Powered By Blogger
Tuesday, March 22, 2016
တိုင်ပညာဘေ့ စစ်ကနေ
တိုင်ပညာဘေ့ စစ်ကနေ
------------
တိုင်ဘေ့ စစ်က  ခိုက်နဲ့  န၀င်းကို ဘေ့ စစ်ထားတယ်။ ဥပမာ တနင်္ဂနွေ တိုင်န၀င်းမှာ ကြာသာပတေး နံ ပညာ တရား ပေါ့  ခိုက်မှာ  စနေနံ အမှု့ ပြဿနာပေါ့   ဒီတော့  တနင်္ဂနွေတိုင် မှာ ပတ်ဝန်းကျင်ရဲ့  စကားသံ အမူအယာသံတွေမှာ တရား နဲ့ အမှု့ ၂ ခု တစ်ခုခု ကြီးစိုးနေတယ်  ပညာအကြောင် ဓမ္မ အကြောင်း သိသိသာသာ ပြောသံဖြစ်ရင်ဖြစ် သိက္ခာကို တိုက်ခိုက်တဲ့ အသံ အမှု့ သံ ဖြစ်ဖြစ် သိသာအောင်ကြားရလေ့ ရှိတယ်  အဲ့ တနင်္ဂနွေတိုင်မှာ ဗေဒင်လာမေးရင် ပညာသဘောကျောင်းကိစ္စ အဓိဌာန်ကိစ္စစသဖြင့် အတွက် ဒါမှ မဟုတ် အမှု့ သိက္ခာ အင်ပရက်ရှင်အတွက်လာမေးတာ...၂ ခုထဲက တစ်ခုခုပေါ့  အများအာဖြင့်  လူတွေက ခိုက် နဲ့ လာတာများတယ်  ဘောမတိုင်မှာလာရင် ငွေ ကိစ္စ  ၀မရှိပဲ ၀ိလုပ်တာမျိုးတွေ  ဂုရုတိုင်မှာဆို လူ ခိုက် ဆိုတာ ဖြတ်လမ်းသမား လောင်းကစားသမား ဖွန်ကြောင်တွေလာတာ အဲ့ ကိစ္စတွေများတယ်...စနေတိုင်ဘေ့ စစ်က သောကြာနံခိုက်သဘော ထောင်ဆေးရုံဘုန်းကြီးဗိုက်မသာကလေးအမှု့ လို ရှော့ ကီး ထုတ်တယ်။ တနင်္ဂနွေတိုင်ကို တရားတိုင်အမှု့ တိုင်  တနင်္လာတိုင်ဆို ခရီးခွဲခွာတိုင် အင်္ဂါတိုင်ဆို အကြွားအလိမ်အရှုတ် ဓါတ်နတ် ဟူးတိုင်ဆို ယှဉ်စိတ်ပြိုင်စိတ် အနိုင်လိုစိတ် ကြာတေးတိုင်ဆို  လူပျက်အကျင့် ပျက်တိုင် သောကြာတိုင်ဆို အရူးးအပျော်တိုင် လို့  ရှော့ ကီးတွေရှိတယ် ခိုက်နံ နဲ့ န၀င်နံ ၂ ခုကိုပဲ ချုပ်ပြောတာ...
အဲ့ ရှော့ ကီးတွေ ကိုင်ထားလိုက်ပြီး  ရုပ်ဖမ်းသံဖမ်းခြေရာကောက်သဘောတွေကို လတွေ ရက်တွေ နှစ်တွေနဲ့ ချီပြီး စိတ်နှစ်နေရတာ လနဲနဲရတော့  အခါတိုင်တွေကို အထာပေါက်လာတယ်....
ဆိုပါတော့  ဒီနေ့ က ကြာတေးနေ့   မနက်က ကြောင် ပြဿနာလာပြောတဲ့  သူက ကြာသာပတေးသမီး န၀င်းနဲ့ လာတာ သူလာတာက သူ့ ကို အပုတ်ချနေတာ အကူတွေထဲကကို အထင်လွဲနေတာတွေအကြောင်း ( မြေကွက်ပေးထားတာ ဘုန်းကြီးကတဲ့  ( တနင်္ဂနွေတိုင်တရားသံပါလာတယ်)....အင်ပရက်အဖဲ့ ခံနေရတာ တနင်္ဂနွေတိုင်ရဲ့  ခိုက် စနေနံ အမှု့ သဘော...အဖိုက်ခံနေရတဲ့  ကြာသာပတေးသမီးက န၀င်းမှာမို့  ခုကိစ္စမှာ သူပြိုလဲ မသွားနိုင်ဘူး..(ဒါက တိုင်ပညာက သူ့ စကားနားထောင်ပြီး အဖြေသိနေပြီ) (ဘဘုန်းက ကြောင်တွေရော အလှုငွေတွေရောလက်ခံပြီး သူပဲ သိမ်းထားတယ်လို့ ဆိုတယ်  ကြောင့်  စားရိပ်အ၀၀ကြတော့  ကြောင်ပရဟိတ လုပ်တဲ့  အဲ့ ကြာတေးသမီးက အများဆုံးစိုက်ထုတ်နေရတယ် ( ဒါက မကျေနပ်သံ  )  အခါတိုင်မှာ န၀င်းသမားမို့  မပြိုလဲ နိုင်သေးဘူးဆိုတာ  ဒီကြောင်ဂေဟာ ဘယ်လောက်ခံမလဲဆိုတာ အဲ့ ကြာတေးသမီးသက်ရောက်  သောကြာသက်ရောက် လစိတ် သောကြာမို့  လောလောဆယ် အိုကေနေဦးမယ်လို့ အဖြေထပ်ပေါ်တယ် ( ဒါက သက်ရောက်နဲ့ ညှိပြတာ)
သဘောက အခု ကြာတေးသမီးရဲ့ ပြဿနာကို စွယ်တော်ရွက်ယတြာတွေ ကြက်ဥပြုတ်လှုတာ ဘာညာနဲ့ တင် လောလောဆယ် အဆင်ပြေသွားလိမ့် မယ်ပေါ့ 
ဆရာဟာ လဲ ဘယ်အခါတိုင်ထဲမှာ မဆို ကိုယ့် မွေးနံ ဘယ်မှရှိလဲ ဆိုပြီး အမြဲ ဆင်ခြင်နေတယ်  အခါတိုင်တစ်ခုဟာ တစ်လောက်ကလုံးကို လွှမ်းမိုးတယ်  ဥပမာ သောကြာတိုင်ဟာ အရူး အပျော် တိုင်ဆိုတာ  အရူးဆိုတာ စိတ်ထင်တိုင်းထရမ်းတာ ကြာသာပတေး ခိုက် အတွေးလွတ် သဘော  အပျော်က အင်္ဂါနံ စိတ်အောင်မြင် စိတ်ချမ်းသာခြင်းသဘော...ဒီတော့  သောကြာတိုင်မှာ ကြာသာပတေးသား သာ ပေါက်ကရ ထရမ်းရင် ဒုက္ခရောက်နိုင်ပြီး အင်္ဂါသားက ကေါက်ကထလုပ်ရင် ရုတ်တရက် ဒုက္ခမရောက်တတ်သေးဘူး စိတ်လွတ်လက်လွတ်ပျော်လို့ ရသေးတယ်....( ဒါက ကိုယ်တိုင်အတွက် ကစားတာ)
အခုရေးခဲ့ တာ တိုင်ကို လက်တွေ့ သုံးတတ်အောင်လို့  ချုပ်ရေးပြတာပါ ကျယ်တော့ ကျယ်ပါတယ်   အခါတိုင် တစ်ခု အတွင်းမှာ ရှော့ ကီး အသံတွေဟာ သိသာထင်ရှားအောင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုပ်ပိုင်း အသံပိုင်း အမြင်ပိုင်း နမိတ်ပိုင်းနဲ့ ပြပေးနေလေ့ ရှိတယ်  အဲ့ ဒါကို စောင့် ကြည့် နေခဲ့ ရတာ  ဘယ်ကိစ္စက န၀င်းအသံ ဘယ်ကိစ္စက ခိုက်သံ လို့ ခွဲယူတာ...
သင်းချိုင်းကုန်းမှာ
သင်းချိုင်းကုန်းမှာ
----
ပုခက်တွင်းကနေ မူကြိုအရွယ်ကြားခေးတွေ အနိစ္စရောက်တာ တွေ့ ရရင် ပုံမှန်ထက် ရင်ထဲမကောင်း ဖြစ်ဖြစ်သွားတယ်...
ကျနော့် အောက်မှာ နှစ်နှစ် မပြည့် ခင် ကွယ်လွန်သွားခဲ့  ညီလေး တစ်ယောက် ရှိခဲ့ တာကိုး
အဲ့ တုန်းက ဆေးပညာကလည်း အသိမကြွယ်သေး ရုန်းကန်နေရဆဲမိသားစုတွေ မို့  ညီလေးဟာ ဆေးပေါင်းခသလို
 ဖြစ်ခဲ့ ရတယ် အတွင်းတက် တက်သွားရင် တော်တော်နဲ့ ပြန်မကျတတ်ဖူး...မောင်နှစ်မတွေထဲမှာ ရုပ်အဖြောင့် ဆုံး
အသားအဖြူဆုံးလေးမို့  ညီလေးဆုံးတော့  အားလုံး ယူကျုံးမရပါပဲ.......
မိသားစုလိုက် ဘ၀ဖြတ်သန်းမှု့ မှာ ( ကြုံရတတ်တဲ့  ) ကြုံခဲ့ ရတဲ့  ရင်နာစရာကောင်းတဲ့  အကြောင်းတွေမှာ ဆေးကု စားရိပ်တောင်
လိုက်ချေးငှားခဲ့ ရတဲ့ သဘောတွေလဲပါတယ် ဆင်းရဲတာ သိပ်ကြောက်စရာကောင်းတာပဲ ဆိုတာ အဲ့ ကတည်းက အသိဝင်ခဲ့ တယ်ပေါ့ လေ..
ညီလေးက မွေးကတည်းက ချူခြာလွယ်တဲ့ ခေးလေးဖြစ်ခဲ့ တယ်  မိသားစုကနေ နှစ် နှစ်မပြည့် ခင် ခွဲခွာသွားတော့  တိုင်းရင်းဆရာတွေက
ရောဂါခေါင်းစဉ်တပ်တာက သူငယ်နာကျဗဟုံး ဆိုလားဘဲ....အဲ့ တုန်းက ညီလေးကို ကြံတော သင်းချိုင်းကုန်းပို့ တော့  ဆိုင်းနဲ့ ဝိုင်းနဲ့ ပို့ ကျတာ
ငိုလိုက်ကြတာ ငိုလိုက်ရတာလေ ဘာပြောကောင်းမလဲ
အမေဆိုတာ ပဋာမြေလူးပဲ...ညီလေးက ချောကလဲချော ဖြူကလဲဖြူနဲ့  ပိုးမွေးသလို မွေးခဲ့ ရ ( ပိုးမွေးသလို မွေးခဲ့ ရတယ်ဆိုတာ
အမေပြောခဲ့ တဲ့ စကားလေးပါ) .. ခလေး ဆေးစားရိပ် ပြတ်သွားလို့  အမျိုးအိမ်တွေ မျက်နှာအောက်ချပြီး လိုက်ချေးခဲ့ ရ ဒီညီလေးအတွက်
အတော်ကြီးကို အားစိုက်ခဲ့ ရတာ  လွန်သွားချိန်မှာ ပကတိ အိပ်ပျော်နေသလိုပါပဲ  ငယ်ဘ၀အကြောင်းတွေ အားလို့ ပြန်တွေးးရင်
အဲ့  လွန်သွားတဲ့ ညီလေးကို တစ်ခါတစ်ခါ သတိရမိတယ်...။
သင်ချိုင်းကုန်းမှာ ဆိုတဲ့  ငယ်စဉ်က ဖတ်ရတဲ့ စာ လို  သုဿန်ဆိုတဲ့  လုပ်တိုင်းကုန်းဆိုတဲ့  သင်းချိုင်း ဆိုတဲ့ အကြောင်း
အက်ဆေးတွေ ရသစာလေးတွေ တွေ့ လိုက် ဖတ် လိုက်ရင် ကိုယ့် ရဲ့  ချစ်ခင်ရတဲ့ သူတွေ ခွဲခွာသွားတာတွေ သတိရမိပြီး
   ခံစားမှု့ တွေ တစ်မျိုးဖြစ်ဖြစ်သွားတတ်တယ်  သံယောဇဉ်ဆိုတာ ဒီလိုပါပဲ ထိထိရှရှ ကြေကြေကွဲကွဲ နဲ့ 
ရင်နဲ့ အမျှ အဖြစ်တွေလည်း ကြုံရတာပါပဲ..
ရာဟုခတ်ခြင်း
ရာဟုခတ်ခြင်း
-------------
ရာဟုတ်ခတ်တာဟာ တစ်ချို့ လူတွေကို သွေးသားဖေါက်ပြန်စေပြီး  စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်စေတတ်တယ်ခမျ။  ၉၀ ဖွား  ကြာတေးသမီး  MSC တက်နေပြီ  ရီးစားသညာ ဘာညာမရှိ   စာချိုးလေး.. သူ့ မိဘ ၂ပါးစလုံး သူတို့  သမီးအတွက်  ကျနော့် ဆီရောက်လာတယ်  လာတဲ့  အခါတိုင်က စနေ တိုင်  ကြာသာပတေး ဆပွတ်  ခေါ်တဲ့  စုတ်နေရာမှာ
အသက်က ၂၆  ရာဟုသက်ရောက်  လစိတ်က  စနေလစိတ် ( မွေးလပြန်ဝင်ခါနီးနေပြီ)...သူတို့ သမီး  အခု တစ်အိမ်လုံးနဲ့  မတည့် ဘူး ဖြစ်နေတယ်  အိမ်ကထွက်သွားချင်တယ်လဲ ဆိုနေတယ်  .
ကျနော်က သိပြီ ဒါ..ရာဟုတ်ခတ်နေတဲ့  သဘောပဲ  အကယ်၍  အဲ့  ကြာသာပတေးသာ ကျားဆိုရင်  ကေတီဗွီတွေ  ကြက်တန်းတွေ  ရောက်နေပြီ..အခုက  စာချိုး..သွေးသားက  သတ္တ၀ါတွေရဲ့  သဘာဝတ္တတရားအရ  တောင်းဆိုနေတဲ့  အဖက်   သဘောက ဆင်တွေ မုန်ယိုနေချိန်  ဒေါသ ဖြစ်နေတဲ့ သဘော............
အဲ့ သဘောကို ရှင်းပြရတာ အတော် လက်ဝင်တယ်.ဘာပယောဂမှမှုတ်ဖူး ဆိုတာကိုလဲ ရှင်းပြရတာ လက်ဝင်တယ်  ဒီသဘောဟာ ဆေးပညာသဘော ပတ်သက်ကြောင်းလဲ ရှင်းပြရသေးတယ်  ယတြာပေးရတာလဲ ခက်တယ်(  ခက်ပေမယ့်  မတွန့် စေရ အညွန့် တွေ ပေးရတယ်  ကျန်တာ အရုပ်ပညာပေါ့  )
သဘောက  လူ့  သဘာဝတ္တတရားဆိုတာ အတော်ကျယ်ပြန့် သလိုစာဖတ်နာတာ   သဘာဝတ္တတရားသဘောတွေ ကို  နားလည်ထားတာ ဆရာသမားတွေဆီက ဆည်းပူးခဲ့ တဲ့  ဗဟုသုတတွေပါ အများကြီးထည့် တွေးရတယ်.
ရာဟုသက်ရောက်  ရာဟုလစိတ်ဖြတ်ရင် ရာဟုစိတ်တွေ ထကြွလာလေ့ ရှိတယ် အဲ့ မှာ အဲ့ စိတ်ကို ထိမ်းကွပ်ရတာ  အတော်ပညာပါတယ်  ဆိုက်ကိုတွေကိုပါ ထည့် တွက်ရတယ် နေရာတကာ ဂြိုလ်စီးဂြိုလ်နင်းဖက်ချည်း  တွေးပြီး  တွက်ချက် ပြနေလို့ မရပေဘူး.
လူဟာ သူ့ လိုလားတဲ့  ဆန္ဒ မပြည့် ရင်လဲ ရန်လိုစိတ် ဖြစ်လာတတ်တယ်ဆိုတာ  ဆိုက်ကိုသဘောပဲ
ငါးဗြေမ ဂီတဆရာ နဲ့  စာတွေကပေးတဲ့  စိတ္တဇ
ငါးဗြေမ ဂီတဆရာ နဲ့  စာတွေကပေးတဲ့  စိတ္တဇ
----------
ကျော်ကြားတဲ့  ဂန္တ၀င်မြောက် စန္ဒရားဆရာ တစ်ယောက်ဟာ အရွယ်ကောင်းအချိန်မှာပဲ  ရုတ်တရက် သွေးတိုးပြီး ကွယ်လွန် သွားရှာတယ်...ယူကျုံးမရပါပဲ
အဲ  ပြဿနာက ဘာဖြစ်ကျန်ခဲ့ လဲဆိုတော့   အဲ့ လို သွေးရုတ်တရက် ဆောင့် တိုး မကွယ်လွန်ခင်လေးတင်က  ကျော်ကြားတဲ့  ဓါတ်ရှင် မင်သမီးရဲ့  အလှုတစ်ခုမှာ
ငါးဗြေမ ဟင်းလျားနဲ့  ထမင်းစားခဲ့ တယ်လို့  သတင်းတွေက ပါလာတယ်.သဘောက  ငါးဗြေမ ဟင်းလျားက သွေးတိုးအခြေခံရှိသူတွေနဲ့ မတည့် သလိုလို
ငါးဗြေမ စားရင် သွေးတိုးတတ်သလိုလို တွေ   အသိစိတ်မှာ ဖြစ်ကျန်ခဲ့ တယ်.
အဲ့ စိတ္တဇက  အိမ်မှာ ငါးဗြေမ ဟင်းချက်တိုင်း  စားပြီး ဆေးသောက် ဖြစ်ခဲ့ တော့ တာပါပဲ....ငါးဗြေမဟာ  သွေးတိုးမတိုး အသေအခြာ မသိပေမယ့် 
သတင်းတွေ  စာတွေအလိုအရ  ငါးဗြေမဟင်းကို စားခါနီးတိုင်း စားပြီးရင် သွေးတိုးတော့ မှာလားဆိုတဲ့  စိတ္တဇ တော့  ၀င်သွားခဲ့ ပြီ.......
ဟုတ်သောရှိ  မဟုတ်သောရှိ  ငါးဗြေမ ဟင်းစားပြီးတာနဲ့  သွေးကျဆေးကို  ကြိုသောက်တဲ့  ဘ၀ဖြစ်လာတယ်....စာတွေရဲ့  စကားတွေရဲ့  လွှမ်းမိုးမှု့ ဆိုတာ အဲ့ လောက်တာသွားတယ်လေ........။
မရဏအိမ်နဲ့ အလျော်အစား
မရဏအိမ်နဲ့ အလျော်အစား
--
ခဏခဏလာတတ်တဲ့  သုည တနင်္ဂနွေသမီးတစ်ယောက်ရှိတယ်  တော်တော်စွာတယ် စိတ်လဲ အလွန်မြန်တယ် စိတ်မြန်လွန်းတော့  စကားပြောတာပါ သိပ်မြန်တယ်  သူ့ ယောက်ျားက ၅ ဟူးသား ဆလရ ဖက်က အကောင်မျိုးတွေ ထောတယ် ကဲတယ် ဒီတနင်္ဂနွေနဲ့ တကျက်ကျက်ပဲ  အဲ့  ၅ဟူးသားကလဲ အပြင်လူဆို အရမ်းသဘောကောင်းသလော အဲ့  တနင်္ဂနွေ သမီးနဲ့ ဆို ပက်ပက်စက်စက် ဆဲ တဲ့ အထိ မတည့်  မတည့် သာမတည့် တာ ကွဲတော့ မကွဲသွားဘူး......အဲ့  အမျိုးသမီး မွေးထားတာကလဲ တစ်ဦးတည်းသော သမီး
၅ ဟူးသမီး ဖြစ်နေပြန်တယ်  အဲ့  သမီးကလဲ အဲ့ တနင်္ဂနွေသီးနဲ့  မတည့် ပြန်ဘူး ဟူးသမီးက  မအေနဲ့ သာမတည့် တာ ဖအေနဲ့ ကြတော့  တည့် နေပြန်တယ် ဖအေကလဲ သမီးဆို ဂွတ်ပြီးသား သဘော ဖြစ်နေတယ်  ဒီတော့  သုံးယောက်မိသားစုမှာ  ဖအေနဲ့  သမီးက တစ်ဂိုဏ်း မအေက တစ်ဂိုဏ်းလိုဖြစ်နေတယ်ပေါ့ လေ
မိသားစုဆက်ဆံရေး စတိုင်ကို ရေးပြခဲ့ တဲ့  အကြောင်းက အသက် ၂၂ တနင်္ဂနွေမရဏသက်ရောက်ထဲ ၀င်နေပြီ ဖြစ်တဲ့   သမီး ၅ ဟူး မလလေးက ဘဲများတယ် ဒါကို မအေကမကြိုက်ဘူး ပြောလို့ လဲမနိုင်တော့ ဘူး အဲ့ မှာ သမီး အိမ်ထောင်ရေး ဘယ်လိုနေမလဲမေးတော့  ကျနော်က အဲ့  ၅ဟူးသမီး ဘယ်သူနဲ့  ဘယ်အသက်မှာ အိမ်ထောင်ကျကျ
အိမ်ထောင်ကံဆိုးလိမ့် မယ် သူ့ ကို တစ်ဖက်သပ် ဗိုလ်ကျတဲ့  သူနဲ့ ပဲ ကျမယ် အိမ်ထောင်ရေးမကောင်းဘူးဆိုတာ ဓန ရှိတာမရှိတာ ကွဲတာမကွဲတာနဲ့  မဆိုင်ဘူး  လို့ ပြောလိုက်တော့  မအေတနင်္ဂနွေက ကျမကိုစော်ကားလို့ လားလို့ မေးတယ် ကျနော်က အဲ့ စကားလုံးက ပြင်းထန်တယ် ကျနော်ဆိုလိုတာက သူက မိဘတွေအပေါ် ဗိုလ်ကျလွန်းရင် လောကဓံက သူ့ ကို ပြန်ဗိုလ်ကျမယ့်  သူကချည်း တစ်ဖက်သပ် အလိုပြန်လိုက်နေရတဲ့ အိမ်ထောင်ရေးမျိုး ပြန်ချပေးလိမ့် မယ် အဲ့ အတွက် ယတြာမရှိဘူးလို့ ဆိုလိုတာ လို့ ဆိုလိုက်တော့  မအေက  ဒါဆိုဘယ်လိုလုပ်လို့ ရလဲလို့ ထပ်မေးတယ်  ဒီတော့ ကျနော်က ဒါကတော့  အဲ့  ဟူးသမီးကိုယ်တိုင် သူ့ ကိုယ်သူ ကာရိုက်တာတွေ နှစ်နဲ့ ချီ
ပြောင်းလဲပစ်မှ ရမှာလို့  ပြောလိုက်တယ်....အခုတောင် သူထားတဲ့ ဘဲတွေကို သူဘယ်လောက်အလိုလိုက်နေရလဲ သိမှာပေါ့ ဆိုတော့  မအေက ဟုတ်တယ် အဲ့ ဒါကိုပဲကျမက
မကျေနပ်တာ သမီးထားတဲ့ ကောင်လေးတွေက သမီးဆီကချည်း ရိတ်နေတာဆရာ တဲ့  ........( မအေသုည တနင်္ဂနွေက အသက် ၄၈ ထဲမှာ ဖအေ ၅ဟူးက အသက် ၅၆ /၅၇လောက်ရှိပုံရပြီ)  ၅ဟူး သမီးကဲတာ ၅ဟူးသားကြီး..ဖအေ့ ဇတွေ အများကြီးပါနေတဲ့ သဘောလဲရှိတယ်။ ၅တွေဟာ ကျားဆို ဖအေနဲ့  မဆို မအေနဲ့  ထိပ်တိုက်ခဏခဏတွေ့ တာများတတ်လေ့ ရှိတယ် ။ ဘာဘဲဖြစ်ဖြစ် မအေ တနင်္ဂနွေအတွက်တော့  စိတ်မကောင်းစရာပါပဲ မအေဆိုတာ မအေ့ ခံစားမှု့ ရှိတယ်မဟုတ်လား
ခိုက် ၂ မျိုး ( န၀င်းယတြာပညာခန်းအကြောင်းပါ)
ခိုက် ၂ မျိုး ( န၀င်းယတြာပညာခန်းအကြောင်းပါ)
---------
အဲ့ မှာ ခိုက် ၂ မျိုး ထွက်လာတော့ တယ်..။  မရဏဖွား နဲ့ ရာဇဖွား အတွက်ဆို  အလယ်တွဲ အမြစ်အညွန့်  ဟာ  အထက်ဆောင်ပန်း အောက်နင်းကြမ်း ဖြစ်ပြီး  တြိရမ်း စတုရမ်း ဟာ ခိုက်အဖြစ် အသွင်ပြောင်းသွားတယ်...
ဥပမာ  ၁ သောကြာ ရာဇဖွား နဲ့  ၄ သောကြာ သိုက်ဖွား ကို ဆောင်းပန်း နင်းကြမ်း ခိုက် ဖြုတ်  န၀င်းယတြာ ကစားပေးတော့ မယ်ဆိုပါတော့ .
၁ သောကြာ အတွက်  ဆောင်ပန်း နင်းကြမ်းဟာ အလယ်တွဲ အညွန့်  စနေနံ  နဲ့  အမြစ်  ကြာသာပတေးနံ  ထန်းနဲ့ ပျဉ်းမ ဟာ ဆောင်ပန်းနင်းကြမ်း အတွဲ ဖြစ်လာပီး တြိရမ်း အုန်း ညွန့် နဲ့   စတုရမ်း ကံ့ ကော် ညွန့် ဟာ  ခိုက် ဖြစ်သွားတယ်သဘော
၎ သောကြာ အတွက် ဆို အင်္ဂါ နံ အညွန့်  ဇော်စိမ်း တို့  ဇီးတို့ က ဆောင်ပန်း အညွန့်   ကံ့ ကော်တို့  ကြံရွက်တို့ က  နင်းကြမ်း တနင်္လာနံ အရွက် အတွဲ ဖြစ်ပြီး  အမြစ်နံ  ကြာသာပတေးနံ ပျဉ်းမရွက်က  ခိုက် ညွန့် ဖြစ်သွားတယ်သဘော
ဒီ န၀င်းရိုက်တဲ့  ပညာမှာ ခိုက်နံဟာ  အရေးပါတဲ့  သဘောရှိတယ်  ဖြစ်လာသမျှ ဒုက္ခအ၀၀ကို ခိုက် ကို နင်း ထိုင် န၀င်းရိုက်ပြီး ဖြေရှင်းတာမျိုး သလေဘာဆောင်သလို  ခြေမန်းကွင်းနဲ့  တုတ်နှောင်ချည်ငင်တဲ့  အခါမှာလဲ  ခိုက် နံကို  အရင်ဆုံး ဦးစားပေး ချည်နှောင်တုတ်ငင်ရတဲ့ သဘော ရှိပါတယ်..
အခုရေးပြခဲ့ တာ ခိုက် ၂ မျိုး ကွဲတဲ့ အကြောင်းပါ  န၀င်းပညာဟာ ခြေခြေမြစ်မြစ် ယုတ္တိကျကျ ရှိပါတယ်ပေါ့ ဗျာ  ချုပ်လိုက်ရင် န၀င်းထိုင်တဲ့  ပညာရပ်မှာ  ဘယ်မဟာဘုတ်နဲ့ မွေးမွေး   မရဏဖွား နဲ့ ရာဇာဖွား ရဲ့  ( အမြစ်အညွန့် မတွန့် စေရ  အလယ်တွဲ သမားတွေ) တွေရဲ့  ခိုက် နံဟာ သူတို့  အသီးသီးရဲ့  တြိရမ်းနဲ့  စတုရမ်းနံသာဖြစ်ပြီး  ကျန် အဖွားတွေရဲ့ ခိုက်က  သူတို့ မွေးနံ အသီးသီးရဲ့  အမြစ်နံ က ခိုက် ဖြစ်တယ်လို့ ဆိုလိုတာပါ
လက်ကိုင်အညွန့် ကိစ္စပါ
လက်ကိုင်အညွန့် ကိစ္စပါ
---------------
ကျနော်တို့ ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း ဆရာကြီးဦးကြာမြင့် လိုင်းမှာ  ယတြာစနစ်တစ်ခုခု  ကွန့် တော့ မယ် အပြောင်းအလဲ တစ်ခုခု လုပ်တော့ မယ်ဆိုရင် ယုတ္တိတန်တဲ့  အကြောင်းပြချက် နဲ့ သာ အရွေ့ လုပ်ခဲ့ ကြတယ်ဗျ  အဲ့ အရွေ့ တွေမှာ ဆရာဦးလင်းအောင်နဲ့  ဆရာကြီးနဲ့  အပြန်အလှန်ဆွေးနွေးပြီးမှ အပြောင်းအလဲ လုပ်ခဲ့ ကြတာများတယ်
ဆရာဦးလင်းအောင်က သိပ်ဘရိမ်းပြေးပြီး လောကီရေးရော လောကုတ်ရော နှံ့ စပ်တယ် ဆရာကြီးအာဘော်တွေကို ဖွင့် ဆိုရှင်းပြတဲ့ နေရာမှာ တစ်ခါတစ်လေ ဆရာကြီးရဲ့ အာဘော်ကို ကျနော်တို့ လိုက်မမီတဲ့ အခါ ဆရာဦးလင်းအောင်က ကျနော်တို့ ကို ကြားကပြန်ရှင်းပြမှ နားလည်သွားတာလဲ အများကြီးပဲ...........
အဲ့ အတွက် ခိုင်လုံတဲ့  အကြောင်းပြချက်က နေ့ သားတွေ န၀င်းထိုင်ပေးရင်  ခိုက် ဆိုတာ ရှိတယ် အဲ့  ခိုက်က နေ့ သားတွေရဲ့  အမြစ်နံပဲ  ဥပမာ တနင်္ဂနွေသားတွေရဲ့  ခိုက်  စနေနံပေါ့ 
အဲ့ စနေနံ ဒန်းတို့  ထန်းတို့ ဟာ  အလယ်တွဲဖြစ်တဲ့  တနင်္လာနံ အညွန့် ကံ့ ကော် နဲ့   ( အမြစ်အညွန့်  အလယ်တွဲ အဖြစ် န၀င်းဓါတ်တစ်လုံး မိနေတယ်  သဘောက န၀င်းထိုင်တဲ့ လူတိုင်း  ဆောင်ပန်းနင်းကြမ်း န၀င်းတစ်လုံးအပြင်  ခိုက်+ လက်ကိုင် အညွန့်  = န၀င်းတစ်လုံး ထပ်ရလို့ ဆောင်ပန်းနင်းကြမ်း ခိုက် လက်ကိုင်အညွန့်် နဲ့ တင် န၀င်းဓါတ် ၂ လုံးရသွားတယ်.......အဲ့ အတွက်  ဘာဆိုက် အဖက်မှမရှိဘူး  ပိုအားပြည့် သွားတာ ပိုကောင်းသွားတာပဲရှိတယ်
အဲ့ မှာမှာတောင်မှ ပထမပိုင်းမှာ  လက်ကိုင်အညွန့် ကို ကိုင်ယုံသာ ကိုင်ထားစေတာနဲ့  ရိုက်ပေးတာ ကွာသွားသေးတယ် ဥပမာ  ၆ တနင်္ဂနွေ န၀င်းထိုင်တော့  လက်ကိုင်တနင်္လာနံ ကံ့ ကော်ဟာ အကိုင်အဆင့် ပ မရီုက်ပေးခဲ့ ကြဘူး ကျန် တနင်္ဂနွေသားတွေကို ရိုက်ပေးခဲ့ ကြတယ်   ၆ တနင်္ဂနွေကို မရိုက်တာက မရဏညွန့် ဖြစ်နေလို့  အကြောင်းပြချက်
နောက်တွေ့  အတွေ့ အကြုံတွေနဲ့  စမ်းသတ်ခဲ့ ချက် တွေးဆခဲ့ ချက်တွေအရ  အရ  ဘာမဟာဘုတ်တွေနဲ့ မွေးမွေး  လက်ကိုင်အညွန့် နဲ့  နေ့ သားအားလုံးကို ရိုက်လို့ ရတယ် ဖြစ်လာတယ်...ဒါ ဆရာကြီးဆရာတို့  လက်ထက်ကတည်းကပဲ
တန်ပြန် (သို့ ) ဒဏ်ပြန် ပညာခန်းဆိုတာ သပ်သပ်ရှိတယ်  ဒါက ပြန်ဖိုက်တဲ့  ပြန်ခန်းသဘော လက်ကိုင် အညွန့်  ကိုင်ခြင်း မကိုင်ခြင်းနဲ့  ဘာမှမဆိုင်ခဲ့ ဘူး  ဒဏ်ပြန်ပညာခန်း စတိတောင် ဒီဂရုထဲ ကျနော်ရေးပြခဲ့ ဖူးသေးတယ်....ဆရာတွေမှာချက်အရ အလွယ်နဲ့ တောင်မလုပ်စေချင်တတ်ဖူး သံသရာဝဋ်သဘောတွေ မျှော်မြင်ပြီးတော့ ပေါ့ 
ချုပ်လိုက်ရင် မူလပထမကရှိခဲ့ တဲ့  ယတြာနည်းစနစ်တစ်ခုခု ချိန်းတာ ကွန့် တာ တွေဆိုတာ  အနဲဆုံး ယုတ္တိကျကျ အကြောင်းပြချက်တွေ ရှိနေသင့် တယ်  ဆရာကြီးတို့  ဆရာတို့ တွေလဲ ယတြာန်းစနစ်တိုင်းကို ယုတ္တိကျကျ ရှင်းပြဖွင့် ဆိုခဲ့ ကြတယ် စိတ်ကူးယဉ်သက်သက်မဟုတ်ခဲ့ ကြဘူး လက်တွေ့ ဆန်ဆန်တွေ အများကြီးပြုခဲ့ ပြီးမှ အတွေးအခေါ်တွေပေါင်းပြီး ယတြာနည်းစနစ်တွေ ပြောပြခဲ့ ကြတာပါပဲ
ဝဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့ 
ဝဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့  :'(
---------------------------
ဒီနေ့ တနင်္လာနေ့  မနက်၉နာရီကွက်တိ ဂုရုတိုင်အ၀င်မှာ ရောက်လာတာက အသက် ၃၀ ပြည့် ခါနီး စနေသက်ရောက်ထွက်ခါနီး ၄ သောကြာ မဒီလေးဗျ  ဘာအဓိက ကြည့် ပေးရမလဲဆိုတော့  အချစ်ရေးနဲ့ အလုပ် တဲ့  အချစ်ရေးအဓိကလို့  မဲ့ တဲ့ တဲ့ အမူအယာလေးနဲ့ .....သြော် လောလောဆယ် ကွိုင်တက်နေတယ်ပေါ့   ပြန်ညက်ချင်လို့ လား လို့ ဆိုလိုက်တော့  အသံလေးတုန်တုန် တုန်ုတုန်နဲ့  ဟုတ် သမီးကို ဖုံးမဆက်နဲ့ လို့ ပြောလို့  သမီးက သူ့ ကို နားပူအောင်လုပ်လို့ တဲ့ ဆရာရယ် သူက သမီးအရင်လဲ ပွေတယ် သမီးအပြင်လဲ ပွေနေလားမသိပါဘူးဆရာရယ်  သူပွေမှန်း သိပေမယ့် သမီးက သူ့ ကို မခွဲနိုင်ဘူးဆရာ သမီးကို ခွဲမသွားအောင်ပါဆရာရယ်.သူက သမီးအပေါ်ဘယ်လိုလဲဟင်. သမီးက ပွင့် ပွင့် လင်းလင်းပြောရရင် သူနဲ့ မှားခဲ့ ပြီးပြီ  .သူနဲ့ ယူဖြစ်မှာလားဟင် ...လို့  ကရားရေလွှတ်တောက်လျှောက်ကြီး ရင်ဖွင့် လာတော့ ........
အာ.....မှားခဲ့ တာတွေဘာတွေ စိတ်ထဲမထားနဲ့  ဒီဖက်ခေတ်ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ပါဗျာ.  ဒါနဲ့  သူက ဘာနေ့ သားလဲ အသက်ဘယ်လောက်လောက်ရှိပြီလဲဗျလို့  စိတ်ပေါ့ သွားအောင် ပြောလိုက်ပြီး မေးလိုက်တော့  မေလ ၉၁ ဖွား တနင်္လာသားပါဆရာတဲ့   ...( အသက် ၂၅ ရှိပြီဖြစ်တဲ့  ၂ တနင်္လာပေါ့   လာတာက ဂုဂုတိုင်နဲ့ ). အေးဗျာ အဲ့ တနင်္လာက လှည့် ဖျားနေတာတော့ သေခြာတယ် သူနဲ့  ယူဖြစ်မယ်မယူဖြစ်မယ်ဆိုတာတော့  မွေးလကျော်လို့  ရှိရင် အဖြေပေါ်လာလိမ့် မယ်  အခုအထိတော့ ယူဖြစ်ဖို့  မသေခြာဘူး နောက်တစ်ချက်က မွေးလကျော်ရင် အသစ်တွေ လာလိမ့် မယ် လို့ ဆိုလိုက်တော့  ဟုတ် အခုတောင် အသစ်တွေ ကမ်းလှမ်းလာတာ ကြုံနေရတယ်ဆရာ သမီးက သူ့ ကိုပဲ ချစ်တယ် သူနဲ့ မကွဲချင်ဘူး  မကွဲအောင် ယတြာလုပ်လို့  မရဘူးလားဟင်..သမီးက ဖုံးစမဆက် သူက စဆက်လာအောင် လုပ်ပေးလို့ ရလားဟင်..တဲ့ ..
ယတြာက အခုပေးလိုက်ရင် သုံးလေးရက်အတွင်း သူ့ က စ ပြန်ဆက်သွယ်လာတာမျိုးတော့  ရတတ်တယ် ဒါပေမယ့်  ရေရှည်ကြတော့  အခုလိုပဲ ပြန်ပြန် ရစ်နေမှာပဲ အဲ့ တော့ လဲ အခုပေးတဲ့ ယတြဲာ ပြန်ပြန်လုပ်နေရလို့  ယတြာတွေ ခဏခဏ လုပ်နေရလိမ့် မယ်..  တစ်ခုတော့ ရှိတယ် အခုပေးလိုက်တဲ့ ယတြာတွေကို ခဏခဏ လုပ်နေရင်းနဲ့  ယူဖြစ်သွားတာတွေလဲရှိတယ်  တစ်ခါတစ်လေ ကံတွေပြောင်းသွားလို့  ကိုယ်တိုင်က သူ့ အပေါ်အကြီးအကျယ် စိတ်ကုန်သွားတာမျိုးလဲ ဖြစ်တတ်တယ်  တကယ်တော့ ဗျာ  တစ်ခါတစ်လေဗျာ ချစ်ရတာ   ကိုယ်က တစ်ခြမ်းကြီး အနွံအတာ ခံပေးနေရတာကြီးက်ဝဋ်ကြွေးမျိုး ဖြစ်နေတာမျိုးဗျာ.......လို့ ဆိုလိုက်တော့  ဟုတ်ပါတယ်ဆရာရယ် သမီးကို ညာနေမှန်းသိရက်သားနဲ့ ကို သမီးကိုက မခွဲနိုင်တာ ၀ဋ်ကြွေးနဲ့ တူပါတယ် ဆရာရယ်...တဲ့ ဗျား
----------
လတ်တလောပြန်ညက်သွားအောင်တော့  ၂ နံတွဲ ယတြာတွေကိုပဲ ဟိုလိုလှုဒီဟာလုပ်လို့ ပေးလိုက်ရတယ်......၀ဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့ :'(