ရင်ထဲမှာ......
---------
စစ်
စစ်
စစ် အကြောင်းတွေ
များပြားလွန်းတဲ့  နယ်ပယ်တွေထဲ
သိင်္ဂါရ ရသတွေ အပြည့်  နဲ့ 
အချစ်
အချစ်...
ချစ်ခြင်းမေတ္တာတွေ အကြောင်း ...
စာဖွဲ့ ဖို့ ကြံ....
အဝေး
အဝေး....
အဝေးက....မေ............
မင်း......
နေလို့ မှကောင်းရဲ့ လားမေ.......
ရာသီ အခါမှီ အလွမ်းတေးသီမိတဲ့ အခါ...
အလွမ်းသင့်  စိတ်ကလေးတွေက
ရင်...
ရင်....
ရင်ထဲမှာလေ.........။
မေ.......
နိုင်ငံ့ အရေး ဘ၀အရေး
လွမ်းရေးထက်
ဝမ်းရေးခက်နေသည့် တိုင်..
အချစ်
အချစ်...
အချစ်ကို
ချစ်တတ်ခဲ့ တယ်လေ.............
မေ...
ချစ်ခြင်းဖွဲ့ 
အချစ်ကို
ချစ်တတ်ခဲ့ ပါတယ်ဆိုတဲ့ အကြောင်း....
မေသိစေတော့ ရယ်လို့ 
စာကဗျာ အလွမ်းတွေဖွဲ့ ..
ညည..
လွမ်းချင်းတွေနဲ့ လေ............။
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, December 9, 2016
မြေလတ်မြို့ လေးက ချစ်ပုံပြင်
မြေလတ်မြို့ လေးက ချစ်ပုံပြင်
---
ဘ၀အလှည့် အပြောင်းတွေဟာ တစ်ခါတစ်လေ ထူးဆန်းတယ် ကြိုတွေးမှန်းဆရခက်တယ် မတွေးထား မထင်ထားတာတွေလည်း ဖြစ်တတ်တယ် စသဖြင့် တွေ သဘောကို ဟိုး လွန်ခဲ့ တဲ့ အနှစ် ၂၀ကျော်လောက်က ကြုံဖူးတဲ့ ဖြစ်ရပ်ကလေးတစ်ခုပြန်တွေးရင်းပေါ့ လေ..ဒီဇာတ်ထုပ် မှာ ပါဝင်သူတွေက မသေကြသေးလို့  ဖွက်ရေးရတာပေါ့ လေ...
မိဘတွေ ရှိတုန်းက ပွဲရုံဖေါက်သည်တွေမှာ အဲ့ မြေလတ်မြို့ လေးက မိသားစုတစ်စုလည်းပါတယ် ကျနော်တို့ ဆီက ကုန်တွေယူ ပြန်ရောင်း ကျနော်တို့ ကိုကုန်ကြွေးဆပ်ခေါက်ပြန်ကြေးသဘောတွေပေါ့ 
၂ ဖက် မှန်တာရယ် ကုန်သည်ဖက် နှစ်သက်တန်းရင့် တာတွေ့ အမျိုးတွေလို ဆက်ဆံရေးရှိကြတယ် အဲ့ မိသားစုက အစ္စလာမ်ဘာသာဝင်တွေပါ
သူတို့ မှာ သမီး ၂ ယောက်ရှိပြီး အကြီးက အဖေအမေကသာ အသားမဲပြီး သမီးအကြီးက ဖွေးဥနေအောင် ဖြူတဲ့ အသားအရည်နဲ့  ဘောလီးဝုဒ် ရုပ်ရှင်မင်းသမီးလေးတစ်ယောက်လို လှတဲ့  မျက်နှာ အချိုးအဆစ်တွေ ရှိတယ်..သူက ကျနော်တို့ အလုပ်နဲ့  မပတ်သက်ပဲ ရန်ကုန်ဆင်းဆင်းပြီး ကြက်ဒိုင်က ကြက်တွေဝယ် သူတို့ မြို့ လေးကို ပြန်တင်ပေးတဲ့ ကြက်ကုန်သည် အလုပ်ကိုသီးသန့် ခွဲလုပ်သူပေါ့ လေ...
Subscribe to:
Posts (Atom)