'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, April 24, 2016
သိုင်းကျောင်း
သိုင်းကျောင်း
--------------
ဘုန်းကြီးကျောင်းမှာ ခေါင်းစဉ်တစ်ခုခု တတ်ပြီး မြန်မာ့ သိုင်းသင်တန်း သင်နေတဲ့  ပုံတက်လာတော့  အတော်များများ အလန့် ထညက်ဖြစ်သွားတယ်..ကျနော်တို့ ကတော့  ပုံလောက်ကြည့် ပြီး အလန့် တကြားမဖြစ်ပါဘူး ကိုယ်တိုင်ကို ဘုန်းကြီးက မြန်မာ့  ဗန်တိုပညာ သိုင်းအခြေခံ သွားသင်ခဲ့ ဘူးတော့  ဒီမြင်ကွင်းလောက်က ရိုးနေပြီပေါ့ 
အလန့် တကြား ဖြစ်ကုန်တာက စီစဉ်သူ နေရာနဲ့  ရည်ရွယ်ချက်က ပုံမလာလို့ နဲ့  တူပါရဲ့  ဒါလဲ ဖြစ်နိုင်တာပါပဲ အခု ပုံက သိုင်းသင်တန်းနဲ့  ကျနော်တို့ တုန်းက မြန်မာ့ သိုင်းသင်တန်း ရည်ရွယ်ချက်က မတူဘူးလေ....ကျနော်တို့ ငယ်တုန်းက စတိတ်ကျောင်းတွေကမှာကိုက သိုင်းသင်တန်းအခြေခံတွေ သင်ပေးတယ် ကာယပညာဦးစီး အစီအမံပေါ့ 
မြန်မာလူငယ်တွေ ညှောင်နာနာ မဟုတ်ပဲ ကာယဖက်ကပါ သန်စွမ်းနေအောင်သဘောပေါ့  အသတ်အပုတ်တွေလဲ ရအောင်ပေါ့  နောက်တော့  ကျနော်တို့  စတိတ်ကျောင်းပြီးစတင် မဆလာဖါထီ ဥက္ကဌကြီးက ဘာစိတ်ကူးတွေ ပေါက်သွားလဲတော့မသိဘူး သူ့ ကို ပြန်တော်လှနှ်မှာစိုးလို့ လား ဘာလားပဲ ကျောင်းတွေမှာ မြန်မာ့ သိုင်း အခြေခံတွေ သင်ပေးတာတွေသင်ရိုးထဲ မပါတော့ ဘူး........
ဘုန်းကြီးကျောင်းမှာ သိုင်းသင်တန်းတက်ရတာရ ရှင်းရှင်းပြောရရင် ကျနော်တို့ ခေတ်က သိုင်းဆရာ အများစုဟာ ဓနမချမ်းသာပါဘူး ဒီတော့  ဆရာတွေတတ်ထားတဲ့  သိုင်းပညာတွေ မတိမ်ကောရအောင် မြန်မာ့ သိုင်းပညာတွေ လူငယ်တွေကြား ပျံ့ ပွားရအောင် မြေကွက်လပ်ကျယ်ကျယ်တွေ လိုတော့  အဲ့ လို မြေကွက်လပ်ကျယ်တဲ့ နေရာတွေ ဖရီးရဖို့  ဆိုတာကလဲ ဘုန်းကြီးကျောင်းဝင်းကြီးတေမှာသာ ရှိတတ်တာများတော့  ဘဘုန်းကို လျှောက်ပြီး သိုင်းသင်တန်းလေးတွေ ပေးရတာမျိုး...မြန်မာ့ သိုင်းပညာတွေ အဲ့ တုန်းက မျက်နှာငယ်ချက်က တရုပ်သိုင်းပညာကျောင်းတွေ ဂျပန်ကရာတေးကလပ်တွေ အထူးသဖြင့်  ဂျပန်ကရာတေးကလပ်တွေလောက်ကို လူအထင်မကြီးခံရဘူး တရုပ်ဂျပန်သိုင်းကားတွေ တန်ခိုးပေါ့  အဲ့ တော့  ကရာတေးကလပ်သာ နံချပ်ကုလေး ကိုင်ချင်လို့  ပိုက်ဆံပေးပြီးသွားတက်တာ သိုင်းကြတော့  အောက်သလိုလို ဘာလိုလိုတွေ.......
အဲ့ လို အခြေအနေတွေ ရှိသလို ပွဲကျောင်းတွေဘာတွေဆိုတာ အရင်က မသိပါဘူး စာဖတ်မှ သိတာ ဟိုတုန်းက မြန်မာ့ရိုးရာသိုင်းပညာဆိုတာ အရောင်ဆိုးမခံရသေးဘူး နေရာအနေအထားရဖို့ ခက်တယ် မျက်နှာငယ်တယ် ဆရာတွေဟာ ဓန မချမ်းသာကြဘူး ရိုးရိုးသားသား သိုင်းပညာတွေ ကိုယ်လုံ အဖြစ်တတ်စေချင်ကြတယ်ပဲ...စတိတ်တုန်းက
သင်ပေးတဲ့  သိုင်းဆရာဟာ အထက်တန်းပြဆရာမ နဲ့ ကြုံခဲ့ တာ တကယ့် ကို ဒေါင်းတိမောင်းတိရယ်..တကယ့် ဖီလင်အစစ်ဆိုကျနော်တို့  မြန်မာပြည်သားတွေကိုယ့် ရိုးရာ သိုင်းပညာတွေ အခြေခံလောက်တော့  တတ်ထားတာ ကောင်းတယ်ပဲ ..လောကီနယ်ပယ်ရဲ့ သဘောလဲ ကြည့် ရသေးလေ...ချက်ချင်းကြီး ငုတ်တုတ်ကနေ တစ်ထိုင်တည်း နိဗ္ဗာန် မရောက်လောက်သေးဘူးထင်ရင်ပြောပါတယ်....-_-
Labels:
'အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..