Powered By Blogger
Sunday, December 20, 2015
ဥာဏ်ပညာ
ဥာဏ်ပညာ
--------------
စာတွေဖတ်တယ်ပေါ့ လေ အဲ့ ဖတ်တာတွေထဲက ကိုယ့် လက်တွေ့ ဘ၀ လက်တွေ့  ကိုယ့် အတွေးအမြင်သဘောနဲ့  ကီးကိုက်တာတွေကိုတော့  ဆင်ခြေဆင်လက် သဘောသုံးဖို့ အပ်ပါအ၀င် လက်တွေ့ ဘ၀ထဲချသုံးဖို့  ယူထားလိုက်တတ်တယ်ပေါ့  စာအရတော့  ဂွတ်တအားရှယ်နေပြီး ကိုယ့် လက်ရှိဘ၀ လက်ရှိအသိ နဲ့  လာ မဟတ်မိသေးရင် အဲ့ စာအုပ်ထဲပဲ ပြန်ထားပစ်ခဲ့ လိုက်တယ်ပေါ့ လေ..
ဆရာကြီးရဲ့ နှာခေါင်းကြီးချက်က တစ်ကိုယ်လုံးမှာ အကြီးဆုံးများဖြစ်နေလားတော့ မသိပါဘူး ထင်သာမြင်သာ ရှိလွန်းလောက်အောင်ကြီးပုံရပါတယ် အဲ့ ဒါ ပညာဥာဏ်နဲ့  ဥာဏ်အလင်းဖွင့် ပေးတာ ကောင်းလွန်း တော်လွန်းလို့ တပည့် တပမ်းတွေ ၀ိုင်းဝိုင်းလ်ာနေတဲ့  ဆရာကြီးကို မနာလိုတိုရှည် ဘေးထိုင်ဘုပြောတွေက မဟာနှာခေါင်းကြီးရဲ့ 
လက္ခဏာအခမဲ့ ဖတ်လိုက်ချက်က ဗမာလို လိုတိုရှင်း တိုတိုပြောရရင် ''ဒီလို နှာခေါင်းကြီးတဲ့ သူတွေက နှာဘူးကြီးပါကွာ.''...ပေါ့ ဗျာ..
ဆရာကြီးရဲ့ တပည့် တပမ်းတွေ ကြည်ညိုတဲ့ လူကုံထံတွေတစ်ချို့ က ဆရာကြီးကိုယ်စား မကျေမနပ်ပေါ့ အဲ့ မှာ ဆရာကြီးက ''''အေး  မင်းတို့  ငါ့ နှာခေါင်းကြန်အင်ဖတ်တာ မမှားဘူး
ဒါပေမယ့်  ငါ့ ခေါင်းထဲက အသိဥာဏ်ပညာက ပိုကြီးတယ် အဲ့  နှာဘူးစိတ်ကို ငါ့ ခေါင်းထဲက ကြီးမားတဲ့ အသိဥာဏ်ပညာနဲ့ ထိမ်းချုပ်ထားနိုင်တာကွယ့်   ''  လို့  နှာခေါင်းဖတ် ဘုပြောသမားတွေကို  ပြန်ပြောလိုက်သတဲ့ 
( နဲနဲပိုပိုသာသာလေးတွေတော့ ထည့် ရေးမိတာပေါ့ ညှော်   အိုဗာတင်း ပြောတတ်တာတွေ များတဲ့ ခေတ်ထဲနေလာတာကြာတော့ အကျင့် ပါနေလို့  စ်...)..
အဲ့ စာကို ဖတ်ခဲ့ ရတုန်းက လွှတ်သဘောကျမိတာပေါ့ ..အသိဥာဏ်ပညာ နဲ့  မြေမြိုနိုင်တဲ့  ကိစ္စတွေကို မပြုမိအောင် ထိမ်းချုပ်နိုင်တယ်  ကိုယ့် မှာပါတဲ့  အားနဲချက်ကို ကိုယ့် အသိဥာဏ်ပညာနဲ့  ထိမ်းကြောင်းပဲ့ ပြင်နိုင်တယ် ဒါဟာ လူ ဆိုတာ အရှင်သဘောဖြစ်တယ် အရာရာ အတိတ်ကံချည်း ပုံချမနေအပ်ဖူး....နောက်...ဥာဏ်ပညာသဘောကို အများကြီးချဲ့ တွေးလို့ ရသလို...အဟီးးး..နော့် နှာခေါင်းက သာမန်ထက် ကြီးနေသယောင်ဖြစ်နေတယ်လို့  ကွကိုယ်လည်းထင် တစ်ချို့ ကလဲ အဲ့ လိုပဲ ပြောကြတာကိုးဗျား..အဲ အဲ  .ငိငိ
ဖုံး
ဖုံး
---
ပြတ်စရာရှိရင် တွေးတောပြီး ပြတ်သားတတ်ပါတယ်ဆိုတဲ့ အကြောင်းပေါ့ ၊ ဟမ်းဖုံး ၄ လုံးကိုင်ပါတယ်၊ ဈေးပေါတဲ့ အခွံ ၃ခုနဲ့  အလတ်တန်း အခွံတစ်ခုတစ်ခုပေါ့  ၊  ဒူး ၂၊ နော ၁ နဲ့ အမ်အီးစီ ၁ပေါ့ ၊ ၉၉ ရာနှုံးလောက်က ဒူးပဲ သုံးတယ်၊  ကျန်တဲ့ လိုင်းက အရံ နဲ့ တစ်ခါတစ်လေ အင်ဂျင်နှိုးတဲ့  သဘော  ခဏ နဲနဲ ကောက်သုံးတယ်၊  ဒူး၂ လုံးထားတာက  ဒူးတစ်လုံးစက် ပူလာရင် နောက်ဒူး ၁လုံး ပြောင်းသုံးဖို့ ၊ အဲ့ ၄ လုံးစလုံး ဖွဘုတ်ပေါ်နဲ့  နက်လိုင်းပေါ် ၀ိုင်ဖိုင်လွှင့် တက်တဲ့ အခါပဲ အဓိက သုံးတယ်၊ လူမှု့ ကိစ္စတွေ အပါအ၀င် အပြင်ကိစ္စတွေမှာ လုံးဝမသုံးဘူး ယုတ်စွအဆုံး ကိုယ့် အိမ်ကိုယ်တောင် အဲ့ ၎ လုံးနဲ့  တစ်ခါမှ မသုံးဘူး အိမ်ကလဲ အပြင်ရောက်နေချိန်တွေမှာ အဲ့ ဖုံးတွေကို ဖုံးဆက်လေ့ မရှိသလို သူတို့ ကိုယ်တိုင် အဲ့ ၎ လုံးရဲ့ နံပတ်တွေကို အလွတ်မသိကြဘူး ကိုယ်တိုင်လဲ အဲ့  ၄လုံးစလုံးရဲ့ ဖုံးနံပတ်တွေ စခရင်ပေါ်တင်ထားလို မြင်နေရတာတောင် အလွတ်မရဘူး၊
ကိုယ်ရေးကိုယ်တာ အလုပ်သဘောတွေ မှာ ဖွားဖက်တော်လိုဖြစ်နေတဲ့  လိုင်းဖုံးသာ သုံးလေ့ ရှိတယ် ။ လိုင်းဖုံးက ပျက်ခဲပြီး ပျက်တိုင်းလဲ ကံပဲလို့  သဘောထားပြီး အပြင်ဆရာကို ရုံးအကြောင်းကြားလိုက်တယ် လာချင်တဲ့ အချိန်လာပြင်ပေါ့ လေ။ ဖုံးဆာဗာတွေကလဲ ကြောငြာ် မတ်စိပဲပို့ တာမျိုး ။ လိုင်းမကောင်းတာ ဘာဖြစ်လို့ ဆိုတာမျိုးကိုတောင် ဖုံးဆာဗစ်တွေကိုတောင် လှမ်းမမေးဘူးဘူး ကောင်းတော့ သုံးတာပေါ့ လောက်ပဲ သဘောထား ပစ်လိုက်တယ်၊
ဟမ်းဖုံး ၄ဖုံးစလုံး ရဲ့  နံပတ်တွေကို အပြင်လူကို တစ်ယောက်ကိုမှ မပေးခဲ့ ဘူးသလို ဟမ်းဖုံး နံပတ် တောင်းလဲ ပေးဖို့ လဲ စိတ်ကူးမရှိသေးဘူး စိတ်ကူးမရှိဆိုရင်ပိုမှန်မယ်။ အသားလွတ်ကြီး ဖုံးနံပတ်ပေးတာမျိုးကိုလဲ  အကျင့် မရှိခဲ့ သလို ကိုယ်တိုင်ကိုယ်က အပြင်လူကို မိတ်ဆွေတွေ ဆရာသခင်တွေ အပါအ၀င် ကိုယ့် အိမ်ကိုယ်တောင် လမ်းကနေ အိမ်ကနေ ဖုံးဆက်ခဲ မှခဲ ၊ ပြောရရင် ကိုယ်က စပြီး အပြင်လူတွေ ကို ဖုံး မဆက်ခဲ့ တာ  နှစ်တွေ ကြာလှပြီ  ကိုယ်က စ ဆက်လောက်စရာ အကြောင်းကို မရှိသေးဘူးလို့ ကို ထင်နေတုန်းပဲ ..ကိုယ့် ဖီးလ်ကိုဆိုလိုတာပါ။
အဲ့ ဟမ်းဖုံးတွေထဲမှာ သီချင်း တစ်ချို့  နဲ့  သတင်းပေ့ ခ်ျ တစ်ချို့ ကလွဲရင် ဘာကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေမှ ထည့် မထားသလို ဖုံးဂိမ်းလဲ တစ်ခါဆို တစ်ခါမှ မကစားခဲ့ ဘူး  စိတ်မ၀င်စားလို့ ကို မကစားတာမျိုး၊  ဒီ လိုတွေ တွေးတော ကိုင်တဲ့ အတွက် ဖုံးပျောက်ခြင်း မပျောက်ခြင်းက ကိုယ့် အတွက် အပိုသောက ကို ဖြစ်မလာစေတော့ ဘူး။ အဲ့ မှာ အဲ့ ဟမ်းဖုံး ၄ လုံးကို ပြင်ပ က ဖုံးခေါ်သံတွေ မကြာခဏ ၀င်ဝင်လာလေ့ ရှိတယ် ။ အဲ့ လိုဝင်လာတိုင်း ဘယ်ကလဲခမျတွေ ဘယ်ကို ခေါ်ပါလဲတွေ နဲ့  ကိုင်ပြီး ပြန်ဖြေနေလေ့ ရှိဘူး ဖုံးခေါ်သံထွက်လာတာနဲ့  တန်းပိတ်ပစ်လိုက်လေ့ ရှိတယ်
 တစ်ဖက်က ဘယ်သူ ခေါ်နေတာလဲကိုတောင် စပ်စုမနေတော့ ဘူး . အိမ်ကခေါ်လေ့ မရှိမှန်းလဲ သိနေပြီးသား ဖြစ်သလို ကိုယ်တိုင်ကိုယ်က ပြင်ပ လူတစ်ယောက်ကိုမှ ဟမ်းဖုံးနံပတ်ပေးထားတာမျိုး မရှိလို့  ပြန်ဖြေနေစရာ အကြောင်းမရှိဘူးလို့ တွေးထားလို့ ပဲ..ဒါအပြင် ဟမ်းဖုံးနဲ့ အွန်လိုင်းနဲ့  ဖွဘုတ်နဲ့   ကိုယ့် အသက်မွေး ၀မ်းကျောင်း အလုပ်ကို တစ်ခါမှ ချိတ်ဆက်မထားခဲ့ လို့ ( ချိတ်ဆက်ထားဖို့ စိတ်ကူးမရှိသေးလို့  ) လဲပါတယ် .ပြတ်သားစရာရှိရင် တွေးတောပြီး အဲ့ လိုပြတ်သားတတ်ပါတယ်ဆိုတာ ဒါကိုဆိုလိုတာပါဗျား  ပြောရရင် အားလုံးဟာ ကိုယ့် ဘ၀နဲ့ ကိုယ့် အကြောင်း သူ့ ဘ၀နဲ့  သူ့ အကြောင်းသဘောအပေါ်မှာလဲ အမြင်တစ်ချို့ က ရပ်တည်တယ်ပေါ့ လေ
အကြောက်တရား နဲ့  ဘ၀ပစ်မှတ်
အကြောက်တရား နဲ့  ဘ၀ပစ်မှတ်
-------------------------------
ကိုယ်ရှင်သန်ကြီးပြင်းခဲ့ ရာ ပတ်ဝန်းကျင်ရဲ့ သဘောတရားတစ်ချို့ က  ကိုယ့် ရဲ့ အကြောက်တရားနဲ့  ကိုယ့် ရဲ ဘ၀ပစ်မှတ်ကို ပုံဖေါ်ပေးလိုက်တာမျိုးလဲ ရှိတတ်လိမ့် မယ်လို့  ကိုယ့် ကိုယ်ကိုယ် ပြန်ဆင်ခြင်ရင်း ။ ကိုယ်ဟာ လူသားဖြစ်လို့  တစ်ခြားထဲက ကိုယ့် လို တစ်ချို့ လူသားတွေမှာလဲ  အကြောက်တရားနဲ့  ဘ၀ပစ်မှတ် အကြောင်းတရား မတူရင်တောင် ''အကြောက်တရား နဲ့ ဘ၀ပစ်မှတ်'' ခေါင်းစဉ်ကြီးကတော့  တူလောက်မယ်လို့ ပေါ့ ဗျာ ..
ဘ၀ပစ်မှတ်လို့  သုံးမိတာက ငြိမ်းချမ်းရေး တေးဆိုငှက်သံတွေထက်  စစ်မောင်းတီး တိုက်ပွဲခေါ်သံ ကိုယ့် ပုံစံနဲ့ ကိုယ် ရဲတံခွန်လုပ် စစ်ချီတေးနဲ့ ရှေ့ သို့ ချီလော့  တက်လော့ ပါဟေ့  တိုက်ကြဟေ့  ဆိုတဲ့  အသံတွေက ကမ္ဘာတစ်ခွက်ပြဲပြဲစင် ပိုကြားနာနေခဲ့ ရသလိုမို့  ဘ၀ပစ်မှတ် လို့ သုံးလိုက်ရတာ  အာပိုတွေ့ သလိုလို...စိတ်တွေကိုက စစ်သွေးကြွဗီဇက ရှိပြီးသား ဆွပေးမယ့်  လူနဲ့  အခြေအနေတစ်ခုခုပဲလိုတော့ တာ...
ရွှေလင်ပန်း မဆိုထားနဲ့  ဘာနဲ့ အချင်းဆေးခဲ့ မှန်းတောင်မသိဘူး ဆန်ကောလောက်တော့ လဲ မဟုတ်လောက်သေးဖူးနဲ့ တူပါရဲ့  အရပ်လက်သည်နဲအိမ်မှာ့ မွေးခဲ့ တာတဲ့  ၊
ကိုယ့် ကိုယ်ကိုယ် လူဖြစ်မှန်းသိတော့  အတော်ရုန်းကန်နေရတဲ့ မိသားစု ၊ အိမ်မဆိုထားနဲ့ ကျူးတဲလေးတောင် ယာယီမပိုင်ရှာ ၊ ဈေးဆိုင်ကို အိမ် ပလပ်စ် ဈေးဆိုင် တူးအင်ဝမ်း မိသားစုနေခဲ့ ရတဲ့  ဘ၀ဗွက်ထနေချိန်ဆိုတော့ ...အဲ့ အချိန်က ဖီးလ်တစ်ခုစ၀င်လာတာက   မုန့် ဖိုးလုံလောက်အောင် မရတာ စိတ်ညစ်တယ်အမေရာ.  ..အဲ့ ကနေ ဆက်ကြီး ဆက်ဖြစ်လာတာက မဆင်းရဲခြင်ဘူး...အဲ့ မဆင်းရဲခြင်ဘူးဆိုတာ ချမ်းသာခြင်တာနဲ့  မတူတာ လောကထဲကို တွေးကြည့်  လိုက်စပ်စုကြည့် ရင် သိနိုင်ပါလိမ့် မယ်.....
မိဘတွေ တက်ညီလက်ညီ စိတ်တူကိုယ်တူ  အစ်ကို​ဤရင် ညီမ မကျွဲဘူး ညီမကျွဲဆိုလာရင်လဲ  အစ်ကို ဇွတ်မဤ ဆိုတဲ့  စတိုင်နဲ့  ရုန်း၍ ကန်၍ ရင်ဆိုင်၍ လုပ်ချလာလိုက်တာ နောက်တော့  ပွဲရုံ ကုန်သည်သမားတွေဖြစ်လာတယ် ပွဲစားကြီးနဲ့  ပွဲကတော်လေးပေါ့ .အမေက ၁၀နှစ် ကျော် လောက်ငယ်တာကိုး၊.
အဲ့ တော့  .ပါးစပ်စိုပြီပေါ့  ခါးလှပြီပေါ့  မိုးလုံခဲ့ ပြီပေါ့ ။ အဲ့ မှာ ပွဲစားကုန်သည်တို့ ရဲ့ ဘာသာဘာဝအတိုင်း အကြွေးပေးရမှာ အကြွေးရစရာ ရှိတာတွေ နဲ့  အာရုံတွေစားနေရပြန်ရောဗျာ..ဘယ်မှာလဲ စိတ်လွတ်ကိုယ်လွတ် သုခရနေတာ..ရစရာ ပေးစရာတေါ ပတ်လည်ရိုက်နေချက်က အသေတောင်ဖြောင့် ပါ့ မလား ထင်ရတယ် ...
တော်သေးတယ် မိဘတွေက အစီအမံကောင်းတော့  သေလုလု အသက်တွေမှာ ပေးစရာအကြွေး ဇာတ်ထုတ်တွေ  ရှင်းပစ်နိုင်ခဲ့ လို့ ပေါ့  သေလုလုနော် အိုစနာကျလို့ သေလုလုကျမှ  ဒါတောင် တစ်ချို့ ကြွေးက ကိုယ့် ကိစ္စမဟုတ်ပဲ ကြားကနေ အာမခံပေးထားတဲ့ ကြွေးကတန်းလန်း ရှိနေသေးလို့  အဓိဌာန်ဝင်ရမလိုလို ဖြစ်လိုက်သေး၊
အဲ့  အကြွေးဇာတ်ထုတ် အရှုတ်ထုတ် ရစရာပေးစရာတွေမှာ ဘယ်လိုမှ သီးမခံနိုင်တာက ပေးစရာရှိတဲ့ ကြွေးရှင်က သူ့ ဟာသူ ရိုးရိုးသားသား အိမ်လာလယ်တာတောင် ပုံမှန်ထက မျက်နှာသာပေး ဆက်ဆံပေးရတာ  အဲ့ ကြွေးရှင်မျောက်ခွက်ကြီး အဲ မှားလို့  အဲ့ ကျေးဇူးရှင်မျက်နှာတော်ကြီး မြင်လိုက်တာနဲ့  ရင်ထဲထိပ်ကနဲ လှိုက်ကနဲက ကိုယ်က ခလေးရှိသေး ဖီးလ်ဝင်နေပြီ တော်သေးတယ် ကျေးဇူးရှင်တွေက ဟဲ့ ကောင်လေး လာစမ်း ဆိုပြီး ဇက်ကြော မဆွဲခိုင်းသွားလို့ ...ငိငိ
အဲ့ မှာ ပြန်ဆင်းရဲမှာ ကြောက်တာ နဲ့  သူများဆီမှာ ပေးစရာ ကြွေးတစ်ခုခု ရှိနေတဲ့ ဘ၀မျိုးကို လုံးဝ အရောက်မခံနိုင်တော့ ဘူး အသပြာကြောင့်  မျက်နှာအောက်မကျို့ နိုင်ဘူး အလကားနေရင်း သွားမဖြဲပြနိုင်ဘူးဆိုတာ ဘ၀ရဲ့  အကြောက်တရားတွေထဲက ကြီးကျယ်တဲ့ အကြောက်တရားကြီး ၂ ခု ဖြစ်လာတယ်၊ အဲ့ အကြောက်တရား ၂ ခုကပဲ ကိုယ့် ဘ၀ခရီးကို ဘယ်လို ပုံစံ နဲ့ ဖြတ်သန်းမလဲ ဆိုတာ ကိုယ့် ဘ၀ရဲ့  ပစ်မှတ်ဖြစ်လာတယ်ပေါ့ လေ၊...
ပထမဆုံးတွေးခေါ်နေထိုင်လိုက်တာ ချမ်းသာဖို့ ထက် မဆင်းရဲဖို့ ဟာ ကိုယ့် ပစ်မှတ်သဘော အဲ့ တော့  ဆင်းရဲနိုင်လောက်မယ့် ကိစ္စတွေဆို ရှောင်ပြီ။ တစ်ခုခု လုပ်ဖို့ ဆို ရဖို့ ထက် ဆင်းရဲသွားနိုင်လား လက်ရှိကနေ မြေကြီး ရောက်သွားနိုင်လားက အရင်တွက်ပြီ.မချမ်းသာတာပြဿနာမဟုတ်ဖူး ပြန်ဆင်းရဲသွားရင် ကိုယ့် အတွက်တော့ ပြဿနာသဘော.။
နောက်ပစ်မှတ်က ကြွေးယူရတဲ့ ဘ၀ရောက်အောင် မနေတော့ သလို ကြွေးပေးကြွေးယူ ရစရာပေးစရာတွေနဲ့  လည်ပတ်နေတဲ့  အလုပ်တွေကို မလုပ်တော့ ဘူး ဆိုတာ ကိုယ့် ရဲ့  ဘ၀ခရီးမှာ ငြင်းပယ်လိုက်တဲ့  စီးပွားရေးမျိုး ဖြစ်လာသလို အခု ၀ါသနာ သိပ်မကြီးလှပဲ ကံကြောင့်  လက်ခံလုပ်နေလိုက်တဲ့  အခု လုပ်နေတဲ့  အလုပ်က ကိုယ်ကသာ ရစရာရှိရမယ် ဘယ်သူ့ ကိုမှ ဘာပိုက်ဆံ ကြွေးပေးစရာအကြောင်းမရှိတဲ့ အလုပ်မျိုးဖြစ်နေတာကိုက ဒီအလုပ်ကနေ ခွာရခက်နေတဲ့  အချက် တစ်ချက်ဖြစ်လာတယ်.. ..
အဲ့ တော့  ကြွေးကင်းတဲ့ ဘ၀နဲ့ ပဲ ဘ၀ခရီးကို ဖြတ်သန်းချင်တာက ကိုယ့် ရဲ့ အရေးကြီးတဲ့  ဘ၀ပစ်မှတ်တစ်ခုကိုးဗျာ.( အဲ့ မှာလဲ နားလည်မှု့ တစ်ခုထပ်ရတယ်  ပျော်လို့  ၀ါသနာကြီးလို့  ထောလို့  သက်သာလို့  အလုပ်လုပ်နေတာမျိုးချည်း မဟုတ်တတ်ပဲ ကံပါလာတဲ့  အလုပ်မို့  ရှောင်ရ ခက်ပြီးလုပ်နေရတာတွေလဲ ရှိတတ်တဲ အကြောင်း )