လိုရာဆွဲပြောတွေ
----
လိုရာဆွဲပြောတွေနဲ့ ဆုံရင် ပြန်ပြန်ထောက်ကြည့် တဲ့ သဘောပါပဲဗျာ....ပြီးခဲ့ တဲ့ ရက်ကမှာ အိမ်မှာလည်း အဲ့ လို ပြောလာသေးတယ်...နီပေါငလျင်ကြီးကိစ္စဖြစ်တာပြီးခဲ့ တဲ့ ၂နှစ်လောက်က ဆိုလားတိရိစ္ဆာန်တွေကို သိန်းနဲ့ ချီပြီး ယဇ်ပွဲလုပ်လို့  ဒဏ်ခတ်ခံရတာလိုလို ဖွဘုတ်က ပိုစ်တစ်ချို့ ဖတ်ပြီး သံယောင်လိုက်လာတယ်ဗျ..
အဲ့ လို ပြောလာတော့  သမိုင်းထဲက မီးတောင်ပေါက်လို့ ချော်ရေနစ်ပြီး သိန်းနဲ့ ချီ တစ်မြို့ လုံးသေသွားတဲ့ ကိစ္စတွေ..ကိုယ်တိုင်ကိုယ်ကျ စစ်ထွက် မတိုက်ရပဲနဲ့  ကိုယ့် ဟာကိုယ်နေတဲ့ သိန်းချီနေတဲ့  အရပ်သားတွေ အနုမြူဗုံး ၂လုံး နဲ့ မြို့ ၂မြို့  တစ်ပြိုင်နက်ထဲ သေသွားတာတွေ လူတွေ သောင်းသိန်းချီတဲ့ သမိုင်းထဲက တိုကျိုငလျင်ကြီးတွေလို သဘာဝဘေး အန္တရယ်တွေ နီပေါ လူသေနှုံးထက် ပိုများတဲ့  သဘာဝဘေးတွေ က အများကြီးပဲ..အဲ့ ကိစ္စတွေမှာ ဘာ ယဇ်ပူဇော်ပွဲမှ မလုပ်ခဲ့ တာကြတော့  နင်တို့ ဘယ်လိုပြောမလဲလို့  ပြန်ထောက်လိုက်တာပေါ့ ဗျာ.......အဲ့ တော့  ငြိမ်သွားရောဗျား.....ငြိမ်မှာပေါ့  အစ်ကို ကိုး...ဟီးဟီးးး...
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 20, 2015
ငဘတ်နားနီး ငဘတ်...
ငဘတ်နားနီး ငဘတ်...
-----------------
အဲ့ ဒါ...သူပြောပုံက ကျနော်က ကိစ္စတစ်ခုဆို ဒဲ့ ပြောတာပဲ ကြိုက်တယ် တဲ့  ၀ိုက်နေတာ မကြိုက်ဘူးတဲ ကြာတယ် ဒူးအော်ဒိုင်းပဲ..ဘာညာနဲ့ ဗျ....ပုံစံက ဒဲ့ ပြောတတ်တာကိုပဲ ဂုဏ်ခံချင်နေပုံပေါ့ ဗျာ..ဟီးဟီ.....အဲ့ တော့  ကျနော်ကလည်း..ဟားဟား ဟုတ်တယ် ဒဲ့ ပြောတာ ပေါ်တင်ပြောတာ ကျနော်လည်းကြိုက်တယ် ခေတ်က လိုတိုရှင်းခေတ်လေ အချိန်မစောင့် နိုင်ဘူး.....ဒါပေမယ့် ဗျ..နေရာတကာ ဒဲ့ လွှတ်နေလို့ လွယ်ဘူး...ဘုရားတောင် တရားဟောတာ စ စချင်း ၀ိုက်ဟောသွားတဲ့ တရားတွေ အများကြီးပဲ....ဟိုဇာတ်ထုတ်ဆိုဗျာ.. ခလေးသေလို့  ငရံ့ ပြာလူးဖြစ်လာတဲ့  ကလေးမအေ့ အပူသည်မကို....လူဆိုတာသေမျိုးပဲ ဘာညာနဲ့ ဆရာကြီးလုပ်ပြီး အပေါ်စီးကနေ ဒဲ့ ကြီး လေသံ တန်းလွှတ်တာ မဟုတ်ဘူးဗျ..ဟယ်..ခလေးကိစ္စဖြစ်သွားလို့ ဟုတ်လား မှန်း..ဟယ်..မကြာသေးဘူးပဲ ..ပြန်ရလိုရသေးငြား ဒီလိုလေး လုပ်ကြည့် ရအောင်..မသာ မဖြစ်ဖူးသေးတဲ့  အိမ်က မုန်ညှင်းဆီလေး.ရရင် ဆေးဘက်ဝင်တယ်ဟ အဲ့ ဆီလေး ၅ကျပ်သားလောက် သွားရှာခဲ့ ပါလား ဘာညာနဲ့  ခလေးကိုပဲ ဆီလေးနဲ့  ရှင်အောင်ပြန်လုပ်ပေးမလိုလိုနဲ့  ၀ိုက်ပြီ စဟောသွားတာ....အပူသည်မရဲ့ ဖီလင်သဘောကို တွက်ရသေးတာ.....ဆိုတော့ မှ.....ကပ်သီးကပ်သတ်ပြောတယ် .ဟီးဟီးးး..တဲ့ .....သူက ဟီးဟီး...ဆိုတော့  ကျနော်ကလည်း ဟီးဟီး ပေါ့ ...အဲ့ တော့ ..သူ ဟီးဟီး ကိုယ် ဟီးဟီး........ခ်ခ်.
သူနဲ့  အဲ့ လို နောက်ပြောင်ပြောပြီးမှ လူမသေဘူးတဲ့ အိမ်က မုန်ညှင်းဆီ ရှာခဲ့ ပါဆိုတာကို ကွက်ကနဲတွေးမိတာကအဲ့ တုန်းက လူတွေက တော်တော်ရိုးကြတာပဲလို့ ဖြတ်ကနဲ တွေးမိရောဗျာ့ ...ပြီးတော့ ဆက်တွေးမိတာက...ငါ့ အိမ်ကိုသာ ဆီလာတောင်းရင် ဘာလုပ်ဖို့ လဲ လို့  အကျိုးအကြောင်းမေးပြီး လူမသေဘူးပါဘူး ပါဘူးနဲ့  ဘတ်ပြီး မုန်ညှင်းဆီလေး နဲနဲပေးလိုက်မှာ...ပြီးမှ မုန်ညှင်းဆီနဲ့  ခလေးအသေကို ဘယ်လိုပြန်ရှင်အောင် အိုက်ချလောင်း လုပ်မလဲလို့  ဘုရားဆီကို လိုက်ချောင်းမှာလို့  တွေးမိရောဗျားး...ဟဲဟဲ...အင်းး...ငါလည်း အတွေးထဲတောင် ဘတ်တွေး တွေးနေတတ်ပြီပဲလို့ ..ကိုယ့် ဟာကိုယ်တွေး ပြီး ရယ်ချင်သွားတယ်...ငါတို့ လည်း ငဘတ်တွေနားနေပြီး ရေကြောမြေကြော လိုက်တတ်နေပြီနဲ့ တူပါရဲ့ လို့ ....ခ်ခ်

''နဘယံ'' ဘေးမရှိ
''နဘယံ'' ဘေးမရှိ
----------------
ဒီ ဒီဇိုင်းကို နငယ် နကွင်းပိတ်ကနေ ဆင့် ပွားယူထားတာပဲဗျ...တစ်ကြောင်းဆွဲပေါ့ ...ဘယ်ခေတ်ကစပြီး ဒီ ''နဘယံ ဘေးမရှိ '' ဆိုတဲ့ စာချိုးက စရှိလဲတော့  ကျနော်ကလည်း သမိုင်းသုတေသီမဟုတ်လို့  မလျှောက်တတ်ပေမယ့်  လောကီပညာတွေကို စိတ်ဝင်စားချိန်မှာ ဒီ နဘယံ ကြီးက ခေတ်စားနေပြီ..တစ်ချို့ ဘတ်စကားတွေမှာ ကားရှေ့ လေကာမှန်မှာတို့  ယာဉ်မောင်ရဲ့  မျက်နှာပေါ်က ခေါင်မိုးကွေးနေရာလွတ်မှာတို့  သင်္ဘောဆေးနဲ့ တောင် ရေးထားလာကြတာ
မျက်စိကို ယဉ်နေခဲ့ ပြီ..မင်းသား ၃၀ ၃ပါးလွတ် ပုံဝတ္ထုက နေထွက်လာသလိုလို ဘာလိုလိုလဲ ပြောတယ် ငယ်ငယ်ကလည်း သြဇာစိတွေနဲ့ ဆော့ ခဲ့ ဘူးတယ်..အဲ့ တုံးကတော့ ''ဏဘယံ.'' လို့  ထင်တယ်..သေခြာတော့ မမှတ်မိတော့ ဘူး....ဒါပေမယ့်  ဏကြီးနဲ့ န နဲ့  အသံတူနေတာကြောင့်  နောက်ပိုင်းမှာ နဘယံ ဆိုပြီး ရေးကြတယ်..ဒါလည်း ဆင်ခြေယုတ္တိကရှိနေတယ် န= နတ္ထိ= မရှိ..ဘယံ=ဘေးရန်အန္တရာယ် = နဘယံ= ဘေးရန်အန္တရာယ် မရှိစေရ...(၀ါ)အန္တရယ်ကင်းပါစေ သဘောလို့ ဆိုတယ်..။
လူဆိုတာ....ရှောက်သီးဆေးပြားသည်တောင်...သတ္တိတွေက
လူဆိုတာ....ရှောက်သီးဆေးပြားသည်တောင်...သတ္တိတွေက
-------------
စာ.အစရလို့  ငယ်ငယ်က ဗရုတ်သုတ်ခေါတွေ လုပ်ခဲ့ ပုံထဲမှာ အခြောက်တွေ (အရင်က ခေါ်နေကျစကားလုံးလေးပါ)..ကို လိုက်စတာလည်း ပါပါတယ်..ကျနော်တို့ ကျောင်းက ကျားကျောင်းဆိုတော့  ဖွန်ကြောင်စရာရှိရင် မ ကျောင်းတက်ချိန် ဆင်းချိန်တွေမှာ ကျောင်းကနေ ခိုးထွက်ပြီးသွားကြောင်ပါတယ်..ကျားကျောင်းနဲ့ မကျောင်းက နီးနေလို့  ကျောင်းချိန်မတိုက်အောင် သက်သက်လွှဲထားပေမယ့်  ကျား ဆိုတာ ကျားပါပဲပေါ့ ဗျာ..
အဲ့ ကာလတစ်ဝိုက်မှာ ရှောက်သီးဆေးပြားထုတ်သေးသေးလေးတွေကို ကာလပေါက်ဈေးထက် တော်တော်ဈေးတင်ထားပြီး သီချင်းဆိုပြ ကပြ တဲ့  မိန်းမအ၀တ်အစား ၀မ်းဆက်ဝတ် မိတ်ကပ် နဲ့ နှုတ်ခမ်းနီရဲရဲ ကို ထူပိမ်းနေအောင် ရွံစရာကောင်းအောင်လိမ်းပြီး အရပ်တကာလှည့် ရောင်းနေတဲ့  အခြောက်တွေ တော်တော်လေးကို ထွက်လာတဲ့ ကာလပါ...သူတို့ လာရင် ၂ယောက်တွဲ အနဲဆုံး လာတတ်ပြီး သူတို့ ရွယ်တူ ဘဲကြီးတွေဆို ပွတ်သီးပွတ်သပ်လုပ် သီချင်းသုံးပုဒ်လောက်ဆို မခါတွန့် လို ဒွန့် ပြပြီး ရှောက်သီးဆေးပြားရောင်းတော့ တာပါပဲ..ဘဲကြီးတွေကလည် တဟီးဟီးတဟားဟားနဲ့ ပါပဲ...အဲ့ ဘဲကြီးတွေရဲ့ မိန်းမတွေနဲ့ ကျနော်တို့ ကလေးတွေက အဲ့ အခြောက်တွေကို မျက်စိ နောက်နေလေ့ ရှိပါတယ်...ဒါကြောင့်  အဝေးကနေ ခဲလုံးသေးသေးလေးနဲ့ လှမ်းပစ်တာမျိုးအထိ လုပ်လေ့ ရှိခဲ့ ပါတယ်...ကြည့် လို့ ကို မရဘူးသဘောပေါ့ ..
့''.ချင့် ယုံ ''
စေတနာတကယ်ပါတဲ့  ဆရာ အစစ်အမှန်တွေနဲ့ လည်း ကြုံခဲ့ ဘူးသလို..
.
'''ဟယောင် ဗမာပြည်မှာလူတွေ သန်း ၄၀ ၅၀ ရှိတယ်...'''အချဉ်တွေမှ တစ်ပုံကြီး.'''..လို့ 
ရယ်သလိုလို ရူးသလိုလို ပေါ်တင် ပြောထွက်ရက်တဲ့ ..ဆရာတွေနဲ့ လည်း ကြုံဘူးတယ်...
.တရုပ်စားသောက်ဆိုင်အမည်လိုလို ဘာလိုလိုနဲ့ ''.ချင့် ယုံ '' ဆိုတာ အဲ့ ကတည်းက ခေတ်စားခဲ့ တာ
(>_<)

ဆိုင်ကိုမနိုင်ရင်
ဆိုင်ကိုမနိုင်ရင်
---------------
ဆိုက်ကိုသဘောလား ပညာသဘောလားဆိုတာ တွေးကြည့် ရသေးတယ်..ကျောင်းတုန်းက ကိုယ့် အတန်းထဲက နဲနဲ တွေးပုံခေါ်ပုံက ပုံမလာတဲ့ ဘဲလေးတစ်ပွေကို တွေ့ တိုင်း ဟယောင် အရူး ဘယ်ကလာလဲ လို့  နောက်သလိုလို နဲ့ ခေါ်ရင်း နောက်တော့  တစ်ယောက်ခေါ် ၂ ယောက်ခေါ်ကနေ အများစုက ဒီကောင့် မြင်ရင် ဟေးးးအရူး..စားပြီးလား..တို့ ဟားးး..ငါ့ ကောင်ကြီးအရူး..ဒီနေ့ အတော်လန်ထွက်နေပါလား..တို့ တွေ နဲ့ လည်း ဖြစ်လာရော...ကြာတော့ ဒီကောင် ဆိုက်ကို မနိုင်တော့ ဘူးသူ့ ဟာသူ ငါတော့ တကယ် ဂေါက်တောက်တောက် ဖြစ်နေပြီလားလို့  ကွကိုယ် သရိုးသရီဖြစ်လာတယ်...အဲ့ တော့  မှ အကုန်လုံးက ဘရိပ် အုပ်လိုက်ရတယ် တကယ်ဂေါက်သွားမှာစိုးလို့ ပေါ့ 
စတိတ်တုန်းကတော့ အတန်းဖေါ်တစ်ကောင် တကယ် ခြောက်သွားခဲ့ တယ်..အခုတော့  ဘော်ဒီပါပြင်လိုက်တဲ့ အထိပဲ အစက နွဲ့ ယုံလေးပဲ သူ့ အမေက သူ့ သား
ခြောက်သွားမှာစိုးလို့ ယောက်ျားလေးကျောင်းပို့ လိုက်တာ တွေ့ သမျှအကောင်တွေက ဒီကောင့် ကိုတွေ့ တာနဲ့ ဖျင်နှိုက်ရတာနဲ့  ပုဆိုးလှန်ရတာနဲ့ ဖက်နမ်းရတာနဲ့ 
အဲ့ မှာ နွဲ့ ယုံအဆင့် ကနေ ခြောက်တဲ့ အဆင့် ရောက်သွားတော့ တာပါပဲဗျား...နှုတ်ခမ်နီဗူးပါ ကျောင်းလွယ်အိပ်ထဲ ထည့် ယူလာတဲ့ အဆင့် ဖြစ်သွားပါလေရော..
ဆိုင်ကိုမနိုင်ရင် ခံသွားရတတ်တယ်ပြောတာပါ...ခိခိ..

မာန်ရှိသင့် တဲ့ နေရာမာန်ရှိပါလို့ 
ကျနော့် ဂရုထဲုမှာရေးတဲ့  မိုင့် သံစဉ်....
--------------------------------
မာန်ရှိသင့် တဲ့ နေရာမာန်ရှိပါလို့ 
------------
ကျနော်ရေးပြနေတဲ့  ပစ်မှတ်က တကယ့် ဘ၀အရေး လူအရေးတွေကိစ္စတွေဆိုတာ အွန်လိုင်းမှာ စာအုပ်ထဲမှာ အများဆုံးတွေ့ နေရသလို ဒါလေးလုပ်လိုက် ဟိုလိုလေးလုပ်လိုက် ဒီအဓိဌာန်လေးလုပ်လိုက် ဟိုနေရာမသွားနဲ့  ဒါလက်မခံနဲ့  ဒီလိုမလုပ်နဲ့ ဆိုတာလေးတွေလောက်နဲ့ မပြီးဘူး ဘ၀တစ်ခုရဲ့ ဇာတ်ထုတ်ဟာရှတ်ထွေးပြီဆိုရင် ရေရေလည်လည်ရှုတ်ထွေးတယ် ဘက်စုံက အများကြီးချိန်ဆရတယ်...ထူထောင်ရတာ ခက်သလောက် ပြိုလဲသွားတာလွယ်တယ် ပြိုလဲသွားရင်ပြန်ထူထောင်ရတာခက်တယ်...ဒါကိုမြင်သာအောင်ပါ...သချိုင်းမြေမသွားရလို့  ပုံသေရေးပြလိုက်တော့  ခေါင်းရှိတဲ့ သူကမေးလာမယ် ကိုယ့် အမေသေရင်ရောလိုက်မပို့ ရတော့ ဘူးလားလို့ ဂလန့် မေးလာရင် ဖြေဖို့  ကြိုစဉ်းစားထားသလားပေါ့ ..ဒါပေမယ့်  အဲ့ သလိုမေးတာမျိုးမတွေ့ ရသလောက်ပဲ...ဘာလို့ မမေးသလဲဆိုရရင် .အများစုကတော့  ဗေဒင်ပညာကို ဖျော်ဖြေရေးလောက်သဘောထားလို့ ပေါ့  ဖတ်ဖူးတယ်တို့ ဖတ်ပြီးမေ့ တို့ ပေါ့ 
ဒါကြောင့်  ဗေဒင်ဆရာဆိုပြီး ဘာအတုံးမှကြီးမနေနဲ့  ကြုံတုံးလေး လိုတုံးလေး သဘောလာတာ တကယ်ပက်ပက်စက်စက် ဝေဖန်ရရင် ဗေဒင်ဆရာဆို အဆင့် တစ်ခုလောက်တောင် လူရာသွင်းထားကြတာမဟုတ်ဖူး ခိုင်းဖတ်တွေလောက်လို့ ...ဒါကြောင့်  မာန်ရှိသင့် တဲ့ နေရာမာန်ရှိပါလို့ ဆိုတာ...
ဟော့ ဒမာ တစ်ကြောင်းဆွဲလေး...

ဟော့ ဒမာ တစ်ကြောင်းဆွဲလေး...
----------------------------
ဒါလဲ ကျနော် လက်ဆော့ ထားတာပဲဗျ ကြာတောင်ကြာလှပြီ. ဘာရည်ရွယ်ချက်မှ မရှိဘူး..ကပျက်ယပျက် ဒီဇိုင်းကို နငယ်နဲ့ ပဲ ပေါင်းထားတာ.တစ်ကြောင်းဆွဲ စတိုင်လုပ်ထားတာ....သဘောက ကြည့် လိုက်ရင် ဘာလိုလိုညာလိုလို ဖြစ်သွားရမယ့် ဒီဇိုင်းတွေ မျိုးစုံဆွဲပြီး ဘေးကနေ ဘာပြုတယ်ညာပြုတယ်လို့  ယုံလောက်အောင် စာဖွဲ့  စာရေးလိုက်ရင် ရပြီလို့ ပေါ့ ...(အတည်တစ်ခုခု လုပ်ပြီဆို ဘာကိုအာရုံပြုဆွဲသလဲ ရဲ့  ဇစ်မြစ်က ကျနော်ပဲသိမှာ)..
ဘယ်လိုကနေ ဘယ်လို အချစ်ရေး စမ ဖြစ်သွားရတာတုံး..

ဘယ်လိုကနေ ဘယ်လို အချစ်ရေး စမ ဖြစ်သွားရတာတုံး..
-------------
အခု ပြထားတဲ့  န ငယ် ဒီဇိုင်းက ကျနော့် ဟာ ကျနော် လက်ဆော့ ပြီး လျှောက်ဆွဲထားပြီး ပရိုင်ဖိုင်ပုံအဖြစ် ကောက်တတ်ခဲ့ ဘူးတဲ့ ပုံပေါ့ ဘာဗေဒင် ဘာစမရုပ်မှ မဟုတ်ဘူး န ငယ်ကို ပုံစံအမျိုးမျိုးနဲ့  လက်ဆော့ နေတာ န၀င်း က န ငယ်ကို ယူဆော့ နေတာ န၀င်းတောင် န၀ ဆိုတဲ့  မြတ်ဘုရားရှင်ရဲ့ ဂုဏ်တော် ၉ပါးကိုပဲ အာရုံပြုတာ....
နက်လိုင်းကောင်းရင် ၀က်ဆိုက်တွေ ပတ်တတ်တယ်..တစ်နေရာမှာတော့  ဒီ နငယ်ပုံကြီး သွားတွေ့ ရောဗျ...ဟားးး မြင်ဘူးလိုက်တာ..မှန်း..ဟ..ငါ့ လက်မငြိမ်လို့ နငယ်အမြီးကနေပြန်တက်တော့  လိုင်း တွန့် သွားတာရော အ၀ါရောင် ဘက်ကရောင်းကာလာရော ဒဲ့ ကြီးပါလားဟ...ဒါ ဒါ..ဒါ...ငါလက်ဆော့ ပြီး ပရိုဖိုင်ကောက်လုပ်ထားတဲ့ ပုံကြီးပဲဟပေါ့ ..မှန်း ဘာတွေများရေးထားပါလိမ့် ဆိုတော့  ဒီပုံကို ဟိုနင်း ဟိုလုပ်လုပ်ရင် အချစ်ရေး ဘာပြုတယ်ညာပြုတယ်နဲ့ ...ဟားဟားဟား...ရယ်ရတယ်. တစ်ခါထဲ လက်ဆော့ ပြီး ဆွဲတဲ့  ပုံက ချက်ချင်း ရှေးပညာရပ်တွေက စမပုံကြီး လိုလိုဘာလိုလို ဖြစ်သွားပါရောလားဗျာ........
ပြီးတော့  ဆရာသာခင် ခင်မျာ....အဲ ဆရာသ္ခင်ခမျာ.....အဲ့ နငယ်ခေါင်းထိပ်က မြွေလို တွန့် လိမ်တက်သွားတဲ့  စတွန့် တာကရော ဘာကြောင့် စတွန့် ရတာလဲရောခင်ဗျာလို့  တောင် ပြန်မေးယူရမလိုလို ..ဟီးဟီး.....အဲ...ဘာမှ မြတ်ဘုရားရှင်ရဲ့  နှာခေါင်းထိပ် မျက်ခုံး ၂ ဖက်ကြား တတိယမျက်လုံးနေရာက သင်းကျစ်တော်တွေ ကိုယ်စားပြု သင်္ကေတ အတွန့် တွေ ဘာတွေ ဘာမှ မဟုတ်ဘူး အဲ့  ပုံဆွဲတုံးက....အလှ လျှောက်တွန့် လိုက်တာ လက်မငြိမ်လို့ မြွေတွန့် နေသလိုလိုဘာလိုလို.....
ဗေဒင်ပညာကို မယုံတဲ့ သူများတာလဲ မပြောနဲ့  ကျနော်တောင် သိပ်ယုံချင်တာ မဟုတ်သေးဘူး...အဟီးးး...ခ်ခ်....
မြေလှန် မြေရှင်းစတိုင်/ နည်းပညာ / ပရလောက
မြေလှန် မြေရှင်းစတိုင်/ နည်းပညာ / ပရလောက
-----------
ဒီနေရာမှာ မြေလှန်ရဖို့  သဘောက အရင်အိမ်ရှင်ရဲ့  ဓါတ်သက်အကြွင်းအကျန်တွေကို နောက်အိမ်ရှင်အသစ်ရဲ့  သက်ဆိုင်ရာ အရွက်တွေ နဲ့  န၀င်းပွဲနဲ့  ကစားရတဲ့ သဘောပဲ...စည်းတစ်ခုက အပိုင်ဖြစ်မယ် နောက်ထပ်ပြောင်းဖို /ရောင်းဖို့ မရည်ရွယ်တော့ ဘူး သားစဉ်မြေးဆက်နေမယ် ဆိုတဲ့  သဘောတွေပါမှ ဒီမြေလှန်တာကို ပွဲနဲ့ ထည့် ကစားတယ်...ရောင်းမယ်တို့  ပြောင်းမယ်တို့ ဆို မြေကိုပြန်လှန်ပေးလိုက်မှ ရောင်းလို့ လွယ်တာ ပြောင်းဖို့  လွယ်တာ လူမထိတာတွေ ဖြစ်မယ်ပေါ့ ..န၀င်းပွဲထည့် လိုက်လို့ ဓါတ်ခိုင်သွားတဲ့ သဘောကြောင့် ပါပဲ..ဒါကို န၀င်းပွဲနဲ့ ပဲ ပြန်ဖြည်တဲ့ သဘော မြေပြန်လှန်ပေးလိုက်တာမျိုးပါ...
ဒီကစားကိုကို နောက်အိမ်ရှင်မြေရှင်အသစ်ရဲ့  မွေးနေ့ န၀င်းရောက်ချိန် (တစ်နာရီခွဲအတွင်း ) မှာသာ အများအားဖြင့် ကစားလေ့ ရှိတယ်....
ပထမ နည်းက..
-----
Subscribe to:
Posts (Atom)