မြန်မာ ဓလေ့ ဖော်ရွေမှု့ က တစ်ခါတစ်လေ ရင်ပါ ကျပ်တက်လာတဲ့ အထိ ခံရတယ်ဗျ..ဟဲဟဲ...သူများအိမ် ဧည့် သည် သွားလုပ်ရင် စားချင်ချင်မချင်ချင် ကြိုက်မကြိုက် တစ်ခုခု မရှိရှိတာ ချကျွေးဧည့် ခံလေ့ ရှိတယ်လေ...ပြီးတော့  နဲနဲတော့ စားကို စားပြမှ ကျေနပ်သွားလေ့ ရှိတယ်..ဆွေရင်းမျိုးရင်းတွေလို မိသားစုတွေလို ရင်နှီးကျွမ်းဝင်ပါကြောင်းပေါ့ လေ...
ကိုယ့် မိဘ အလုပ်က နယ်ကို ကုန်တွေ တင်ပေး ..လဆန်းတော့  အထက်ဗမာပြည် တစ်ပတ် တစ်မြို့ ဝင်တစ်မြို့ ထွက် တစ်ကားပေါ်တက် တစ်ကားပေါ်ဆင်း နဲ့ အကြွေးလိုက်သိမ်းရတယ်.ဘဏ့် စနစ် မတွင် ကျယ် သေး
တာရယ်..ကိုယ်တိုင်လိုက်တော့  နယ်အခြေအနေသိရတာ ဖေါက်သည်တွေနဲ့ ရင်းနှီးတာတွေ တွက်ပြီး ကိုယ်တိုင် လိုက်ကြတော့ တာမျိုး...
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, February 8, 2015
.(တစ်ခါက ပုတီးဝေဒနာ..)
ဟိုး အရင်ကတစ်ခါ ပြောပြဖူးတယ်..စာအုပ်ဖတ်ပြီး လိုက်လုပ်တာ အတော်ဒုက္ခတွေကြီးသွားတဲ့ အကြောင်းပေါ့ ...ပုတီးစိတ်တာလေ.၉၀၀န်းကျင် နှစ်တွေမှာ ဂမ္ဘီရတွေ စန်းပြန်ထလာတော့  စာအုပ်တွေ နည်းတွေ တန်းစီပြီး ထွက်လာတော့ တာပေါ့ ..
.အဲ့ ထဲမှာ ပုတီးစိတ် နည်းပေါင်း သောင်းခြောက်ထောင်တွေရော အကျိုးကျေးဇူး ပေါင်း ၈ သောင်း၎ထောင်မကတွေရော အများကြီး ပါလာတော့ တာပါပဲ...ဆရာတွေက အဲ့ ဒါတွေ ရေးတာမှာ လွှတ်အရေးကောင်းကြတာများတော့  စိတ်ပြီးရင် ဘာကြီးဖြစ်တော့ မလိုလိုနဲ့  သွားရည်ယိုစရာ ကောင်းမှကောင်းပဲ...ကိုယ့် အသက်ကိုက တန်ခိုးရူးချင်လို့ ကလည်းကောင်းလေ..ရူးခွင့် ကလည်းကံကောင်းထောက်မစွာ ကိုယ်ထင်ရာ ကိုယ်လျှောက်လုပ်ခွင့် အချိန်မျိုးရထားတယ်လေ...
ဒါနဲ့ စာအုပ်ထဲမှာ ဒိဝါတပတိ ဂါထာကို ၁၀၈လုံးပုတီးနဲ့  မနက်၆ ည ၆ အတွင်း ပုတီး ၄၅ ပတ်.ဘယ်ထောင့် မှာ ဘယ်နှစ်ရက်စိတ် တထိုင်ထဲစိတ် အဓိဌာန်ဝင်ရင် ဘာညာ ဆိုတာလေး ဖတ်မိတယ်...အရေးအသားက ကောင်းလွန်းလို့  အဲ့ ဒါလေး စိတ်ကြည့် မယ်ပေါ့ လေ...ဂါထာက စိတ်က ရွတ်နေကျဂါထာပဲ အသစ်မှ ထပ်မကျက်ရတော့ ဟန်ကျတယ်ပေါ့ ..ဂါထာတွေလျောက် ကျက်ရမှာ ပျင်းမှပျင်းကိုး...တစ်သက်လုံး အတွက် သုံးပုဒ်ပဲ ကျက်ထားလိုက်တာ..ဒါပဲ တစ်သက်လုံး ထုံနေအောင်စိတ်က ရွတ်နေတာများတယ်... ဒီသုံးပုဒ်လေးတောင် အစက တစ်ကြောင်းစီ ခွဲကျက်ယူခဲ့ ရတာ.အတော် ကျက်ယူရတယ် ပြန်ပြန်မေ့သွားသေးလေ....ပါဠိ နဲ့ လမိုင်းမကပ်ပုံများ အဲ့ လို....
''ရေပိတ်စပါး..နက်ဂတစ်.နဲ့  .ကံကြမ္မာကို ခုခံခြင်း ပြန်တိုက်ခိုက်ခြင်း''
ကိုယ်လုပ်နေတဲ့ အလုပ်သဘာဝကို မြင်သာထင်သာရှိအောင် တစ်ခါတစ်လေ စကားလုံးလေးတွေ ပြောင်းသုံးပြလိုက်လေ့ ရှိပါတယ်...
အဲဒါ့ ဘာကြောင့် ဖြစ်လာရသလဲဆိုရင် ဘာမှဖြင့် မကျိုးစားရသေး အားမထုတ်ရသေးပဲ့  မဖြစ်တော့ ပါဘူး မရတော့ ပါဘူး မဖြစ်နိုင်ပါဘူး ဆိုတဲ့  နဂတစ်ဆန်လွန်းတဲ့  '' ရေပိတ်စပါး '' စကားမျိုး သုံးတာကို ကျနော်တို့ မိဘတွေ (၀ါ) ကုန်သည်သဘောတွေက မကြိုက်ပါဘူး..ခွန်အားကုန်တယ် ကျက်သရေမရှိဘူး မင်္ဂလာမရှိဘူး လို့ တောင် အဆိုခံရပါတယ်...ဘန်းစကားအရ ဘာလေးပြောပြော ''' မဟုတ်သေးဘူးလေ ''' လို့ နဲ့ စကားစလာသူတွေ ''နိုး '' နဲ့ စတာ များလွန်းနေသူတွေကို ''' နက်ဂတစ်သမားတွေ'' လို့  သုံးလေ့ ရှိပါတယ်...အပျက်ဖက်က အရင်ကြည့် တတ်တဲ့ သဘာဝရှိနေသူတွေပေါ့ ...
'' ကျနော်နဲ့ အိမ်တွင်းအုန်း ''
အိမ်မှာ မအေ့ လက်ထက်ကတည်းက ရိုးရာလည်း ကန်တော့ တယ်၊ အိမ်တွင်းအုန်းလည်း ဆွဲခဲ့ တယ်၊ ယုံတယ်လည်း မဟုတ်ဖူး မယုံဖူးလည်း မဟုတ်ဖူး ဖာသိဖာသာပဲ ၊ မအေယုံတဲ့ ဟာ ဘာမှ ၀င်မရစ်ဘူး ရိုးရာကန်တော့ ရင် အားရပါးရ၀ါးတီးးဖွင့် လိုက်တယ် အုန်းသီးဝင်ခြစ်ပေးလိုက်တာပဲ အဖေကလည်း ဘာမှ မပြောပါဘူး သားတွေနဲ့ အတူတူ ရောဝါးပဲ အရပ်ထဲပါ ဝေသေးတယ် အဲ့ ဒါတွေ ကန်တော့ နေလို့  ကုန်တဲ့ ပိုက်ဆံဟာတန်းဆွမ်းသီလရှင်ဆန် တစ်လ လောင်းစာ လောက်တောင် မကုန် ဘူးလေ.....အားလုံး အိုကေ....
မိဘတွေ မရှိကြတော့ တဲ့ အခါကြတော့  ကိုယ်က သဂျီး နေရာ အလိုလိုနေရင်း ရလာတယ် ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရလာတယ်..အဲ့  အချိန်မှာ အိမ်တွင်း အုန်းဆွဲရင်ပဲ ချက်ချင်း အပယ်လား မြေမြိုတော့ မတတ် အသံတွေ ကျယ်လာပြီး ''အိမ်တွင်းအုန်း ဖြုတ်ချရေးစီမံချက် စစ်ဆင်ရေးကြီး'' များ ဆင်နွှဲတော့ မှာလား ထင်ရမလောက် အချိန်နဲ့ ကြုံလာတယ်။
'' ထွေးညို..''
အဲ့ ဒါနဲ့ ပြည့် ဟိုဖက် မြို့ ပြင် အောင်လံဖက် ထွက်သွားတော့  ပေါင်းတလည် ပေါက်ခေါင်းဖက် သွားတဲ့ လမ်းအတိုင်း သွားကြတာပေါ့ ..အဲ့ ဖက်က လူမိုက်ပေါသတဲ့  ဗိုလ်နေ၀င်းတက အဲ့ ဒီဖက်သားတွေလို့ တော့ ပြောတာပဲ ပြီးတော့  ဗိုလ်နေ၀င်းရဲ့ ပထမမယားကြီးကလည်း ပြည်က လို့ ပြောတာ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ သိပါဘူး..ဒါနဲ့ အဲ့ ဖက်သွားတာက ဦးလေးနဲ့ လေ..ဦးလေးက ဇိုးသမား..ဇိုးသမားဆိုတာ ရှပ်ဘဲ ရှပ်ဘဲဆိုတာ အရက်သောက်သူ(၀ါ) ယမကာမှီဝဲတတ်သူ (၀ါ) သောက်သောက်စားစား လူမင်းသားပေါ့ လေ..
သူ့ အရက်သောက်ပုံက အတော်ဆိုးပါတယ်..အဲ့ တုန်းကဆို တစ်ကျပ်နှစ်ကျပ်က တော အရက် ရတဲ့ ခေတ်လေ...ပြီးတော့  အဲ့ ထွေးညိုတွေပဲ နယ်မှာက ပေါတာ..ပြိးတော့  တစ်လမ်းကျော်တို့  နှစ်လမ်း ကျော်တို့ ဆို အရက်ပုန်းဆိုင်က တစ်ဆိုင်လောက်တောင်ရှိနေတာ...
'' မီးလျံငှက်.. ( Fire Bird )''
မကြာသေးခင်ကမှ ချယ်နယ်တစ်ခု က ပြတဲ့  တောရိုင်းဓလေ့  မှတ်တမ်း ဒေါ့ ကူမန်ထရီလေးထဲမှာ ( ဖိုင်းယားဘတ် ) ဆိုတဲ့ ( မီးလျံငှက်လေး) တွေ ရဲ့  ဘ၀ရှင်သန်မှု့ စတိုင်လေးတွေကို စိတ်ဝင်တစား ကြည့် လိုက်ရပါတယ်...
အဲဒီ ငှက်လေးတွေ ဟာ ကြက်တူရွေး အကြီးစား အရွယ်လောက် ကိုယ်လုံးရှိပြီး သူက နဲနဲအလျား ရှည်မျောမျော ပို နိုင်ပါတယ်..အတောင်တွေ ကိုယ်ထည် အမွှေးရောင်တွေက လက်ပြီး တောက်တောက်ပပနဲ့  သိပ်လှတဲ့  အခရိုင်းလစ် အနီရောင်ဖက်များ ပြီး ထူးခြားချက်က ငှက်မြီး စုစု ရဲ့  နောက်မှာ သီးခြားရှည် ထွက်နေတဲ့ ငှက်မြီးပြား နှစ်ခု နှစ်ခွ သွယ်သွယ် ရှည်ရှည် လေးက တစ်ပေလောက် နီးပါး ပါပါတယ်..ဒီတော့  ငှက်ကလေးတွေ လေထဲ ၀ဲပျံ ကစားတဲ့ အခါ အနီရောင် ပိုးပုဝါစကြိုးမျှင် အနီလေး နှစ်ပင် လေထဲလွင့် နေသလို သိပ်ကို လှလွန်းလှပါတယ်..
Subscribe to:
Posts (Atom)