အမြင်ခြင်း မတူလဲ ပေါင်းလို့ ရပါတယ်လို့ အလွယ်သာပြောတာ..ဘယ်လို ကိစ္စတွေမှာ မတူတာလဲဆိုတာက ထည့် စဉ်းစား ရသေးတယ်..ကိစ္စက တူနေပြီး အမြင်ခြင်းက အကြီးအကျယ် ကွဲလွဲနေပြီဆို အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မပေါင်းတော့ တာ ပိုကောင်းမယ်..ဟန်ဆောင်ပြီး ဆက်ပေါင်းနေရင် တစ်ကွေ့ မှာ ငြိကိုငြိတော့ မှာ..တစ်ချိန်မှာ .ငြိမယ်လို့ ပြောမယ့် သာပြောရတာ ဟန်ဆောင်ပေါင်းနေလဲ ကြာကြာပေါင်းမရပါဘူး....
ဆိုပါတော့  ဘ၀မှာ ငွေရှိဖို့ သာ အရေးအကြီးဆုံး ကျန်တာ ဒီလောက် မဟုတ်ဖူးအေးဆေးပါ ဆိုတဲ့  အမြင်မျိုးကို ကိုင်ထားတဲ့ သူနဲ့ ....
ငွေက မရှိမရှားဆိုရပါပြီ ကိုယ်ကျင့် သီလသာ ပထမနေရာဆိုတဲ့ အမြင်ကို ဆုတ်ကိုင်ထားသူနဲ့  ကြာကြာတွဲလို့ မရဘူး..တစ်ကွေ့ မှာ ငြိမှာပဲဆိုတဲ့ သဘောမျိုး..
အကြောင်းက ငွေပထမသမားက ငွေအတွက် ကျန်တဲ့ ကိစ္စတွေကို မီးစင်ကြည့် ကပေးမယ် ကြိုးလျှော့ ပေးတတ်မယ် အလိုက်အထိုက်လေးလိုက်နေပေးပေမယ့် ...
ကိုယ်ကျင့် သီလသမားက သူ့ ကိုယ်ကျင့် သီလကို ထိပါးလာမယ်ဆို သူ ကိုင်ထားတဲ့သူကျင့် သုံးနေတဲ့  ကိုယ့် ကျင့် သီလကို ကြိုးလျှော့ မပေးလွယ်ဘူး မီးစင်ကြည့် မကပေးတတ်ဘူး...အလိုက်အထိုက် လိုက်မလုပ်လွယ်ဘူး...
သဘောက အမြင်မတူတာဟာ ထင်တာထက် ကျယ်ပြန့် တယ်..ကမ္ဘာတစ်ခွင်လုံးဗရုပ်သုတ်ခ ဖြစ်နေတာ အမြင်မတူတာက စတာချည်းပဲဆိုတာ လွယ်လွယ်လေး မြင်နိုင်တယ်ဆိုတာပါပဲ....
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, February 7, 2015
အကုသိုလ်တစ်ခုကို ဘယ်လောက်စိတ်ပါလက်ပါ...
သေတဲ့ ပုံစံကြည့် ပြီး...လေယာဉ်ပျက်ကျသေတာထက် စာရင် သင်္ဘောနစ်တဲ့ အထဲပါသွားပြီး သေတာကမှ တော်သေးတယ်လို့  တွေးတာ သတင်းချယ်နယ်က လာနေတာကို ထိုင်ကြည့် နေတဲ့ လူရှင်က တွေးတာမျိုး.အဲ့ လို တွေးတာကလည်း သင်္ဘော နစ်တာကမှ ရေလေး ဘာလေး ကူးပြေးချိန်ရလို့ တော်သေး လေယာဉ်ကတော့  ပျက်ကျပြီ ဆိုတာနဲ့ ပွဲသိမ်းပဲ ဘာညာနဲ့  တွေးတာမျိုးက စတာများတာပါပဲ၊ တကယ်က သေခြင်းပုံစံ ၂ ခုစလုံး မဂွတ်တဲ့ သေခြင်းနည်းနဲ့ သေခြင်း တရားဆီကို ဆိုက်ရောက် သွားတာ ချည်းပဲ..ဘယ်လိုနည်းနဲ့ သွားတာက တော်သေးတယ် ဆိုတာ တကယ်တော့  မပြောနိုင်ပါဘူး သေမှ မသေဘူးသေးတာလေ..
တကယ် သေပြီဆိုလည်း ငါ့ သေပုံက ဂွတ်တယ် မဂွတ်ဘူးဆိုတဲ့ အတွေ့ အကြုံကို မသေသေးတဲ့ လူရှင်တွေကို ပြန်လာပြောလို့ မှ မရတာ....တကယ်တော့  မဂွတ်တဲ့ သေနည်းဆိုတာကလည်း အိပ်ယာထဲမှာ အိပ်ပျော်သလို ပုံစံနဲ့ သေသွားတဲ့ ပုံစံတွေကိုကြည့် ပြီး ဟိုသေနည်းက မကောင်းဘူးလို့  ရှင်နေသေးတဲ့ သူတွေက နှိုင်းပြောရတာ...သေပြီးနောက် ကိစ္စက သေသူပဲ အတိအကျ သိနိုင်မယ်..ရှင်သူကတော့  မသိနိုင်ပါဘူး..(နတ်လေချွန်ကတော့  သိပုံရတယ်..သိလို့ ခေါ်ပေးနိုင်တာ နေမှာပေါ့ ..ယုံတာမယုံတာ နောက်ထားလေ..ငိငိ) သေပြီး ဘယ်ရောက်ဆိုတာ သေသူဟာ သူ မသေခင်တုန်းက လုပ်ခဲ့ တဲ့ ကိစ္စတွေကြည့် ပြီး ကျမ်းစာထဲက ယုံကြည်ရလောက်တဲ့ သူက ညွှန်းဆိုတဲ့  ကောင်းမှု့ အကျိုးတွေ မကောင်းမှု့ ဆိုးကျိုးတွေ အကျိုးပြန်လာပုံ သဘော နဲ့ တိုက်ကြည့် ပြီး မှန်းဆ ပြောရတာပဲ ရှိတယ် အခုကွယ်လွန်သွားတဲ့ သူက နောင်တမလွန်ဘ၀မှာ ဘာဖြစ်နေတယ်လို့ အတိအကျ ပြောလာရင်လည်း အဲ့ ပြောတဲ့ သူကို ယုံမှ ယုံမှာ မယုံရင် ယုံမှာမဟုတ်ဖူး...
'''စပ်စုခရီးစဉ်..''
ခေတ်ဆွေးဆွေး လူဆွေးဆွေးတို့ တွေ သိတဲ့ အတိုင်း စာမေးပွဲနီးမှ မအိပ်ဆေး မြို မအိပ်မနေ ဘိုင်ဟတ်ကျက်ပြီး အတန်းတက် ဘွဲ့ ယူလာရတာဆိုတော့ လေ ဘိုလိုက ဘရုပ်ကင်းပေါ့ .အရေးရောလစ်စနင်းရော သစ်စ အစ်စ အေ ဘုတ်ခဘ၀ပေါ့ ..အပြောလေး တစ်ခုသာ.ဟဲဟဲ..ခြင်္သေ့ အကြီး အမြီး ညပ်နေတာ.အသံကို ထွက်မလာတော့ ဘူးရယ်...အဲ့ ဒါပေါ့ ရင်ဆိုင်တွေ့ တော့ ဖင်ထိုင်မေ့ ကျနော်တို့ ဘာမှမတတ်ပါဘူးခီညာ ...ခစ်ခစ်..အဲ အဲ..ဆိုလိုရင်း အနှစ်ချုပ် သံခိပ် သဘောက အိုင်တီဆိုတာ ကျနော်တို့ အန်းတစ်တွေက အစ် လောက် ထင်နေတာမျိုးလို့ ..ဟဲဟဲ..။
ဒါပေသိ မရှက်ပါဘူး.ကိုယ်က ငါဟူသည်ကား မြန်မာပြည်သား ဖြစ်တော့ သကိုးးသို့ နှယ်ကြောင့်  မြန်မာစာ မြန်မာစကားသာ ကျွမ်းရင်ပြီးပြီ ကျန်တာ နိုးပလုံပလုံပေါ့ ..ဘိုစာတွေ အိုင်တီတွေ မတတ်လဲ ကိုယ့် မြေ ကိုယ်ရေမှာ ထမင်း တစ်လုပ် ထင်းခုတ်စာလို့ ရဘာဒယ် လုပ်နေခဲ့ တာပေါ့ .(အခုတော့  ခုတ်စရာ တောက ငိငိ ကုန်တော့  စကားပုံတောင် အန်းတိတ်ထဲ ကျန်ခဲ့ ပုံရပါသဗျာ့ ..အဲ...ဒါပေ နောက်တစ်ခါ ထပ်သိရရင် မြန်မာစကားပြောတော့ လည်း အွဲ အွဲ ဆိုတဲ့ အရွယ်လွန်စကနေသာ မြန်မာစကား ပြောလာတာ..ခုထိ တစ်ခါတစ်ခါ ကိုယ်ပြောတာ သူများမဆိုထားနဲ့  ကိုယ့် ဟာကိုယ်တောင် အဓိပ္ပါယ်က ဖေါ်မရချင်တာတွေကပါသေးတယ်..စောန ငါဘာပြောမိလိုက်ပါလိမ့် ...ဟဲဟဲ..အဲ စိတ်ကူးပေါက်လို့ စာလေးဘာလေးများ နဲနဲပါးပါးရေးလိုက်ရင် ပဲတီပင်ပေါက်လက်ရေးနဲ့  အောက်သက် မကျေပုံက သပ်ပုံမှားနေတာ ဘ၀တစ်လျှောက်လုံး ရေးမိသမျှဆိုပါတော့ ..ဟဲဟဲ..။
ဒါပေသိ မရှက်ပါဘူး.ကိုယ်က ငါဟူသည်ကား မြန်မာပြည်သား ဖြစ်တော့ သကိုးးသို့ နှယ်ကြောင့်  မြန်မာစာ မြန်မာစကားသာ ကျွမ်းရင်ပြီးပြီ ကျန်တာ နိုးပလုံပလုံပေါ့ ..ဘိုစာတွေ အိုင်တီတွေ မတတ်လဲ ကိုယ့် မြေ ကိုယ်ရေမှာ ထမင်း တစ်လုပ် ထင်းခုတ်စာလို့ ရဘာဒယ် လုပ်နေခဲ့ တာပေါ့ .(အခုတော့  ခုတ်စရာ တောက ငိငိ ကုန်တော့  စကားပုံတောင် အန်းတိတ်ထဲ ကျန်ခဲ့ ပုံရပါသဗျာ့ ..အဲ...ဒါပေ နောက်တစ်ခါ ထပ်သိရရင် မြန်မာစကားပြောတော့ လည်း အွဲ အွဲ ဆိုတဲ့ အရွယ်လွန်စကနေသာ မြန်မာစကား ပြောလာတာ..ခုထိ တစ်ခါတစ်ခါ ကိုယ်ပြောတာ သူများမဆိုထားနဲ့  ကိုယ့် ဟာကိုယ်တောင် အဓိပ္ပါယ်က ဖေါ်မရချင်တာတွေကပါသေးတယ်..စောန ငါဘာပြောမိလိုက်ပါလိမ့် ...ဟဲဟဲ..အဲ စိတ်ကူးပေါက်လို့ စာလေးဘာလေးများ နဲနဲပါးပါးရေးလိုက်ရင် ပဲတီပင်ပေါက်လက်ရေးနဲ့  အောက်သက် မကျေပုံက သပ်ပုံမှားနေတာ ဘ၀တစ်လျှောက်လုံး ရေးမိသမျှဆိုပါတော့ ..ဟဲဟဲ..။
''ရှေ့ နောက် မညီတတ်တာကိုက လောကသဘောပါလေ..''
အများစုရဲ့ သဘာဝက ခံစားမှု့ သဘောနဲ့ လှုပ်ရှားနေတဲ့ သဘောများတယ်..ဒီတော့ လှုပ်ရှားပုံအများစုကလည်း ရှေ့ စကား နောက် စကားညီညွတ်မှု့က သိပ် မရှိတတ်ကြတော့ ဘူးပေါ့ ...အဲ့ မှာ အပျင်းဖြေတတ်ရင် ကိုယ် အပါအ၀င် လူတွေအတော်များများမှာ ရယ်စရာလေးတွေ အတော်ပေါသား လို့ ..
..ဟဲဟဲ..အခုရက်ထဲတင် တရုပ်တက္ကသိုလ်တွေမှာ အနောက်စံတွေ မလွှမ်းမိုးအောင် လုပ်ရမယ်လို့ ပြောတော့  ဒါလဲဟာသမြောက်တာပဲလို့ ပေါ့ ..အဲ့ မူဝါဒချမှတ်ချင်နေတဲ့  လူတွေကိုယ်တိုင်က သူတို့ ကိုယ်ပေါ်မှာဝတ်ထားတာကိုက လည်ပင်မှာ ကြောင်လျှာသီးးနံကထိုင်ကြီးဆွဲထားတဲ့ ဘိုဝတ်စုံကြီးနဲ့ လေ တရုပ်သိုင်းကားထဲကလို ဘယ်သူမှ ဆံပင်ခေါင်းတစ်ခြမ်းရိပ် ကျက်ဆံမြီးအရှည်ကြီး ဇင်ပိတ်အင်ကျီ ပွပွကြီးနဲ့ လွှတ်တော်လာတက်နေတာမတွေ့ မိပါဘူး..ပြီးတော့ အနောက်က ပွတ်သဘင်အကတို့ ဘဲလေးကပွဲတို့ မှာသူတို့ ကအကျွမ်းဆုံး...အမှန်က ကွန်မြူနစ်ဝါဒနဲ့ သူတို့ ရဲ့ အာဏာကို ထိလာမှာ စိုးလို့ အသေအလ လိုက်ကာနေတာက အဓိက သဘောပါပဲ..ဘာမျိုးချစ်မှ အဓိက ဟုတ်ပုံမရပါဘူး..
Subscribe to:
Posts (Atom)