Powered By Blogger
Thursday, July 23, 2015
အိမ်တွင်း အာဏာရှင်...
အိမ်တွင်း အာဏာရှင်...
-
တစ်ချို့ ကြုံဖူးမယ်နဲ့ တူပါရဲ့  ကိုယ့် ဝင်ငွေနဲ့ တိုင်းရင် တန်ဘိုးကြီးလွန်းလို့ တီဗွီတစ်လုံးထဲကို ရွှေလိုဥထားရတဲ့ အချိန်မျိုးပေါ့ 
...အိမ်မှာ တီဗွီမော့ တတ်တဲ့ မိဘက စပြီး မောင်နှမတွေရှိတယ်ပေါ့ 
တီဗွီက လာသမျှ ဇာတ်လမ်းတွဲပါင်းစုံကို ကိုယ်ကြိုက်ချင်ရာကြိုက်ပြီး စောင့် ကြည့် တတ်တဲ့  အချိန်တွေပေါ့ ..
.အဲ့ မှာ တီဗွီကို လုကြတာမျိုးတွေလေး အသံတိုးတိုးနဲ့ ပဲကြည့် ချင်သူ ကျယ်တာကြိုက်သူတွေ ထကွိုင်တာမျိုးတွေ ...ခိခိ..
.အဲ့ မှာ အိမ်တွင်း အာဏာရှင်တွေလဲ ပါတတ်တယ်
''' ဘယ်သူ့ မှ မကြည့် နဲ့ ကြိုးပါဖြုတ်ထားလိုက် ''တို့  ''
'' စာမွဲနီးပြီ အကုန်ပိတ်ထား ဘူမှ မကြည့် နဲ့ ပုံးထဲပြန်ထဲ့ ထား ''' တို့ ပါ ပါတတ်သေးလေ
အဲ..''ဘာမှ အဓိပ္ပါယ်မရှိဘူး'' တို့  ''' ဗိုလ်ကျတာ.ခွီးးး...'' တို့ နဲ့ မကြားတကြားပွစိပြန်ထိုးတဲ့ တော်လှန်ရေးသမားတွေရော..ငိငိ
'' အလွမ်း ''
'' အလွမ်း ''
---
''တဖြုတ်ဖြုတ်ပဲ ကြွေကြွေ
ရုတ်တရက်ပဲ လွန်လွန်
လွမ်းထိုက်သူကိုသာ..လွမ်းကြတယ်..''
တစ်ခါတစ်လေ မှားမိတာပါ သယ်ချင်းရာ.
တစ်ခါတစ်လေ မှားမိတာပါ သယ်ချင်းရာ... ..ငိငိ
-----------------
ခဏခဏ တွေ့ ရတယ်..လိုရာဆွဲပြောချင်လို့  ပုံဖေါ်ပြောတာလေးပေါ့  အဖြူပြင်ကျယ်မှာ အနက်စက်သေးသေးလုပ်ထားပြီး အနက်ကိုပဲ ကွက်မြင်ရသလားလို့ အပြစ်တင်သလိုလို ခပ်ညံ့ ညံ့ လူတွေလိုလို ပေါ့ ..ဘယ်လောက်ကောင်းခဲ့ ခဲ  တစ်ခါတစ်လေ မှားတာလေးကို အဲ့ အမှားပဲမြင်လို့ တဲ့ ...အမှတ်တမဲ့ တော့  ဟုတ်သလိုလိုပေါ့ 
'''အဆုံးသတ်ကြပါစို့ ရဲ့ ..''
'''အဆုံးသတ်ကြပါစို့ ရဲ့ ..''
-----------
သွေးများ မျက်ရည်များ ပြိုကွဲမှု့ များ နာကျည်းခြင်းများ ဒဏ်ရာများကို
အတိတ်ဟုခေါ်ဆိုသော်...
ခါးသီးခြင်း အမုန်း ရက်စက်ခြင်း နင်းခြေခြင်း လောင်မြိုက်ခြင်းများကို
ပစ္စုတ်ပန်ဟု ခေါ်ဆို၍...
ကြေကွဲခြင်း ပျောက်ဆုံးခြင်း မရေရာခြင်း များကို အနာဂတ်ဟုခေါ်ဆိုပြီး...
မျှော်လင့် ခြင်းများကို ဆောင်းတွင်းအိပ်မက်များဟု ခေါ်ဆိုနိုင်မည်လား...
ရှင်သန်ကြစို့ ရဲ့  နိုးထကြစို့ ရဲ့ အားထည့် ကြစို့ ရဲ့ 
ပိတ်ဆို့ အိပ်မက်တွေကို အလင်းဖွင့် လိုက်ကြစို့ ရဲ့ 
အပ်ဖျား တစ်ပေါက်စာ ရောင်နီအစလေးပဲရခဲ့ စေ
အမှောင်ထုကို စလင်းစေဖို့ 
ဥာဏ်တံခါးကို ဖွင့် လိုက်ကြစို့ ရဲ့ ..
အတိတ်မျက်ရည်တွေကို သိမ်းဆည်းဖို့ 
ပစ္စုတ်ပန်တွေကို အားထည့် လို့ 
အနာဂတ်တွေကို ရေရာဖို့ 
အဆုံးအတွေးတွေကို
အဆုံးမသတ်ခဲ့ ရင်
အဆုံးမသတ်နိုင်ဘူးလေကွဲ့ ..
ငိုချင်းရှည်တို့ 
အဆုံးသတ်ဖို့ 
အဆုံးအဖြတ်တွေ
ွပြတ်သားရဲကြရင်...
အဆုံးသတ်မှာ
ကောင်းကင်တို့ ပြာ
မြက်ခင်းတို စိမ်း လေညှင်းတို့ နော့ 
စမ်းကျရေတို့ စီးသံသာလို့ 
လွတ်လပ်လေတွေနဲ့ 
အသက်ကို ၀၀ရှုချလိုက်ဖို့ 
ရောင်စုံပန်းခင် လွင်ပြင်ကျယ်ကြီးတွေက
ဟိုး..မိုးကုပ်စက်ဝိုင်းအထိ..တမျှော်တစ်ခေါ်ကြီးပေါ့ လေ..။
နိုင်တဲ့ ဓမ္မ.
နိုင်တဲ့ ဓမ္မ.
--
ဒီတော့  လိုချင်တပ်မက်စိတ်နဲ့  ဓမ္မစိတ်က လွန်ဆွဲပြီး ဟိုမရောက်ဒီမရောက်နဲ့ ပေါင်ကားနေသလို ဘ၀မျိုးရောက်လာပါတယ်..စာအရှိန်နဲ့  ကိုယ့် ကိုယ်ကို ရောင့် ရဲနေသယောင်ယောင်ထင်တယ် လိုချင်တာ ရနိုင်ပြီဆိုတာ့ ယူချလိုက်သေးတယ် ရန်သဘောတွေ မလာခင် အေးငြိမ်းနေသလိုလို ပီတိတွေဖြာနေတယ်
ရန်သဘောတွေရောက်လာတော့  ဒေါသက သွေးအရင် တိုးလာတယ် စသဖြင့် ပေါ့  တကယ့် လူ့ သဘာဝတွေက ပျောက်မသွားပဲ မတိုက်ဆိုင်သေးရင် ပုန်းနေတာမျိုးပဲဆိုတာ ကိုယ့် ကိုယ်ကို ရိပ်မိလာတယ်...
ကျဆုံးခန်းတွေရဲ့ အစ
ကျဆုံးခန်းတွေရဲ့ အစ
---
ကျနော်တို့ တွေ ဘ၀ခရီးကို ဖြတ်သန်းတဲ့ အခါမှာ အစကတော့ သူလိုကိုယ်လို လူ့ သဘာဝစိတ်တွေပါပဲ ချွန်ပြီး ဘာထူးခြားစိတ်မှပါမလာပါဘူး..နောက်တော့  ကံကောင်း ထောက်မစွာ စာဖတ်တဲ့ အလေ့ လေးရလာပါတယ်..ဒါလည်း ဖတ်မိတဲ့ စာအုပ်တွေသာများလာတယ် အရင်စိတ်က အရင်စိတ်တွေ ဖြစ်နေဆဲပါပဲ..
နောက်တော့ ဘာတစ်ဆင့် တိုးလာလဲဆိုတော့  ဖတ်မိတဲ့ စာတွေရဲ့ အနက်တွေကိုဆင့် ပွားဆက်တွေးကြည့် တာ စာတွေရဲ့ နောက်ကွယ်က ဟာကွက်တွေရှိမရှိတွေ ဘာကိုဆိုလိုချင်တာလဲတွေ ကို ထပ်တွေးကြည့် တာတွေ ဖြစ်လာပါတယ်...
တူးအင်ဝမ်း ယတြာသဘော
တူးအင်ဝမ်း ယတြာသဘော
-----
အတွေ့ အကြုံတွေအရပေါ့  ယတြာတွေ မျိုးစုံလုပ်ပါတယ်  အများအားဖြင့်  ပစ်မှတ်တစ်ခုခုပေါ့  အလုပ်ရချင်လို့  ငွေလိုချင်လို့  ဘာညာ သဘောတွေပေါ့ ...
အဲ့ မှာ အဲ့ ဒီ့  လိုချင်တာတွေ အတော်များများဟာ အဲ့ ဒီ့  လိုချင်တဲ့  လူ ရဲ့  ကံ အပေါ်မှာ မှီပြီး ရလွယ်ခြင်း မရလွယ်ခြင်းသဘောတွေက ရှိလာတာ နဲနဲလေးတွေးပေးလိုက်တာနဲ့  တွေ့ နိုင်တယ်...
ရိုးရာဓလေ့  နဲ့  မိဘရှိစဉ် /မရှိတော့ တဲ့ အခါ..
ရိုးရာဓလေ့  နဲ့  မိဘရှိစဉ် /မရှိတော့ တဲ့ အခါ..
----------
အိမ်တွင်းစင်က မိဘလက်ထက်ကတည်းက ရှိတာဆိုပါတော့  မိဘထက် မအေ့ ကိစ္စပေါ့  ဖအေက သူ့ မိန်းမကို အသည်းပေါက်အောင် ချစ်တတ်သူကြီးဆိုတော့  အဲ့ ကိစ္စ ဘာမှ မပြောပါဘူး ပြီးတော့  အိမ်တွင်းစင်ရဲ့ အလုပ်ကိစ္စက တစ်ခြားနတ်ကိစ္စတွေလို အိမ်ရှေ့ လာပြီး မဏ္ဍတ်တွေထိုး ဆိုင်းနဲ့ ဝိုင်းနဲ့ တစ်ခြိမ်းခြိမ်း အရက်ပုလင်းတွေ တမော့ မော့  ဆိုတာမျိုးတွေလိုနဲ့  ပိုက်ဆံတွေအများကြီး ကုန်တာမျိုး မဟုတ်တော့  မိန်းမ စိတ်ချမ်းသာပြီးရော သဘောနေမှာပေါ့ ...ဦးရှင်ကြီးတင်တာလဲ ဒီလိုပဲ တစ်နှစ်လုံးမှာ ၂ ခါလားအိမ်ရှေ့ လာရပ်ပြီး ရေငံငယ်တစ်ရိုး ပိုင်စံငယ်စိုးပါတဲ့ ဆိုပြီး လာလုပ်သွားတာဆိုတော့  ဒါလဲ ရေးကြီးခွင်ကျယ်တွေ လုပ်မနေတော့ တဲ့ သဘောရှိတယ်...ပြီးတော့ ဦးရှင်ကြီးတင်ရင် ပါလာတတ်တဲ့  မုန့် ဆန်းသာ အပီ ထိုင်တီးတာမျိုးလေ.....ငိငိ..
လည်ပြန်
လည်ပြန်
------
အရင်က အပြင်ကို လှမ်းကြည့် တယ် ကိုယ့် ကိုယ်ကို သိပ်မကြည့် မိဘူး
နောက်တော့  ကိုယ့် ကိုယ်ကို အရင်ကြည့်  ပြီးမှ အပြင်ကိုလှမ်းကြည့် မိလာတယ်
အဲ့ ဒါ ကောင်းဖို့ လား မကောင်းဖို့ လား တွက်ဆတုန်းပဲ အစွန်းထွက်မသွားအောင်တော့ နဲနဲထိမ်းယူရတယ်
နောက်တစ်ခုက ဟန်လုပ်ပြုံးရတာတွေ ပျင်းလာပြီ...
ကျန်နေတဲ့ သက်တမ်းတွေမှာ ကိုယ့်  မူရင်းစိတ်နဲ့ ပဲ နေချင်လာတော့ တယ် ( ဘေးဖြစ်မဖြစ်တော့ နဲနဲချိန်ရသေးတာပေါ့ လေ)
မူရင်းစိတ်နဲ့ အချိန်များများ နေနိုင်အောင်တော့  အချိန်ပေးပြီး ကိုယ်နေချင်တဲ့ စတိုင် ကိုယ့် ဟာကိုယ်ရွေးခြယ်ပြီး ဘ၀ကိုတည်ဆောက် လုပ်ယူခဲ့ ရတာတော့ ရှိတယ်..
တစ်ချို့  ကိုယ်လိုချင်ပေမယ့်  ဒီ့ ထက်လိုချင်တာတွေအတွက်ဘ၀အတွက်မရှိလည်းဖြစ်တယ် အရေးမကြီးလို့ ထင်တာတွေကို စွန့် ခဲ့ ရတဲ့ အခြေအနေတော့ ရှိတယ် ...စွန့် ဖို့ စိတ်ကူးထားတာတွေကို
တကယ်စွန့် နိုင်မစွန့် နိုင်တော့ အပြန်ပြန်အလှန်လှန် တွေးတောရတာတွေလည်းရှိတယ်
မူရင်းစိတ်နဲ့ နေရချိန်တွေမှာ ရလိုက်တဲ့ စိတ်လွတ်လပ်မှု့ ကတော့  အတော်အရသာရှိတဲ့ စိတ်ကျေနပ်မှု့ တွေရတယ်
လာရာလမ်းကို ပြန်ကြည့် လိုက်ရင် အတွေးတွေ ဆင်ခြင်မှု့ တွေ ဦးဆောင်ပြီး ကိုယ်လိုချင်တဲ့ ဘ၀ကိုတစ်ဖြည်းဖြည်း ပုံဖေါ်လာခဲ့ တာများတယ်လို့ တွေ့ ရတယ်..
အကွဲအပြဲတွေရဲ့ ကမ္ဘာ....
အကွဲအပြဲတွေရဲ့ ကမ္ဘာ....
----
စက်ဝိုင်း
စက်ဝိုင်း
-----
ဒဿနပညာမှာ တစ်ချို့ ဒဿနဆရာတွေဟာ ပြဿနာရှာတဲ့ နေရာမှာ စကားလုံးက အစ အလွတ်မပေးဘူး...ဆိုပါတော့ ကိုယ့် ကျင့် ဒဿနဆိုင်ရာသဘောတွေမှာ  ''ကောင်းခြင်း '' (၀ါ) ''ကောင်းသော '' '' ကောင်းမှု့ '' သဘောက ကောင်းတယ် ဆိုတာ ဘာကို ကောင်းတယ်လို့ ဆိုလိုတာလဲ ဘယ် နယ်ပယ်ကနေ ရပ်ပြောမှာလဲ ဘယ် အယူကနေ ရပ်ပြောမှာလဲ အဲ့ ကောင်းတဲ့ သဘောကို ကိုယ်တိုင်သိလား သူများပြောလို့ လိုက်ပြောတာလား တွေးခေါ်ကြံဆပြောတာလား ယုတ္တိကျကျသက်သေပြနိုင်လား..စတဲ့ မေးခွန်းတွေ ဒလစပ် မေးတော့ တာမျိုးပေါ့ ဗျာ အဲ့ လိုမေးခြင်းရဲ့ အကျိုးသက်ရောက်မှု့ က အလိုက်သင့် ဖေါ်လိုလေး လိုက်နေပြီး အပျင်းထူနေတတ်တဲ့  ဦးနှောက်ကို တော်တော် အလုပ်လုပ်ခိုင်းလိုက်တဲ့ သဘောဖြစ်လာပြီး အလေ့ အကျင့် ရလာတဲ့ အခါ စာသွားစာလာ စကားဝါကျတစ်ခုကို အရင်လို သာမန်ကာရှံကာ လောက် သိလိုက်ယုံသဘောကနေ ဟာကွက်ရှိမရှိတွေ ထောက်ကွက်ရှိမရှိတွေ ယုတ္တိရှိမရှိတွေ ဖြတ်ကနဲ မြင်လိုက်မိတတ်လာတဲ့ အလေ့ ရသွားလေ့ ရှိတယ်
ဒီသဘောကနေ စက်ဝိုင်းသဘောတွေကို သိလာတော့ တာမျိုပေါ့ ..စက်ဝိုင်းသဘောဆိုတာ ဆိုပါတော့  သီချင်းဆိုအကောင်းဆုံးကို ရွေးရင် သီချင်းဆိုတတ်တဲ့ သူတွေကိုသာ စုစည်းရွေးတာဟာ ပြိုင်ပွဲဝင်တွေဟာ အဆိုပညာ စက်ဝိုင်းကြီးတစ်ခုတည်း က လူတွေ ဖြစ်နေလို့ သဘော..အဲ အဆိုဝင်ပြိုင်သူတွေဟာ ရေကူးတတ်ချင်တတ်မယ် မတတ်ချင် မတတ်ဘူး ဒါဟာ အရေးမကြီးဘူး အရေးကြီးတာ အဆိုပညာကျွမ်းကျင်ဘို့ သဘောပေါ့ ..ဒီလို စက်ဝိုင်းတွေသဘောကို တည်ဆောက်လိုက်တဲ့ အခါ သူ့ နယ်ပယ်နဲ့ သူ သူ့ လိုင်းနဲ့ သူတွေမှာ အကျွမ်းကျင်ဆုံးပညာရှင်တွေ ထွက်လာတော့ တယ်ပေါ့ ..အကျွမ်းကျင်ဆုံးတွေ များများရလာလေလေ အဲ့ စက်ဝိုင်းနယ်ပယ်ကြီးအတွက် အလုပ်တွင်လေလေ အလုပ်ဖြစ်လာလေလေပေါ့ ..
ခြေဖျက်ခြင်း တည်ဆောက်ခြင်း
ခြေဖျက်ခြင်း တည်ဆောက်ခြင်း
-------------------------
ဒဿနပညာတွေ အထူးသဖြင့် အရှေ့ တိုင်း ဒဿနပညာတွေထက် အနောက်တိုင်း ဂရိ ရောမခေါမခေတ်က စပြီးဆင်းသက်လာခဲ့ တဲ့  ဒဿနပညာတွေ တည်ဆောက်လာပုံတွေရဲ့ ယေဘူယျလက္ခဏာကိုကြည့် ရင်  ဒဿနဆရာ တစ်ယောက်ဟာ သူတည်ဆောက်ပြလိုတဲ့  အဆိုတစ်ခုကို တည်ဆောက်တဲ့ နေရာမှာရှေ့ က သူ့ အရင်တည်ဆောက်ပြီးသား ဒဿနဆရာ တစ်ယောက်ယောက်ရဲ့ အဆိုတစ်ခုရဲ့  ဟာကွက် အားနဲချက် ထောက်ကွက်တွေကို ရှာပြတယ် ချေဖျက်ပြတယ်တစ်ပြိုင်နက်မှာပဲ (သို့ ) ပြီးရင် သူ့ ဒဿနသစ်တစ်ခုကို ခိုင်မာအောင် ဟာကွက်မရှိအောင် တည်ဆောက်ပြလိုက်တယ်...
ဟန်ဆောင်နှလုံးသား သကာလူးလျှာဖျားလေးတွေနဲ့ 
ဟန်ဆောင်နှလုံးသား သကာလူးလျှာဖျားလေးတွေနဲ့ 
------------
သုကရံ သာဓုနာ သာဓုံ ၊ သာဓုံ ပါပေန ဒုက္ကရံ ၊
ပါပံ ပါပေန သုကရံ ၊ ပါပ မရိယေဘိ ဒုက္ကရံ ..
-------
လူကောင်းတွေဟာတဲ့  ကောင်းမှု့ တွေ လုပ်ဖို့ လွယ်တယ်တဲ့ 
မကောင်းတဲ့ လူတွေကတဲ့  ကောင်းတာတွေ လုပ်နိုင်ခဲပါတယ်တဲ့ ။
မကောင်းတဲ့ လူတွေကတဲ့  မကောင်းတာတွေ လုပ်ဖို့ လွယ်တယ်တဲ့ 
ကောင်းတဲ့ လူတွေဟာတဲ့  မကောင်းမှု့ တွေ လုပ်ဖို့ ခက်ခဲပါတယ်တဲ့ ....
------
ဟိုဆင်ခြင်ကနေ ဒီဆင်ခြင် ဒီဆင်ခြင်ကနေ ဟိုဆင်ခြင်...
ဟိုဆင်ခြင်ကနေ ဒီဆင်ခြင် ဒီဆင်ခြင်ကနေ ဟိုဆင်ခြင်...
---
မနှစ်က တစ်ခါရေးပြဘူးတယ် အဟန့် ကိုဖြုံနေတဲ့ လူကို အမြင်ပြောင်းကြည့် လိုက်ပါဆိုတာလေး..
သူက ဆီဒိုးနားကို တစ်ခါမှ မ၀င်ဘူးဘူး..အဲ့ တော့  မင်္ဂလာဆောင်ဖိတ်လို့ သွားရမယ်ဆိုတော့ 
ဟိုတယ်ရဲ့ အဟန့် ကြောင့် ခြေဖျားလက်ဖျားတွေအေး ဆီးသွားချင်သလိုလိုတွေဖြစ်နေလို့ ကျနော်က အားပေးလိုက်တာ
အဲ့ ဆီတိုးစားလဲ  ဘာမှ မဟုတ်ဘူး ပိုက်ဆံပဲ ဈေးရောင်းစားတာတွေချည်းပဲ လမ်းဘေး ထမင်းဆိုင်အရက်ဆိုင်နဲ့  အဲ့ ဟိုတယ်က အစားအသောက်တွေ အရက်တွေရောင်းစားနေတဲ့  အခြေခံသဘောက အတူုတူပဲ ပိုက်ဆံပေးစားရတာချည်းပဲ ဘယ်ဆိုင်မှ အလကားမရဘူး ဒါပဲဟ.ပိုက်ဆံပဲဟ ...လို့ ဆိုမှ..အဟီးး ဟုတ်သားပဲ ဆိုပြီး သွေးခုန်နှုံးတွေ အေးဆေးဖြစ်သွားရောဗျာ...ခ်ခိခိ...
နောက်တော့  သူ့ က ကိုယ့် ထက်တောင် လူစွမ်းကောင်းသွားပုံက ဘာကောင်ကြီးနဲ့ ဆုံဆုံ အာရုံထဲ အခွံတွေ ချွတ်ပြီးကြည့် ကြည့် ပေးလိုက်တာတဲ  အရဲလွန်သွားလို့  အက်ရှင်က အရိုင်းဖက်တောင် ဆန်ချင်လာလို့ မနဲ ဘရိပ်ပြန်အုပ်ရပါသေးတယ်တဲ့  အဟီးးးခိခိ...အခွံတွေ ချွတ်ကြည့် တယ်ဆိုလို့ 
ဘာကောင်ကြီးဖြစ်ဖြစ် အိမ်သာ အလေးကြီးတက်ရင် ဖျင်အအေးပတ်မှာပဲ လို့  တန်းညှိပြီး ရစ်စကား အရွဲ့ စကား ပြောကြတာလေးတောင် သတိရလိုက်သေး...ဟီးးး
ခေးတွေကို ရိုက်သင့်၏ မရိုက်သင့် ၏ သို့ တမူကား အကျွန်ုပ် အလိုသည်ကား ငိငိဖြစ်၏တည်း
ခေးတွေကို ရိုက်သင့်၏ မရိုက်သင့် ၏ သို့ တမူကား အကျွန်ုပ် အလိုသည်ကား ငိငိဖြစ်၏တည်း
===========
ကလေးကို ရိုက်ခြင်း မရိုက်ခြင်းမှာ တစ်ဖက်ဖက်ကနေ ပုံသေရပ် ပြောလိုက်ရင်လည်း တကယ့် လက်တွေ့ ဘ၀နဲ့ ဝေးသွားတတ်တယ်..ကျနော်တို့ ငယ်ဘ၀တွေမှာလည်း အရိုက်ခံခဲ့ ရဘူးတာပါပဲ...ငယ်တုန်းက စိတ်က ထုံးစံအတိုင်း စိတ်ထဲက မိဘကို ကျိတ်မကျေနပ်ခဲ့ ပေမယ့်  အသိစုံလာတဲ့ အခါ
ကိုယ့် ကို ရိုက်ခဲ့ တာကို အပြစ်ဖွဲ့ စကားဆိုဖို့ နေနေသာသာ အခုတော့  အဲ့ ဒီလိုတောင် ပြန်အရိုက်ခံချင်လိုက်သေးတယ်...အရိုက်ခံခဲ့ ရလို့  လူညွန့် တုံးပြီအငုံ့ စိတ်ဖြစ်နေပြီ လူတောမတိုးရဲတော့ ဘူးလို့ ကိုယ်တိုင်ရော ကိုယ့် အိမ်ကလူတွေရော ကိုယ်တွေ့ မြင်ဆက်ဆံဘူးသမျှတွေမှာရော မမြင်ခဲ့ ရသလောက်ပါ
အတွေ့ လေးရယ်တဲ့ အိုအကြုံ
အတွေ့ လေးရယ်တဲ့ အိုအကြုံ
---------------
တစ်ခါတစ်လေ ကိုယ်တွေ့ တွေ ရေးရတာ တစ်ချို့ ကိစ္စတွေက ဆန်းကြယ်နေလို့  ကိုယ်ရည်သွေးပြနေသလိုလို ရွှီးနေတာလိုလိုတောင် ထင်စရာတွေ ရှိလာတတ်တယ်ဗျား..အခုရေးပြမှာက ရေးပြဘူးပြီး ခဏနဲ့ ပြန်ဖျက်ပစ်လိုက်တဲ့  အကြောင်းပါ  န၀င်းပွဲတွေ ကိုင်ကစက ကြုံခဲ့ ရတဲ့  အဖြစ်တွေပေါ့ ...
'' အဖေ....''
'' အဖေ....''
--------------
နေ့ လည်လောက်ကတည်းက အဖေရဲ့ အထိအတွေ့ တွေက ပြန်တုန့် ပြန်မှု့ မရှိတော့ ဘူး...ကုတင်ပေါ်မှာ မျက်လွှာလေးချလို့ ..ပက်လက်အနေအထားနဲ့  လက်နှစ်ဖက်ဘေးချတန်းလို့ 
စန့် စန့် လေး မလှုပ်မယှက်နဲ့ ပေါ့ ....ကျနော်ကတော့  အဖေ့ ခြေရင်းမှာ ကုတင်ပေါ်တက် ငုတ်တုတ်လေးထိုင် အဖေ့ ရဲ့  ရင်ဘတ်ကလေးကိုသာ မမှိတ်မသုန် စိုက်ကြည့် နေခဲ့ တယ်