Powered By Blogger

Saturday, November 7, 2015

အုန်းသီးပြဿနာ..


အုန်းသီးပြဿနာ..
--
ကျနော်တို့ ရဲ့ မူလဇာစ်မြစ်က အုန်းသီးပွဲရုံလောကသားတွေပါ ခုထိလဲ အပြီးမကင်းသေးပါဘူး
ညီအစ်ကိုမောင်နှစ်မအမျိုးတွေ ဆက်လုပ်နေဆဲတွေရှိပါတယ်...အုန်းသီးတွေမှာ ဖြစ်တတ်တဲ့
သဘာဝတွေတစ်ချို့ ကိုတော့  အရင်က ရေးပြခဲ့ ဘူးပါတယ်နော်..ကျနော်တို့ အုန်းသီးလောကမှာ ကျင်လည်စဉ်ကဆို အုန်းဆီချက်တာ တစ်ပိုင်တစ်နိုင်အုန်းဆံကြိုးကျစ်စက်လေးတွေထောင်ထားတာ အပါအ၀င် ဆွဲအုန်း ပွဲအုန်း အုန်းခြောက် စသဖြင့် ပေါ့ ကဏ္ဍတွေမျိုးစုံ ပတ်သက်ခဲ့ ရသလို အုန်းသီး အရင့် အနုအကြော အရွယ်အစားကို ကြည့် ယုံနဲ့ နဂဘာရီအုန်းလား မော်ကျွန်ဘိုကလေးလား ရခိုင်ဘက်ကလား တောအုန်းလား လယ်ဝေးလားစသဖြင့်  ခွဲနိုင်ကြတယ်သုံးရာသီအလိုက် အုန်းသီး အနုအရင့် အရည်ချောင်အရည်ကျပ်သဘောတွေ လက်လေးတွေ လက်ပေါ့ ဆိုတာတွေ နားလည်းကြတယ်...ကမ်းနား ရေတက် ရေကျသဘောကိုတောင် လဆန်းလဆုတ်နဲ့  စိတ်တွက်တွက်ယူတတ်ကြတယ် လဆန်း ၇ရက်လောက်ဆို ၇ကျပ် ၇မတ်= မနက် ၇နာရီနဲ့ ၈နာရီကြားမှာ ရေစတက်လိမ့် မယ်...စသဖြင့် မှတ်ပြီး ကမ်းနားကပ်ထားတဲ့ လှေတွေသင်္ဘောတွေပေါ်ကနေ အုန်းသီးတွေ ကုန်းပေါ်ကိုချကြတယ်ပေါ့ .ပွဲရုံကြီးတစ်ရုံရဲ့  အုန်းသီးအ၀င်အထွက်ဟာ လစဉ် ထောင်ပေါင်းများစွာရှိပါတယ်

ဆိုတော့ အခွံပါ အခွံမပါ အုန်းသီးတွေ  ပွဲတင်ထားရင် လှုထားရင် အုန်းသီးတွေ ဖြတ်ကနဲကွဲတာ အုန်းရေတွေ အရှိန်ပြင်းပြင်းနဲ့  ပန်းထွက်တာ အစို့ ပေါက်တွေ အပင်ဖြစ်ဖို့ ထွက်လာတာ အုန်းသီးအတွင်းထဲက လူတောက်ခေါက်သလို တောက်ခေါက်တာ ထောပတ်အုန်းတို့  အုန်းအမြူတေတို့ ဆိုတာ မကြုံချင်မှအဆုံး ခဏခဏကြုံနေရတဲ့ အဖြစ်တွေဖြစ်ပြီး အထူးအဆန်းတွေ မဟုတ်ကြတော့ ဘူးပေါ့ လေ....ဒီလို ဖြစ်နေတဲ့ သဘောတွေဟာ ရာသီအလိုက်ကို ဖြစ်နေတာပါ..
ဆိုပါတော့  အုန်းသီးက အလိုလို လန့် ကွဲတာ အုန်းရေးတွေ ရှန်ပိန်ပုလင်းဖေါက်သလို ရူးကနဲ ပန်းထွက်လာတာမျိုးတွေဟာ ဆောင်းဦးပေါက်နဲ့  မိုးဦးကျမှာ လာတဲ့  အုန်းသီးတွေမှာ အများဆုံးကြုံတတ်ပါတယ်..အကြောင်းက အရင့် မမှန်သေးခင် အသားဘ၀မရောာက်သေးတဲ့ အုန်းရေတွေဟာ အုန်းသီးထဲမှာ လေဟာနယ်မရှိပဲ ပြည့် ကျပ်နေချိန်မှာ အပင်ကခူး ဈေးကွက်ရောက် ပြင်ပအပူဒဏ်နဲ့  တွေ့ ပြီး  အပူုနဲ့ အအေးလျှော့ ဖြစ်ပြီး ထ ဖြစ်ကုန်တာမျိုးသဘောပေါ့ လေ...အအေးထည့် နေကျ ဖန်ခွက်ထဲ အပူထည့် လိုက်ရင် လန့် ကွဲတတ်သလိုပေါ့ မိုးဦးကျမှာတော့  မိုးနဲ့ လေနံ့ ရတာနဲ့  အုန်းသီးတွေက အစို့ တွေ ချက်ချင်းလိုလို ထွက်လာတတ်တာနဲ့  တက်သုတ်ရိုက် ဈေးလျှောရောင်းရတာမျိုးတွေလဲ ရှိပါတယ်....အုန်းထောပတ်သဘောကတော့  အုန်းသီးထဲက အုန်းရည်က အသားအပြည့် ဘ၀ကို အပြီးမရောက်ခင် အရည်စစ်စစ်လည်းမဟုတ်တော့ တဲ့  ကြားဘ၀ ပျစ်ချွဲချွဲနဲ့  ဒိန်ချဉ်ဖတ်လို အရည်နဲ့ အဖတ်ရောနေတဲ့ ဘ၀ပေါ့ ..အရင့် မှန်သွားတဲ့ အုန်းသီးတွေမှာ ဖြစ်လေ့ ရှိါတယ် အဲ့ အုန်းသီးမျိုးကိုလှုပ်ခါလိုက်ရင် အဖတ်သံတွေ ကြားနေရတတ်လို့ 
အုန်းသီးအပုပ်နဲ့  မှားသွားတတ်ပါတယ်...အုန်းသီးအပုပ်ဆုံး အချိန်က မိုးဦးကျပေါ့  အုန်းသီး ထိပ်ခွက်တွေမှာ မိုးရေ ရေစိုလိုက်ချိန် အုန်းသီးကလဲ နုသေးချိန်မှာ ခပ်မြန်မြန်ပုပ်တတ်ပါတယ်...သဘောက အရပ်ထဲမှာ ဂမ္ဘီရတွေ သိပ်လုပ်နေတဲ့ 
ဝပေါ်တယ်ဘာညာဆိုတာမျိုး အုန်းသီးတွေရဲ့  အဖြစ်အပျက်တွေဟာ အုန်းသီးပွဲရုံလောကအတွက်တော
့ ကြုံနေကျ ဖြစ်နေကျ သဘာဝအဖြစ်အပျက်တွေသာဖြစ်ပြီး ဘာမှအထူးအဆန်းသဘောတွေ မပါသလောက်ပါပဲလို့ ...

ဒီလိုက ဒီအကြောင်း...


ဒီလိုက ဒီအကြောင်း...
--------
ကျနော်တို့  ကံချိန်ဗေဒင်တွက် အကြံပေးတယ်ဆိုတာ ဂဏန်းတွေ ကိန်းတွေအပေါ်မှာချည်း အသေထိုင်ပြောနေတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ရဲ့  ဘ၀အတွေ့ အကြုံတွေ အတွေးအခေါ်တွေပါ ပေါင်းစပ်ပြောတာမျိုး....

မနက်က ကျောင်းဆရာမတျောက်လာတယ်၂၂ ဖွား ဟူး သမီး  ဒီတေ့  အသက် ၅၅ တနင်္လာမရဏသက်ရောက်ပေါ့  နောက်လာမှာက အသက် ၅၆ အင်္ဂါ သက်ရောက်ပေါ့ ....အဲ့ ဆရာမ ၅၅ ၀င်စက တစ်ခါလာတယ် မှိုစိုက်မလို့ တဲ့  တပည့် တျောက်နဲ့ တဲ့ ...( စိုက်မလို့ လား ဆိုက်နေပြီလားလို့  မေးလိုက်တော့ စိုက်နေပြီ ) ( စိုက်မလို့ ဆို တားမလို့ မေးတာ)...စိုက်နေပီဆိုတော့  ကျနော်က အင်း စိုက်ဖူးတယ်နဲ့ ရပ်သွားမှာပါ ကစားသလိုပဲလို့ ဖြေလိုက်တယ်...အဲ့ ဆရာမကတော့  အဲ့ တုန်းကပြောသွားတာက မှိုက အောင်မြင်နေပြီ ထွက်တောင်နေပြီလို့ ပြောသွားတယ်

အဆောင်


ပထမဆုံးက ဘာအဆောင်ညာအဆောင်သဘောတွေ က မစွမ်းဘူး မဟုတ်ဘူး စွမ်းတယ်ဆိုတာ ကျနော့် က ယုံပါတယ် ..ဒါပေမယ့်  ကံ ဥာဏ် ၀ီရိယမှာ ဥာဏ်တွေ ၀ီရိယတွေ လွှတ်ပြီး ဘယ်လောက်ကောင်းကောင်း ကံ အောက်မှာပဲ ရှိတယ်...

ဓမ္မတရားမှာတောင် တရားရနိုင်တဲ့  ကံအချိန်ရင့် သန်နေမှ ဓမ္မတရားရမယ် ကံမရင့် ကျက်သေးရင်
ဘုရားနဲ့ ပက်ပင်းတိုးတောင် ချောလိုက်တဲ့  ရဟန်းကြီးလို့  မှတ်ချက်ချပြီး ကိုယ့် လမ်းကိုယ်ဆက်လျှောက်သွားလိမ့် မယ်သဘောပေါ့ 

ဆိုလိုတာက တစ်ဦးချင်းစီရဲ့  မူလကိုယ်ပိုင်ကံ သတ္တိတွေအပေါ်မှာ အဲ့ အဆောင်တွေမှီပြီး အသက်ဝင်နေတာမျိုးလို့ ဆိုလိုတာ..ယိမ်းနွဲ့ ပါးဓားက ကလေးတစ်ယောက်ရဲ့  လက်ထဲမှာ ဆော့ စရာလောက်သာ သဘောရှိနိုင်ပေမယ့်  ဓားရေးကျွမ်းကျင်တဲ့  ပွဲကျောင်းသားစစ်သည်တော်ကြီးလက်ထဲမှာ သိပ်ကြောက်စရာကောင်းတဲ့  အစွမ်းထက်လက်နက်ဓားတစ်လက်ဖြစ်သွားတယ်ပေါ့ ...

ကျနော်ရေးပြဖူးခဲ့ တဲ့  အတွေ့ အကြုံတစ်ချို့ ထဲမှာ အန္တရာယ်ရှိနိုင်တဲ့  သက်ရောက်မို့  အရွက်ကိုအဆောင်လုပ်ပြီးဆောင်ထားစေတယ် ဆောင်လဲဆောင်ထားတယ်
ဆောင်ထားသ၍ ဘာအန္တရာယ်မှ မကြုံဘူး ဆောင်ထားတဲ့  အဆောင်ကို မေ့ ကျန်နေခဲ့ တဲ့ နေ့ ကြမှ အန္တရယ်ပြဿနာကြုံလိုက်ရတယ်..ဆိုတာ ရေးပြခဲ့ တယ်...ဒီဖြစ်စဉ်တွေမှာ တွေးဆရရင်
အဆောင်ဆောင်ထားနေချိန်တုန်းက ဘာလို့ ကွိုင်တွေမလာပဲ အဆောင်ပပါမသွားတဲ့ နေ့ မှ ပြဿနာတစ်ခုက ထဖြစ်ရတာလဲက ကံတွေရဲ့ သဘောကိုတွေးစရာဖြစ်လာတယ်...

ဒါနဲ့  အဆောင်ယတြာမပါပဲ သမားရိုးကျနဲ့ သက်ရောက်အညံ့ ကို ဖြတ်သန်းသွားတဲ့ သူနဲ့  အဆောင်ယတြာဆောင်ပြုပြီး သက်ရောက်အညံ့ ကို ဖြတ်သန်းသွားတဲ့  သူတွေကို ခွဲခြားပြီး စောင့် ကြည့် လေလာတာဟာ အဆောင်ယတြာတွေရဲ့ အလုပ်လုပ်ပုံကို ခန့်မှန်းရတာ အလွယ်ဆုံးနည်းလမ်းလို့ အတွေးရလာတဲ့ အခါ..

အဲ...အဆောင်ယတြာဆိုတာမှာ  အဆောင်ယတြာကို ငြင်းပယ်တဲ့  လူတွေကပဲ ပြောသလို ဗုဒ္ဓဝေယျာဝစ္စလုပ်တာကိုလဲ ယတြာလို့ ဆိုကြလို့  ဘုရားတရားလုပ်တာကိုရော ဗုဒ္ဓယတြာဆိုတဲ့ ခေါင်းစဉ်အောက် ထည့် သင့် မထည့် သင့် တွေးကြည့် တုန်းပါ...ခ်ခ်  ငိငိ

ကျနော် ရည်ညွှန်းတဲ့ အဆောင်ယတြာသဘောက သမုတိ ပညတ် လောကီပိုဆန်တဲ့ ယတြာမျိုးကိုဆိုလိုတာ ဥပမာ ဟူးသားတစ်ယောက်က အရက်သောက်သောက် ဖွန်ကြောင်ကြောင် ကသစ်ရွက်ဆောင်ထားတာမျိုးပေါ့ လေ...

ဂြိုလ်စီးဂြိုလ်နင်းသဘော


ဂြိုလ်စီးဂြိုလ်နင်းသဘော
--
ကျနော်တို့ မြို့ နယ်မှာလဲ မာဆတ်ခန်းတွေ ပေါတယ်ဗျ..(ကွန်တက်+ငွေ ကြောင့် နဲ့  ကိုယ့် ဘဇ်နက်ကလွဲရင် ဖာသိဖာသာနေကြတဲ ၀န်းကျင်မျိုးလို့  ပြဿနာသံနဲတယ်)..အဲ့ တော့  အဲ့ က ကောင်မလေးတွေ လာကြတယ်...ဖေါက်သည်မလာလို့  လူမကျလို့  ၅ ယောက်ထလာလို့ ဘာညာပေါ့ .
..( သူတို့ ဆီက ကြားရတာ တစ်နေ့ အစိတ်သုံးဆယ်လောက်မှ (၀ါ) ဆက်ရှင် အစိတ်သုံးဆယ်လောက်မှ မလာရင် ဆက်ကြေးနဲ့ မကိုက်ဘူးတဲ့ ငိငိ)....ပြောချင်တာက အဲ့ လိုတွေလာပြီဆိုရင် လစိတ်ချိန်လိုက်ရင် အင်္ဂါတွေ စနေတွ မရဏလစိတ်တွေ ဖြတ်နေချိန်တွေချည်းပဲ...
တစ်ခါက ကြုံဖူးတဲ့  ဆရာလေးလတ်ကြီးတစ်ပါး ငိုချင်းချ ရင်ဖွင့် သွား ယတြာလာယူသွားတဲ့ ကိစ္စကလဲ အဲ့ ဆရာလေးက သုည တနင်္လာ အသက် ၃၄  အင်္ဂါမရဏသက်ရောက်...စာတက်ရတာက တစ်ခြားကျောင်းမှာ အဲ့ မှာ ဟွှာက စာပေးတာခံရလို့  စိတ်သိပ်ညစ်သွားတဲ့ အကြောင်း...သူ့ ကျောင်းက ဆရာကြီးသိရင်တော့  ကျောင်းက နှင်ခံရတော့ မှပဲဆိုပြီး စိတ်သောကအပြင်းအထန်ရောက်နေတာလေး..

သဘောက လောကဓံသဘော ဂြိုလ်စီးဂြိုလ်နင်းသက်ရောက်ကောင်းညံ့ သဘောက  အဲ့ လူဟာ ဘာဖြစ်ပြီး ဘယ်နယ်မှာ အသက်မွေးတယ် သီလစင်လို့  မစင်လို့ ဘာညာ မဟုတ်ဖူး သူရစ်လို့ ရသလောက် လိုက်ရစ်မယ် ပေးလို့ ရတာပေးမယ် ဗေဒင်တတ်တတ် မတတ်တတ် ဒီသဘော

အဲ့ တော့ ဆိုလိုတာက လောကဓံသဘောကို လောကဓံသဘောအရ မြင်ဖို့ ပေါ့ လေ လူသွားမြင်ရင် တစ်မျိုးတွေဖြစ်ကုန်တတ်တယ်လို့ 

အကျိုးပေး အလုပ်သဘော နဲ့  စလုပ်တဲ့  အချိန်ကာလသဘော....

အကျိုးပေး အလုပ်သဘော နဲ့  စလုပ်တဲ့  အချိန်ကာလသဘော....
----
စာပြန်နွှေးတဲ့ သဘော မေ့ နေမှာစိုးလို့ ပြန်ရေးပြတဲ့ သဘော မဖတ်ဖူးသူတွေအတွက်သဘော...
ဘာအလုပ်နဲ့  အကျိုးပေးလဲ မေးခွန်းကို အချိန်ကာလသဘောနဲ့ ညှိပြီး ပြန်ဖြေတာပါ...အဲ့ ဒီလို ဖြေတတ်တယ်ပေါ့ 

ဆိုပါတော့  သုံးကြွင်း ကြာသာပတေးသားသိုက်ဖွားက ဘာအလုပ်နဲ့  အကျိုးပေးမလဲလို့ မေးလာရင်  ၃ ကြွင်းမဟာဘုတ်အလိုအရရော ကြာသာပတေး
မွေးနံ တိုင်းစဉ်အရပါ  ( တနင်္လာနံက ၃ကြွင်းမဟာဘုတ်ရဲ့  အထွန်းအိမ်မှာ ကြာသာပတေး မွေးနံတိုင်ရဲ့  ပဉ္စပွတ် န၀င်းတိုင်ထိပ်နေရာမှာ ဖြစ်လို့ )
 တနင်္လာနံ အလုပ်နဲ့  အကျိုးပေးပါတယ်လို့  စဖြေတာက ဖြေရိုးဖြေစဉ်......

ဒါပေမယ်  အဲ့  ၃ ကြွင်းကြာသာပတေးသား သိုက်ဖွားဟာ ဗေဒင်ဆရာက တနင်္လာနံ အကျိုးပေးတယ်ဆိုလို့  ကားထောင်မယ် ကားဝယ်ဆွဲစားတော့ မယ်ဆိုပြီး သူ့ အသက် ၃၀ အင်္ဂါသက်ရောက် လစိတ်ကလဲ အင်္ဂါလစိတ်မျိုးမှာမှ တနင်္လာနံ ဆိုတဲ့  ကားတစ်စီးကို ၀ယ်ပြီး ကားအလုပ်ထူထောင်မယ်ဆိုရင် ဗေဒင်ဆရာဟောတဲ့  တနင်္လာနံ ကားနဲ့ အကျိုးပေးမယ်ဆိုတဲ့ အဟောဟာ ဘာတွေဖြစ်ကုန်မလဲ...

သဘောက အကျိုးပေးတယ် ဆိုသည့် တိုင် အဲ့ အကျိုးပေးအလုပ်ကို စတင်တဲ့ အချိန်ကာလ ဟာ ကေးလင်းဖီးလ်ထဲ ဖြစ်နေရင် ဒုက္ခကို ၀ယ်ယူတာနဲ့ အတူတူပဲလို့ 
ဆိုလိုတာ...ကျနော်တို့ တွေ ကိုယ်စတင်ချင်တဲ့  အစတွေအတွက်..ဗေဒင်တွက်ကြည့် ကြတယ်ဆိုတာ ဒီလိုတွေ ကံချိန်တာကို အဓိကထားတာမျိုးပါ...

နောက်တစ်ချက်က ပြောင်းပြန်ပြန်တွေးကြည့်  ရင် ၆ကြွင်း တစ်ယောက်ကို တနင်္လာနံမရဏ သဘောကြောင့်  ကားကိုမှီပြီးပိုက်ဆံရှာတာ အလုပ်မဖြစ်ဖူးလို့ ပြောလိုက်တတ်ပေမယ့်  အဲ့ ၆ကြွင်းဟာ တနင်္လာနံ အ၀င်ကောင်းတန်းစီးမှာထိုင်ထားတဲ့ ရာဟုသက်ရောက် ရာဟုလစိတ်မှာ ကားဝယ် မောင်းစားမယ်ဆိုရင် ကားနဲ့ အကျိုးမပေးဘူး လို့ တန်းပြောလို့ ဖြစ်မဖြစ်...တွေးစရာ...

အဲ့ ဒီမှာ ဗေဒင်ရဲ့ သဘောတရား လူတွေရဲ့ စတိုင်အရ အလုပ်သဘောတွေမှာ တပွဲတိုးသဘော ကာလတိုသဘော နဲ့  ရေရှည်သဘော ဘ၀တစ်သက်တာ အသက်မွေးဝမ်းကျောင်း အလုပ်သဘော မတူဘူး ကွဲပြားတယ်ဆိုတာကို ထည့် ပြီးတွေးတော စဉ်းစားေးဖို့ လိုလိမ့် မယ်ပေါ့ လေ...ဒါဟာ တကယ့် ကြေးစားဗေဒင်သမားတွေရဲ့  အလုပ်တွေအပေါ်တွေးတော ဆုံးဖြတ်တဲ့ စတိုင်ပါ

ဆိုက်ကို (၀ါ) ပတ်ပြေးခြင်း..



ဆိုက်ကို (၀ါ) ပတ်ပြေးခြင်း..
--
ကျနော့် မှာ ဆိုက်ကိုတစ်ခုဖြစ်နေတာက အနိဌာရုံဆန်တယ်ထင်တဲ့ ဓါတ်ရိုက်ဓါတ်ဆင်မျိုးတွေ မလုပ်ရဲတာပဲဗျာ...
အဲ့ စိတ်ဖြစ်လာတာက ၀ဋ် သဘော နဲ့  ကုသိုလ် အကုသိုလ် သံသရာ သဘောကို တွေးကြောက်ရာက စတာပဲ

ဣရုံသဘော အနိဌာရုံသဘောကို ယေဘူယျခွဲတဲ့  စိတ်က ဥပမာ နေမကောင်းရင် ကောင်းအောင် လူ ၂ ယောက် လင်မယား ၂ ယောက် ရန်ဖြစ်ရင် ကွဲလုလုဆို ပြန်တည့် အောင် မကွဲလွယ်အောင် စတာမျိုးသဘော ပေါင်းစည်းခြင်းသဘောတွေဆောင်တာမျိုးပေါ့  အိမ်က ဆင်းသွားလို့ ပြန်ခေါ်တာ
ဣဌာရုံ သဘော အိမ်ကနေထွက်သွားအောင် ဓါတ်ရိုက်တာမျိုးကို အနိဌာရုံသဘောလို့ ယူတာ..

ဗေဒင်အလုပ်မှာ အပေါင်းဆန္ဒချည်း လာတာမျိုးမဟုတ်ပဲ ဖဲ့ ဖို့  ပြန်တိုက်ဖို့  ထွက်သွားစေချင်လို့ အနိုင်လိုချင်လို့  ၀ပ်သွားအောင်လို့ ဆိုတဲ့  ဆန္ဒမျိုးတွေ အတွက်လဲ လာတတ်လေ့ ရှိတယ်...အဲ့ မှ ကျနော် ညစ်တာပဲ...ကျနော်က အဲ့ တာမျိုးတွေ မလုပ်ချင်ဘူးလေ..၀ဋ်ကိုကြောက်တယ်လေ....
အလုပ်သဘောကလဲ ရှိနေတယ်လေ..အဲ့ မှာ တွေးရတော့ တာ..

အဲ့ မှာ ကျင့် သုံးရတဲ့ စတိုင်က တစ်ချို့ ကိုတော့  လုံးဝမလုပ်တတ်ပါဘူးဆိုပြီး ငြင်းလွှတ်လိုက်ရပြီး တစ်ချို့ ကိုတော့  ကိုယ့် အခြမ်းသာကိုယ်ကာကွယ်ထား ဆိုတဲ့ ကာကွယ်ရေးယတြာမျိုးတွေပဲ ပေးလွှတ်လိုက်ရတယ်..ရှောင်တတ်တာက အကွဲ ယတြာတွေ ဆိုပါတော့  မယားကြီးက သူ့ ယောက်က်ျား စမော်နဲ့  ကွဲအောင် လုပ်ပေးပါဆိုရင် အဲ့ ဒါမျိုးပါ ရှောင်တော့ တာမျိုး...ဒီလိုကိစ္စတွေဟာ သံသရာ ၀ဋ်ကံသဘောတွေ ပါတယ် ဖြစ်ချင်တိုင်း ဖြစ်လို့ ရတာမဟုတ်ဖူး သူတို့ သုံးယောက် ကံ ပြဿနာကြားထဲ ငါလက်ဝင်ရှိုလို့ မဖြစ်ဖူးဆိုပြီး ရှောင်တာမျိုး ပြီးမှ မယားကြီးနဲ့  သူ့ ယောက်ျားနဲ့  ကံ ရှိနေသေးရင် အကြောပြန်တဲ့  သွားအောင် ၂ နံတွဲ ယတြာမျိုးတွေလောက်ပေး အဲ့ မယားကြီးကြိုက်ကြိုက်မကြိုက်ကြိုက် ပေးလိုက်တတ်တယ် ကွဲအောင်လုပ်မပေးလို့ နောက်မလာတော့ ဘူး
ဆိုလဲ နိုးပရော်ဘလန်ပါလို့ သဘောထားလိုက်တယ်ပေါ့  စမော်လေးကိုတော့  ဘာဓါတ်ရိုက်တာမှ သွားလုပ်လေ့ မရှိဘူး....

ဓါတ်ရိုက်ဓါတ်ဆင်ပညာတွေသဘောတစ်ချို့ က လက်ဖ၀ါးနဲ  လက်ဖမို့ လို သဘောရှိတယ်  ကောင်းအောင်လုပ်တဲ့ ယတြာကိုပဲ ပြောင်းပြန်လှန်ကစားလိုက်ရင် ဆိုးအောင်လုပ်တဲ့ ယတြာ ဓါတ်ရိုက်ခန်းဖြစ်သွားတယ်...

ဆိုပါတော့  ကျနော်တို့ သုံးနေတဲ့  မတွန့် စေရ ပညာ သဘောမှာ ဥပမာ ဗုဒ္ဓ္ဓဟူးသားသမီးတွေအတွက် ဣရုံ အကောင်းဖြစ်စေတဲ့  စပယ်ညွန့်  ယတြာကိုပဲ  ပင်စိမ်းရွက်နဲ့ ပြောင်းပြန်  ကစားလိုက်ရင် အဲ့  ဗုဒ္ဓ္ဓဟူးသားသမီးတွေကို ပုံမှန်ဖြစ်နေတဲ့  သဘောကနေ အဆိုးဖက် ဆင်းသွားတဲ့  အနိဌာရုံ ပညာသဘောကို ဖြစ်သွားစေတယ်ပေါ့ လေ...

ဆိုလိုတာက သူများကိစ္စတွေကို ဗေဒင်ယတြာတွေ ဓါတ်ရိုက် ဓါတ်ဆင်ကစားတာမျိုးတွေမျာ ကိုယ်ငရဲကျနိုင်တဲ့  ကိုယ်ပြန်ပြီးဝဋ်လည်တာမျိုးဖြစ်လာနိုင်တဲ့ သံသရာတစ်ကွေ့ ဝယ် ဖြစ်လာနိုင်တာမျိုးတွေကို ပါထည့် တွက်ပြီး ကိုယ့်  ကံဘ၀ကို ထိခိုက်လာနိုင်တယ်လို့ တွက်လို့ ရရင်
လက်လျှောက်ပြီး တစ်ဘ၀တာလေး ထောဖို့ လောက် နဲ့ သံသရာ ကံဘ၀နဲ့ မလဲတော့ ဘူး...ပတ်ပြေးတော့ တယ်ပေါ့ လေ...

ထုံးပုံးတွေ


ထုံးပုံးတွေ လက်ကားဖြန့် တဲ့ ဒိုင်က ထုံးပုံးတွေ အရောင်းထိုင်းနေလို့ ဆိုလာလို့  ပျဉ်းမကိုင်းနဲ့  ရိုက် လို့ ပြောလိုက်တယ်...နောက် ၃ လလောက်ကြာတော့  တစ်ခါထပ်ရောက်လာတယ်...အဲ့ အခါလဲ ထုံးပုံးတွေ ပုံနေပြန်သတဲ့ ...ဒါနဲ့  အရင်က ဘာယတြာ ကျနော်ပေးခဲ့ လဲလို့ ပြန်မေးလိုက်ရပြီး...ဒီတစ်ခါတော့  အာလူးစိမ်းတစ်လုံးကို ခွက်တစ်လုံးထဲထည့်  ရေနဲနဲထည့်  ရေမွှေးညှစ်ထည့်  အဲ့ တော့  အာလူးစိမ်ထားတဲ့ နံ့ သာရေလေးရမယ် အဲ့ နံ့ သာရေနဲ့  ထုံးပုံးတွေကို လက်လေးနဲ့  မနက်တိုင်း သုံးရက်လေးရက်လောက် လိုက်လိုက်တောက်ပေးလိုက်လို့  ယတြာပြောင်းပေးလိုက်တယ်...

ဒီနေရာမှာ ပြောချင်တာက နံတစ်ခုကို ဓါတ်ရိုက်တာ ဒီလိုပဲ လှည့် ပတ်လုပ်လို့ ရတယ် သဘောရယ်...အရင်ယတြာနဲ့  ထုံးပုံးတွေ လုံးဝ မထွက်လို့ လာတာမျိုး မဟုတ်တတ်ပဲ ကိုယ်ဆန္ဒရှိသလောက် ယတြာက အလုပ်ဖြစ်ပုံမရဘူးဆိုရင်
မေးသူတွေ ပြန်ကျော့ လာတတ်တဲ့  သဘောကို  ကြိုတွက်ထားလိုက်တယ်လို့ .....အကယ်၍သာ ယတြာတွေက လုံးဝ အလုပ်မလုပ်ဖူးဆိုရင် နောက်ထပ်တစ်ကြိမ် အလွယ်တကူ ပြန်လာလေ့ လည်း မရှိတတ်ဘူးပေါ့ လေ...ဒီလိုမျိုးသဘောတရားတွေဟာ
သူများလက်တို့ လို့  အသစ်သဘောရောက်လာသူတွေမှာ ရှိတတ်ကြုံတတ်တယ်ပေါ့ ...

လင်မယား ၂ယောက်မှာ..


လင်မယား ၂ယောက်မှာ..
----
ဆိုပါတော့  အမျိုးသားတစ်ယောက်ကို ဗေဒင်တွက်တယ် အဲ့ မှာ ယေဘူယျ အားဖြသ့်  သက်ရောက်ရော လစိတ်ရော အကောင်းသဘောတွေ့ နေရတယ် လာတဲ့ အခါတိုင်မှာပါ တိုင်စဉ်အပေါ်မှာ ရှိနေလျက်သားနဲ့  အလုပ်မှာ ပြဿနာတစ်ခုခု တက်နေတယ်လို့ ပြောလာရင်...
...ယေဘူယျသဘောက အဲ့ ပြဿနာကနေ သက်သာခွင့်  လွတ်မြောက်ခွင့် ရလိမ့် မယ်ဆိုတာ ကြိုခန့်မှန်းလို့ ရပြီ ဒါပေမယ့်  အကောင်းလို့ ဆိုရဲ့ သားနဲ့  ဘာလို့ ပြဿနာ တက်နေရတာလဲကို တွေးဆလိုက်တဲ့ အခါ..

အဲ့ မှာ မေးလိုက်တယ် သူ့ အမျိုးသမီးမွေးသက္ကရာဇ်လေးတစ်ချက်လောက်ဆိုပြီး အမျိုးသမီးကို စစ်လိုက်တော့  အမျိုးသမီးက စနေသက်ရောက် လစိတ်အင်္ဂါ....လင်မယားဆိုတာ ဒါပဲ....မယားက စိတ်ဆင်းရဲရမယ် စိတ်ပူရမယ် ပိုက်ဆံကုန်ရမယ် ပိုက်ဆံ ထွက်ရမယ်ဆိုတဲ့ 
ကံမျိုးရှိတဲ့  သက်ရောက်ဖြတ်နတဲ့ အခါ မယားအပါအ၀င် မိသားတစ်စုလုံးအတွက် ပိုက်ဆံရှာနေတဲ့  ယောက်ျားလုပ်သူမှာ အဖုအထစ်တွေ အမှု့ ပြဿနာတွေ သွားကြုံလေ့ ရှိတယ်....အဲ့ ဒီလိုသဘာဝမျိုးတွေ့ ပြီဆိုရင် ပထမအချက်က အကောင်းသမား ယောက်ျားဟာ အကောင်းသဘောကိုတော့  ရတတ်သေးတဲ့ အတွက် ပြဿနာတွေကနေ သက်သာခွင့်  လွတ်မြောက်ခွင့် ရတတ်သေးတယ်...ဒါပေမယ့်  ဗေဒင်မေးယတြာခြေတဲ့ အထဲမပါတဲ့  အမျိုးသမီးကိုပါ
ယတြာကာပေးဖို့ လိုတယ် ဒါမှ ပြဿနာတက်နေတဲ့  ယောက်ျားမှာ ပိုပြီးအခြေအနေကောင်းတွေ ရလာတာမြန်တတ်တယ်

ကြာခဲ့ ပြီမေ...


ဘ၀ရေစီးလား ...
ဘ၀ရေဆန်လား ...
ဘ၀ရေစုန်လား..
ဘ၀ရေသေလား..
ဘ၀ရေအိုင်လား..
ဘ၀ရေပွက်လား..
ဘ၀ရေဆူလား..
ဘ၀ရေပုပ်လား..
ဘ၀ရေဆိုးလား..
ဘ၀ရေခမ်းလား...
လား လား လား လား...
လားပေါင်းများစွာ
အဖြေရှာလဲ မရှာလဲ
ဘ၀အချစ်မိုးခေါင်ခဲ့ တာတော့ 
ကြာခဲ့ ပြီမေ...။

န၀င်းထိုင်ပြီးရင် န၀င်းထိုင်ခြင်းရဲ့  သိသာတဲ့  အကျိုးတရားကိုဘယ်အချိန်မှာ သိသာလဲ


န၀င်းထိုင်ပြီးရင် န၀င်းထိုင်ခြင်းရဲ့  သိသာတဲ့  အကျိုးတရားကိုဘယ်အချိန်မှာ သိသာလဲ
--------------------
( ထိုင်ပြီးပြီးချင်းပဲလို့ ပြောရင် လွန်ရာမကျကြောင်း တစ်ကြိမ်လောက် လူကိုယ်တိုင် န၀င်းထိုင်ဖူးသူတိုင်း.....)

န၀င်းထိုင်တဲ့ အခါ  န၀င်းထိုင်သူမှာ ပထမဆုံး ရရှိခံစားလိုက်တဲ့  အကျိုးတရားက  ထိုင်ပြီးပြီးချင်း ခြေမန်းကွင်း ချွတ်ချလိုက်ပြီး စည်းအပြင်ကို လှမ်းထွက်သွားချိန်မှာကို...

'''ချက်ချင်း ''စိတ်လက်ပေါ့ ပါးသွားသလို စိတ်ထဲမှာ ခံစားလိုက်ရပြီး '''ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့ တွေ ဖြစ်သွားတယ်.'''..ငါ့ ကံအညံ့ သက်သာပြီလို့ ခံစားလိုက်ရတယ်.'''...

အဲ့ ဒါ န၀င်းထိုင်တဲ့ ယတြာမှာ ရှိနေတဲ့   တစ်ခြားယတြာတွေထက် ပိုသာနေပုံရတဲ့ အဓိက အားသာချက်ပါ..ဘာ့ ကြောင့် ပါလဲ..တစ်ခြားယတြာပညာ အများစုတွေမှာ မရှိတတ်တဲ့  ( စနစ်တကျ လေးလေးနက်နက်  ယတြာခြေတဲ့ စတိုင်...)ကို န၀င်းထိုင်တဲ့ ယတြာပညာမှာ ရှိနေလို့ ပဲလို့ သဘောရသလိုကိုယ်တိုင်ကိုယ်ကျ ထိတွေ့ ပါဝင်ပတ်သက်လိုက်ရတဲ့ ယတြာကိုလဲ န၀င်းထိုင်ခြင်းမှာ ရှိနေလို့ ပါပဲ....

အထူးသဖြင့်  ယတြာခြေဖို့  န၀င်းထိုင်သူဟာ ယတြာခြေပွဲမှာ ကိုယ်ဟာ ဒီယတြာခြေပွဲမှာ အဓိကဇာတ်ကောင် ကိုယ်တိုင် အရေးပါသူ VIPလို့  ခံစားခွင့် ရလိုက်လို့ ပါပဲ
( တစ်ချို့ ယတြာတွေမှာယတြာခြေပေးတဲ့  ဆရာက ယတြာလာခြေတဲ့ သူထက် ပိုအရေးကြီးနေရာမှာယူထားတော့  ယတြာလာခြေတဲ့ သူရဲ့ စိတ်ထဲမှာ
တစ်စုံတစ်ရာ သိမ်ငယ်စိတ်ဝင်နေလေ့ ရှိတယ် ယတြာခြေဖို့ ငွေကုန်ကြေးကျခံထားတဲ့  ကိုယ်ဟာ အဓိကလူဖြစ်ခွင့် မရပဲ ယတြာခြေပေးတဲ့ ဆရာက ယတြာခြေပွဲတစ်ခုလုံးရဲ့ အဓိက ဇာတ်ကောင်နေရာကို
ရောက်နေသလိုဖြစ်နေတယ် ဒီတော့  ယတြာခြေပေးသူကို ဆက်ပြီး အောက်ကျို့ နေရတယ်)

တွေးခဲ့ ဘူးတာတွေထဲက..တစ်ခု
---
တွေးဖူးတယ် မလုပ်ဖူးဘူး...တွေးဖူးတယ်ပဲပြောတာနော်..ဒီလိုပါ မြန်မာ့ ရိုးရာမှာ မကျမ္မာချိန်မှာ ဂျုံနဲ့  လူရုပ်လေးလုပ်ပြီး ခေါတောင်းနဲ့ ဆန်ကောနဲ့ မြေဖုတ်ဘီလူး အပကောင် အောင်ကောင်တွေကို ကောင်တွေကို ဒါနခန်းပြု ကိုယ်စားစွန့် တဲ့ ယတြာပညာရှိတယ် တစ်ချို့ ကျေးလက်တွေနဲ့ တစ်ချို့  ရိုးရာဓလေ့ လုပ်ရတာ နှစ်သက်ဆဲသူတွေ လုပ်နေဆဲပေါ့ 

နောက်တော့  ဒီန၀င်းပွဲပညာမှာလဲ မကျမ္မာရင် ဆံပင်စ လက်သည်း ခြေသည်း ဖြတ်ယူ မွေးနံကိုယ်စား ကိုင်းလေးမှာပတ်ချီပြီး န၀င်းယတြာကစားပေးတာ ရှိတယ်ပေါ့ လေ..

နောက်တစ်ခါ တရုပ်သရဲကားတွေမှာ မြင်လာရတာ ကိုယ် ရန်ရှာလိုတဲ့  တဖကကလူ ပိုင်ဆိုင်တဲ့  ပစ္စည်းတစ်ခုခုကို အောက်လမ်းသဘောမှော်သွင်းထားတဲ့  အ၀တ်စလူရုပ်လေးတွေ မှာ ထည့် သွင်းထားပြီး အဝေးကနေ အပ်နဲ့ ထိုးပြီး တိုက်ခိုက်တာ စီရင်တာမျိုးတွေ တွေ့ ခဲ့ ရတယ်ပေါ့ 

ဒီသုံးခုဆက်စပ်လိုက်ပြီး....နည်းပညာနဲ့  အခါနဲ့  အရပ်ထောင့် နဲ့  ဘာညာ ဘာညာပေါ့ လေ...အဲ့ လို...တွေးခဲ့ ဘူးတယ်လို့ ...အဲ တွေးခဲ့ ဘူးတယ်ပဲညှော်....ခိခိခိ

ငိုချင်းသည်...


ငိုချင်းသည်...
----
♫ ♪♫ တောင်တန်းပြာစစ်စခန်း..ကျောပိုးအိပ်ကို လွယ်ကာ..ဆိုတဲ့စစ်သည်သီချင်း...♫ ♪♫ ဆိုင်မော်ဝ်ကြီးရဲ့  ..အစ်ကိုစစ်သားတွေဟာလေ တောင်ပေါ်ဆောင်းတွင်းရောက်ရင် မိုးရေစိုစိုရွှဲလို့  ချမ်းလှပြီလေ ဆိုတဲ့  စစ်သည်တော်တွေအတွက် သီချင်း..စစ်သီချင်းတွေ..၂၀၀၇ ရွှေဝါရောင်အထိ အသည်းစွဲ ကြိုက်ခဲ့ သေးတယ်...ရွှေဝါရောင်ကိစ္စ ပေါ်လာတဲ့ အခါမှတော့ ....ကျနော့် ယူကျူ့ အကောင့် လေးထဲမှာ ဘာ စစ်သီချင်းမှ မထားမိတော့ ဘူး ဒီနေ့ အထိ ဘယ် စစ်သီချင်းမှ ခံစားပေးလို့ မရတော့ ဘူး...စိတ်ဒဏ်ရာတွေ တစ်ချို က အနှစ်သက်ဆုံး ဂီတတွေ တစ်ချို့ ကိုတောင် ခံစားမှု့ ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့တယ်..နာစရာရှိရင် ဥပက္ခာလား...နာတာနဲ့ ပဲဖြေတာ ပိုကောင်းလေသလား...ရုပ်မှာဖြစ်တဲ့  ဒဏ်ရာနဲ့ စိတ်မှာဖြစ်တဲ့ ဒဏ်ရာက ဘယ်ဒဏ်ရာက ပို နက်မယ်ထင်ပါသလဲ.....

ဘ၀တစ်ခုဖြစ်သန်းတဲ့ အခါ တစ်ခါတစ်ရံ  ပိုက်ဆံကြောင့်  ချောင်ပိတ်မိနေတဲ့ ဘ၀တွေကို ရင်ဆိုင်ခဲ့ ရတဲ့ အခါ ဘ၀ဟာ စိတ်ငရဲခန်းကျနေသလိုပါပဲ...အယူဝါဒရော စာဟောတွေကိုရော ဘာကိုမှ မယုံချင်တော့ ဘူး...လောကဓံဆိုးဆိုတာ အဓမ္မသမားတွေကို အသားစီးပေးထား မျက်နှာလွှဲထားပြီ.  အရိုးသားဆုံး ဓမ္မနဲ့ နေချင်သူတွေကိုမှ ပြင်းပြင်း ထန်ထန် ကျရောက်စေလိုက်တာမျိုးလား... အူမတောင့် မှ သီလစောင့် နိုင်တာလား သီလဆိုတာ အူမ မတောင့် လဲ စောင့် ရတာပဲလား..စောင့် ချင်သူစောင့် ပြီး မစောင့် ချင်သူမစောင့် ဖြစ်နေကြတောတွေလား....

လက်တွေ့ ဘ၀တွေမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ နာကျင်စရာ ဝေဒနာတွေ စိတ်ဒဏ်ရာတွေ ရုပ်ဘ၀ ငတ်မွတ်မှု့ တွေ ဟာ စာဓမ္မနဲ့  ဖြေသိမ့် ရတာ တကယ်ဆို ခက်ခဲလွန်းလှတယ်...လူ့ ဘ၀ဆိုတာ တစ်ကိုယ်ရည် ဘ၀အတွက် ထောင်ကျကျ ပြားကျကျ ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိဦးတောင် ..သံယောဇဉ် နွယ်စဉ်တန်းဖွဲ့ ကိုယ့် အသက်နဲ့  လဲလိုက်ချင်မိမတတ်  အကြင်နာကြီးမိရတဲ့  မိသားစုဘ၀တွေ အတွက်ပါ လောကဓံဆိုးရဲ့  ကြမ္မာဆိုးတွေကို ရင်ဆိုင်လာရတဲ့ အခါ...

တစ်ခါတစ်လေ လောကဟာ ကြိတ်ငိုချင်စရာတွေနဲ့  အစိမ်းချုပ် ဒဏ်ရာတွေနဲ့  ကြေကွဲစရာ ကောင်းတာတွေ များလွန်းလှတယ်လို့ တစ်ခါတစ်လေ ထင်နေမိတယ် ဘ၀ဟာ ရွေးချယ်ခွင့်  ရှိပါရဲ့ လား ကံစီမံရာလား လောကဟာ ပိုက်ဆံလား...လွမ်းရေးထက် ၀မ်းရေး ခက်ခဲ့ ပြီလား......လောကဟာ ကြိတ်ငိုချင်စရာတွေနဲ့  အစိမ်းချုပ် ဒဏ်ရာတွေနဲ့  ကြေကွဲစရာ ကောင်းတာတွေ  များလွန်းလှတယ်လို့ ထင်နေမိတယ် ဒီနေ့ တော့  ဘ၀ ငိုချင်းသည် တစ်ယောက်အတွက်  ဂီတခံစားမှု့  ငိုချင်းသည်လေးတစ်ယောက် ဖြစ်ခဲ့ ရပြီပေါ့ အမေရယ်...

ဒိုင်ယာရီ..(မျိုးအေး) (Cover).


ဒိုင်ယာရီ..(မျိုးအေး) (Cover).
---
မမေ့ တတ်တဲ့  လွမ်းစိတ် ငယ်နု ပြန်လည် ကာလေ  ရှင်သန်ချိန်မှာ. သတိတရနဲ့  ရင်းနှီး အဖေါ်ပြု ကျန်သူ အဖြေရှာ
ဝေဒနာ ဘယ်စီဝေး...ဘယ်လောက်ဝေး...ရင်နာ အတွေးလေးနဲ့ ဆွေး မျက်ရည်တေး သက်သေရေး ဖွဲ့ ရသော ဒိုင်ယာရီ
မှတ်စုများ..သည်းဦးပန်း  ရောင်စုံတွေ ( ရွက်သစ်နုဝေ ရွက်သစ်နုဝေ) ကြွေမယ်ထင် စိုးရွံ့ စိတ် များနဲ့ လေ
( လှည့် မကြည့် နဲ့ လေ စိတ်ချလို့ နေ ) ဒိုင်ယာရီ..
မှတ်စုများ သက်သေထား..ဒိုင်ယာရီ...သက်သေများ...မှတ်စုထား ...ဒိုင်ယာရီ...

မချစ်ဝံ့ ဝံ့  ချစ်ဝံ့ တဲ အကြောင်း တိုင်တည် ကြေငြာ နေစဉ်မှာ...
စိုးတထိပ်ထိပ် စွမ်းအား ကမ္ဘာ တစ်ဖက် လေဒဏ်  ရေဆန် ခြေရာ မြင်မှာလား...ပြင်မှာလား..
ဆိုင်သူ မငဲ့ နဲ့ အချစ် ကိုယ်စား ပြောမယ့် စကား ပုစ္ဆာများ ဖြည့် ရသော ဒိုင်ယာရီ...
မှတ်စုများ..သည်းဦးပန်း  ရောင်စုံတွေ ( ရွက်သစ်နုဝေ ရွက်သစ်နုဝေ)
ကြွေမယ်ထင် စိုးရွံ့ စိတ် များနဲ့ လေ ( လှည့် မကြည့် နဲ့ လေ စိတ်ချလို့ နေ) ဒိုင်ယာရီ
မှတ်စုများ သက်သေထား..ဒိုင်ယာရီ...သက်သေများ...မှတ်စုထား ...ဒိုင်ယာရီ...

အနွမ်း ပန်းမို့ စမ်းကျ ရေစီး သံသာ မျှော်မှာ ထာဝစဉ် ယုံပါ  နားစွင့် လို့  ထားမိ နေမြဲ ကံကို ပုံကာ တည်နေ
( ရင်ဆိုင်ရေး ရင်ဆိုင်ရေး ) ကာရံ ဖွဲ နွဲ့တဲ့ တေး ပျက်ပြီဟေ့  အထီးကျန် ဝေးခဲ့ ရသော ဒိုင်ယာရီ
မှတ်စုများ..သည်းဦးပန်း  ရောင်စုံတွေ ( ရွက်သစ်နုဝေ ရွက်သစ်နုဝေ) ကြွေမယ်ထင် စိုးရွံ့ စိတ် များနဲ့ လေ
 ( လှည့် မကြည့် နဲ့ လေ စိတ်ချလို့ နေ ) ဒိုင်ယာရီ
 မှတ်စုများ သက်သေထား..ဒိုင်ယာရီ...သက်သေများ...မှတ်စုထား ...ဒိုင်ယာရီ... ဒိုင်ယာရီ ...ဒိုင်ယာရီ