Powered By Blogger
Sunday, April 24, 2016
ဘာသာမတူမိဘ ၂ပါးကြား ညပ်နေတဲ့  သား
ဘာသာမတူမိဘ ၂ပါးကြား ညပ်နေတဲ့  သား
-----------------
ရေလျှံတဲ့ မိသားစုတော့ မဟုတ်ဖူး ရရစားစားအဖွဲ့ တွေ မအေက သားကြီးအတွက် ဗေဒင်လာမေးတာ  ဗေဒင်လာမေးပေမယ့်  မမေးတတ်ဘူ မေးနေမကျပုံရတယ် လာနေကျတစ်ယောက်က ခေါ်လာတာ အဲ့ တော့  သား က ၁၁လပိုင်း ၉၈ဖွား ( ၂ကြွင်း )တနင်္လာသား ၁၈ နှစ်ထဲမှာ အင်္ဂါသက်ရောက်ထဲမှာ ကျောင်းမတက်တော့ ဘူး အလုပ်လုပ်နေပြီ
ဒီတော့ အင်္ဂါသက်ရောက်  လစိတ်အညံ့ သဘောနဲ့  ၂ ကြွင်း တနင်္လာရဲ့ ကာရိုက်တွေကို ပြောပြရတယ် ဘ၀နေနည်းသဘောတွေပါပြောရတယ်  အဲ့ လိုတွေ ပြောရင်းက
မအေက ကျမတို့ လင်မယားက ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဖြစ်နေတာ သားက ဘယ်ဖက်လိုက်ရမလဲမသိဘူး အဲ့ ဒါ ....လို့ ဆိုလာတယ်...အဲ့ မှ ဘေးက အမျိုးသမီးက ( သူတို့ လင်မယားက အိမ်မှာဘုန်းကြီး ဆွမ်းကပ်လဲအတူတူဝိုင်းကပ်ကြတာဆရာတဲ့ )  ...ဒါနဲ့  ကျနော်က ခရစ်ယာန်က ဘယ်သူလဲဆိုတော့  မအေက ကျမ တဲ့ ...
ဒါနဲ့  ကျနော်က သူ့ သားရဲ့  ကံလောင်းရိပ်ကို ပြောရတယ် ဒီတနင်္လာမှာ လောင်းရိပ် ၂ ခု ရှိတယ် မိဘလောင်းရိပ်နဲ့  ဘာသာရေးလောင်းရိပ်ပဲ  ဒီတနင်္လာဟာ ခေါင်းမာတယ် တယူသန်စိတ်လွှမ်းမိုးတယ် ယုံရင်ယုံတယ် မယုံရင်မယုံဘူး ခေါင်းမာတာ အပြင်လောကမှာ ဘယ်လောက်မာမာ မိဘကိုတော့  မာလို့ မရဘူး မာလိုက်တာနဲ့  ဘ၀တက်လမ်းပိတ်သွားတယ် ဆရာကြီးဇာတာမျိုးလဲ ဖြစ်နေတယ်  ဒါပေမယ့်  အပြင်လူတွေကို ဘယ်လောက်ဆရာကျကျ မိဘကိုတော့ ကန်လို့ မရဘူး အဲ့ ဒါကို သူကိုယ်တိုင်နားလည်ဖို့ လိုမယ်  နောက်တော့ နားလည်လာမှာပါ အခုတော့  တစ်ခါတစ်လေ သူ့ ဇွတ်ကို မိဘက ခဏတော့ လျှော့ ပေးရလိမ့် မယ် သူ့ ဒုက္ခတွေသိပ်ရောက်သွားမှာစိုးလို့ ..ပြီးတော့  တနင်္လာဆိုတာ ၁၈ ၁၉ ၂၀ သုံးနှစ်ဟာ မိဘလောင်းရိပ်အောက်ကနေ ထွက်လို့ မရနိုင်သေးဘူး ထွက်ချင်ရင် ၂၀ကျော်မှပေါ့
လို့  ပထမလောင်းရိပ် သဘောကို အရင်ပြောလိုက်ပြီးမှ ...
ဒီတနင်္လာတွေဟာ ဘာတွေလုပ်လုပ် ဘာသာရေးတော့ အနဲ နဲ့ အများအားကိုးထားမှ အလုပ်ဖြစ်မယ်  ချမ်းသာချင်ရင် ဘာသာရေးတွဲထားပါလို့ ကျနော်က မှာတယ် အခုကတော့  မိဘလောင်းရိပ်အောက်မှ ရှိတော့  သူ့ ကိုမှာလိုက်မယ် ဘုရားကျောင်းလဲ မအေ နဲ့ အတူတူလိုက်တက်ပါ  ရွှေတိဂုံဘုရားလဲသွား ၂ ခုစလုံးကို လိုက်လုပ်ပါ ယုံဖို့  မယုံဖို့  မလိုဘူး မိဘ ၂ ပါးစလုံးအတွက် လုပ်ပေးနေတယ်သဘောထားပါ  ကိုယ် ယုံကြည်ရာ တစ်ဘာသာထဲ ရွေးချင်ရင် အနဲဆုံး နောက်ထပ်သုံးလေးနှစ်စောင့် ပါ လို့  ကျနော်မှာလိုက်တယ်ပြောလိုက်ပါ လို့ ......
အဲ့ ဒါ ကျနော် ၂ ကြွင်းတနင်္လာ ၁၈ နှစ်သားရဲ့  အနာဂတ်ကောင်းစားဖို့ အတွက်  အခြေခံကံကြမ္မာတွေ ပြဿနာတွေကို ဘယ်လို ကစားမလဲဆိုတဲ့ အကြံပေးချက်ပဲ  ဘာသာမတူတဲ့  မိဘ ၂ ပါးကြား အုံးစားပြီး ညပ်နေတဲ့  သူတွေ ခဏခဏ ကြုံဖူးတယ် ဒီနေ့ ကတော့  ယောင်ဝါးဝါးဖြစ်နေတဲ့  သားအတွက် လှုပ်ရှားနည်းပေါ့ ....အဲ့ မှာ သားသမီးအများစုရဲ့  သဘာဝဟာ မအေ နဲ့  ပိုနီးစပ်တော့  မအေ့ ဘာသာဖက်ကို စိတ် ပိုနွယ်သွားတတ်တဲ့  သဘောလဲ ရှိတာကို ထည့် တွေးရတယ် မအေကလည်း သူ့ သားသမီးတွေကို သူ့ ဘာသာဖက် ပိုစိတ်ညွှတ်စေချင်တဲ့  ဆန္ဒဖြစ်နေတတ်တယ် ဒါတွေကို ထည့်တွေးရတယ်
အဓိက က  သားသမီးက မိဘ  စိတ်ကွက်ခံရရင် ဘ၀တွေ ချာရပတ် ရမ်းကုန်တတ်လို့  အဲ့ မှာ မိဘတွေကိုလဲမှာရ သားသမီးတွေကိုလည်း လူလည်ကျဖို့ သင်ရ.ပေါ့ ......တကယ်ကတော့  ဒီဘက်ခေတ်ထဲမှာ အတော်များများ သဘောက ဘာသာရေးမှာ အတွင်းသဘောတွေထက် အပြင်သဘောတွေနဲ့ သာ မြင်တွေ့ ရင်းနှီးနေကြလို့  နီးစပ်ရာသဘောနောက်သာများပြီး အတွင်းစိတ်က ကိုယ်တိုင်ရွေးခြယ်တဲ့  ယုံကြည်မှု့  သဘောအဆင့် အထိ ခိုင်မာတဲ့ သဘောဖြည်တည်နေမှု့ အားနဲနေတတ်သေးတယ်...ငယ်တုန်းမှာပေါ့ 
....ဗေဒင်ဆရာဘ၀ဆိုတာ ဘ၀အမျိုးမျိုး မိသားစုအမျိုးမျိုး ဒီလိုပဲ ကြုံရတတ်တာပါပဲ  လက်တွေ့ ဘ၀က တစ်ချို့ အဖြစ်အပျက်တွေ အတွက် တွေးပေးရတဲ့ အခါ ကျမ်းလွတ်ဆန်တယ် လက်တွေ့ ဘ၀မှာ အဆင်ပြေအောင် တွေးပေးရတာမျိုးရှိတယ်  ဒီလိုပဲ အကြံပေါင်းစုံကို အဆင်ပြေနိုင်သလောက်ပြေသွားကြရအောင် တတ်နိုင်သမျှ   ဖြစ်ညှစ်တွေးတော ပေးရတာပါပဲ.
သိုင်းကျောင်း
သိုင်းကျောင်း
--------------
ဘုန်းကြီးကျောင်းမှာ ခေါင်းစဉ်တစ်ခုခု တတ်ပြီး မြန်မာ့ သိုင်းသင်တန်း သင်နေတဲ့  ပုံတက်လာတော့  အတော်များများ အလန့် ထညက်ဖြစ်သွားတယ်..ကျနော်တို့ ကတော့  ပုံလောက်ကြည့် ပြီး အလန့် တကြားမဖြစ်ပါဘူး  ကိုယ်တိုင်ကို ဘုန်းကြီးက မြန်မာ့  ဗန်တိုပညာ သိုင်းအခြေခံ သွားသင်ခဲ့ ဘူးတော့  ဒီမြင်ကွင်းလောက်က ရိုးနေပြီပေါ့ 
အလန့် တကြား ဖြစ်ကုန်တာက စီစဉ်သူ နေရာနဲ့  ရည်ရွယ်ချက်က ပုံမလာလို့ နဲ့  တူပါရဲ့  ဒါလဲ ဖြစ်နိုင်တာပါပဲ  အခု ပုံက သိုင်းသင်တန်းနဲ့  ကျနော်တို့ တုန်းက မြန်မာ့ သိုင်းသင်တန်း ရည်ရွယ်ချက်က မတူဘူးလေ....ကျနော်တို့ ငယ်တုန်းက စတိတ်ကျောင်းတွေကမှာကိုက  သိုင်းသင်တန်းအခြေခံတွေ သင်ပေးတယ် ကာယပညာဦးစီး အစီအမံပေါ့ 
မြန်မာလူငယ်တွေ ညှောင်နာနာ မဟုတ်ပဲ ကာယဖက်ကပါ သန်စွမ်းနေအောင်သဘောပေါ့   အသတ်အပုတ်တွေလဲ ရအောင်ပေါ့  နောက်တော့  ကျနော်တို့  စတိတ်ကျောင်းပြီးစတင် မဆလာဖါထီ ဥက္ကဌကြီးက ဘာစိတ်ကူးတွေ ပေါက်သွားလဲတော့မသိဘူး သူ့ ကို ပြန်တော်လှနှ်မှာစိုးလို့ လား ဘာလားပဲ ကျောင်းတွေမှာ မြန်မာ့ သိုင်း အခြေခံတွေ သင်ပေးတာတွေသင်ရိုးထဲ မပါတော့ ဘူး........
ဘုန်းကြီးကျောင်းမှာ သိုင်းသင်တန်းတက်ရတာရ ရှင်းရှင်းပြောရရင် ကျနော်တို့ ခေတ်က သိုင်းဆရာ အများစုဟာ ဓနမချမ်းသာပါဘူး ဒီတော့  ဆရာတွေတတ်ထားတဲ့  သိုင်းပညာတွေ မတိမ်ကောရအောင် မြန်မာ့ သိုင်းပညာတွေ လူငယ်တွေကြား ပျံ့ ပွားရအောင် မြေကွက်လပ်ကျယ်ကျယ်တွေ လိုတော့  အဲ့ လို မြေကွက်လပ်ကျယ်တဲ့ နေရာတွေ ဖရီးရဖို့  ဆိုတာကလဲ ဘုန်းကြီးကျောင်းဝင်းကြီးတေမှာသာ ရှိတတ်တာများတော့  ဘဘုန်းကို လျှောက်ပြီး သိုင်းသင်တန်းလေးတွေ ပေးရတာမျိုး...မြန်မာ့ သိုင်းပညာတွေ အဲ့ တုန်းက မျက်နှာငယ်ချက်က  တရုပ်သိုင်းပညာကျောင်းတွေ ဂျပန်ကရာတေးကလပ်တွေ အထူးသဖြင့်  ဂျပန်ကရာတေးကလပ်တွေလောက်ကို လူအထင်မကြီးခံရဘူး တရုပ်ဂျပန်သိုင်းကားတွေ တန်ခိုးပေါ့  အဲ့ တော့  ကရာတေးကလပ်သာ နံချပ်ကုလေး ကိုင်ချင်လို့  ပိုက်ဆံပေးပြီးသွားတက်တာ သိုင်းကြတော့  အောက်သလိုလို ဘာလိုလိုတွေ.......
အဲ့ လို အခြေအနေတွေ ရှိသလို ပွဲကျောင်းတွေဘာတွေဆိုတာ အရင်က မသိပါဘူး စာဖတ်မှ သိတာ ဟိုတုန်းက မြန်မာ့ရိုးရာသိုင်းပညာဆိုတာ  အရောင်ဆိုးမခံရသေးဘူး နေရာအနေအထားရဖို့ ခက်တယ်  မျက်နှာငယ်တယ်  ဆရာတွေဟာ ဓန မချမ်းသာကြဘူး ရိုးရိုးသားသား သိုင်းပညာတွေ ကိုယ်လုံ အဖြစ်တတ်စေချင်ကြတယ်ပဲ...စတိတ်တုန်းက
သင်ပေးတဲ့  သိုင်းဆရာဟာ အထက်တန်းပြဆရာမ နဲ့ ကြုံခဲ့ တာ တကယ့် ကို ဒေါင်းတိမောင်းတိရယ်..တကယ့် ဖီလင်အစစ်ဆိုကျနော်တို့   မြန်မာပြည်သားတွေကိုယ့် ရိုးရာ သိုင်းပညာတွေ အခြေခံလောက်တော့  တတ်ထားတာ ကောင်းတယ်ပဲ ..လောကီနယ်ပယ်ရဲ့ သဘောလဲ ကြည့် ရသေးလေ...ချက်ချင်းကြီး ငုတ်တုတ်ကနေ တစ်ထိုင်တည်း နိဗ္ဗာန် မရောက်လောက်သေးဘူးထင်ရင်ပြောပါတယ်....-_-
ချိန်း
ချိန်း
---
အရင် ခေတ်က သင်္ကြန်ပိတ်ရက်တွေ အတွက်ဆိုပြီး စာအုပ် အငှားဆိုင်က ၀တ္ထုတွေ ဘာသာပြန်တွေ စာအုပပ်ပေါင်းစုံတပွေ့ ကြီး ငှားချလာတာပေါ့  စာအုပ်ဆိုင်က သင်္ကြန်ပိတ်မှာကိုး ပြီးတော့  ရက်ကျော်ခတွေ ဘာညာမရှိဘူးလေ အဲ့ မှာ ဆိုင်ထဲက စာအုပ်တွေ တော်တော်များများလျော့ သွားတတ်တယ်....နောက်တော့  အပေါ်စက် အောက်စက်ဆိုတဲ့ ဗွီဒီယိုခေတ် ရောက်လာရော...အဲ့  မှာလဲ ဒီလိုသင်္ကြန်ရက်အတွက် ခွေတွေကို မနဲဘူး ငှားကြပြန်ရော  စီဒီခေတ်ဟုတ်သေးပဲ တိတ်ကြိုးခွေခေတ်ဆိုတော့    ၁၀ခွေ ၁၅ ခွေ ဆိုရင်ပဲ အထပ်လိုက်ကြီးဖြစ်နေပြီ....( အဲ့ တိတ်ကြိုးခွေခေတ် နဲ့  စီဒီခွေခေတ် အစမှာ ကြံဖန် အတုံးကြီးတာတွေ ရှိသေးတယ် အောက်စက်ဖွင့် စက်က အတော် များများသုံးလာချိန် စီဒီဖွင့် စက်တွေက ဈေးကြီးသေးလို့  သိပ်မသုံးနိုင်သေးဘူး အဲ့ မှာ စီဒီခွေလေးတွေ လက်ထဲ တပြပြနဲ့  လူမြင်အောင် ကိုင်ပြပြီး အတုံးကြီးပြတဲ့  ခေတ်တိုလေး ဖြစ်ခဲ့ သေးတယ် အိမ်မှာ စီဒီဖွင့် စက်ရှိတယ်ပေါ့ လေ.. ငိငိ 😁  )
အဲ့ မှာ ဗွီဒီယိုခွေတွေ စုပြုံပြီး အများကြီး ငှားတဲ့ နေရာမှာလည်း ရက်ကျော်ခ မပေးရတော့ ခွေအငှားဆိုင်ထဲ ခွေတောင်မကျန်တော့ သလောက်နီးနီးစုပြုံငှားကြတာ....ဒီဘက် စီခေတ် ခိုးကူးခွေခေတ် အင်တာနက်ခေတ်ရောက်လာတော့  တိတ်ကြိုးပြားခေတ်လဲ မဟုတ်တော့ ဘူးဆိုတော့ စာအုပ်ငှား ခွေငှား မရှိတော့ သလောက်ပဲ ခွေက ခိုးကူးမို့  ဈေးပေါတော့  ကိုယ်ကြည့် ချင်တဲ့  ကားတွေဆို  အလွယ် ၀ယ်ပစ်လိုက်တာမျိုး...နောက် ပျင်းလာရင် အွန်လိုင်းပေါ်တက်အချိန်ဖြုန်းလို့  လွယ်သွားတော့ . စာဖတ်အားက
တော်တော်နဲသွားတယ် ပြောရရင် ပုံဝတ္တုရှည်ကြီးတွေ ဖတ်တာမျိုး နဲသွားပြီ  စာဖတ် မပြတ်အောင် နဲ့  ကြိုက်လို့ ဖတ်တာ အက်ဆေး တွေ ပဲ ဖတ်ဖြစ်နေတော့ တယ် သိပ်မရှည်ပဲ ရင်ထဲထိအောင် ရေးတဲ့ စာမျိုးတွေဆိုတော့ လေ....အက်ဆေးတွေထဲမှာကလဲ ကိုယ့်  အတွက် မတ်စိတစ်ခုခု ရတတ်လေ့ ရှိတယ်လေ... 😁
အိမ်အပြန်လမ်းတွေမှာ
အိမ်အပြန်လမ်းတွေမှာ
------------
အိမ်အပြန်လမ်းတွေမှာ
သွားနှင့် သူကသွားနှင့် လို့ 
ကျန်ရစ်သူက ကျန်ရစ်ခဲ့ ..
ချန်ရက်သူက ချန်ခဲ့ လို့ .
အသစ်အသစ်တို့ နဲ့ ဆုံ
အဟောင်းအဟောင်းတို့ နဲ့ တွေ့ 
ဘ၀လောကဓံတက်ကျခရီးထဲ
အလွဲ အတည့် တွေ များစွာနဲ့ 
အိမ်အပြန်လမ်းတွေမှာ...
ငါလေ..
တစ်ကိုယ်ရည်ထဲလား
စိတ်ထဲမှာလေ
လွမ်းရတဲ့ သူတွေကို
လွမ်းရင်းနဲ့ 
အိမ်အပြန်လမ်းတွေမှာ.....
တစ်ခါက မှတ်မှတ်ရရ သင်္ကြန်
တစ်ခါက မှတ်မှတ်ရရ သင်္ကြန်
-----------------------------
သင်္ကြန်နဲ့  ပတ်သက်လာရင် အင်းစိန်ဖက်မှာ ညဖက်ကြီး ကျနော်တို့ ဂျစ်ကားကို လေးခွနဲ့  လိုက်အပစ်ခံရတဲ့ အဖြစ်အပျက်ပဲဗျ  ပစ်လဲပစ်ချင်စရာတော့ ကောင်းပါတယ်...ခ်ခ်..
ဂျစ်ကားနဲ့ အုပ်စုဖွဲ့  သင်္ကြန်ရေပက်ခံသဘောကလဲ ငွေရေးကြေးရေးအရ အတော်အားစိုက်ရတာမျိုးပဲ၊ ဘော်ဒါတွေ စုမိပေမယ့်  ကိုယ့် ဂျစ်ပေါ်မှာ မဒီလေးတွေမှ မပါရင် မျက်နှာက ငယ်သေးတာ ကိုယ့် ရီးစားကိုတော့  တွန့် တိုချက်က အဲ့ လိုမျိုးတွေမှာ အတူတူခေါ်တင်လေ့ သိပ်မရှိကြသေးဘူး ဘာညာကြီးလို့ အထင်မခံနိုင်တော့  စင်တင်တွေ အအေးဆိုင်က မဒီလေးတွေကို ဘော်ဒါဖွဲ့ ခေါ်ရတယ်  အဲ့  မဒီလေးတွေက ရူပါအတော်ဖြောင့် များပြီး အင်းစိန်ဖက်ကလည်း မဒီလေးတွေက အဖြောင့် ဆုံးလေးတွေ ထွက်တဲ့ အရပ်လိုပဲ..
အကျနေ့ ထဲက အဲ့ အရပ်ထဲမှာ မျက်စိနောက်စရာ ကောင်းနေတာက သူတို့ အရပ်ထဲက မဒီလေးတွေကို မနက်ဆို ဟေး...၀ါးးးနဲ့  အသံမျိုးစုံနဲ့  ကားနဲ့  သွားပင့် မိုးချုပ်စဆို.
အီးးးး  အား...၀ါးးး  အသံသေးအသံကြောင် မျိုးစုံနဲ့  ပြန်ပို့ ...လုပ်ခဲ့ တော့  ရပ်ကွက်ထဲက ကာလသားတွေက အတော် အာရုံမလာတော့ ဘုး ဖြစ်ကုန်တာပေါ့  သူတို့ အရပ်သူလေးတွေကို မြို့ ထဲက ငတိတွေက လာလာပင့် သွားတာကိုး..ငိငိ ..အဲ   အဲ့  မဒီလေးတွေကလဲ သူတို့ အရပ်က ကာလသားတွေဆို ဖုတ်လေသည့် ငပိ သဘောရှိပါ့  အရပ်ထဲကထွက်ထွက် အရပ်ထဲပြန်ဝင်ဝင်  မျက်နှာက ...ခိခိ..
အဲ့ မှာ ကျနော်တို့  ဂျစ်ကားကို မှတ်ထားပြီး  တေးထားပုံရပါတယ်...အတက်နေ့  ည အဲ့ အရပ်က မဒီလေးကို ရပ်ကွက်ထဲပြန်အပို့ အပြီး  ပြန်အထွက်ပေါ့   ၀ါးရုံပင်တွေအများစု အုပ်ဆိုင်းနေတာ ပြီးတော့  မြေလမ်း ခပ်ကျဉ်းကျဉ်းနဲ့  ဓါတ်မီးတိုင်က ခပ်ကျဲကျဲ ခရမ်းချဉ်သီး မီးလုံးလေးတွေ...မှောင်တယ်ပေါ့ ဗျာ....အဲ့  မှာ ကားနောက် ခပ်လှမ်းလှမ်းကနေဖုတ်  ဖုတ် ဖုတ် ဖုတ် နဲ့  ပြေးလိုက်လာတဲ့  ခြေလှမ်းသံတွေ ကြားလိုက်ရပြီး...ဒေါင်...ဒေါင်...ဒေါင်...ဒေါက်...ဆိုပြီး..ဂျစ်ကား ဘေးဘော်ဒီတွေ  အမိုးဖြုတ်ထားတဲ့  သံကိုင်းတွေကိုလောက်စလုံးတွေ လာမှန်တော့ တာပါပဲဗျာ.....''ဟ ဟ  ဟျောင့်တွေ  ခွနဲ့  လိုက်ဆော်နေပြီဟ  ဟျောင့်  တွေ ၀ပ်ဟ ၀ပ်ဟ'' ..နဲ့  အော်လိုက်ပြီး ကားကြမ်းပြင်မှာ ပြားနေအောင် ၀ပ်လိုက်ရတယ် ..ကားဆရာလဲ အဲ့ တော့ မှ ၀ူးး ဗြီးးးး  နဲ့  လီဘာအသားကုန်နင်း မောင်းပြေးရတော့ တာပေါ့  ကံကောင်းလို့ မသေ ဘာညာတို့ အဖေပဲ..ခ်ခ်
အင်းစိန်လမ်းမကြီးပေါ်ရောက် ဘေးရှင်းတဲ့ နေရာရောက်မှ ကားကိုလမ်းဘေးရပ် ပြန်စစ်ဆေးတော့  တော်သေး လူတစ်ယောက်ကိုမှ မမှန်ဘူး  ပြေးပြီးလိုက်ပစ်လို့ နဲ့ တူပါရဲ့  အဲ့ မှာဘုရားတာ ပထမက လေးခွနဲ့ ဆော်တယ်လောက် ကားပေါ်မှာ မြှား တစ်လက်ပါတွေ့ လိုက်တော့ မှ ဟာ အေပေးတွေ ငါတို့ ကို အသေဆော်တာ ဒူးလေးပါ ပါသဟ....လို့  ဘုရားတမိတော့ တာ ဟီးဟီး..  အသက်နား နီးသွားတော့  မူးပြဲနေတာတွေ ဘယ်ရောက်သွားမှန်းမသိဘူး...ငိငိ  
''ယာခင်းပွဲတော် ''
''ယာခင်းပွဲတော် ''
-----------------
ဝင်းဦးရဲ့  မောင်တို့ ချယ်ရီမြေ ရုပ်ရှင်ပြန်လာနေတော့  ဒီတစ်ခါတော့  အစနေရာလောက်ကနေ စမှီလိုက်တယ် ဒါနဲ့ ခဏထိုင်ကြည့် မိတာပေါ့ လေ  မေ့ ကမေ့ နေသလောက်ရှိနေပြီမို့ လဲပါတယ်...ဒီတစ်ခါကြည့် မိတာက စိတ်ထဲက ဒီခေတ်ရုပ်ရှင်တွေနဲ့  နှိုင်းနှိုင်းပြီးကြည့် မိတာမျိုး....
အတော်ကွာသွားတာပဲဆိုတာ ပထမဆုံးဖီးလ်ပေါ့ သီချင်းတွေကတော့ ပြောစရာမလိုအောင်ကို လိုက်ဖက် သာယာတယ်..အဖြူနဲ့ အမဲရုပ်ရှင်ဖြစ်နေတာတောင် အတော် စွဲဆောင်နိုင်သေးတယ်.. နောက်သတိထားမိတာက  ဟောလီးဝုဒ် ဘောလီးဝုဒ် ရုပ်ရှင်တွေထဲကလို ကိုယ့် အထွာနဲ့ ကိုယ် အတိုင်းအတာတစ်ခုအထိ လူအင်အားတွေ အများကြီးသုံးနိုင်တာကိုပဲဗျား ဒါမျိုး လူအင်အားအများကြီးသုံးသွားတာ သင်္ကြန်မိုးမှာလဲ သိသိသာတာပဲ..နော်က်ပိုင်း ဒီဘက်ခေတ်မှာ အဲ့ လိုလူအင်အား အများကြီးသုံးနိုင်တာမျိုး အတော်နဲသွားပြီ ခေတ် အခြေအနေအရပေါ့ လေ.😁
နောက် အတော်အာရုံစိုက်မိပြီး သိပ်သဘောကျတဲ့  စကားလုံးလေးတစ်ခုက '' ယာခင်းပွဲတော် '' ဆိုတဲ့  အသုံးပဲ..ရိုးမတောင်ခြေတွေက တမျှော်တခေါ်ကျယ်ပြောလှတဲ့ သိပ်ကို လှပတဲ့  တောင်ယာခင်းကြီးတွေထဲ စိတ်အာရုံ က လိုက်လိုက် ပုံဖေါ်နေမိတဲ့ အဖြစ်က လူ့ စိတ်ကို အဲ့  ယာခင်းပွဲတော် ဆိုတဲ့  စကားလုံးထဲ နစ်မျောသွားစေတယ်...နောက် စိတ်ကူးယဉ်သွားမိတာက အမေရိကန်တို့  ဥရောပတို့ က စက်မှု့ လယ်ယာရဲ့ ကျေးဇူးကြောင့်  ဖြစ်ထွန်းနေတဲ့  သိပ်ကိုကျယ်ပြောလှပတဲ့  တောင်ယာခင်း ကြီးတွေဆီကိုလဲ စိတ်အာရုံက ရောက်သွားပြီး တို့ နိုင်ငံထဲလဲ အဲ့ လို ရင်သပ်ရူ့ မောလောက်အောင် ကျယ်ပြော လှပ သာယာပြီး နေချင်စရာကောင်းလှတဲ့  လွမ်းစရာလဲကောင်းလှတဲ့  အောင်မြင်နေတဲ့  တောင်ယာခင်းကြီးတွေမျိုး ဖြစ်စေချင်လိုက်တာဆိုတဲ့ စိတ်မျိုးတွေ ဖြစ်လာလိုက်သေးတယ်...တစ်ခါတစ်ခါ စိတ်ကူးယဉ်ချက်က အဲ့ လိုတွေ....
ဒေါ်တိုက်မေ
ဒေါ်တိုက်မေ
----------
အမျိုးထဲက ဘွားအေကြီးတစ်ယောက် အမည်ပေါ့  သူတို့ ခေတ်ရော အခုခေတ်အထိပါဆို အတော်ရှားပါးတဲ့ အမည်မျိုးပဲ အဲ ဘယ်လိုစိတ်ကူးစိတ်သန်းနဲ့  ရွာဘုန်းကြီးက အမည်ပေးခဲ့ လဲတော့ ဥာဏ်မမီဘူး အဲ့  သူ့ အမျိုးသား ကျနော်တို့ ဘကြီးအမည်ကြတော့  မောင်ကွန့် တဲ့  အသက်ကြီးတော့  ဦးမောင်ကွန့် ပေါ့ လေ
ရွာ့ ဓလေ့ ရပ်ဓလေ့ ဆိုတာ ကျနော်တို့  ဘွားအေတွေ ဘကြီးတွေ တစ်ခါတစ်လေ အလှုတို့  နာရေးတို့ မှာ အမျိုးတွေ လူစုံတုန်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြ ပြန် လွမ်းကြ လုပ်ကြတုန်း ကျနော်တို့ တွေက ၀ိုင်းနားထောင်ခဲ့ ရတာမျိုးပေါ့  ရယ်စရာတွေ စိတ်မကောင်းစရာတွေ လောကဓံအတက်အကျသဘောတွေ
တကယ့် လူ့ ဘ၀ဇာတ်ခုံကြီးအကြောင်းတွေကို ထိုင်နားထောင်နေရသလိုပါပဲ
ရှေးက အမျိုးတွေက အတော်ရိုးကြတာများတဲ့  အထဲ အဲ့ အမျိုးထဲမှာမှ ဒေါ်တိုက်မေက အတော်မှ အတော်ကြီးကို ရိုးတယ်...သူ့ ရိုးချက်က တစ်ခုက ရယ်ရအခက် ငိုရအခက်..အဲ ရယ်ရတဲ့ ဖက်က ပိုသန်မိပါ့ ဗျာ. တစ်ခါက ရွာက ဘုန်းကြီးကျောင်းမှာပေါ့ လေ  ဆရာတော်ကြီးက ဦးသူရိယ တဲ့  တစ်ရွာလုံးအပေါ် သြဇာကြီးတယ်လို့ ဆိုတယ်
ရွာဆိုတာကလဲ အမျိုးချင်း လှည့် ပတ်ယူထားကြသလို ရွာမျိုး...ဘုန်းကြီးကိုယ်တိုင်က အမျိုးတော်နေတာမျိုးရယ်...
ဘုန်းကြီးကို ချစ်ကြောက်ရိုသေချက်က ဘုန်းကြီးရှေ့ ဆို ကြမ်းပြင်မှာ ၀ပ်ကိုနေတတ်ကြတော့ တာမျိုးတွေ ဟို ဘုရင့် ရှေ့ တော်မှာ အခစားဝင်တဲ့ စတိုင်မျိုးနဲ့ ပေါ့ လေ..အဲ့ ဒါတစ်နေ့  ဘုန်းကြီးက နေမကောင်းလို့  အဲ့ ရိုးတဲ့ ဘွားအေကြီးက ကျောင်းဝေယျာဝစ္စတွေ သွားလုပ်ပေးနေတုန်း ဘုန်းကြီးက ပရိတ်ကြီး စာအုပ်လေး ဖွင့် ပြီး ဖတ်ပြခိုင်းရောတဲ့ 
ဟဲ့  တိုက်မေ ဒီပရိတ်ကြီး အစအဆုံးဖတ်ပြဟယ် ငါ နာရအောင်  မိန့် တော့ ဘွားအေကြီးလဲ ကြောက်ကြောက်နဲ့  ကြမ်းပြင်ဝပ်ပြီး ခေါင်းမဖေါ်စတမ်း ဖတ်တော့ တာပေါ့  အဲ့ မှာ
ဖတ်ပြီးသွားတော့ '' ဗြန်း'' ဆိုပြီး ကြမ်းပြင်ကို ကြိမ်လုံးနဲ့  ရိုက်သံ ထွက်လာပြီး ဟဲ့ တိုက်မေ ဘယ်လိုဖတ်နေတာတုန်း ပြန်ဖတ်ချည်...လို့  ခပ်ငေါက်ငေါက်လေး လှမ်းဆူလိုက်တော့ 
ဘွားအေကြီး လန့် ပြီး ထပ်ဖတ်ရရောတဲ့  အသေအခြာဖတ်ပြနေတာ ဘယ်နား မှားသွားပါလိမ့်  ပေါ့ လေ...အဲ့  မှာလဲ ပြီးသွားတော့  တစ်ခါ ထပ် '' ဗြန်း ''ဆိုတဲ့  အသံက ထွက်လာပြန်ရောတဲ့ ....၃ ခေါက်မြောက် ရောက်တော့  လန့် ပြီး အသံက ပျောက်သလိုဖြစ်လာ ၀ပ်နေတာက ထလည်း မသွားရဲ နဲ့  နောက်တော့  ရူရူတွေပါ ထွက်ကျကုန်ရောတဲ့ ..
အဲ့ တော့ မှ  ဟဲ့  တိုက်မေ နင့် ဟယ် အ လိုက်တာ  ဘာလို့ '' ပြီး၏'' ကို ထည့် ထည့် ဖတ်နေရတာတုန်း လို့  ဆိုသတဲ့ ....
အဖြစ်က အစအဆုံးဖတ် ဆိုလို့  ဘုန်းကြီးမှာ မှာတဲ့ အတိုင်း စာအုပ် အဆုံး ထောင့် လေးက'' ပြီး၏ ''ကိုပါ ထည့် ထည့် ဖတ်နေလို့ ကိုး ဆိုတာ အဲ့ တော့ မှ သဘောပေါက်သတဲ့  ကျနော်တို့ တွေ ၀ိုင်းရယ်လိုက်ကြပေမယ့်  စိတ်ထဲကတော့  ဘုန်းကြီးကလဲ အစကတည်းက ပြောပြီးရော လို့  ပွစိပွစိပေါ့ လေ...ကျနော်တို့ ကသာ ဘာညာပြောတာပါ အမျိုးတွေက
အဲ့ ရွာဘုန်းကြီးကို ကြည်ညိုလိုက်တာမှ အသည်းတုံ အူတုံတွေရယ် ဘုန်းကြီးကျေးဇူးကြီးတယ်ပဲ. ကိုယ့် ဘုန်းကြီးနဲ့  ကိုယ့် ဒကာ ဒကာမ ရွာသားတွေဆိုတာ အဲ့ လိုတွေ ...။  😁
စွန်
စွန်
---
ငယ်တုန်းက စွန်လွှတ်ဖူးတယ် ဒါပေမယ့်  စွန်သာလွှတ်တာ တိုက်စွန်ကို မလွှတ်တတ်တော့  စွန်မှာ အမြီးရှည်ကြီး တပ်ပြီး လေတံခွန် လို  လွှတ်ရတယ်
 အမြီးက တအား ရှည်လေ ကောင်းကင်မှာ ကိုယ့်  စွန် အမြီးရှည်ကြီး တလူလူနဲ့  ၀ဲနေတာကို ကြည့် ရတာ   ပျော်စရာကောင်းလေပေါ့ ....
စွန်လွှတ်ချိန်ဆို ကိုယ့် လို အမြီးတပ် ၀ဲယုံလေး လွှတ်တတ်သူတွေနဲ့  တိုက်စွန်လွှတ် စွန်ချင်းဖိုက်တဲ့  စွန်လွှတ်သမားတွေနဲ့  ကွင်းပြင်ထဲ စည်ကားလို့ ပေါ့ 
ကောင်းကင်မှာလဲ စွန်တွေကို မနဲဘူး...နောက်တစ်ချက် ကောင်းတာက တိုက်စွန်သမားတွေဟာ အမြီးတပ်ထားတဲ့  လေတံခွန်သဘောလောက် အပျော်လွှတ်နေတဲ့ စွန်တွေကို
 လိုက်ဖြတ်လေ့ မရှိဘူး သူတို့ တိုက်စွန်အချင်းချင်းသာ လိုက်ဖိုက် စွန်ဖြတ်ကျတာမျိုးများတယ်.  😁
အဲ့ စွန်လွှတ်နေကြတဲ့ အထဲ ကိုယ့် အမြီးရှည်တပ် ၀ဲယုံလေး လွှတ်တဲ့ စွန်အမျိုးအစားက နဲနဲတော့ အောက်တယ် စွန်လွှတ်တတ်လို့  မခေါ်ဘူးပေါ့ လေ ကလေးပေါ့ လေ..
တိုက်စွန်သမားတွေမှ စွန်ဆရာကြီးတွေပေါ့  သူတို့ က စွန်ကို အမျိုးမျိုး ကစားတတ်ကိုး.. မှန်စာကြိုးမှာတော့  ဘီးပျံ အပ်ချည်လုံးနဲ့ တိုက်ထားတဲ့ မှန်စာကြိုးကတော့  နာမည်ကြီးပဲ
စွန်ဆရာကြီးတွေရဲ့  မှန်စာကြိုးဆို သတိကို ထားကိုင်ရလောက်အောင် ထက်တယ် အကိုင် မတတ်လို့ ကတော့  လက်ကို ရှရောပဲ...အဲ့ တိုက်စွန်ဆရာတွေ ကိုင်တဲ့  ရစ်ဘီးကလည်း
ဖေါက်ထွင်း မြင်ရတဲ့ ကော်ကြည် နဲ့  လုပ်ထားတဲ့  တကယ့် စပရှယ် ရစ်ဘီးတွေ ...သထားချက်များ ရွှေထက်တောင် တန်ဘိုးထားသလိုမျိုးတွေ
ကိုယ်တွေက သစ်သားရစ်ဘီး အကြီးလောက်ရယ်....ဒါတောင် စွန်လွှတ်တတ်သယောင်ယောင် ပဲထုပြီး ရစ်ဘီး အကြီး ဖေါ်လျှိုး လုပ်ကိုင်တာ... :P
စွန်သရဲသာလုပ်နေတာ လေတံခွန်စွန်မျိုးလေးပဲ လွှတ်ခဲ့ တာများခဲ့ တဲ့ အထဲ တစ်ခါက အဖြစ်က မှတ်မှတ်ရရ ဖြစ်ကျန်ခဲ့ ပုံက ရစ်ဘီးထဲ ကြိုးက ကိုက် ထောင်ချီ ရှိနေတော့  စွန်ကိုလွှတ်တင်ရင်း လေကြောက
 ကောင်းနေတော့  ကြိုးလျှော့ ရင်း လျှော့ ရင်းက ကောင်းကင်မှာ ကိုယ့် အမြီးတန်းလန်းနဲ့ စွန်တောင် ပြပြလေးမြင်ရတော့ တယ် အဲ့ လောက် မဟားဒယားကြီး
မြင့် အောင်မလွှတ်ဖူးတော့  လွှတ်ပျော်နေတာပေါ့   ..အဲ့ မှာ မိုးသားတွေ ရောက်လာပြီး မိုးက ဖွဲဖွဲလေး စရွာလာပါရောလေ...အဲ့ မှာ ကိုယ့် စွန်ကို ပြန်သိမ်းရမှာ သမျှောနေတာနဲ့  မိုးရွာကြီးထဲ စွန်ဆက်လွှတ်နေတော့ တာပေါ့ လေ
စွန်က သိပ်မြင့် နေတော့  မိုးစိုပုံမရဘူး ဆက်ဝဲနေသေးတယ် မိုးစိုပြီး အိကျလာတာက မှန်စာကြိုးတွေ ..အဲ့  မှာ ရစ်ဘီးတစ်ဘီးစာ ကိုက် ၅၀၀လောက် မှန်စာကြိုးတွေ
ကုန်ရော ဖြစ်သွားတော့ တာပါပဲ.စွန်လဲ နောက်တော့  စုတ်ပြတ်ပြီး ထိုးဆင်းသွားရော...လူလဲ မိုးတွေရွှဲ ကြွက်စုတ်လေးဖြစ် အအေးပတ်ပြီး ဖျားရော .အဲ ၀ါးလုံးရှည်ကြီးထောင်ပြီး စွန်တော့  မလိုက်ခဲ့ ဖူးဘူးပေါ့ လေ... :P  😁
ဘုမ္မိကြီးနယ်မြေသဘော.
ဘုမ္မိကြီးနယ်မြေသဘော.
-------
နေ့ သားတစ်ယောက်ဟာ ၄ ခွင်မြောက်မှာ ဂြိုလ်အိပ်ပြီး ၇ ခွင်မြောက်မှာ သက်ရောက်ကျနေတာကို  ဘုမ္မိကြီး ရောက်နေပြီး ဘုမ္မိကြီးဆိုတာ တစ်သက်တာထူထောင်ရှာဖွေလာတဲ့  ဓနစီးပွားတွေ အမှားတစ်ချက်နဲ့ တင်ပြိုလဲသွားနိုင်သလို အဆင်မသင့် ရင် လူကို ရောဂါကြီးတွေ စွဲကပ်လာလို့ ဆေးဖိုးဒလဟောကုန်သွားတတ်တာ မိသားစုဖွဲ့ စည်းပုံပျက်သွား ဖယိုဖရဲ ဖြစ်သွားတတ်တာ သိက္ခာတရားကို ထိခိုက်စေတဲ့ အဖြစ်အပျက်တွေ ကျရောက်လာနိုင်တာ စသဖြင့်  လောကဓံဆိုးတရားကြီးတွေ ဖြစ်လွယ်တာကို ဆိုလိုတယ်ဘယ်ပုံဘယ်နည်းနဲ့  ကျရောက်လာမလဲ လူကိုလား အလုပ်ကိုလားက မှန်းရခက်တတ်တယ်...လစ်တဲ့  အကွက်ကနေ ၀င်ချလာတတ်တဲ့ သဘောရှိတယ်ပေါ့
ဆိုပါတော့  ဟူးသား တွေ အသက် ၅၅ နှစ် ရောက်ရင် ရာဟုဂြိုလ်အိပ် သက်ရောက်တနင်္လာ ဖြစ်လို့  ဒါဟာ ဘုမ္မိကြီးလို့ ဆိုတယ်...ဒါဆို ဟူးသားတွေဟာ အသက် ၅၅ ရောက်ရင် လူ သို့ မဟုတ် အလုပ်ငွေကြေးသိက္ခာ တစ်ခုခု အနဲ နဲ့  အများ တိုက်ခိုက်ခံရနိုင်တယ်ပေါ့  ဒါဆို အဲ့ လို အသက် ၅၅ မှာ တိုက်ခိုက်ခံရပြီးရင် အသက် ၅၆ တွေ ၅၇တွေမှာ ဘာမှထပ်မဖြစ်တော့ ဘူးလား စီးပွားတွေပြန်တက်လာရောလား ကောင်းသွားရောလား တွေးစရာ စပ်စုစရာ ရှိလာပြီပေါ့ ...
အဲ့ မှာ သက်ရောက်ပညာအရရော တကယ့် လက်တွေ့ ဘ၀တွေထဲက ဟူးသားတွေကို စောင့် ကြည့် ခဲ့ လေ့လာခဲ့ သမျှအရရောဆို..ဒီဟူးသားတွေကို အသက် ၅၅ ရောက်တိုင်း
ဟူးသားသမီး မှန်သမျှ အတိုက်ခိုက်ခံရတာမဟုတ်ပဲ အဲ့  ၅၅ မှာတော့ ဘာမှ မဖြစ်တဲ့  အပြင် ငွေရွှင် ကားဝယ်တောင်လုပ်ကြသေးတာတွေ့ ခဲ့ ရပြီးမှ  အသက် ၅၅ကနေ ၅၈ ကြားကြမှ  ဓနတွေ ပြုတ်ပြုတ်ပြုန်းတွေ ဖြစ်ကုန်တာ အမှု့ တွေ ဖြစ်ကုန်တာ ကျမ္မာရေးဒေါင်းဆင်းသွားတာ  တစ်ပုံကြီးဆိုတာ ဒါ တကယ့် လက်တွေ့ ဘ၀ထဲက အဖြစ်တွေဆို မြင်နိုင်တယ် အဲ့ မှာ ''ဘုမ္မိကြီး နယ်မြေ'' ဆိုတဲ့ သဘောတရား ထွက်လာတော့ တာပါပဲ
အကြောင်းက အသက် ၅၅ ဘုမ္မိကြီးပြီးပေမယ့်  ရှေ့  အသက် ၅၆ ၅၇ ၅၈ ဆိုတဲ့  သက်ရောက်သုံးခုဟာ အင်္ဂါ ၊ ဟူး ၊ စနေ ဆိုတဲ့  လောကဓံဆိုး သက်ရောက် ၃ ခုကို ဆက်တိုက်ဖြတ်ရတဲ့ သဘောကြောင့်  ဘုမ္မိကြီး ဆိုတဲ့  သက်ရောက် တစ်ခုထဲနဲ့ မပြီး ရှေ့ သက်ရောက်ဂြိုလ်တွေကို ပါ သတိဆက်ထားဖို့ လိုတယ်ပေါ့ ...ဟူးသားတွေ အသက် ၅၅ မှာ ဓန ဆုံးရှုံးမှု့ မှာ တနင်္လာ ဂြိုလ် မရဏ ကျနေတဲ့  ၆ ကြွင်းမဟာဘုတ်သမားတွေသာ အများဆုံးဖြစ်ပြီး အသက် ၅၅ မှာ ထောပြီး အသက် ၅၆ မှာ ကားသွားတာများတဲ့  ဟူးသား တွေထဲမှာသုညကြွင်း အဓိပတိဖွားတွေက ပိုများတဲ့  အကြောင်း တစ်ချို့  ဟူးသားတွေကြတော့  အသက် ၅၅ ၅၆ ၅၇ သုံးနှစ်စလုံး ဘာအန္တရာယ်မှမဖြစ်ပဲ  အသက် ၅၈ စနေသက်ရောက်ဖြတ်မှ ကျန်ခဲ့ တဲ့  သုံးနှစ်စာပါ အတိုးအရင်းပေါင်းသလို စုပြုံ အတိုက်ခိုက်ခံရတာမျိုးတွေကလဲ အများကြီးပေါ့ လေ...ဒီတော့  စာဆိုတွေအရ ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး ရောက်မှာအဲ့  တစ်နှစ်ကြမှ ကေးလင်းဖီးလ်ထဲရောက်နေပြီ လို့  ပုံသေမှတ်ရင် အဆင်မသင့် ရင် အဆင်မသင့် တာတွေ ဖြစ်သွားတတ်တဲ့ အကြောင်း....
မှတ်ဥာဏ်တွေ ပျောက်သွားတဲ့ အခါ......
မှတ်ဥာဏ်တွေ ပျောက်သွားတဲ့ အခါ..........
-----------
မင်းကွန်းခရီးစဉ်သွားရင်း ကျနော့် အဖေဟာ အပူပြင်းတဲ့  မန္တလေးသင်္ကြန်ကြီးမှာ သွေးပေါင်ချိန်စောင့် တက်ပြီး သတိလစ်မေ့ မျောသွားရာကနေ မန္တလေးဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် တင်လိုက်ရပါရောခမျာ...ခရီးစဉ်မှာ ကျနောရယ် ကျနော့် အမေနဲ့  ကျနော့် အဖေသာ သွားကြတာဖြစ်လို့  ကျနော့် အဖေရဲ့  အသက်ရှင်သန်ရေးဟာ ကျနော့် အပေါ်လုံးလုံးတာဝန်ကျလာသလိုပါပဲ....မန္တလေးက မိတ်ဆွေတွေက အစစ၀ိုင်းကူညီကြသလို မန္တလေးဆေးရုံကြီးက ဆရာဝန်ကြီးရော နတ်စ်တွေ ဆေးရုံဝန်ထမ်းတွေရဲ့  စောင့် လျှောက်မှု့ က သေကံမရောက် သက်မပျောက်ဘ၀ပါပဲ သူများရပ်ရွာမှာ နာမကျမ်းဖြစ်ချိန် မိတ်ဆွေတွေရဲ့ ကူညီမှု့ ဟာ ဘယ်လောက်တောင် တန်ဘိုးကြီးသလဲ ဆိုတာ တစ်သက်မမေ့ နိုင် ကျေးဇူးတင်မဆုံးပေါ့ ..
အဖေ ဆေးရုံပေါ်မှ သတိပြန်လည်လာပေမယ့်  ဘ၀ရဲ့ အရာတော်တော်များများကို မမှတ်မိတော့ ပါဘူး  ကျနော် နဲ့  ကျနော့် အမေကိုတောင် မှတ်မိ သယောင်ယောင်လေးလောက်ပဲ ဖြစ်သွားပါတော့ တယ်  ခြေထောက်တွေ ဆိုင်းသွားလို့    လမ်းမလျှောက်တတ်တော့ ဘူး သစ်သီးတွေ ရဲ့ အမည်ကို မမှတ်မိတော့ ပါဘူး..သူ့ ကိုယ်သူ ဘယ်ရောက်နေလဲလည်း မသိတော့ ပါဘူး..မန္တလေးက မိတ်ဆွေတွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ယူလာတဲ့  ထမင်းနဲ့ ဟင်းလျာတွေကိုအနံ့ တောင်မခံနိုင်တော့ ပါဘူး..နှလုံးပါ ထိသွားလို့  နှာခေါင်းက ပြင်းထန်တဲ့ အနံ့ တွေကို မခံနိုင်တော့ တာလို့ ဆိုပါတယ်..
မှတ်ဥာဏ်ပျောက်သွားတာဟာအတော့် ကို ဆိုးပါတယ် သက်သာစပြုလာတော့  ကုတင်စောင်းလေးမှာ ခြေတွဲလောင်းချထိုင်စေရင်း သူ့ ခြေထောက်ကို ကျနော်က ဘယ်ညာ အသာလေး လွှဲပေးရင်း သွေးပူလေ့ ကျင့် ခန်းလို လုပ်ပေးပြီးမှ တွဲယူဖေးမပြီး တစ်နှစ်ကျော်ကလေးလေးတွေကို လမ်းလျှောက်ပြန်သင်ပေးသလို ဘယ်လှမ်းလိုက်ပါ ဟုတ်ပြီ အဖေ ဟုတ်ပြီ ညာဖက်ကလေး လှမ်းလိုက်ပါဦးနဲ့  လမ်းလျှောက် လေ့ ကျင့် ပေးခဲ့ ရသလို.........သူကြိုက်တတ်တဲ့  ပန်းသီးကို ထောင်ကိုင်ပြရင်း ဒါဘာသီး လဲ အဖေလို့ မေးလိုက်ရင် ကြောင်ကြည့် နေပြီး ခေါင်းလေးခါလို့  မသိဘူး တဲ့  ဒါရောအဖေ လို့  စပျစ်သီးအတွဲကြီးတွေကို ထောင်ကိုင်ပြတော့ လဲ ..ခေါင်းသာရမ်းတော့ တယ်...ကြေကွဲစရာ စိုးရိမ်စရာကောင်းလွန်းလှတဲ့  နေ့ ရက်တွေပေါ့ ဗျာ..ဒါ ပန်းသီးနော်အဖေ....အဖေ ဒါလေးတော့ စားနော် အားရှိအောင်ဆိုပြီး ပန်းသီးစိတ်လေးတွေ ခွံ့ ကျွေးတော့  ကလေး တစ်ယောက်လိုပါပဲ ခေါင်းလေးငြိမ့် ပြီး  နှစ်နှစ်သက်သက် စားရှာတယ်..ကောင်းလား အဖေဆိုတော့  ပြုံးပြီး ခေါင်းငြှိမ့် ရှာတယ်..အဖေ စကားမှ ပြန်ပြောတတ်ပါတော့ မလားလို့  စိတ်ထဲက သောကတွေနဲ့  ကြီတ်ကြေကွဲမိလို့  ဆို့ နင့် လာတဲ့ ရင်ထဲက အပူတွေကို မြိုချခဲ့ ရတဲ့ အချိန်တွေပေါ့ လေ...
သတ်လစ်နေချိန်တွေရဲ့ ထူးဆန်းတဲ့ အက်ရှင်တစ်ခုက လူကသာမေ့ မျောနေတာ ညာလက်ရဲ့  လက်မနဲ့ လက်ညှိုးက ပုတီးတွေစိတ်နေတဲ့ အက်ရှင်က ထူးခြားမြင်ကွင်းပေါ့  ဘယ်ကမ္ဘာမှာများ ပုတီးတွေဆက်စိတ်နေပါလိမ့် ပဲ.အရင်က ထုံလာတဲ့ အကျင့် က ဖြစ်နေတဲ့  အက်ရှင်ပေါ့ လေ.....သတိလည်လာပြီး ကျနော်တို့ သားအမိ ၂ ယောက်ကိုသာ မှတ်မိသယောင်ရှိပြီး ရန်ကုန်အိမ် အလုပ် အစားအသောက် အသီးအနှံ အမည်တွေ မန္တလေးက မိတ်ဆွေတွေ ဘာဆို ဘာမှ မမှတ်မိတော့ ပေမယ့်  ဆေးရုံတက်စကနေ ၅ရက်လောက်က ပန်းသီးပြီးပန်းသီး နဲ့ ရေနဲ့  ငှက်ပျောသီးနဲ့  ထမင်းဟင်းလွတ် အသက်ဆက်ခဲ့ တာကလည်း အံ့ ဖွယ်ပါပဲ
လမ်းပြန် လျှောက်တတ်လာလို့  မထူးဘူး ရန်ကုန်ကိုပြန်မယ် အိမ်မှာ ဆရာဝန်ကြီးတွေနဲ့  ဆက်ကုကြတာပေါ့ လို့   ဖအေကို တွဲယူဖေးမပြီး အရိပ်တကြည့် ကြည့် နဲ့  ရထားပေါ်မှာ တလမ်းလုံးငုတ်တုတ် ထိုင်ကြည့် ပြီး ဇွတ်ပြန်ချလာခဲ့ ကြတယ် အိမ်ရောက်တဲ့ အထိ အဖေ့ ရဲ့  မှတ်ဥာဏ်ဟာ ကောင်းကောင်းအလုပ်မလုပ်သေးပါဘူး သူ့ အိမ်လို့ လဲ ကောင်းကောင်းမမှတ်မိသေးပါဘူး...အဲအိမ်မှာ မိသားစု မောင်နှစ်မ အမျိုး လူနာမေးတွေ ဆုံနေတုန်း အနားယူနေကြတုန်း  အဖေ့  အလုပ်စားပွဲပေါ်က ဖုံးသံဟာ အသံ ကျယ်ကျယ်လောင်လောင်နဲ့  ထမြည် ပါရောဗျာ...အဲ့ မှာ ကျနော့် အဖေဟာ ရုတ်တရက် အိပ်ရာက လန့် နိုးသွားသလို ဖြစ်သွားပြီး သူ့ ဟာသူ ဖုံးကောက်ကိုင် စကားပြောပါရောလေ.. တစ်ဖက်က ဖုံးဆက်တာက အဖေ့ သတင်းကြားလို့  သတင်းလှမ်းမေးတဲ့  ကုန်သည်မိတ်ဆွေတစ်ယောက်ပါ....ထူးဆန်းတယ်  အဲ့  ဖုံး လာလိုက်တဲ့ အချိန်ကစပြီး မှတ်ဥာဏ် အားနဲသွားတဲ့  အဖေဟာ အကုန်ပြန်မှတ်မိသွားပြီး တက်တက်ကြွကြွ ပြန် ဖြစ်လာပါရောဗျား....အဲ မန္တလေးဆေးရုံကြီးက အဖြစ်တွေတော့  သတိမရပါတဲ့ ဗျာ...