မေးသူ အကြွင်းဥာဉ် ကိုယ်တိုင် သက်ရောက် ပရိယာယ်
------------
လက်တွေ အလုပ်မှာကြုံရတဲ့  မေးသူအများစုဟာ စာအုပ်ထဲကလို မရဏဥာဉ်တွေ ဘာတွေ မသိတာများပါတယ် (ကိုယ်ကြုံရတာ)
အဲ့ အကျိုးဆက်က သူတို့ ဟာ သူတို့ ဖြတ်လေရာ သက်ရောက် ၈ခွင်မှာ သူတို့ စိတ်ရင်းအတိုင်း ခံစားပြီးဖြတ်သန်းသွားပါတယ်..
..ကိုယ်က ဒါကို မရဏဥာဉ်ဆိုးက ဒီလိုရှိတယ်ပြင်ပါဆိုလည်း တကယ်က ပြင်နိုင်လေ့ မရှိတာများပါတယ် (ဘယ်လိုကိစ္စတွေကို ဘယ်ကစလို့ ဘာပြင်ရမှန်းတောင် သိပ်မရှင်းတာများပါတယ်)
( မရဏဥာဉ်အဆိုးသဘောဆိုတာဘာလဲလို့ သိနေတဲ့ ကိုယ်တောင် တကယ်တမ်းကြရင် ပြင်ရခက်ပြီး ဆင်ခြင်တုံကပ်ပြီးအကျိုးဆက်ကြည့် ပြီး စိတ်ခဏလျှော့ လိုက်လျှော့ ရတဲ့  သဘောလောက်သာရှိလို့  မေးသူတွေ အများစု သူတို့ စိတ်ရင်းသဘောတွေကို မပြင်နိုင်တာကို အပြစ်ဆိုစရာအကြောင်းမရှိလို့ ကျနော်ကယူပါတယ်)
ဆိုပါတော့  စိတ်တိုစရာတွေ ရင်ဆိုင်ရတာ အပေါဆုံးဖြစ်တဲ့ သက်ရောက်က အင်္ဂါ သက်ရောက် ဆိုပါတော့ .. အဲ့ သက်ရောက်ကို
မဟာဘုတ် ၇ ခုစလုံးက လူ အသက်ပိုင်းမျိုးစုံနဲ့ အကုန်ဖြတ်ပါတယ်.....အဲ့ ဒီမှာ စိတ်တိုစရာကြုံရပုံက ၁ကြွင်းနဲ့  ၂ကြွင်းကြုံရပုံ မတူပါဘူး....
ဒါကိုပဲ ဗေဒင်ပညာသဘောထဲဝင်သွားပြီလို့ ဆိုတာပါ
အင်္ဂါသက်ရောက်ကို ၁ကြွင်းဖြတ်တဲ့ အခါ သူ့ ရဲ့ မရဏဥာဉ် အားနဲ့ ချက်ဖြစ်တဲ့ လူမှု့ ဆက်ဆံရေး (လူလူချင်း အကြောနဲ့ တင်စီးလာတာမျိုး) ကို အရင်လာ ပြဿနာ အရှာခံရလေ့ ရှိလာတတ်ပြီး ၂ ကြွင်းမွေးတွေ အင်္ဂါ သက်ရောက်ဖြတ်တဲ့ အခါမှာတော့  အဲ့ ၂ကြွင်းရဲ့  မရဏဥာဉ်ဖြစ်တဲ့ 
( သူ လွယ်လွယ်နဲ့ အလျှော့ မပေးနိုင် သီးမခံနိုင်တတ်တဲ့  သူမှန်တယ်ထင်ရာ သူ့ ယုံကြည်မှု့ အယူအဆ) တွေကို အရင်လာပြီး စိတ်မတိုတိုအောင် ဆွကြည့် တာခံရပါလိမ့် မယ် ၃ကြွင်းမွေးဆိုရင်တော့  သူ လွတ်လပ်စွာပြုမူနေကျအရာတွေဖြစ်တဲ့  သူ့ သွားလမ်းလာလမ်းပြောစကားတွေကို သူသီးမခံနိုင်လောက်တဲ့ အထိ ပြင်ပအခြေအနေတစ်ခုခုက လာပြီး ပိတ်ဆို့ ကြည့် ခြင်း စကားတင်စီးကြည့် ခြင်းသဘောတွေနဲ့ လာရစ်တာမျိုးပါ
ဒီပညာကို သိတဲ့ သူက ဒါဟာ အင်္ဂါသက်ရောက်ရဲ့  ( စိတ်တိုလိုက်တာနဲ့  သူ့ ရဲ့ ခွင်ထဲကို ၀င်ပြီ ) ဆိုတဲ့ ပရိယာယ်သဘောကြောင့်  ဒီလို လာပြီး ထိခိုက်ပုတ်ခတ်တာကို တတ်နိုင်သမျှ စိတ်ရှည်ပေးနိုင်ပေမယ့်  ပညာသဘောကို မသိတဲ့ မေးသူသဘောသက်သက်ကတော့ ဒါကို မသိတဲ့ အတွက်
သူတို့ ရဲ့  စိတ်တွေ ဒေါသတရားအဖြစ် ပေါက်ကွဲကုန်မှာပါ
အဲ့ လိုပေါက်ကွဲရင် အမှားသဘောတွေ (သို့ ) ဘ၀တည်ငြိမ်မှု့ သဘောတွေ ကို ထိခိုက်လာစေနိုင်တဲ့ အတွက် ၁။ ဘယ်လို အရာတွေလာတတ်ကြောင်း
အဲ့ ဒါကို ယာယီတော့ (ဒီလပိုင်းတွေမှာ)သီးခံပေးလိုက်ပါ သီးခံစိတ်နဲနေရင် အကျိုးဆက်က ဘယ်လိုရှိကြောင်းတွေကိုကြိုပြီး
လမ်းညွှန်ချက်ပြထားပေးလိုက်တာရယ် ၂။ ယတြာအကူပေးရတာတွေ လုပ်ရတော့ တာပါပဲဗျာ..ဒါကိုပဲ အများအတွက် ဗေဒင်ကိုအကျိုးရှိအောင် အသုံးချပေးခြင်းလို့  ဆိုလိုပါတယ်
ပညာသဘောကို တကယ်နှလုံးသွင်းနိုင်သူတွေအတွက်ကတော့( အပြောအဆိုတွေနဲ့ ထိခိုက်တာမျိုး)လောက်ကတော့  တော်ယုံနဲ တောင်
ကိုယ့် ကိုယ်ကို ယတြာမခြေပဲ နေနိုင်တယ် ကျော်လွှားနိုင်ပါတယ်ပေါ့ လေ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..