်းနဲ့ မျက်စောင်း ထိုးမှာ သုံးထပ် တိုက်ကြီး တစ်ခုလုံးကို တစ်မိသားစုထဲနေတဲ့  ဘောစိတွေရှိပါတယ်

အဲ့ အိမ်မှာ အိမ်အကူတွေပါရှိပြီး သားတွေလည်းရှိပါတယ်..သားတစ်ယောက်က သိပ်ဆိုးပါတယ်..အဆိုးရဲ့ ဂိတ်ဆုံး N0 4 တက်ထိုးနေတဲ့ အထိဆိုးပါတယ် ၊ အဲ့ သား ဆေးဂျွိင်းပြီး တုတ်သမားဖြစ်နေတာ တစ်မြို့ နယ်လုံး သိနေပြီဆိုပါတော့ ၊ ဒါပေမယ့်  မိဘတွေဘောစိ တွေဖြစ်တာရယ် ပေါက်ရောက်တာရယ်ကြောင့် စီမံချက်ရှိရင်တောင် အမြဲလွတ်နေလေ့ရှိပါတယ် ။ အိမ်က ပစ္စည်းတွေသမလွန်းလို့  အဲ့ အိမ်မှာ အမြဲပူညံပွက်လောရိုက်နေတတ်တာ အောက်ဖက် ခပ်လှမ်းလှမ်းကိုယ့် အခန်းကပါ ကြားနေရလေ့ရှိပါတယ်...

'' သံယောဇဉ်တွေ လွန်တဲ့ အခါ...''


'' သံယောဇဉ်တွေ လွန်တဲ့ အခါ...''
----
၉လလောက် မအေ ရဲ့ အဆုပ်ကင်ဆာ ရောဂါဒဏ် အောက်မှာ စိတ်ပမ်း လူနွမ်းနဲ့ တစ်မိသားစုလုံး အလူးအလဲ ခံလိုက်ရပြီးတဲ့ အခါမှာ အမေဟာ အဆုံးသတ်ကို ဆိုက် ရောက် သွားပါတော့ တယ်..အကောင်းဖက် ကလှည့် တွေးမယ်ဆိုရင်တော့  ရင်ခေါင်းတွင်းမှာပူလောင်ပြင်းထန်လှတဲ့ အပူနာ ဝေဒနာကနေ လွတ်မြောက်ခွင့် ရသွားပြီပေါ့ လေ...

နိဂုံးချုပ်ခါနီး ညဦးပိုင်း အလို ကတည်းက အခြေအနေတွေ ရိပ်မိနေတာနဲ့  သူငယ်ချင်းတွေ နီးစပ်ရာ အမျိုးတွေနဲ့ အိမ်မှာ လူစည်နေပါပြီ..ဒီတော့  သူငယ်ချင်း ဆရာဝန်က မျက်လုံးလေးပိတ် ငြိမ်ကျသွားတဲ့ မအေ့ ရဲ့ မျက်လွှာလေးကို လှန်ကြည့်  ဓါတ်မီးနဲ့ ထိုးသွေးစမ်းပြီးတဲ့ အခါ မရှိတော့ ဘူးလို့ အတည်ပြုလိုက်ပါပြီ..ဆရာဝန်ရဲ့ အတည်ပြုချက် ခေါင်းတစ်ချက် အဆတ်ကို နောက်ကနေ ၀ိုင်းအုံကြည့်  သတင်းစောင့် နေတဲ့  .မိသားစုဝင်တွေနဲ့ အမျိုးထဲက အမျိုးသမီးတွေရဲ့ ရှိုက်သံသဲ့ သဲ့ တွေ  တီးတိုးတမ်းတ ရေရွတ် လိုက်သံတွေဟာ စီကနဲကြားလိုက်ရပါပြီ....

ဒီတော့ နာရေးအတွက် ပြင်ကြဆင်ကြဖို့ လုပ်ရပြီပေါ့ လေ.၊ မိသားစုအတွင်း အနှစ်၃၀၀န်းကျင်အတွင်း ပထမဆုံးကြုံရတဲ့  တကယ့် သံယောဇဉ်ရဲ့ နာရေးဖြစ်လို့  အကောင်းဆုံးတွေ လုပ်ပေးလိုက်ချင်ကြပါတယ်၊ အမျိုးထဲမှာလည်း သဘောကောင်းပြီး လူမှု့ ဝတ္တရားကျေပြွန်သူလို့ ထင်ရှားသူဖြစ်နေလို့ အမျိုးတွေ ရောက်လာတာ တစ်ဖွဲဖွဲပေါ့ ၊ ရိုးရာအစဉ်အလာအရ အိမ်မှာရှိတဲ့ ကြည့် မှန်တွေကို အ၀တ်နဲ့ လိုက်အုပ်သူ၊ ဓါတ်ပုံတွေ မှောက်လျက်လှန်ပေးသူ၊ ကုတင်ပြင်သူ အိပ်ယာခင်းသူ ဖုံးဆက်ပြီး ဘယ်သူဘယ်ဝါကို အကြောင်းကြားပါလို့ ပြောကြ ဖုံးတွေ တဂွမ်ဂွမ်ဆက်ကြနဲ့  အတော့် ကို လှုပ်လှုပ် ရှားရှားးရှိလှ တဲ့ နာရေးတစ်ခုအသွင်ဖြစ်လာပါတယ်...