Powered By Blogger
Sunday, February 22, 2015
မေးခွန်းတွေတစ်ခုပြီးတစ်ခုဆင့် ထုတ်စဉ်းစားရင်းမှ..
မေးခွန်းတွေတစ်ခုပြီးတစ်ခုဆင့် ထုတ်စဉ်းစားရင်းမှ..
----------
ပြဿနာအများစုဟာ ကြားကာမျှ မြင်ကာမျှနဲ့ စိတ်ခံစားချက်အတိုင်း ချက်ချင်းနီးပါး ကောက်ချက်ဆွဲချလိုက်ရာက အဆီအငေါမတည့် တဲ့ အခါ ပြဿနာတွေ တန်းစီတက်ကုန်လာရင်း အကျိုးမဲ့ တွေဖြစ်လာတော့ တဲ့ သဘောများတယ်.
ဆိုပါတော့  ခေါင်းကိုက်နေတာကအမှန်ပါပဲ..ဒီအတွက် ခေါင်းကိုက်ပျောက်ဖို့  ကုသမှု့ တစ်ခုခု မဖြစ်မနေလိုပါတယ်..ကုသမှု့ အပိုင်းကိုဆင်ခြင်ရာမှာ ရေရှည်နည်းရော လတ်တလောနည်းပါ ၂ မျိုးစလုံးစဉ်းစားရပါလိမ့် မယ် ယေဘူယျအားဖြင့်  လတ်တလော ခေါင်းကိုက်ပျောက်ဖို့ ကိုတော့  အရင်စဉ်းစားကြလေ့ ရှိတာကလည်း ဝေဒနာရှင်ရဲ့  ခံနိုင်စွမ်းရည်ကြောင့် စဉ်းစားပေး ရတာကလည်း အမှန် သဘာဝ ကျတာပါပဲ
''ခေတ်စာတတ်တဲ့ တော်လှန်ရေးသမားများလာလေလေ..''
'
'ခေတ်စာတတ်တဲ့ တော်လှန်ရေးသမားများလာလေလေ..''
----------------------
ခေတ်စာမတတ်ရင်တော့ ခေတ်စာမတတ်တဲ့ သူတွေက  အဖက်ဖက်ကခံရတော့ မယ့် သဘောရှိတယ်..လွန်ခဲ့ တဲ့  အနှစ်၂၀/၃၀လောက်က အတွေးမျိုးနဲ့  ရှေ့ ခရီးကို သွားချင်တယ်ဆိုလို့ ကတော့  အသက်ကို ဖက်နဲ့ သာထုတ်ထားပေတော့ သဘောရှိလာပြီ...
အရင့် အရင်တော်လှန်ရေးလုပ်တယ်ပဲဆိုဆို သူပုန်ထတယ်ပဲပြောပြော အစိုးရဖက်က အင်အားသာ နေတာများပြီး အနိုင်ယူရတာ အခုခေတ်လောက် သိပ်ခက်ခဲနေတဲ့ ပုံမပေါ်ပါဘူး..တော်လှန်သူဖက်က အင်အားရော စာတတ်မှု့ ကပါ အားနဲနေလေ့ ရှိတာများတဲ့ သဘောလည်းပါတယ်
ခေတ်က ၂၁ရာစုထဲရောက်လာလေလေ တော်လှန်သူတွေ ပုန်ကန်သူတွေပါ အရင်က လူတွေထက် ခေတ်ပညာတတ်တွေ ပိုများလာတယ် အဲ့ ဒီမှာ ဥာဏ်ကောင်းတဲ့ တော်လှန်သူတွေနဲ့ လည်းတွေ့ ရော အန်ကယ်ဆန်ပါ ကားနေရောဖြစ်လာတာ 9/11 မှာ ခေတ်ပညာတတ် တော်လှန်သူတွေက လေယာဉ်နဲ့ ဝင်တိုက်ဖဲ့ ပစ်လိုက်တာက ပထမဆုံး စာတတ်မတတ်ဟာ တော်လှန်ရေးတွေလုပ်တာ တော်လှန်ရေးတွေကို နှိပ်ကွပ်တဲ့ နေရာမှာ အရေးအကြီးဆုံးကဏ္ဍတစ်ခုဆိုတာသက်သေလိုဖြစ်လာတယ်
'''အကြောက်တရားဋီကာ..''
'''အကြောက်တရားဋီကာ..''
------
ကြောက်မိနေတာတွေရယ် ၊ ကြောက်ရမယ်ဆိုတဲ့ အရာတွေရယ် ၊ ကြောက်သင့် တယ်ဆိုတဲ့ ကိစ္စတွေရယ်ကို တွေးလိုက်ရင် ကြောက်စရာကိစ္စတွေက ခေါင်းစဉ်မျိုစုံနဲ့  အတော့် ကို များပြားလှတာကို တွေ့ ရတယ်...
ဘယ်တုန်းက ဘယ်ခေါင်းစဉ်နဲ့  စကြောက်မိသွားတာလဲ ဆိုတာကို ထပ်တွေးပြန်တော့ အဲ့ မှာ တစ်ယောက်ချင်းရဲ့ အကြောက်တရားကိစ္စတွေက တစ်မျိုး နဲ့ လူအုပ်စုလိုက်ကြီး ကြောက်ရမယ့် ကိစ္စတွေဆိုပြီး အကြောက်တရားကိစ္စကြီး နှစ်မျိုးကွဲသွားတာ ထပ်တွေ့ ရပြန်တယ်....