ဖုံး တော်ကီတွေ
--------
ကျနော်က ဗေဒင်အလိုကိုလိုက်တဲ့ လူကို ဗေဒင်အလိုလိုက်ပြီး ပြောပေးတတ်ပြီး သဘာဝဓမ္မအလိုကို ပိုလိုက်တတ်တဲ့ သူဆို သဘာဝဓမ္မဘက်ကနေ စကားလမ်းကြောင်း ခေါ်ပြောသွားလေ့ ရှိပါတယ်
ဒီနေ့  တိုက်သစ်ပြောင်းမယ့်  ၂ ကြွင်း အင်္ဂါသား (၃၉)က သူ့ အိမ်မှာ ဘာဆင်းတုတော် ပူဇော်ရမလဲလို့ လှမ်းမေးတော့  ကျနော်က ဗမာဘုရားပဲ ပူဇော်ပေါ့ လို့ ပြောလိုက်တော့ သူက နားမရှင်း ဘူးဖြစ်သွားပါတယ် ဒီတော့ ထပ်မေးတာက ဗမာဘုရားဆိုတာ ဘယ်ပုံတော်လဲ လို့ မေးလာတော့  ဘုရားတွေမှာအများဆုံးတွေ့ ရတဲ့ လက်ဆန့် ချထားတဲ့ ဘုရားပေါ့ 
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, July 12, 2015
မတွန့် စေရ..၃တွဲ
မတွန့် စေရ..၃တွဲ
၀၀၀၀၀၀
ကျနော်က ကိုယ့် စိတ်ကူးအတိုင်းသာ အများအားဖြင့် ယတြာလုပ်လေ့ ရှိပါတယ် ဆိုလိုတာက ဆရာဒါဆိုဒါနဲ့ ရပ်မနေတတ်တာ စာအုပ်ကြီးအတိုင်းသာ လုပ်နေတာမျိုးမဟုတ်ဖူးလို့  ဆိုလိုတာပါ
လူတစ်ယောက် အတွက် မတွန့် စေရ အညွန့် ထိုးသင့် တယ်လို့  ယူဆဆိုရင် ပုံမှန်မှာ သူ့ မဟာဘုတ်နဲ့  မွေးနံနဲ့ တွဲပြီး အသန့် ဆုံး မတွန့် စေရ တစ်တွဲကို လှုပါလို့  ယတြာပေးတာမျိုးက စာအုပ်ကြီးအတိုင်းပေးနည်းပေါ့ ဥပမာ ၁ကြွင်းသောကြာသား ရာဇဖွား ဆို အလယ်တွဲ လို့ ခေါ်တဲ့ အမြစ်အညွန့် မတွန့် စေရ ပိတောက် ၁၂ညွန့်  က အသန့် ဆုံး အတွဲအဖြစ်လှုစေတာမျိုးပေါ့ 

အထက်အကြီးအကဲနဲ့  အဆင်ပြေခြင်လို့ 
အထက်အကြီးအကဲနဲ့  အဆင်ပြေခြင်လို့ 
----------
အဆင်မပြေလို့ လာတဲ့ သူပေါ့ ဗျာ....ဘာကြောင့် အဆင်မပြေလဲကိုတော့ ဒီအီးပီအီးထိုင်မနေပါဘူး ဟီးးအရေးကြီးတာက ဒါမျိုးလာသူအများစုဟာ အတော်လေးညစ်နေလို့  ရှောင်ကလည်းရှောင်မရလို့ ဆိုတာ ကျနော်တို့ က နားလည်ပေးထားရတယ် ပြီးတော့ လတ်တလော အကြောညက်သွားအောင် တပွဲတိုးယတြာပါ ပေးကိုပေးရလိမ့် မယ်ဆိုတာပါ တွေးကိုတွေးထားပေးရတယ် နောက်မှ နဘမ်းထသတ်သတ်ပေါ့ 
အခုပေးတဲ့ ယတြာက အများကြီးကိုပေးခဲ့ တဲ့ စတိုင်ပါ လတ်တလောတော့  အကြီးအကဲရဲ့ ဖိအားဒဏ်တွေ အရစ်ဒဏ်တွေအောက်ကနေ အသက်ရှုချောင်သွားလေ့ ရှိပါတယ် ဒီစတိုင်ကို နည်းမှီလို့ ရအောင် ရေးပြလိုက်ပါတယ်...

မေးသူ အကြွင်းဥာဉ် ကိုယ်တိုင် သက်ရောက် ပရိယာယ်

------------
လက်တွေ အလုပ်မှာကြုံရတဲ့  မေးသူအများစုဟာ စာအုပ်ထဲကလို မရဏဥာဉ်တွေ ဘာတွေ မသိတာများပါတယ် (ကိုယ်ကြုံရတာ)
အဲ့ အကျိုးဆက်က သူတို့ ဟာ သူတို့ ဖြတ်လေရာ သက်ရောက် ၈ခွင်မှာ သူတို့ စိတ်ရင်းအတိုင်း ခံစားပြီးဖြတ်သန်းသွားပါတယ်..
..ကိုယ်က ဒါကို မရဏဥာဉ်ဆိုးက ဒီလိုရှိတယ်ပြင်ပါဆိုလည်း တကယ်က ပြင်နိုင်လေ့ မရှိတာများပါတယ် (ဘယ်လိုကိစ္စတွေကို ဘယ်ကစလို့ ဘာပြင်ရမှန်းတောင် သိပ်မရှင်းတာများပါတယ်)

Subscribe to:
Posts (Atom)