Powered By Blogger
Wednesday, August 26, 2015
နှောင်းလွန်အလွမ်း
နှောင်းလွန်အလွမ်း
------------
ပစ်ခွင်းသွားတဲ့  ချစ်ခြင်းတရားက
စစ်ခင်းမြှားတစ်စင်း ဖြစ်ခဲ့ ပြီလား
အပြုံးနဲ့ ချစ်ခြင်းတွေ လို့ ထင်မှတ်ခဲ့ ပေမယ့် 
အမုန်းဖွဲ့ ယဇ်ခင်း သွားခဲ့ တာဆိုတာ
နှောင်းလွန်အလွမ်းတွေ ဖြစ်ခဲ့ မှသိလိုက်ရတော့ 
ရင်ထဲမှာ 'နေ '...
နေတစ်ရာဖြစ်ပါစေ ရေဇလာခမ်းခဲ့ စေ
လေလာရာလမ်းမှာ မင့် ကိုယ်စား
ချစ်ခြင်းပန်းရနံ့ တွေ သင်းပျံ့ လာလေဦးမလားရယ်လို့ 
ဆောင်းနွေမိုးဆက် ရာသီစက်ဝန်းတွေ အဆက်ဆက်
မျှော်လေတိုင်း မှိုင်းမှုံလို့ ရီဝေ
တို့ ရင်ထဲမှာ ''နေ''  ။
ကိုယ်ပူချ အဖျားချတဲ့ ရိုးရာ ဓါတ်ရိုက်နည်း...
ကိုယ်ပူချ အဖျားချတဲ့ ရိုးရာ ဓါတ်ရိုက်နည်း...
-----------------
ပထမဆုံးအချက်က ကိုယ်ပူရင်ဖျားရင် အနောက်ဆေး တိုင်းရင်းဆေး တစ်ခုခု နဲ့  စနစ်တစ်ကျ ကုသမှု့ ခံယူရမယ်ဆိုတာ ပထမ အရေးအကြီးဆုံးအချက်ပါ...
ပြီးတော့ မှ ဘေးအကူ အဖြစ် အပူမြန်မြန်ကျဖို့  အဖျားမြန်မြန်ကျဖို့  အလွန်အကျွံ အပူတွေ အဖျားတွေ သတိလစ်မတတ်အထိ ထိုးတက်မသွားဖို့ အတွက် ရိုးရာဓါတ်ရိုက်နည်းကို သုံးနိုင်ပါတယ်...တစ်ချို့  ကြားဖူး ဖတ်ဖူးကောင်း ဖတ်ဖူးကြားဖူးမှာပါ...ဒီနည်းက ဆေးပညာကို သွားမနှောက်ယှက်သလို လုပ်ရတာလဲ လွယ်ကူလွန်းပါတယ်...ဓါတ်လွှဲပညာသဘောပါပဲ..
အပူုတက် အဖျားတက်နေတဲ့  ကလေးက အစ လူကြီးအထိ အသက်အရွယ်မရွေးပေါ့ ...သူ့ အပေါ်အင်းကျီ ကို ချွတ်ယူလိုက်ပါ..( အသစ်လဲပေးလိုက်ပေါ့ လေ)..အကယ်၍ ချွတ်ရခက်နေရင် သူ့ အင်းကျီဖြစ်ရင်ပြီးရောပေါ့ လေ....။
အဲ့  အင်းကျီ တစ်ထည်လုံး ရေလောင်း လိုက်ပါ ၊  အင်းကျီ တစ်ထည်လုံး ရေစိုသွားပြီဆိုရင် အဲ့ အင်းကျီကို  သောက်ရေအိုးမှာ သွားပတ်ထားလိုက်ပါ (သို့ )
ရေသန့် ပုံးမှာ သွားပတ်ထားလိုက်ယုံပါပဲ....။
အဲ့ လိုပတ်ထားလိုက်ရင် အဖျား အပူ ဆက်မတက်တော့ ပဲ တန့် သွားပြီး နောက်တော့ ကိုယ်ပူ တစ်စတစ်စကျလာပါလိမ့် မယ်...( ဆေးတန်ခိုးလဲပါမှာပေါ့ လေ လိုရင်းက အပူမြန်မြန်ကျဖို့ ကိုး..နို့ မို့  ကြားဘူးနားဝ အတိုင်း အပူကြီးလွန်းရင် တက်တာတွေ ခေါင်းထိတာတွေ ဦးနှောက် အမှေးပါး ဘာဖြစ်တတ် ညာဖြစ်တတ် ဆိုတာကိုး  ) ...
ပုံမှန်အပူချိန် (သို့ ) သိပ်စိတ်ပူစရာ မရှိလောက်တော့ တဲ့  အခါမှာတော့  အဲ့ အင်းကျီကို ပြန် ခွာထားလို့ ရပါပြီ....( အပူကြီးလေလေ အဲ့ အင်းကျီက ခြောက်သွားတာမြန်တတ်လေပါ...)......ဒီနည်းဟာ အများအားဖြင့် ဆေးခန်းဝေးတဲ့  ခေါင်တဲ့ တောနယ်တွေမှာ လုပ်တဲ့ နည်းလို့ ဆိုတယ် ပြီးတော့ 
ရာသီနာသဘောတွေ အပူရှပ် အအေးပတ်တွေ သဘောမှာ အများဆုံးသုံးတဲ့ နည်းလို့ ဆိုပါတယ်...နည်းလေးက လွယ်ပြီး အန္တရာယ်ကင်းလို့  မဆိုးဘူးပေါ့ 
(ကျနော်တော့  ဆေးပေါလို့  ကိုယ့် အတွက်ကိုယ်တော့  ပါရာ တစ်လုံး ရေနွေးနဲ့ ဝါးမြိုလိုက်တာနဲ့  ချွေးထွက်သွားလို့  လက်တွေ့ မလုပ်ဖူးကြောင်းပါခင်များ ..)
 (နည်းလေးတစ်နည်း ရေးတာ စာက ရှည်ထှာ....ငိငိ)
ဂြိုလ်သဘာဝနဲ့  ပညာရေး
ဂြိုလ်သဘာဝနဲ့  ပညာရေး
------------------------
ဂြိုလ် ၈ ခွင်စလုံးမှာ စာမေးပွဲကျတတ်တယ်..၊ ဂြိုလ် ၈ ခွင်စာလုံးမှာ  စာမေးပွဲ အောင်တတ်ပါတယ် အကြောင်းတရားတော့ ကွဲသွားတတ်တယ်.
..ဂြိုလ်ကောင်းမှာ ကျတတ်ပုံက ဂြိုလ်ကောင်းဆိုတာ လိုတရကံလေး ရှိလာတယ် ပျော်စရာတွေပေါတယ် ဘော်ဒါတွေပေါ်တယ် ငွေဇယားလေးက ရလွယ်တယ် ဒီတော့  ဖရီးရိုက်ပြီး ဟိုလူလာခေါ်ပါသွား ဒီလူလာခေါ်လိုက်သွားနဲ့  အိမ်ပြန်လာတော့ ခြေပစ်လက်ပစ် ထိုးအိပ် နဲ့  စာဖတ်ချိန်မပေးနိုင် အပျော်တွေ ဘေးကိစ္စတွေ လူမှု့ ရေးတွေထဲ ပျော်ဝင်နေတော့  စာထဲ  အာရုံမလာတော့  စာမရ  စာမရတော့  ဘုံးကနဲပေါ့ ...အဲ့ ဒါကြောင့်  ဂြိုလ်ကောင်းမှာ စာမေးပွဲကျရင် ဂြိုလ်ထက် လူကြောင့် ဖြစ်နေတာများတဲ့ သဘောဖြစ်လာတယ် ....
ကစားကွက်
ကစားကွက်
----------------------
မရဏဥာဉ်သဘောကို အတော်တီးခေါက်မိသွားရင် လူတွေနဲ့  ဆက်ဆံရေးမှာ အကြောတဲ့ အောင် ယေဘူယျ ပေါင်းနည်း ၂ မျိုးထွက်လာတယ် ...
တစ်မျိုးက ကိုယ့် မရဏဥာဉ်ကို ကိုယ် ကစားပြီး လူတွေကို ဆက်ဆံတာ..အများသဘောဆန်တယ် နောက်တစ်မျိုးက ၀မ်းဘိုင်ဝမ်းသဘောဆန်တယ် သူ့ မဟာဘုတ်ကိုသိထားလို့  သူ့ မဟာဘုတ်က မရဏဥာဉ်ကို မြှောက်ပေါင်းတာနဲ့  သွားမထိတာပဲ
ကိုယ်က ၁ ကြွင်းဆိုပါတော့  ၁ ယေဘူယျသဘောက လူလူချင်း အဆင့် ခွဲမမြင်တတ်ဘူး လူကို လူလိုကြည့် တတ်ပြီး ကိုယ့် ဖီလင်နဲ့ တူတဲ့ လူကို ကြည့် ရတယ် ကိုယ်မုန်းတဲ့ အကျင့် ရှိတဲ့  လူတွေကို အလိုလိုကြည့် မရဘူး...အဲ့ မှာ ကိုယ့် မရဏကိုယ် ကစားလိုက်ပုံက ဘယ်လိုလူတွေလာလာ ကိုယ့် ဖီလင်ကို ဖွက်ထားလိုက်ပြီး တစ်ဖက်က စရိုက်ကြည့် ပြီး တတ်နိုင်သလောက် အလိုက်အထိုက် ဖေါ်လို လိုက်ပေါင်းပေးလိုက်တာ..အဲ့ မှာ လူတွေကြားထဲ အရင်ထက် အကြောတည့် သွားတယ်ပေါ့ ..
တစ်ဖက် လူက ၂ ကြွင်းမှန်းသိရင် သူယုံကြည်ရာကို မြှောက်ပေးချင်ပေးမယ် ဒါမှမဟုတ် သွားမထိဘူး..အင်း အဲ ပေါ့ ၊ တစ်ဖက်လူက ၄ ကြွင်းမှန်းသိရင် သူတန်ဘိုးထားတဲ့  ဂုဏ်တစ်ခုခုကို အရင်လေ့ လာလိုက်ပြီး အဲ့ ဂုဏ်ကို ချွန်တွန်းလုပ်ပေးမယ်..ဒ်မှမဟုတ် သွားမထိဘူး...အဲ့ မှာ အဲ့ လေးကြွင်းနဲ့ အကြောတည့် သွားတော့ တာမျိုး...
ယေဘူယျကတော့  သူများ မဟာဘုတ်ကို သိရခဲလို့  ကိုယ့် မဟာဘုတ်ကို ကိုယ်ကစားတာကသာ ပိုအဆင်ပြေတယ်..( ဘာနေ့ သားလဲငင် တွေ ဘယ်နှစ်ခုနှစ်မွေးတာလဲ ငင် လို့  လူမှု့ ဆက်ဆံရေးနယ်ပယ်မှာ လျှောက်မေးပြီး ဆက်ဆံရိုးမရှိဘူး မေးရင်လဲရိုင်းတယ်လေ)
မရဏဥာဉ် သဘောလေး
မရဏဥာဉ်ဆိုတာ
-------------
ကျနော့်  ဂရုထဲက ပိုစ်ကို အပြင်ဆွဲထုတ်လာတာပါ..အကုန်လုံးရေးမပြနိုင်ပါဘူး ပျင်းတတ်လို့ နဲ့  စိတ်ကူးပေါက်မှ ထ ထ ရေးချင်ရာရေးတတ်တဲ့ အကျင့် ရှိလို့ ပါ..ဗုသုတ သဘော အပျင်းပြေဖတ်သဘောလောက်ပါပဲ
--------------
မရဏဥာဉ် သဘောလေး
-------
အဲ့ မှာ သဘောတရားက...စာတွေလို စာသံပေသံတွနဲ့ ရေးပြနေရင် သူ့ သီအိုရီရဲ့  အသုံးကျတန်ဘိုးကို မရိပ်မိလွယ်ဘူး..တကယ့်  လူ့ သဘာဝတွေနဲ့  တိုက်ပြမှ ဒီမရဏဥာဉ် ဆိုတာကြီးက ဘ၀အတွက် ဘာအသုံးကျလဲဆိုတာ ရိပ်မိတာမျိုး...ကျနော်တို့ လေ့ လာတာက တိုစိစိ သိအိုရီတွေနဲ့  တကယ့် အပြင် လူရှင်တွေနဲ့  တိုက်ကြည့် တယ် ပြီးတော့  သူ့ ဘ၀ဖြစ်စဉ်ကို အကြာကြီး  ''စောင့် ကြည့် ခဲ့ တာ ''....
ပွဲ ကပြန်ခိုက်တယ်ဆိုတာ....
ပွဲ ကပြန်ခိုက်တယ်ဆိုတာ....
----------------
အုန်းငှက်ပျောပွဲ န၀င်းပွဲ  ဆိုတဲ့  ပူဇော်ပွဲတွေရဲ့  ပွဲသဘော ရှော့ ကီး က..
.ပွဲ ကို တိုက်ရိုက် နံသင့် ကောက်ရင် ကြာသာပတေးနံပါ....ကြာသာပတေး နံ ဆိုတာ အခါတိုင်ပညာ ရှု့ ထောင့် ကကြည့် ရင် ဂုရုတိုင်ပါ။
ဂုရုတိုင်မှာ  ပွဲ ဆိုတဲ့  ကြာသာပတေး နံဟာ မူလ အလယ် နံပါ...ဂုရုတိုင်မှာ ခိုက် ဆိုတဲ့  အမြစ် နံဟာ ဗုဒ္ဓဟူးနံ  လူ ၄ ဂဏန်းပါ။  ဂုရုတိုင်ရဲ့  န၀င်းမှာ တနင်္လာနံ ၂ဂဏန်း ငွေကြေး လာဘ်လာဘ နဲ့  အကြွား(၀ါ) ဂုဏ်သိက္ခာပါ..
ပွဲ အပေါ် စိတ်ထား မှန်ပြီး ကလိမ်ကျစ် မလုပ်ဘူး ရဖို့ သာ တစ်ဘို့ တည်း မကြည့် ဘူးဆိုရင် န၀င်းအား ငွေကြေးလာဘ်ရွှင်ခြင်းနဲ့  သတင်းကောင်းထွက်လာပါလိမ့် မယ်..
 စိတ်အကျဉ်းအကျပ် ရုပ်အကျဉ်းအကျပ်တွေ တစ်စတစ်စ ကြုံတွေ့ လာပါ လိမ့် မယ်..
အမှန်တော့   ပွဲ ပေါ်မှာ စိတ်ထားမမှန်လို့ လူခိုက်ထဲရောက်သွားတာဟာ န၀င်းပျက်ယုံတင်မကပဲ တတိုင်လုံး က နံစဉ် ၇ နံစလုံး ပျက်သွားတာပါပဲ..
၁။မိသားစုထဲမှာ အသက် ကာလ သဘောကို လွန်ဖြစ်တဲ့  ပုံမှန်မဟုတ်တဲ့ ရောဂါဘယသမားတွေ များလာတာ၊
၂။ စီးပွားရှာနေရင်းက ကျပ်တည်းလာတာ  အထင်မကြီးခံရတော့ တာ. အထင်သေးအမြင်သေး ဆက်ဆံခံလာရတာ
၃။ စိတ်မချမ်းသာစရာတွေ ခဏခဏ ကြုံလာတော့ တာ
၎။ ရုပ် ပိုင်းမှာ ပုံမှန်မဟုတ်တဲ့  ရောဂါဘယတွေ ၀င်လာတာ ဘ၀ဟာ ခဏခဏ ချောင်ပိတ်သွားတာ
၅။ အရင်က ကောင်းခဲ့ တဲ့ တွေးခေါ်မျှော်မြင်မှု့ တွေဟာ ကြံလိုက်တိုင်းလွဲ  တလွဲတွေဖြစ်လာတာ ကိုယ်တိုင်အတွက်ဆို မတွေးတတ်မခေါ်တတ်တော့ တာ
ကိုယ့် အကြံအဥာဏ်တွေ လူမသုံးချင်တော့ တာ
၆။ ကိုယ့် စကားကို လူတွေမလေးစားတော့ တာ စကားအာဏာစက် ပညာအာဏာစက်တွေ လျော့ ပါးလာတာတွေ
၇။ လူတောမတိုးတော့ ဘ၀ လူ့ ကံ ကျက်သရေပျက်လာတာ ဂုဏ်ပျက်စရာတွေ အရှက်ရစရာတွေ ခဏခဏကြုံတွေလာတာတွေ တဖြည်းဖြည်ရောက်လာတတ်ပါတယ်
နောက်ဆုံး ပညာတတ်ပေမယ့်  ပညာနဲ့ ထိုက်တန်တဲ့ နေရာပေးပြီး သုံးမယ့် သူမရှိဖြစ်သွားတတ်ပါတယ်...
ပွဲလို့ သာပြောတာပါ  ကြာသာပတေးနံ ဆိုတာ ပညာရပ်တွေကိုလည်း ဆိုလိုသလို ဆရာသခင်တွေကို လည်း ဆိုလိုပါတယ်..
ပညာရပ်တွေကို မမှန်မကန်လုပ်ရင် လူခိုက်ပြီ ဆရာဟာ ဆရာစိတ်မဲ့ သွားရင် လူခိုက်ပြီ သဘောပါ
ပညာရပ်ဆိုတာမှာ တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်တဲ့ သဘောက စပါတယ်...ဥပမာ ကားပြင်သမားဟာ ကားပြင်တဲ့ နေရာမှာ ဆရာဖြစ်လာရင် ပညာကို မှန်မှန်ကန်ကန် သုံးရင် အလုပ်ဖြစ်လာမယ် ပညာအားကြောင့်  လာဘ်ဝင်လာမယ်  ပညာကို ကလိမ်ကကျစ်လုပ်လာရင် အလုပ်တွေဖယိုဖရဲဖြစ်လာမယ် လာဘ်ပိတ်စရာတွေဖြစ်လာမယ် နာမည်ပျက်မယ် စသဖြင့် ...
သက်ကြီးဗေဒင်
သက်ကြီးဗေဒင်
------------
အမျိုးသမီး ၂ ယောက်လာတယ်...လာရခြင်း အကြောင်းက တစ်ခုထဲ သက်ကြီးမိဘ အတွက် ကျမ္မာရေး ကိစ္စ တစ်ကြောင်းထဲ အတွက်လာတာ လို့ ပြောတယ် ။ တစ်ယောက် တစ်မအေစီတွေ၊ အဲ့ ထဲက တစ်မအေ တစ်ယောက် အကြောင်းပါ...ဒါနဲ့  မွေးသက္ကရာဇ်ဆိုတော့  ၉၇ ဖွား..ဗုဒ္ဓဟူးသမီးတဲ ၈၀ထဲမှာ..အင်္ဂါသက်ရောက်ထဲမှာ ပေါ့ ..ကျမ္မာရေးဆိုတော့ အခု ဘာဖြစ်နေလို့ လဲဆိုတော့ အခုတော့  ဘာမှမဖြစ်တဲ့  ( အရင်က တစ်ခုခု ဖြစ်သလိုလို )..ဘာမှ မဖြစ်ဆိုတော့   ဖြစ်တတ်တာတွေ ပြောရတာပေါ့ လေ...( ဒီနေရာမှာ ကျနော့် အကျင့် က ဖြစ်သမျှ အကြောင်းဂြိုလ်ထဲချည်း ပစ်ထဲ့ တာမဟုတ်ဘူး အရွယ်သဘာဝအသက်သဘာဝသဘောတွေ ပါထည့် တွေးလေ့ ရှိတယ်)
တွေးရဲသူတွေ
တွေးရဲသူတွေ
--------
ရုပ်ပစ္စည်း အလန်းတွေနဲ့  ကျောက်ဂူနေတွေထဲကနေ မိုးမျှော်တိုက်တွေအထိ တီထွင် စီစဉ်ပြီးနေလာနိုင်တာရော အယူဝါဒတွေပါမကျန် ဖြစ်လာတာ တွေးသူ တွေရှိလို့ ပဲ စိတ်အကြံက အရင်စတဲ့ သဘောပေါ့ ..တွေးတာကတော့  ကလေးကအစ ဘဘကြီးအထိ တွေးတာချည်းပါပဲ..
အဲ့ ထဲကမှ ထူးခြားသဘောကို ဆွဲထုတ်တာ တွေးရဲသူ တွေကြောင့် လို့ ၊ အရှေ့ အနောက်
ဒဿနသမိုင်းက သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ ဒဿနဆရာတွေဆိုတာလည်း ဟုတ်ဟုတ် မဟုတ်ဟုတ်
မှားမှား မှန်မှန်  သူတို့ ခေတ်က လူတကာ တွေးနေကြပုံစံတွေနဲ့ ကွဲပြီး တွေးရဲကြလို့ ပြီးတော့ 
လက်တွေ့ ပါ ပါလာကြလို့ အမည်ကျန်ခဲ့ တာမျိုးပေါ့ .
ပေါ့ ပေါ့ ပါးပါး
-----
ပုတီးစိတ်ရင် အနဲဆုံးအကျိုးက ကုသိုလ်ရတယ်ပေါ့ ၊ အကြောင်းက ပေါက်ကရပြောနေတာ မဟုတ်ပဲ ဘုရားစာရွတ်နေတာမို့ လို့ ပေါ့ လေ ။ နောက်တစ်ချက်က ဒီပုတီးစိတ်တဲ့ ကိစ္စ အကြောင်းကို ကိုယ်တွေ့ တွေကို အခြေခံပြီး စဉ်းစားလိုက်တဲ့ အခါ..ကိစ္စများမြောင် လူတို့ ဘောင် ဆိုတဲ့ အတိုင်း အချိန်အကြာကြီး ထိုင်စိတ်နေဖို့ က အခြေအနေအမျိုးမျိုးကြောင့်  အခက်အခဲရှိလာတယ်..ပြီးတော့  လှုပ်ရှားခေတ် ဖြစ်လာတော့  လူမှု့ ဆက်ဆံရေး သဘောအရ ပုတီးကို အချိန်သိပ်မပေးနိုင်တော့ ကောင်တာနှိပ် လေးတွေ နဲ့ သွားရင်းလာရင်း နှိပ်မှတ်တဲ့ စတိုင်တွေကလည်း ခေတ်စားလာတယ်။