Powered By Blogger

Sunday, October 9, 2016

ကြာသာပတေးသက်ရောက်နေတဲ့  တနင်္လာသမီး + ကောဇာမဟာဘုတ် ၆ကြွင်း နှစ်ရဲ့  မရဏ နံ တနင်္လာ + သုံးတန်ပေါ်ကိန်း တိုင်စဉ်က ပြအိမ်


ကြာသာပတေးသက်ရောက်နေတဲ့  တနင်္လာသမီး + ကောဇာမဟာဘုတ် ၆ကြွင်း နှစ်ရဲ့  မရဏ နံ တနင်္လာ + သုံးတန်ပေါ်ကိန်း တိုင်စဉ်က ပြအိမ်
-----------------------------
ကျိုက်ထီးရိုး တက်ခါနီး အအေးပတ် ဖျား အသံဝင် လို့  ဓါတ်ကြမ်းရိုက် ဆေးတွေနင်းသောက် တက်သုပ်ရိုက် အဖျားချပြီး ကျိုက်ထီးရိုးကို အားနည်းနည်း နဲ့ ဇွတ်တက်ပေါ့ လေ၊
ပထမ ချိန်ထားတဲ့ ရက် မတိုင်ခင် ၃ရက်အလိုမှာ အတူ လိုက်မယ့်  သူ တစ်ယောက်က ကောက်ကာငင်ကာ ထဖျားနေလို့  ပလန်ဘီ ရက်ကို ရွှေ့ ထားတာ အဲ့ ပလန်ဘီရက် နားနီးမှ ကိုယ်တိုင် ထဖျားတဲ့ အဖြစ်.   ( ကျနော်က ကျိုက်ထီးရိုး လစ်ဖို့ ကြံတာ စနေသက်ရောက် စနေလစိတ် တည့် တည့် မှာကြံတာ  😁  ) ဒါဟာ ပလန်အေ ရက်နဲ့  မသွားစေချင်လို့  ဘုရားဖူး အတူလိုက်မဲ့ သူတစ်ယောက် ထဖျားပြတာပဲလို့ တွေးပြီး  ပလန်ဘီရက်ကို ရွှေ့ လိုက်တာ...( တစ်ခြား နမိတ်လေးတွေပါ ရှိနေလို့  ရက်ရွှေ့ ပစ်တာပါ)  အဲ့ လိုတွေပေါ့ လေ..

အဲ့ ရက်တွေ လောက်ကတည်းက အလုပ်ကို အကျော်ဖြတ်ထားလိုက်တာ အလုပ် ပိတ်ထားတယ် ဘာညာဘာညာကြောင့်  ၁၀ရက်နေ့ လောက်မှ ပြန်ဖွင့် မယ်ပေါ့ လေ...

ဖြတ်ဆို ဖုန်းစကားပါ လက္ခံမပြောတော့ တာ...ဒါနဲ့  ကျိုက်ထီးရိုးသွား အိမ်ပြန်အရောက် အလုပ်မလုပ်သေးပဲ ဖရီးရိုက်နေတာပေါ့ လေ...(  စီးပွားမလုပ် ဘာမလုပ် ဘာတာဝန်မှမရှိပဲ
ဖရီး ရိုက်နေရတာ  အတော်တော့ လွတ်လပ်သား   😁  )

အဲ့ မှာ မနေ့ က တစ်ယောက်က အရေးကြီးလို့ ပါဆိုလို့  ဖုန်းလက္ခံ နားထောင်ပေးလိုက်တော့  လာနေကျ သက်တမ်းရင့် အမေးသမား အမျိုးသမီးပေါ့ လေ...သူ ပြောတာက န၀င်းယတြာထိုင်ချင်လို့ တဲ့ 
 ( အ၀တ်အစားပို့ လိုက်ရမလားတဲ့ )  ဒီရက်ပိုင်းလေးထဲ ခြေထောက်ရော လက်ရောကျိုးသွားလို့  မလာနိုင်လို့  ဖုန်းနဲ့ မေးရတာပါတဲ့   သူ့ မွေးသက္ကရာဇ်က ၃လပိုင်းလဆန်း ၁၉၅၆ တနင်္လာသမီးပါပေါ့ လေ
( ၁ ကြွင်း တနင်္လာသမီး  )

အဲ့ မှာ ဖြတ်ကနဲ စိတ်တွက် တွက်လိုက်တော့   ဒီ တနင်္လာသမီးက အသက် ၆၁ ထဲ ၀င်နေပြီး သက်ရောက်က ကြာသာပတေး လစိတ်က လည်း ကြာသာပတေးလစိတ်ပဲ   ကြာသာပတေး ထပ်နေတဲ့ သဘောပေါ့ 
( ဦးညိုခေမာ  အပြင်ရန်ကိန်းလေးပေါ့ )

အဲ့ မှာ ကျနော်က ပြန်ပြောပေးလိုက်တယ် န၀င်းယတြာခြေစရာ မလိုတော့ ပါဘူး   ဖြစ်ရမယ့် ဟာက ဖြစ်ပြီးသွားပြီး နောက်ထပ်လည်း ဒါမျိုးထပ်ဖြစ်တော့မှာမဟုတ်ဘူး သပြေညွန့် လေး သင်္ဘောသီးလေး
ဘုရားကပ်တာ သပြေညွန့် ခေါင်းအုံးအောက်ထားအိပ်တာ ရေစိမ်ချိုးတာ ပိုက်ဆံအိပ်ထဲဆောင်ထားတာလောက်နဲ့ တင်လုံလောက်ပြီလို့  ပြန်ပြောလိုက်တာပေါ့ လေ  )

အဲ့ လို ပြောလိုက်ရတဲ့ အကြောင်းက  လူတစ်ယောက်ဟာ သက်ရောက်တစ်ခုမှာ အကောင်းအဆိုး သဘော တစ်ခုခု  ဖြစ်နေမကျ ဖြစ်ခဲတာတွေ ထူးခြားဖြစ်လိုက်ရင် အဲ့ တစ်နှစ်တာအတွက် လုံးလောက်သလို ဖြစ်သွားတာ ကြုံခဲ့ တာ များလှပြီ ထူးခြား အဖြစ်တွေဆိုတာ ခဏခဏ ဖြစ်ရိုး မရှိတတ်ဘူး..
--------------------
နောက် ပညာခွင်သဘောအရ ( သုံးတန်းပေါ်နိစ္စပညာဖက်ကကြည့် ရင် )  ကျနော် နှစ်စ က ရေးပြခဲ့ သလိုပဲ  ဒီနှစ် ကောဇာမဟာဘုတ်အရ  ၆ ကြွင်း နှစ်ဖြစ်တယ် ဒီ သဘောဟာ လာမယ့်  ၂၀၁၇ ဧပြီလအထိ အကျုံးဝင်တယ်  ဒီလို ကောဇာမဟာဘုတ် ၆ ကြွင်းနှစ်မှာ  ကြာသာပတေးမှာ သက်ရောက်ကျနေတဲ့  တနင်္လာသားသမီးတွေ သူများ တနင်္လာတွေထက်  အသွားအလာအနေအထိုင် ဆင်ခြင်ရင်လိမ့် မယ်  အကြောင်းက သုံးတန်ပေါ်ကိန်းတိုင်စဉ်အရဆိုရင်
တနင်္လာသားသမီး ကြာသာပတေးသက်ရောက်မှာ ပြအိမ်မှာ ထိုင်နေတယ်  သုံးတန်းပေါ် ခွင်လွှဲထူ စနစ်အရဆို ပြကို ပြ တနင်္လာ နံကပြန်ပူးမြင်နေတယ်...ဒီတနင်္လာဟာ ကောဇာမဟာဘုတ် ၆ကြွင်း အိမ်က မရဏ တနင်္လာနံ က လာမြင်နေတာကြောင့် ဖြစ်တယ်လို့ ပေါ့ လေ..

သဘောက အခု အသက် ၆၁ ကြာသာပတေးသက်ရောက် ရောက်နေတဲ့ တနင်္လာသမီး ချော်လဲလို့  ခြေကျိုး လက်ကျိုး ဖြစ်ရတာဟာ ကောဇာမဟာဘုတ်က မရဏ တနင်္လာနံ ကိန်း လာပူးထားလို့ ကောဇာမရဏနံရဲ
့ အလစ်တွယ်တာခံလိုက်ရတဲ့ သဘောပေါ့ လေ...

ချုပ်လိုက်ရင် သုံးတန်ပေါ်ကိန်းတွေထဲမှာ  ကိုယ့် မွေးနံကို ကောဇာ မရဏအိမ်က နံက လာပူးနေသလား နဲ့  ကော်ဇာမရဏနံက ကိုယ့် သက်ရောက် သုံးတန်ပေါ်နိစ္စ တိုင်စဉ်မှာ ဘယ်နေရာကို ဘေးချင်းယှဉ်
သွားပူးနေသလဲဆိုတဲ့ အချက်ကလေး ၂ချက်ကို ဖြတ်ကနဲ ချက်ကင် ၀င်ထား လိုက်ဖို့ တော့ လိုတယ်ပေါ့ လေ...