ဘာသာမတူမိဘ ၂ပါးကြား ညပ်နေတဲ့  သား
-----------------
ရေလျှံတဲ့ မိသားစုတော့ မဟုတ်ဖူး ရရစားစားအဖွဲ့ တွေ မအေက သားကြီးအတွက် ဗေဒင်လာမေးတာ ဗေဒင်လာမေးပေမယ့်  မမေးတတ်ဘူ မေးနေမကျပုံရတယ် လာနေကျတစ်ယောက်က ခေါ်လာတာ အဲ့ တော့  သား က ၁၁လပိုင်း ၉၈ဖွား ( ၂ကြွင်း )တနင်္လာသား ၁၈ နှစ်ထဲမှာ အင်္ဂါသက်ရောက်ထဲမှာ ကျောင်းမတက်တော့ ဘူး အလုပ်လုပ်နေပြီ
ဒီတော့ အင်္ဂါသက်ရောက် လစိတ်အညံ့ သဘောနဲ့  ၂ ကြွင်း တနင်္လာရဲ့ ကာရိုက်တွေကို ပြောပြရတယ် ဘ၀နေနည်းသဘောတွေပါပြောရတယ် အဲ့ လိုတွေ ပြောရင်းက
မအေက ကျမတို့ လင်မယားက ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဖြစ်နေတာ သားက ဘယ်ဖက်လိုက်ရမလဲမသိဘူး အဲ့ ဒါ ....လို့ ဆိုလာတယ်...အဲ့ မှ ဘေးက အမျိုးသမီးက ( သူတို့ လင်မယားက အိမ်မှာဘုန်းကြီး ဆွမ်းကပ်လဲအတူတူဝိုင်းကပ်ကြတာဆရာတဲ့ ) ...ဒါနဲ့  ကျနော်က ခရစ်ယာန်က ဘယ်သူလဲဆိုတော့  မအေက ကျမ တဲ့ ...
ဒါနဲ့  ကျနော်က သူ့ သားရဲ့  ကံလောင်းရိပ်ကို ပြောရတယ် ဒီတနင်္လာမှာ လောင်းရိပ် ၂ ခု ရှိတယ် မိဘလောင်းရိပ်နဲ့  ဘာသာရေးလောင်းရိပ်ပဲ ဒီတနင်္လာဟာ ခေါင်းမာတယ် တယူသန်စိတ်လွှမ်းမိုးတယ် ယုံရင်ယုံတယ် မယုံရင်မယုံဘူး ခေါင်းမာတာ အပြင်လောကမှာ ဘယ်လောက်မာမာ မိဘကိုတော့  မာလို့ မရဘူး မာလိုက်တာနဲ့  ဘ၀တက်လမ်းပိတ်သွားတယ် ဆရာကြီးဇာတာမျိုးလဲ ဖြစ်နေတယ် ဒါပေမယ့်  အပြင်လူတွေကို ဘယ်လောက်ဆရာကျကျ မိဘကိုတော့ ကန်လို့ မရဘူး အဲ့ ဒါကို သူကိုယ်တိုင်နားလည်ဖို့ လိုမယ် နောက်တော့ နားလည်လာမှာပါ အခုတော့  တစ်ခါတစ်လေ သူ့ ဇွတ်ကို မိဘက ခဏတော့ လျှော့ ပေးရလိမ့် မယ် သူ့ ဒုက္ခတွေသိပ်ရောက်သွားမှာစိုးလို့ ..ပြီးတော့  တနင်္လာဆိုတာ ၁၈ ၁၉ ၂၀ သုံးနှစ်ဟာ မိဘလောင်းရိပ်အောက်ကနေ ထွက်လို့ မရနိုင်သေးဘူး ထွက်ချင်ရင် ၂၀ကျော်မှပေါ့
လို့  ပထမလောင်းရိပ် သဘောကို အရင်ပြောလိုက်ပြီးမှ ...
ဒီတနင်္လာတွေဟာ ဘာတွေလုပ်လုပ် ဘာသာရေးတော့ အနဲ နဲ့ အများအားကိုးထားမှ အလုပ်ဖြစ်မယ် ချမ်းသာချင်ရင် ဘာသာရေးတွဲထားပါလို့ ကျနော်က မှာတယ် အခုကတော့  မိဘလောင်းရိပ်အောက်မှ ရှိတော့  သူ့ ကိုမှာလိုက်မယ် ဘုရားကျောင်းလဲ မအေ နဲ့ အတူတူလိုက်တက်ပါ ရွှေတိဂုံဘုရားလဲသွား ၂ ခုစလုံးကို လိုက်လုပ်ပါ ယုံဖို့  မယုံဖို့  မလိုဘူး မိဘ ၂ ပါးစလုံးအတွက် လုပ်ပေးနေတယ်သဘောထားပါ ကိုယ် ယုံကြည်ရာ တစ်ဘာသာထဲ ရွေးချင်ရင် အနဲဆုံး နောက်ထပ်သုံးလေးနှစ်စောင့် ပါ လို့  ကျနော်မှာလိုက်တယ်ပြောလိုက်ပါ လို့ ......
အဲ့ ဒါ ကျနော် ၂ ကြွင်းတနင်္လာ ၁၈ နှစ်သားရဲ့  အနာဂတ်ကောင်းစားဖို့ အတွက် အခြေခံကံကြမ္မာတွေ ပြဿနာတွေကို ဘယ်လို ကစားမလဲဆိုတဲ့ အကြံပေးချက်ပဲ ဘာသာမတူတဲ့  မိဘ ၂ ပါးကြား အုံးစားပြီး ညပ်နေတဲ့  သူတွေ ခဏခဏ ကြုံဖူးတယ် ဒီနေ့ ကတော့  ယောင်ဝါးဝါးဖြစ်နေတဲ့  သားအတွက် လှုပ်ရှားနည်းပေါ့ ....အဲ့ မှာ သားသမီးအများစုရဲ့  သဘာဝဟာ မအေ နဲ့  ပိုနီးစပ်တော့  မအေ့ ဘာသာဖက်ကို စိတ် ပိုနွယ်သွားတတ်တဲ့  သဘောလဲ ရှိတာကို ထည့် တွေးရတယ် မအေကလည်း သူ့ သားသမီးတွေကို သူ့ ဘာသာဖက် ပိုစိတ်ညွှတ်စေချင်တဲ့  ဆန္ဒဖြစ်နေတတ်တယ် ဒါတွေကို ထည့်တွေးရတယ်
အဓိက က သားသမီးက မိဘ စိတ်ကွက်ခံရရင် ဘ၀တွေ ချာရပတ် ရမ်းကုန်တတ်လို့  အဲ့ မှာ မိဘတွေကိုလဲမှာရ သားသမီးတွေကိုလည်း လူလည်ကျဖို့ သင်ရ.ပေါ့ ......တကယ်ကတော့  ဒီဘက်ခေတ်ထဲမှာ အတော်များများ သဘောက ဘာသာရေးမှာ အတွင်းသဘောတွေထက် အပြင်သဘောတွေနဲ့ သာ မြင်တွေ့ ရင်းနှီးနေကြလို့  နီးစပ်ရာသဘောနောက်သာများပြီး အတွင်းစိတ်က ကိုယ်တိုင်ရွေးခြယ်တဲ့  ယုံကြည်မှု့  သဘောအဆင့် အထိ ခိုင်မာတဲ့ သဘောဖြည်တည်နေမှု့ အားနဲနေတတ်သေးတယ်...ငယ်တုန်းမှာပေါ့ 
....ဗေဒင်ဆရာဘ၀ဆိုတာ ဘ၀အမျိုးမျိုး မိသားစုအမျိုးမျိုး ဒီလိုပဲ ကြုံရတတ်တာပါပဲ လက်တွေ့ ဘ၀က တစ်ချို့ အဖြစ်အပျက်တွေ အတွက် တွေးပေးရတဲ့ အခါ ကျမ်းလွတ်ဆန်တယ် လက်တွေ့ ဘ၀မှာ အဆင်ပြေအောင် တွေးပေးရတာမျိုးရှိတယ် ဒီလိုပဲ အကြံပေါင်းစုံကို အဆင်ပြေနိုင်သလောက်ပြေသွားကြရအောင် တတ်နိုင်သမျှ ဖြစ်ညှစ်တွေးတော ပေးရတာပါပဲ.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..