Powered By Blogger

Sunday, February 22, 2015

''ခေတ်စာတတ်တဲ့ တော်လှန်ရေးသမားများလာလေလေ..''

'

'ခေတ်စာတတ်တဲ့ တော်လှန်ရေးသမားများလာလေလေ..''
----------------------
ခေတ်စာမတတ်ရင်တော့ ခေတ်စာမတတ်တဲ့ သူတွေက  အဖက်ဖက်ကခံရတော့ မယ့် သဘောရှိတယ်..လွန်ခဲ့ တဲ့  အနှစ်၂၀/၃၀လောက်က အတွေးမျိုးနဲ့  ရှေ့ ခရီးကို သွားချင်တယ်ဆိုလို့ ကတော့  အသက်ကို ဖက်နဲ့ သာထုတ်ထားပေတော့ သဘောရှိလာပြီ...

အရင့် အရင်တော်လှန်ရေးလုပ်တယ်ပဲဆိုဆို သူပုန်ထတယ်ပဲပြောပြော အစိုးရဖက်က အင်အားသာ နေတာများပြီး အနိုင်ယူရတာ အခုခေတ်လောက် သိပ်ခက်ခဲနေတဲ့ ပုံမပေါ်ပါဘူး..တော်လှန်သူဖက်က အင်အားရော စာတတ်မှု့ ကပါ အားနဲနေလေ့ ရှိတာများတဲ့ သဘောလည်းပါတယ်

ခေတ်က ၂၁ရာစုထဲရောက်လာလေလေ တော်လှန်သူတွေ ပုန်ကန်သူတွေပါ အရင်က လူတွေထက် ခေတ်ပညာတတ်တွေ ပိုများလာတယ် အဲ့ ဒီမှာ ဥာဏ်ကောင်းတဲ့ တော်လှန်သူတွေနဲ့ လည်းတွေ့ ရော အန်ကယ်ဆန်ပါ ကားနေရောဖြစ်လာတာ 9/11 မှာ ခေတ်ပညာတတ် တော်လှန်သူတွေက လေယာဉ်နဲ့ ဝင်တိုက်ဖဲ့ ပစ်လိုက်တာက ပထမဆုံး စာတတ်မတတ်ဟာ တော်လှန်ရေးတွေလုပ်တာ တော်လှန်ရေးတွေကို နှိပ်ကွပ်တဲ့ နေရာမှာ အရေးအကြီးဆုံးကဏ္ဍတစ်ခုဆိုတာသက်သေလိုဖြစ်လာတယ်



ယူကရိမ်းမှာ ကစ်နေကြတယ် အစိုးရတပ်တွေလည်း ကားနေတာပဲ. ..တော်လှန်ရေးသမားတွေ ကိုယ်တိုင်က စာတတ်ကြတယ်လေ..``IS တွေကိုလိုက်ဖဲ့ နေရတာ တာလီဘန်တွေ အယ်လ်ကိုင်ဒါတွေထက် ပိုခက်ခဲနေတာက `IS တွေက တာလီဘန်ခေတ်က လူတွေထက်ခေတ်ပညာတွေ ပိုတတ်နေကြတာကြောင့်  `IS တွေက အကွက် ပိုမြင်တယ်ပေါ့ လေ ဒီတော့ နှိပ်ကွပ်ရတာ အရင်လို ဘယ်လွယ်လွယ်နဲ့ ရတော့ မလဲ...IS တွေ ကိစ္စ အရှိန်ကျသွားလို့  နောက်ထပ် အဖွဲ့ အသစ်တွေပေါ်လာရင် `IS တွေထက် စာပိုတတ်တဲ့ သူတွေ များလာဦးမယ့် သဘောရှိတယ်လို့ တွေးကြည့် ရတာပါပဲ

သဘောကတော့  ခေတ်နဲ့ အမီလိုက်နိုင်တဲ့  ပညာတွေ နောက်ကျကျန်ခဲ့ လွန်းတဲ့ အချိန် တော်လှန်ရေးတွေ ကြုံတဲ့ အခါ ပါးနပ်တဲ့ တော်လှန်ရေးသမားတွေကလည်း ခေတ်စာတွေတတ်လာလေလေ ခေတ်စာမတတ်တဲ့ အစိုးရတပ်တွေ ကားလေလေ နဲ့  အနိုင်ယူရတာ အရင်လိုတော့ လွယ်မယ်မထင်လေနဲ့ ဆိုတာ ယူကရိမ်းတို့ ဘာတို့ ကြည့် ပြီး တွေးကြည့် ရတဲ့ သဘောပါပဲ...ခုတောင် ခေတ်ပညာတတ် တော်လှန်ရေးသမားတွေလက်ထဲ ညူးကလီးယားဗုံးတို့ ဘာတို့  ရောက်သွားမှာ အသေအလဲ ကြောက်နေရပြီမဟုတ်လား...

ဒီလိုတွေးလိုက်ရင် ခေတ်စာတတ်မတတ်က ခေတ်လွန်နည်းပညာတွေ အုံနဲ့ ကျင်းနဲ့ ပေါ်ထွန်းလာနေတဲ့ ခုလိုနည်းပညာခေတ်ကြီးနဲ့  လာမယ့် အနာဂတ်ကမ္ဘာမှာ ဘယ်လိုရပ်တည်ကြမလဲကို အဆုံးအဖြတ်ပေးလိမ့် မယ်ပေါ့ ..တော်ကီလေးနဲ့  စိတ်မာန်ရှိယုံလောက်နဲ့ .....


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..