Powered By Blogger

Thursday, July 23, 2015

စက်ဝိုင်း

စက်ဝိုင်း
-----
ဒဿနပညာမှာ တစ်ချို့ ဒဿနဆရာတွေဟာ ပြဿနာရှာတဲ့ နေရာမှာ စကားလုံးက အစ အလွတ်မပေးဘူး...ဆိုပါတော့ ကိုယ့် ကျင့် ဒဿနဆိုင်ရာသဘောတွေမှာ  ''ကောင်းခြင်း '' (၀ါ) ''ကောင်းသော '' '' ကောင်းမှု့ '' သဘောက ကောင်းတယ် ဆိုတာ ဘာကို ကောင်းတယ်လို့ ဆိုလိုတာလဲ ဘယ် နယ်ပယ်ကနေ ရပ်ပြောမှာလဲ ဘယ် အယူကနေ ရပ်ပြောမှာလဲ အဲ့ ကောင်းတဲ့ သဘောကို ကိုယ်တိုင်သိလား သူများပြောလို့ လိုက်ပြောတာလား တွေးခေါ်ကြံဆပြောတာလား ယုတ္တိကျကျသက်သေပြနိုင်လား..စတဲ့ မေးခွန်းတွေ ဒလစပ် မေးတော့ တာမျိုးပေါ့ ဗျာ အဲ့ လိုမေးခြင်းရဲ့ အကျိုးသက်ရောက်မှု့ က အလိုက်သင့် ဖေါ်လိုလေး လိုက်နေပြီး အပျင်းထူနေတတ်တဲ့  ဦးနှောက်ကို တော်တော် အလုပ်လုပ်ခိုင်းလိုက်တဲ့ သဘောဖြစ်လာပြီး အလေ့ အကျင့် ရလာတဲ့ အခါ စာသွားစာလာ စကားဝါကျတစ်ခုကို အရင်လို သာမန်ကာရှံကာ လောက် သိလိုက်ယုံသဘောကနေ ဟာကွက်ရှိမရှိတွေ ထောက်ကွက်ရှိမရှိတွေ ယုတ္တိရှိမရှိတွေ ဖြတ်ကနဲ မြင်လိုက်မိတတ်လာတဲ့ အလေ့ ရသွားလေ့ ရှိတယ်

ဒီသဘောကနေ စက်ဝိုင်းသဘောတွေကို သိလာတော့ တာမျိုပေါ့ ..စက်ဝိုင်းသဘောဆိုတာ ဆိုပါတော့  သီချင်းဆိုအကောင်းဆုံးကို ရွေးရင် သီချင်းဆိုတတ်တဲ့ သူတွေကိုသာ စုစည်းရွေးတာဟာ ပြိုင်ပွဲဝင်တွေဟာ အဆိုပညာ စက်ဝိုင်းကြီးတစ်ခုတည်း က လူတွေ ဖြစ်နေလို့ သဘော..အဲ အဆိုဝင်ပြိုင်သူတွေဟာ ရေကူးတတ်ချင်တတ်မယ် မတတ်ချင် မတတ်ဘူး ဒါဟာ အရေးမကြီးဘူး အရေးကြီးတာ အဆိုပညာကျွမ်းကျင်ဘို့ သဘောပေါ့ ..ဒီလို စက်ဝိုင်းတွေသဘောကို တည်ဆောက်လိုက်တဲ့ အခါ သူ့ နယ်ပယ်နဲ့ သူ သူ့ လိုင်းနဲ့ သူတွေမှာ အကျွမ်းကျင်ဆုံးပညာရှင်တွေ ထွက်လာတော့ တယ်ပေါ့ ..အကျွမ်းကျင်ဆုံးတွေ များများရလာလေလေ အဲ့ စက်ဝိုင်းနယ်ပယ်ကြီးအတွက် အလုပ်တွင်လေလေ အလုပ်ဖြစ်လာလေလေပေါ့ ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..