ရယ်စရာကောင်းတယ်..
-----------
ကိုယ့် ကိုယ်ကိုယ် ရယ်စရာကောင်းတယ်လို့ ပြောတာပါ...ခိခိ..ဒါပေမယ့်  အလုပ်ဖြစ်နေလို့  ရယ်ချင်ပေမယ့်  ဒီနေ့ အထိ အခု ပြောတဲ့ နည်းတွေကို တပွဲတိုးအဖြစ် သုံးနေဆဲပါပဲဗျာ....ဘယ်သူ့ ကံကြောင့် အလုပ်ဖြစ်နေသလဲ သဘာဝကောကျရဲ့ လားနဲ့  ဘာကြောင့် အလုပ်ဖြစ်နေတတ်သလဲ စသဖြင့်  စသဖြင့် နောက်ထပ်လေးလေး နက်နက် တွေးစရာတွေ မေးခွန်း ထုတ်စရာတွေ တန်းစီပြီး ရှိပေမယ့်  မေးခွန်း မထုတ်ရဲ ဘူး ဆက်မတွေးရဲဘူး..တပွဲတိုးလေး အလုပ်ဖြစ်ပြီးရောနဲ့  မေးချင်စရာ မေးခွန်းတွေ တစ်ချို့  အတွေးတွေကို ပြန်သိမ်း မသိချင်ယောင်ဆောင် လောကရဲ့  လောကီ အလိုရမက်တွေကြားထဲ ဆက်လက်ကျင်လည်နေဆဲပဲပေါ့ လေ...
ရယ်စရာကောင်းတယ်ဆိုတဲ့ အဖြစ်တွေထဲက တစ်ခုပေါ့ ...ကျနော့ ဆီမှာ အကောင်ကြီးတွေထဲက ပေါက်ဖွားလာပြီး အကောင်ကြီးတွေနဲ့  ခွင်ရိုက်စားနေတဲ့  အမျိုးသမီး တစ်ယောက်ရှိပါတယ်...သူက အလုပ်အကိုင် ပြောင်းလိုတဲ့  ရာထူးတက်လိုတဲ့ ဝန်ထမ်းတွေ အပြောင်းအရွှေ့ ကိစ္စတွေကို သူတို့ အထက်က အကောင်ကြီးတွေကို ကြားပွဲစားအဖြစ် လိုက်ပြောပေး ဖုံးဆက်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်..သူ့ အမျိုးအကောင်ကြီးရဲ့ ဘက်ကရောင်း အရှိန်အ၀ါကိုသုံးပြီးတော့ ပေါ့ .( ခွင်တွေ) ငိငိ .
အဲ့ ကိစ္စမှာ ကျနော့် ဆီ သူလာတာက အဲလိုကြားကနေလုပ်ပေးတဲ့ အခါ အဆင် ပိုပြေသွားအောင် တပွဲတိုးယတြာ လာလာယူလေ့ ရှိပါတယ်....တစ်ခါကအဖြစ်တစ်ခုမှာ .. ပြောင်းလိုတဲ့  ၀န်ထမ်းအမည်က ကို နေကောင်း နဲ့  မ ပန်းဝေ ဆိုပါတော့ ...သူ ဖုံးဆက်ပေးရမှာက အပြောင်းအရွှေ့ မှာ လက်မှတ်ထိုးပေးမယ့်  ဦး သောက်ထွီ ဆိုပါတော့ ...
အဲ့ မှာ ကြားပွဲစားအမျိုးသမီးကို ကျနော်ယတြာပေးလိုက်တာက....အဲ့  အကောင်ကြီး ဦးသောက်ထွီ ဆီကို ဖုံးကွန်တက် လုပ်မယ့်  မနက်ပိုင်းမှာ ဦးသောက်ထွီ ကို ရည်စူးပြီး သရက်သီးသနပ်လေး က တစ်ပန်းကန်..ကိုယ် ကူညီရမယ့်  ကိုနေကောင်း အတွက်က ဒိန်ချဉ်တစ်ခွက်..မပန်းဝေအတွက်က ဖယုံယို တစ်ပန်းကန် ဘုရားကို တစ်ပြိုင်နက်ထဲကပ် ကိစ္စတွေအောင်မြင်ပါစေလို့ ဆုတောင်းပြီးမှ ဖုံးဆက်ပါ...အကယ်၍ ဖုံးဆက်တဲ့ အခါ အဲ့ နေ့ မှာ အဲ့  အကောင်ကြီး ဦး သောက်ထွီ နဲ့  လွဲနေရင် နောက်နေ့ ဖုံးပြန်ဆက်တဲ့ အခါ နောက်တစ်ကြိမ် ဘုရားကို အသစ်ထပ်ကပ်ပြီးမှ ဖုံးထပ်ဆက်ပါ လို့ ယတြာပေးခဲ့ တယ်...
အဲ့ လို ယတြာပေးနေရင်းက ကျနော့်  စိတ်ထဲမှာ ဖြစ်လာတာက ( ဟီးဟိ...ဘုရားတော့  ငါပေးတဲ့ ယတြာနဲ့ ဝမ်းတော်လားတော့မှာပဲ....အဟိ ငိငိ )....ဆိုပြီး..
..( ကိုယ်ပေးတဲ့ ယတြာကိုယ့် ဟာကိုယ် စိတ်ထဲက ကြိတ်ရယ်မိနေတာကို ကိုယ့် ကိုယ်ကိုယ် ရယ်စရာကောင်းတယ်လို့  ပြောတာပါဗျားးး)...ဒါပေမယ့်  ရယ်စရာကောင်းတယ်သာ ပြောတာပါ...အဲ့ ယတြာတွေနဲ့  အလုပ်ဖြစ်နေပုံက အလုပ်ဖြစ်နေတဲ့  အကြိမ်ပေါင်းကများနေခဲ့ တာမို့ 
အဲ့ လိုယတြာ တပွဲတိုးတွေ ပေးခဲ့ တာလဲ ကြာခဲ့ ပြီဖြစ်လို့ ...ဆက်ပြီး ပေးမိနေဆဲပါပဲလို့ ပေါ့ ဗျာ....ဘာဘဲဖြစ်ဖြစ် ပေါ့ ပေါ့ ပါးပါး စားရိပ်သက်သက်သာသာနဲ့  ကိုယ်နဲ့ ကံဆုံလာတဲ့  ကြုံလာတဲ့  သူတကာ အခက်အခဲတွေ အဆင်ပြေသွားလဲ ပြီးတာပါပဲဆိုတဲ့ စိတ်က ရှိနေတော့ ..
.
.အဲ့ ဒါကိုဆိုလိုတာက....တစ်ချို့ အတွေးတွေကထွက်လာတဲ့  တစ်ချို့ မေးချင်စရာ မေးခွန်းတွေ ကိုယ့် ကိုယ်ကိုယ်တောင် ပြန်မမေးရဲပါဘူးလို့ .....ဟီးဟီး...
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, October 19, 2015
ဆရာကံ တပည့် ကံ... ---
ဆရာကံ တပည့် ကံ...
---
အစက ပေါက်ကရဆရာတွေ အကြောင်းကြားရင် လောကဓံအကြောင်း ဂြိုလ်စီးဂြိုလ်နင်းတွေအကြောင်း လူတွေကို နေစရာနေရာ မရှိအောင် ပြောတဲ့ နေရာမှာ အိုဗာဖြစ်အောင်ပြောတဲ့ ဆရာတွေ အကြောင်း ကြားရ မြင်ရရင် အဲ့ လို ပေါက်ကရဆရာတွေ အိုဗာဆရာတွေကြောင့်  လောကဓံသဘောကို ဂြိုလ်စီးဂြိုလ်နင်းသဘော လိုတာထက်ပိုပြီး အကြောက်ကြီးကြောက်နေတတ်တဲ့  လူတွေ မေးသူတွေ တပည့် တွေကို သရော်ပစ်လိုက်ချင်တယ် ဟားပစ်လိုက်ချင်တယ် အဲ့ ပေါက်ကရဆရာတွေကိုလဲ အဲ့ တော့ ဘာဖြစ်လဲ မင်းတို့ ပြောတဲ့  စနေဂြိုလ်လဲ ငိငိကွာ ပဲဆိုပြီး ဆဲပစ်လိုက်ချင်တယ်ပေါ့ ဗျာ
...( ဘေးကနေ ဖြစ်နေတာ ..ခ်ခ်...)
နောက်တော့ မဖြစ်တော့ ပါဘူး...ဓမ္မစာတွေဖတ် ( အထူးဖတ်တာ ဇိနတ္တပကာသနီ ဖတ်တာ..) ဖတ်ရင်းကနေ ကံ တွေ အကြောင်း ရိပ်မိလာတယ်...ဘုန်းကြီးဟောလို့  ရိပ်မိတာ မဟုတ်ဖူး ကိုယ့် ဟာကိုယ် အတွေးနဲ့ ရိပ်မိလာတာမျိုး...အဲ့ ထဲမှာ ကျနော်တစ်ခါက ရေးပြဘူးတယ် အခု ဘ၀ဖြစ်နေသမျှတိုင်းမှာ အတိတ်ကံ သတ္တိရဲ့ လောင်းရိပ်တွေ ပါနေတယ်လို့ လေ ပစ္စုတ်ပန်ကံအကြောင်း ဘယ်လောက်ပြောပြော အတိတ်ကံက အချိန် မကျရောက်သေးရင်း ဘုရားနဲ့ ဒဲ့ တွေ့ တောင် တရားမပေါက်ဘူုး ...တရားမပေါက်ယုံကတော်သေးတယ် ဘုရားကိုသွားပြဿနာရှာမိမှ မြေတောင် အမြိုခံလိုက်ရနိုင်သေးတဲ့  အန္တရယ်ရှိသလိုပဲ....သဘောက ဘုရားနဲ့ ဒဲ့ တွေ့ တိုင်း ကျွတ်တန်းဝင်မယ်ချည်း တွေးထားလို့ မရဘူး အဆင်မသင့် ရင် ဒေ၀ဒတ်စိတ်ဝင်ပြီး မြေမြိုနိုင်တယ်ပေါ့ 
ဒီလိုသဘောပေါ့  အဂုံလိမာလ က အင်္ဂုလိမာလမဖြစ်ခင် လူကောင်းလေးတပည့် ကောင်းလေး အင်္ဂုလိရဲ့ ဆရာကလဲ ဆရာကောင်းလေး...အခြေအနေတစ်ခုက ကြားဖြတ်ဝင်လာတော့  အင်္ဂုလိလဲ လူဆိုးဖြစ် အင်္ဂုလိရဲ့ ဆရာလဲ ဆရာဆိုးဖြစ်ကရော...အင်္ဂုလိ လူဆိုးဖြစ်ချိန်က ကံဆိုးချိန်ပေါ့ ...နောက်တော့  ဘုရားနဲ့ တွေ့တော့  အင်္ဂုလိ လူကောင်းဖြစ် သံသရာက လွတ်ပေါ့ ..အဲ့ အချိန် ကံကောင်းချိန်ပေါ့  ဘုရားက အင်္ဂုလိအတွက် ဆရာကောင်းပေါ့  အဲ့ မှာ တွေးကြည့် ပါ အင်္ဂုလိက ဆရာကောင်းတွေ့ ပါရစေဆိုပြီး လိုက်ရှာနေခဲ့ တာမဟုတ်ဖူး သူရှာတာ ပထမဆရာဆိုးညွှန်ကြားတဲ့ လက်ညှိုး......
ကျေးဇူးသဘောသာ ယူတတ်ရင် ဆရာဆိုးတောင် အင်္ဂုလိရဲ့  သံသရာကလွတ်မြောက်ရာ ဓမ္မလမ်း အတွက် ကျေးဇူးရှိတယ် ပထမဆရာသာ ဆရာဆိုးဖြစ်မသွားရင် အင်္ဂုလိလဲ လူဆိုး တပည့် ဆိုးဖြစ်သွားမှာ မဟုတ်ဖူး ဆရာဆိုးက မခိုင်းရင် သူများ လက်ညှိုးတွေလဲ လိုက်ဖြတ်ဖြစ်မှာမဟုတ်ဖူး လက်ညှိုးတွေ မဖြတ်ဖြတ်ရင် ဆရာကောင်းဆိုတဲ့  ဘုရားနဲ့ လဲဆုံစရာအကြောင်း မဖြစ်လာနိုင်ဘူး ဘုရားနဲ့ မဆုံရင် အင်္ဂုလိလဲ အင်္ဂုလိဖြစ်လာမှာ မဟုတ်ဘူး.......( ဒီပြဿနာကြီးမှာ ဘုရားဆိုတဲ့  ဆရာကောင်းရော လက်ညှိုးဖြတ်ခိုင်းတဲ့ ဆရာဆိုးရော ဟာ တကယ်ဆို အရံ သဘောတွေနေရာမှာ အဓိက ဖြစ်နေတာ တပည့် ကောင်း တပည့် ဆိုး လူကောင်း လူဆိုး စောစောက တောပုန်း လူသတ်သမား အခု ရဟန္တာ ဆိုတဲ့  အင်္ဂုလိမာလကံက အဓိက...သူ့ ကံကြောင့် ဖြစ်နေတာမျိုး....)
အင်္ဂုလိမာလရဲ့ ဘ၀လမ်းမှာ အထူးခြားဆုံး အဖြစ်တစ်ခုက (၀ါ) စိတ်တစ်ခုက ဆရာဆိုးရော ဆရာကောင်းကရောက ခိုင်းသမျှကို ဒါလုပ်ဆို လုပ်ထဲ့ လိုက်တာတာချည်းပဲဆိုတဲ့  ဆရာခိုင်းတာ မှန်သမျှ ငြင်းနေပုံမရပဲ အကုန်လုပ်တဲ့ တပည့် စိတ်က ထူးခြားစိတ်ပေါ့  အဲ့ စိတ်က ဓမ္မလမ်းကို ရောက်သွားဖို့ အကြောင်းတစ်ခု ဖြစ်တယ်..အရာရာသံသယသမားတွေကတော့ ....ခ်ခ်...( သံသယစိတ်မရှိပြန်ရင်လဲ လွတ်မြောက်ရာလမ်းဓမ္မနဲ့ နီးစပ်ချင်မှနီးစပ်မှာ...ငိငိ )
Subscribe to:
Posts (Atom)