အဲ့ ဒါနဲ့ ပြည့် ဟိုဖက် မြို့ ပြင် အောင်လံဖက် ထွက်သွားတော့  ပေါင်းတလည် ပေါက်ခေါင်းဖက် သွားတဲ့ လမ်းအတိုင်း သွားကြတာပေါ့ ..အဲ့ ဖက်က လူမိုက်ပေါသတဲ့  ဗိုလ်နေ၀င်းတက အဲ့ ဒီဖက်သားတွေလို့ တော့ ပြောတာပဲ ပြီးတော့  ဗိုလ်နေ၀င်းရဲ့ ပထမမယားကြီးကလည်း ပြည်က လို့ ပြောတာ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ သိပါဘူး..ဒါနဲ့ အဲ့ ဖက်သွားတာက ဦးလေးနဲ့ လေ..ဦးလေးက ဇိုးသမား..ဇိုးသမားဆိုတာ ရှပ်ဘဲ ရှပ်ဘဲဆိုတာ အရက်သောက်သူ(၀ါ) ယမကာမှီဝဲတတ်သူ (၀ါ) သောက်သောက်စားစား လူမင်းသားပေါ့ လေ..
သူ့ အရက်သောက်ပုံက အတော်ဆိုးပါတယ်..အဲ့ တုန်းကဆို တစ်ကျပ်နှစ်ကျပ်က တော အရက် ရတဲ့ ခေတ်လေ...ပြီးတော့  အဲ့ ထွေးညိုတွေပဲ နယ်မှာက ပေါတာ..ပြိးတော့  တစ်လမ်းကျော်တို့  နှစ်လမ်း ကျော်တို့ ဆို အရက်ပုန်းဆိုင်က တစ်ဆိုင်လောက်တောင်ရှိနေတာ...
ဆိုင်စစ်စစ်တော့ မဟုတ်ပါဘူး...အိမ်တွေပါပဲ...အမြည်းက သရက်သီးခြောက်စိတ် ဆားပုံတို့  မရမ်းသီးခြောက်တို့ ရယ်.. အဲ့ ဒါ တစ်အိမ်ဝင်သွားလိုက် ရော့ ပိုက်ဆံ ပေးတစ်ခွက်ဆိုတော့  ဟိုကအကြမ်းပန်းကန်လေးတစ်လုံးစာပေးလိုက်တော့  ဂွတ်ကနဲဆို မော့ ချလိုက်ရော.
.
ပြီးတော့ ထွီထွမ်ဖတ်လုပ်အာရှင်းပြီး..သရက်သီးခြောက်လေးတစ်စိတ် ကောက်ဝါး.ထွက်လာပြန်ရော....အဲ့ ဒီလို ၀င်တစ်ခွက် ထွက်တစ်မော့ လုပ်သောက်ကြတဲ့ လူတွေ...ကြာတော့  သူတို့ ချွေးနံ့ ကိုက ချဉ်စုတ်စုတ်ထွေးညို အနံ့ က အဲဗား ထွက်နေတော့ တာမျိုး...သွေးထဲမှာ အယ်လ်ကိုဟောက ၂၄ နာရီ လည်နေပြီကိုးးးး....
ဒါနဲ့  သူ့ ဘော်ဒါ တွေ အရက်ပုန်းချက်တဲ့  နေရာတွေခေါ်သွားတာ...တာလမ်းမက ဘေးဆင်း အင်တောထဲနဲနဲ ၀င်သွားရင် တဲပုတ်လေးတွေနဲ့ အရက်ချက်နေကြတာပါ...အမငီးး..ဆိုသလိုပါပဲ...အဲ့ တော့ မှ ထွေးညို သောက်ရင် ဘာလို့ အနံ့ ဆိုး ပြီး အသေစောလည်းဆိုတာ သိတော့ တာ...အရက်ဦးရေ ပေါင်းခံရေက အရမ်းပြင်းတယ်လေ....မီးပါတောက်ကိုး...အဲ့ ဒီလောက်ပြင်းနေတာတောင် သူတို့ က အုန်းတံမျက်စီး အရိုးတံလေးနဲ့  ပိုးသတ်ဆေး အင်ဒရင်းကို ထိုးစိမ်လိုက်ရော ပြီးတော့  မှ ခါလိုက်သေးတာ...ခါပြီးတော့ မှာ အရက်ဂါလံပုန်းတွေထဲ အဲ့ အတံလေးနဲ့ မွှေလိုက်တော့  အရက်က ပွားလို့ ရတာ...ပွားတာတောင်ပြင်းမှပြင်းပဲ....ဒါကိုမှ ဆိုင်မှာထပ်ပွားသေးတာ.
.ပြီးတော့  အဲ့ ဒီလိုတွေ အရက်ချက်ယုံမကသေးဘူး..ဖားပြုတ် အရေခွံ အခြောက်လှမ်း အမှုန့် ထောင်းထားတွေ ဘာတွေပါသေးတယ်လည်း ပြောပါသေးတယ် အဲ့ ဒါတော့ မမြင်ခဲ့ ရပါဘူး....ဒါကြောင့်  ချက်အရက် ထွေးညိုတွေ သောက်တာ များလာ ကြာလာရင် အသားအရေတွေက ပွစိစိ တွေ ဖြစ် မျက်နှာက ပါးမို့ မို့ တွေ မှာ ဆောင်းဦးပေါက် ဥရောပသားတွေလို နီတာရဲလေးတွေဖြစ်နေတော့ တာ...ဒါကြောင့် ထွေးညို သမားဆို ကျနော်တို့ က အင်ဒရင်းတွေသွားသွားမော့ တာလို့ ပြောခဲ့ ကြတာပါ....တောအရက်ပုန်းချက်တဲ့နေရာကိုလိုက်ပြတဲ့ အမျိုးအရင်းကြီးလည်း အသေစောတာပါပဲဗျားးး...
သြော်..ထွေးညိုလို့ ခေါ်တာကို ကြားဖူးခဲ့ တာက ထွေးညိုဆိုတာ ကျေးလက်မှာ ကျေးလက်သဘာဝ ကောက်စိုက် ပျိုးနှုတ်ပေါင်းသင် ယာရှင်း မျိုးကြဲ မုန့် ကြိတ်ရေခပ် စတဲ့ ဗာဟီရ အလုပ်သဘောတွေကြောင့် အသားအရည်က နေလောင်းပန်းလေးတွေလို အညိုနုရောင်သန်းနေပေမယ့် သဘာဝအစားအစာနဲ့ သဘာဝလေသန့်ကြောင့်  ကျမ္မာသန်စွမ်းလှတဲ့ လုံမပျိုလေးတွေကို ချစ်စနိုးနဲ့ ခေါ်လေ့ရှိတဲ့ ချစ်စရာ့ ကျေးလက်အမည်ဖွဲ့ တွေထဲက အမည်တစ်ခုလို့ ဆိုပါတယ်..ပြီးတော့  ကျနော်တို့ ရဲ့ ကျေးလက်တောနယ်ကို ကိုယ်စားပြု သီချင်းဂီတအသံဇာတ်ရသရုပ်ရှင်အမြင့် သဘင်မှာ လူသေသော်လည်း သမိုင်းမသေတော့ မယ့်  ကျနော်တို့ ရဲ့ ဂီတစာဆိုကြီး တွံတေးသိန်းတန်ရဲ့ အသံဇာတ်လမ်းထဲက အရိုးခံကျေးလက်ပျိုမလေးရဲ့ အမည်လည်းဖြစ်နေပြန်ပါတယ်...ဒါတွေကို အရင်းခံပြီး တောနယ်ကျေးလက်ကို ချစ်မြတ်နိုးလွန်းလှတဲ့  ကျနော်တို့ ရဲ့ အကိုတော်နောင်တော်ကြီးတွေက ချစ်စနိုးနဲ့ တောနယ်ကျေးလက်က ထွက်တဲ့ ချက်အရက်တွေကို တောအရက် (သို့ ) ထွေးညိုရယ်လို့ ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..