Powered By Blogger

Monday, November 23, 2015

ဒေါင်းတမာန်...မွန်းအောင်..( Cover)

မီးထွန်းပုဒိအာ..


မီးထွန်းပုဒိအာ..

---
စာမေးပွဲအတွက် ပြန်တင်ပေးလိုက်တယ်ဗျ...၊ ပု ဒိ အာ ဆိုတာ ဘုရားရှင်ရဲ့ ဥာဏ်တော် သုံးပါးကို ရဲ့  အစ စာလုံးတွေပေါ့ လေ..ပညာရေး သဘောက ဥာဏ်ပညာသဘောမို့  တူသောအကျိုး သဘော ရအောင် ပုဒိအာကို အဲ့ လို ပုံလေး စက္ကူမှာ ဆွဲ အလယ်မှာ လိုလားတဲ့ သူရဲ့ မွေးနံ တနင်္လာသားသမီးဆို ၂ ပေါ့ လေ  အဲ့ လို မွေးနံ ကိုယ်စားပြု ဂဏန်းလေး ရေးနေကျအတိုင်းရေးပြီး ဆီမီးခွက်တို့  ကြွေပန်းကန်ပြားတို့  အောက်မှာထည့်  ခံ ပြီး ဘုရားမီးအားရုံပြုထွန်းပူဇော်တာ

စာဖတ်တုန်းတို့  စာဖတ်ခါနီးတို့ မှာထွန်းလဲရတယ် စာမေးပွဲသွားဖြေခါနီး မနက်စောစော ထထွန်းလိုက်လဲရတယ်...ထွန်းတုန်း အာရုံပြုလိုက်တာက ဘုရားရဲ့ ဦးခေါင်းတော် မျက်နှာတော်ကိုအာရုံပြုလိုက်တာ..ရောင်ခြည်တော် ၆ သွယ် ဖြာနေတဲ့  ပုံတော် အာရုံပြုလိုက်ရင် ပိုတောင်ကောင်းသေးတယ်.

အလွယ် စက္ကူဖြူပေါ်မှာ ဆော့ ပင်နဲ့ ဆွဲလဲရတယ်...မဟာဘုတ်နဲ့ မွေးနံနဲ့  ညှိပြီး သန့် တဲ့  အညွန့် နံ ရဲ့ အရောင် စက္ကူနဲ့ ဆွဲလဲရတယ် မွေးနံနဲ့  အတွင်းမိတ် နံ အရောင်စက္ကူပေါ်မှာဆွဲလဲရတယ်..ရေရှည်သဘောအတွက် ကြေးပြား ဘာညာပေါ်ဆွဲလဲရတာပါပဲ...စက္ကူ အရွယ်က ယေဘူယျ မ လက်မ ပတ်လည်ပေါ့   ၃လက္မ တို့  ၅ လက္မ တို့ သဘော...ရွတ်တာလဲ ပုဒိအာ ကိုပဲ ရွတ်တယ်  ပုတီးစိတ်လဲ ပုဒိအာ ပဲ ။ မျက်နှာသစ်သွားလဲ ပုဒိအာ ရွတ်သစ်တာပဲ....စာမေးပွဲအတွက်သာဆိုတာ ပညာသဘောတွေအတွက် ကျယ်ကျယ်ပြန့် ပြန့် တွေးတော စီရင်လို့ ရတဲ့  တွင်ကျယ်တဲ့  ပုဒိအာ ပါ

'''' အုန်းသီးယတြာ သဘော ပေါင်မုန့်  ငှက်ပျော်သီး ခေါစာ ...ကုန်းစာရေစာသဘော..လှူဒါန်း ပေးကမ်း စွန့် ကြဲ သဘော.....'''



'''' အုန်းသီးယတြာ သဘော ပေါင်မုန့်  ငှက်ပျော်သီး ခေါစာ ...ကုန်းစာရေစာသဘော..လှူဒါန်း ပေးကမ်း စွန့် ကြဲ သဘော.....'''
-----
ရေးပြီးသားလေး ..ပြန်လိုချင်တယ်ဆိုလို့ ...နဲနဲ မွမ်းမံပြီး...ငိငိ လိုက်တယ်....ငိငိ :P =D
---
အုန်းသီး ယတြာ အစက နှစ်ဆန်းတစ်ရက်နေ့ မှာ လုပ်တဲ့  ယတြာပါ မိသားစု တစ်စုလုံး တစ်ယောက်ချင်းကို ခြေမန်းကွင်းနဲ့ ဆောင်ပန်းနင်းကြမ်းရိုက် ခြေသည်းလက်သည်းဆံပင်တွေ စက္ကူနဲ့  တစ်ထုတ်စီထုတ် အုန်းသီးထဲ ထည့်  ချွတ်ချထားတဲ့ ခြေမန်းကွင်း ၁ကွင်းပါထည့်  ပြီး မိသားစု အားလုံးပြီးသွားတော့  အဲ့ အုန်းးသီးကို ရောမျှော ပွဲကတော့  မိသားစု ၁စု အတွက် စုပေါင်းပွဲ ၁ပွဲထွန်းပေးလိုက်တယ်ပေါ့  .....သင်္ကြန်စာတွေမှာ ပါတတ်တဲ့  နှစ်သစ်အကူးပြောင်းမှာ ဘာနေ့ သား ဘာယတြာလုပ်လိုက်ပါ တစ်နှစ်တာအတွက် ဘာညာ သဘောလိုပဲ နှစ်ဆန်း ၁ရက်နေ့ မှာ အုန်းသီးယတြာကို လုပ်လိုက်ရင် တစ်နှစ်တာ အတွင်း ဥပစ္စေဒကကံတို့  ကပ်သဘောတွေတို့ က ဘာညာပေါ့ ...အုန်းသီးယတြာဆိုတာ မိသားစု အသင်းအဖွဲ့  ဆိုတဲ့  မူလအခြာ တနင်္ဂနွေတိုင်စဉ်ကြီးက မူလအခြာတည်မြဲခိုင်ခန့် အောင်သဘောပေါ့ လေ....

မတွန့် စေရ နံတွဲ အရွက်အညွန့် တွေအစား အစားထိုး အကြံအဖန် အာဟာရ ယတြာ


မတွန့် စေရ နံတွဲ အရွက်အညွန့် တွေအစား အစားထိုး အကြံအဖန် အာဟာရ ယတြာ
-------------
ယတြာ သမိုင်းကြောင်း
--
ပြည်ပရောက်တွေ လုပ်ရ လွယ်အောင် အကာအကွယ်ယတြာအဖြစ် တွေးပြီး ပေးခဲ့ တဲ့  ယတြာပါ တစ်ပတ်မှာ မွေးနေ့  ၁ရက် မနက်ပိုင်းမှာ ဘုရားကို ရည်စူးပြီး ကပ်ပါပေါ့ လေ..
ဒီနေရာမှာ ဘုရားစင်ရှိခြင်းမရှိခြင်းဟာ ယတြာ အတွက် ပြဿနာ မဟုတ်ပါဘူး ယုံကြည်မှု့  နှလုံးသားရှိရင် ခုံလေး တစ်လုံးပေါ် တင် အာရုံပြုကပ်လို့ လဲ ဖြစ်တာပါပဲလို့  ပြောပေးလိုက်တတ်သလို....အလုပ်အတွက် အချိန်လုနေရတဲ့  သူတွေ များလို့  သီလကို တစ်ထိုင်ယူကြသလို တစ်ထိုင်ကပ်ထား အလုပ်သွားဖို့ ပြင်ဆင်ပြီးရင် ပြန်စွန့် နိုင်တယ်စွန့် ပြီးသား စားချင်စား မစားချင် အပြီးစွန့် ပေါ့ လို့ ပါ မှာပေးပ်ါတယ်....ပြည်ပ ရောက်တွေအတွက် စတွေးပေးခဲ့ ပေမယ့်  ကိုယ့် ကိုယ်ကိုယ် ဘာနေ့ သား လို့ သိရင် ဘယ်နေ့ သားမဆို ဒီ ယတြာကို လုပ်လို့ ရတာပါပဲ  ယတြာရဲ့  အဓိက ပစ်မှတ်က ( အိုတွေ) အဖမ်းခံရတဲ့ ဘေးမျိုးတွေက ကြံဖန်ပြီး ကပ် လွတ်နေအောင်ပါ ..အန္တရာယ်ကင်းနိုင်သလောက် ကင်းပါစေတော့ ပေါ့  သက်ရောက်လစိတ်လဲ မရွေးပါဘူး..ရေရှည် အကျင့်  ရသွားသူတွေကတော့  ဘေးကင်းနေလေ့ ရှိတာ တွေ့ ရပါတယ်...
ပြီးတော့  မွေးနေ့  ၁ ရက်လို့  ပြောပေမယ့်  တကယ်က နေ့ တွေ အချိန်တွေ အကန့် အသတ်မရှိပါဘူး ကပ်ချင်တဲ့ ရက်ကပ် နေ့ စဉ်ကပ်ကပ် ၁ ပတ်အခါ လှုလှုပေါ့ ....အရွက်အညွန့်  ခက်ခဲလွန်းတဲ့  သူတွေအတွက် အဓိကထားတွေးပေးခဲ့ တဲ့ ယတြာပါ။..
----------------------------------------------

လူ ပြဿနာ

နေရာတကာ ဂြိုလ်ပြဿနာ ချည်းပဲ မဟုတ်ဖူး လူ ပြဿနာလည်း ပါတယ်ဆိုတဲ့ အကြောင်း မေးသူ အချို့ ကို တစ်ခါတစ်လေ ဒဲ့ လွှတ်မိတာမျိုးရှိတယ်...

အဲ့  လူပြဿနာတွေအများကြီး ကြုံဖူးတဲ့ အထဲက ၁ ခုက သုည ကြာတေးသား ၁ ယောက်ပေါ့ လေ....မိဘက အလတ်တန်းစား..သမီး ၁ သား ၁ ၊ သမီးက နိုင်ငံခြားမှာ အလုပ်ဝင်နေတယ် မဆိုးဘူး မိဘကို ပြန်ထောက်ပံ့ နေတယ် ၊  အဲ့ သားက ၂၄ အထိက အလုပ်တွေ လုပ်တာ မိဘ ပိုက်ဆံလဲ အတော်လေး ပလုံသွားတယ် ( ကျောင်း က ကိုယ့် ဟာကိုယ်ပြီးသွားတယ်) အဖတ်တင်ကျန်ခဲ့ တာက အရက်...၊

.''''သီချင်းလေး နဲ့ အတူ ..''


..''''သီချင်းလေး နဲ့ အတူ ..''
-------------
ဂီတတွေနဲ့ အဖေါ်လုပ်နေရင်းက ၁၀တန်း ဒုတိယနှစ်တုံးက ပျော်စရာ ဘ၀လေးကို သတိရလိုက်တယ်..၊ သတိရတာက ကျောင်းစာတွေ ဆရာမတွေကို မှုတ်ဖူး..အဲ့ တုန်းက ရီးစားလေး အကြောင်း...ခိခိ..၊  နော်တို့ စတိတ်က ဒေါင်းတောင်းမှာ ဆိုပေမယ့်  ရီးစားက မြေနီကုန်းအတက် မဟာမြိုင် စိန်ဖလိုးက ၊

ကိုယ့် ကျောင်း အနားမှာ တစ်ခြား မိန်းခလေးကျောင်းတွေရှိပေမယ့်  အဲ့ ကျောင်းက ဟာဒေကို သိပ်ကြည့် ရတာ မှုတ်ဖူး ရှာလိုလို မလိုလိုတွေဆိုပြီး..ဟီး..၊ စတွေ့ တာက ကျူရှင်မှာ..ဒါနဲ့ စတိတ်ကျောင်းအထိ
လိုက်ပတ်သက်တော့ တာမျိုးပေါ့ လေ..အဲ့ မှာ ရီးစားလောင်းလေးက ကျောင်းဘတ်စ်စီးတယ် ၊ နောက်တော့ သူနေတဲ့ အရပ်အထိပါ ဇွဲကောင်းတော့ တာ...ကြွေပြီဆို အဲ့ လို ကြွေတတ်တယ် .အဟီး..။

ရီးစားဖြစ်ပြီးမှ မကြာခင်ဆိုသလိုပဲ အချစ်တွေရှိတဲ့  အရပ်ကို ရောက်ဖူးသွားရောဆိုပါတော့ ..အဲ့ မှာ ရီးစားလေးရဲ့  တကယ့် ဘ၀ကို တွေ့ လိုက်ရတော့  ပိုကြွေသွားတော့ တာပါပဲ၊
သမိုင်းဖက်မှာ နေတယ် လို့ သာသိထားပေမယ့်   တကယ်ကြတော့  အုပ်ကျင်း ဘူတာရုံလမ်းကနေ တမျှော် တစ်ခေါ်ကြီး ၀င်ချသွားရပြီး မြို့ ပတ် ရထားလမ်းပါ ထပ်ကျော်လိုက်ရတဲ့  အနောက်အုပ်ကျင်းထဲက ရပ်ကွက်လေး..သွပ်မိုးက ခပ်ရှားရှား ..အဲ့ အထဲရောက်သွားရင် ဗမာပြည် ရန်ကုန်မြို့ ထဲတောင် ရှိသေးရဲ့ လားထင်ရတယ် သီးသန့် ဆန်လွန်းနေတဲ့  အရပ်

 ကျနော်တို့ သူငယ်ချင်းတွေက အဲ့ အရပ်ထဲဝင်သွားရင် သူတို အရပ်သား မဟုတ်မှန်း သိပ်သိသာ လွန်းနေတယ်  ရွာထဲ တစ်စိမ်းတွေဝင်သွားသလိုပဲ ရွယ်တူဘဲတွေက ကွက်ကြည့် ကွက်ကြည့် နဲ့ ပေါ့ ..အတော်လေး အမြီးကုပ်ပြီး သွားခဲ့ ရတာမျိုး...ဒီလိုပေါ့  အချစ်အတွက် အသက်စွန့် ရဲပါတယ်ပေါ့ လေ..ခွစ်ခွစ်...ပြီးတော့  အဲ့ က အရပ်သားတွေက ဒေါင်းတောင်းအရပ်က လူတွေနဲ့ စရိုက်ချင်းကို တအားကွဲနေတာ သိသာတယ်ပေါ့ လေ..ကျနော်တို့ က အဲ့ အရပ်ကို ကောင်းဘွိုင်တွေနေတဲ့အရပ်လို့ ငေါ့ ပြောကြတယ် သုံးပုံ၂ပုံလောက်က ခပ်ရင့် ရင့်  နဲ့ ချိုကြည့် ကြည့် တတ်ကြလို့ ...ဟီး.. ..

ရီးစားလေးက ရီးစားအဖြစ်သာ လက်ခံထားပေမယ့်  သူ့ တို့ ဘ၀ကို နော်တို့  သိပြီဆိုတော့  ပထမတော့ ရီးစားလေးရဲ့  အကြည့် တွေက  အားငယ်ကြည့် ပေါ့  ( အဲ့ မှာလဲ  ထပ် ကြွေတာပဲ ခိခိ)..နော်က ချစ်ခြင်းတရားမှာ ဒါတွေ မလိုပါဘူးလို့  သဘောထားတယ်ဆိုတော့ မှ ပျော်သွားရှာတယ်.( အလဲ့ ..ငိငိ ) .၊ အမှန်တော့ နော်တို ကလဲ ဒေါင်းတောင်မှာ နေတယ်သာဆိုတာပါ တကယ်က ရေလျှံနေတဲ့  မိသားစုတွေ မဟုတ်ပါဘူး ရရစားစား ရုန်းနေဆဲ မိဘတွေနဲ့ ပါ၊ အရင်လောက် မဆိုးဘူးလောက်ပဲပြောလို့ ရသေးတာ၊

ဒါပေမယ့်  မဆိုးတော့ ဘူး ဆိုတဲ့  နော်တို့ ထက်ကို ရီးစားလေးတို့  မိသားစု ရုန်းနေရချက်က ..အဲ့ မှာလဲ...သနားချစ်တွေရော ဘ၀ဆန်လွန်းတယ်ဆိုပြီး ကရုဏာရောပေါင်းပြီး ကြွေချက်က အသေအလဲကြွေ...။

..အဲ့ မှာ ဒေါင်းတောင်းအရပ်နဲ့ တိုင်းရင် ခေါင်လွန်းနေသေးတဲ့  အဲ့  အနောက် အုပ်ကျင်းကို ချောင်းပေါက်တော့ တာပဲ ချောင်းပေါက်တယ်သာ ပြောတာ ဝေးလွန်းတဲ့ ခရီးအတွက် မုန့် ဖိုးပြတ် လမ်း စားရိပ်မရှိလို့  မြို့ ပတ်ရထားခိုးစီးပြီး ရီးစားလေးနေတဲ့ အရပ်သွားရတာ အကြိမ်ကြိမ်..အဟီး..

အဲ့ လို ဘ၀သမားလေးတွေဖြစ်နေတုန်း ရီးစားလေး နဲ့ ကာလချိုလေးတွေမှာ ဟော့ လာတဲ့ ဂီတက ''ကိုခိုင်ထူး '' ကြီးပေါ့ ..အဲ့ ကာလရဲ့  ဂီတသစ်တစ်ခုက ကိုခင်မောင်တိုးနဲ့ ကိုခိုင်ထူးက ကျနော်တို့ အတွက် ဂီတသစ်၊ ရီးစားလေးရဲ့ ဘ၀ကို ၀င်ခံစားပြီး ဖီးလ်တွေ တအားဖြစ်နေချိန်မှာ ကိုရွှေခိုင်ထူးကြီးရဲ့  ♫ ♪♫  ''အိမ်ခေါင်မိုးစုတ် အောက်က တို့ ဘ၀ထဲ မလာချင်ပါနဲ့ ကွယ်...ရေယိုလာရင် မင်း ငိုမှာစိုး.''..♫ ♪♫ ဆိုတဲ့  '' ရွှေလသာမှ ''သီချင်းက တိုက်ရိုက် ဟတ်ထိပြီး ကြွေခဲ့ တော့ တာပါပဲ.

..ကြွေပုံ ကြွေနည်းက အခုနေပြန်တွေးတော့  ရယ်ချင်စရာ...သီချင်းထဲကလောက် နော်တို့ က မွဲနေတာမျိုးတော့ မဟုတ်ပေမယ့်  အဲ့ သီချင်းကို ရီးစားလေးရဲ့  အရပ်နဲ့  အိမ်ကို မြင်ယောင်ပြီး ကြွေလိုက်ရင် ချက်ချင်း လူက ငုတ်တုတ်ကြီး တစ်ထိုင်ထဲ မွဲသွားတာ...စိတ်ထဲမှာလေ...အဟီးး....

( တကယ်ကလဲ စိတ်ထဲမှာက ကိုယ့် မှာရီးစားလေးကို ရှာကျွေးနိုင်မယ့်  ဓန မရှိဘူး အရည်အချင်း မရှိဘူး ကိုယ့် မိဘတွေကလည်း ဓနမတောင့် တင်းဘူး ဆိုပြီး အားငယ်ပြီး ဖီးလ်ဖြစ်ခဲ့ တဲ့ အချိန်တွေပေါ့   )
.( ဓနမဲ့ လွန်းနေရင်လဲ သတ္တိတွေ နဲကုန်တတ်တာမျိုးနဲ့ တူပါရဲ့ လေ..)

'အချိန်တွေ ဘ၀တွေ ရွေ့ လျားသွားနေပေမယ့်  တစ်ခါတစ်လေ အဲ့ ရွှေလသာမှ သီချင်း အပိုင်း အစလေးတွေ  စိတ်ရဲ့ စေရာ နားထဲကြားယောင်လာတတ်တဲ့ အခါ သီချင်းလေး နဲ့ အတူ ..သတိရချင်စရာတွေ မမေ့ ခဲ့ နိုင်တာလေးတွေကို အလွမ်းသံစဉ် လှိုင်းရဲ့ ခြေရာလေးတွေ အဖြစ်....မကြာခဏ.....သတိတွေ ရတတ် ရတတ် နေပါသေးတယ်.....

.♫ ♪♫
''' နေရောင် အောက်က တို့ ရဲ့ ဘ၀မျိုးထဲ မလာချင်ပါနဲ့ ကွယ်  အပူဒဏ်တွေကို မင်း မခံနိုင်ဘူး.

.ကြယ်ရောင် မလင်းတဲ့ တို့ ဘ၀ လမိုက်ည မလာချင်နဲ့ ဦးကွယ်..မသာယာတာတွေ မင်းမြင်မှာ စိုးတယ်..

.အိမ်ခေါင်မိုးစုတ် အောက်က တို့ ဘ၀ထဲ မလာချင်ပါနဲ့ ကွယ်...ရေယိုလာရင် မင်း ငိုမှာစိုး

ရွှေရောင်တောက်ပ မင်းရဲ့ ဘ၀မျိုးထဲ ပျော်ပျော်နေအချစ်ရယ် အချိန်မတန်ခင် ဝေးနေကြမယ်

..''ရင်ထဲမှာ ကိုယ်လေ သိပ်ချစ်တတ်တယ် အတူ နေရရင်ပျော်စရာ ကောင်းမှန်း သိတယ် ရွှေလမှ မသာသေးခင် အချစ်ရယ် အတူတူ နေမယ်....မပြောရက်နိုင်ဘူး......''.♫ ♪♫