'''အကြောက်တရားဋီကာ..''
------
ကြောက်မိနေတာတွေရယ် ၊ ကြောက်ရမယ်ဆိုတဲ့ အရာတွေရယ် ၊ ကြောက်သင့် တယ်ဆိုတဲ့ ကိစ္စတွေရယ်ကို တွေးလိုက်ရင် ကြောက်စရာကိစ္စတွေက ခေါင်းစဉ်မျိုစုံနဲ့  အတော့် ကို များပြားလှတာကို တွေ့ ရတယ်...
ဘယ်တုန်းက ဘယ်ခေါင်းစဉ်နဲ့  စကြောက်မိသွားတာလဲ ဆိုတာကို ထပ်တွေးပြန်တော့ အဲ့ မှာ တစ်ယောက်ချင်းရဲ့ အကြောက်တရားကိစ္စတွေက တစ်မျိုး နဲ့ လူအုပ်စုလိုက်ကြီး ကြောက်ရမယ့် ကိစ္စတွေဆိုပြီး အကြောက်တရားကိစ္စကြီး နှစ်မျိုးကွဲသွားတာ ထပ်တွေ့ ရပြန်တယ်....
လူအုပ်စုလိုက်ကြီး ၀ိုင်းကြောက်ရမယ့် ကိစ္စတွေကတော့ တစ်ချို့ ပညာရှိကြီးတွေရဲ့ မှန်းဆ တွေးဆချက် အဆိုအရ သမိုင်းမတင်ခင်ကတည်းက စပြီး ကြောက်တတ်လာတာလို့ ပြောပါတယ် ဥပမာ မီးကို ကြောက်တယ် မိုးကြိုးပစ်တာကိုကြောက်တယ် ရေကြီးတာကိုကြောက်တယ် စသဖြင့် သဘောပါလို့ ဆိုတယ်...အဲ့ ဒီ့ အကြောက်တွေကို မကြောက်ရအောင် ဖြေရှင်းဖို့ အကြောက် ကာကွယ်ရေးတွေကို တီထွင်လိုက်ကြတယ်လို့ ဆိုတယ် အဲ့ အကြောက်ကာကွယ်ရေးတွေက ကြောက်ရမယ့် ကိစ္စ ကြောက်မိတဲ့ ကိစ္စတွေကနေ လွတ်မြောက်အောင် မကြောက်မိတော့ အောင် ဖြေရှင်းပေးနိုင်တယ်လို့ ယုံကြည်ကြတယ်လို့ ဆိုပါတယ်..
အဲ့ ဒီလောက်ကတည်းက အကြောက်တရား ကာကွယ်ရေးတွေကို ယုံကြည်လာခဲ့ ကြပုံရတယ်လို့ ပညာရှိကြီးတစ်ချို့ က အနုမာန တွေးဆခဲ့ ကြပုံဆိုလိုတဲ့ .သဘောက အကြောက်တရားတွေ ကြောက်ရမယ့် ကိစ္စတွေဟာ အရင်က ခပ်နဲနဲသာရှိသေးပုံရပြီး အဲ့ အကြောက်တရားတွေကို မကြောက်ရတော့ အောင် အကြောက်တရား ကာကွယ်ရေး သဘောတွေကို ရှာဖွေတီထွင်ပြီး ယုံကြည်ထား လိုက်ကြတယ်လို့ ဆိုလိုပုံပါပဲ..ဒါက အုပ်စုလိုက်ကြီး ရဲ့  အကြောက်တရားများ စတင်ခြင်းသဘော တွေးဆကြပုံတွေထဲက ကြားဖူးနားဝရှိတဲ့ အကြောက်ပုံပြင် တွေထဲ က တစ်မျိုးပါ ...
တစ်ဦးချင်းရဲ့  အကြောက်တရား စတင်ခြင်းကို ပြန်စဉ်းစားတဲ့ အခါ ငယ်ဘ၀က အဖြစ်အပျက် တစ်ချို့ ကို ယေဘူယျအားဖြင့်  အစောဆုံးပြန်မှတ်မိနိုင်တဲ့ အသက်ပိုင်းက အသက် ၅နှစ် မူလတန်း မတက်ခင် ရှေ့ ပိုင်း ၄နှစ်ဝန်းကျင် အရွယ် မှတ်ဥာဏ်ကောင်းလွန်းလို့ ဒိထက်စောရင် သုံးနှစ်အရွယ်လောက်က အခြေအနေတစ်ချို့ ကိုသာ ပြန်မှတ်မိလွယ်တာမျိုးတွေးလို့ ရနိုင်တယ်
အဲ့ လောက်မှာ ဘာကိုစကြောက်တတ်သွားပြီးလဲနဲ့  ဘာကိုအကြောက်တတ်ဆုံးဖြစ်နေလဲ ဘာကြောင့် ကြောက်တတ်သွားတာလဲ ကိုယ့် ဟာကိုယ်ကြောက်သွားတာလား အကြောက်တတ်ခိုင်းလို့ ကြောက်တာလား အတွေးမပါပဲကြောက်တာလား တွေးတွေးပြီး ကြောက်တာလား စိတ်ကြောင့် ကြောက်တာလား ရုပ်နာကျင်မှု့ ကြောင့် ကြောက်တာလား စိတ်ရော ရုပ်ရောကြောင့် ကြောက်တာလား ကိုယ်တိုင်သိနဲ့ ကြောက်တာလား သူများအသိကို လိုက်ကြောက်တာလားတွေကို တစ်ခုချင်း တစ်စချင်း အစတွေဆွဲထုတ်လိုက်ကြည့် တဲ့ အခါ ...
ကြောက်စရာတွေ ကြောက်သင့် တယ်ဆိုတာတွေ ကြောက်ခိုင်းလို့ ကြောက်ပြပေးနေရတာတွေ စသဖြင့် ခေါင်းစဉ်မျိုးစုံနဲ့ အကြောက်တရားကိစ္စတွေဟာ ထင်တာထက်ကိုများပြားလှတာတွေ့ လာရတယ်...
အမှတ်မိဆုံးအကြောက်တရားက အနီးဆုံး အုပ်ထိမ်းသူ (သို့ ) မိဘ ၂ပါးကို (သို့ ) ၁ပါးပါးကို အရင် စကြောက်တတ်ပြီ ဆိုတာရယ် သူတို့ က ကြောက်စေချင်တာကို လိုက်ကြောက်သွားတာရယ် သူတို့ က ကြောက်သင့် တယ်လို့ သင်ပေးတာကိုသင်ယူပြီး လိုက်ကြောက်တာရယ်မျိုးက အစောဆုံးအကြောက်တရားအဖြစ်ပြန်မှတ်မိလို့ ရနိုင်ပါတယ်..
အဲ့ ဒီ့ အသက်လောက်ကနေ စပြီး အကြောက်တရားကိစ္စတွေဟာဟာ တစ်ခုချင်း တစ်ခုချင်း တိုးချဲ့ လာရင်းက အတော်အသင့် အသက်ပိုင်းရောက်တဲ့ အခါ တစ်ဦးချင်း အကြောက်တရား ခေါင်းစဉ်တွေနဲ့  အုပ်စုလိုက်ကြီးးခေါင်းစဉ်တွေဟာ ရောယှက် တူညီတဲ့ ဟာတူညီ သီးခြားကွဲတဲ့ အကြောက်ကိစ္စက ကွဲနဲ့  အကြောက်တရားကိစ္စတွေ လုံးထွေး များပြားလာရင်း အကြောက်တရား အင်ပါယာကြီးရဲ့ အကြောက်အဖွဲ့ ဝင်တွေဖြစ်လာတော့ တာမျိုးလို့ တွေးလို့ ရလာနိုင်ပါတယ်
အနဲဆုံး တော့  အများစုကြောက်တတ်တာကို မကြောက်ပါဘူးဆိုတာကို အများစုက မယုံမှာကို ကြောက်တတ်တဲ့ အကြောက်တရားခေါင်းစဉ်မျိုးနဲ့  အကြောက်အဖွဲ့ ဝင်ဖြစ်နေတာမျိုးပေါ့ လေ..
ထွေလီကာလီ များလွန်းလှတဲ့ အကြောက်တရားကိစ္စတွေရဲ့ အစကို တစ်ဦးချင်းအနေနဲ့  သူတို့ ငယ်ဘ၀အစကို မှတ်မိသလောက်ပြန်တွေးကြည့် လိုက်ရင် ကိုယ်တိုင်အာရုံသိ အတွေ့ အကြုံနုနုလေးအသိနဲ့  ကြောက်မိတဲ့ ကိစ္စနဲ ကြောက်ရမယ့် ကိစ္စဟာဒါဖြစ်တယ် ဒါကို ကြောက်ရမယ်လို့ ကြောက်နေရတဲ့ သူက သင်ပေးလို့  လိုက်ကြောက်ပေးရတဲ့  အသင်ခံရတဲ့ အကြောက်တရား စတိုင်ဆိုပြီး သိသာထင်ရှားတဲ အကြောက်တရား စတိုင်နှစ်မျိုး ကွဲထွက် သွားတာ တွေးလို့ ရလာပါတယ်..
အဲ့ အကြောက်တရားကိစ္စတွေဟာ အသက်အရွယ်နဲ့  ဘ၀ဖြတ်သန်းမှု့ တစ်ဖြည်းဖြည်းကြီးပြင်းကြာမြင့်  အရွယ် ရလာလေလေ. ....ဟူးးးး...မောထှာ...တော်ပီ...အကြောက်ဋီကာကြီး....ခိခိ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..