Powered By Blogger
Tuesday, July 12, 2016
ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး
ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး
---------------------
မြန်မဟာဘုတ်ဗေဒင်လိုင်းကို လိုက်ဖတ်ပြီဆိုရင် ဘုမ္မိ ( ကိုယ့် မွေးနံ အိမ်ကနေ လေးခွင်မြောက် သက်ရောက်ခွင် ဥပမာ သောကြာသားသမီးရဲ့  ဘုမ္မိဟာ အင်္ဂါသက်ရောက်သဘော)
 ဘုမ္မိလေး ဆိုတာ ကိုယ့် မွေးနံ အိမ်ကနေ ၇ ခွင်မြောက် သက်ရောက်ခွင် ဥပမာ သောကြာသားသမီးတွေအတွက် ၇ခွင်မြောက်  ကြာသာပတေး သက်ရောက်ဟာ
ဘုမ္မိလေး သဘော)
ဘုမ္မိကြီးသဘောကတော့  ကိုယ့် မွေးနံအိမ်ကနေ ၄ ခွင်မြောက်မှာ ဂြိုလ်အိပ်နေပြီး သက်ရောက်က ၇ ခွင်မြောက်မှာ ဖြစ်နေရင် သဘော ၊ ဥပမာ  သောကြာသားသမီးတွေဟာ အင်္ဂါ ဂြိုလ်အိမ်မှာ အင်္ဂါ ဂြိုလ်သက် ၈ နှစ် အဖြစ်   အသက် ၄၄ ကနေ အသက် ၅၂ အထိ ဂြိုလ်အိပ်နေချိန်  သက်ရောက်က ၇ ခွင်မြောက် ကြာသာပတေး သက်ရောက် မှာ ကျရောက်သွားတဲ့  အခါမျိုးကို ဆိုလိုတယ် )
 ဒီတော့  ဘုမ္မိကြီး ဆိုတာကို သိဖို့ က  ၆ ၁၅ ၈= တနင်္ဂနွေ တနင်္လာ အင်္ဂါ ဂြိုလ်သက်တွေ ။  ၂၁ ၁၇ ဆိုတာ သောကြာ  ဗုဒ္ဓဟူး ဂြိုလ်သက်တွေ ၊ ၁၂ ၁၉ ၁၀ ဆိုတာ ရာဟု ကြာသာပတေး စနေ ဂြိုလ်သက်တွေ သိထားဖို့ လိုလိမ့် မယ်...။
သိထားပြီး ဆိုပါတော့  ဒီ ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီးတွေ ရဲ့ အသက်ပိုင်းတွေ ရောက်ရင် ဘာတွေ ဖြစ်တတ်လဲ မေးစရာ တွေးစရာ သိချင်စရာ ဖြစ်လာပြီ...ဒီတော့  အဲ့  ကိစ္စကို ပြောရရင် တကယ်ဆို ပညာရပ်စတိုင်အရဆိုရင် ကျမ်းတစ်အုပ် ရေးလို့ ရတဲ့ အထိ ကျယ်ပြန့် တယ်၊
  ဒီတော့  အလွယ်ပြောရရင် ဘုမ္မိ ဆိုတာ မြေ  သဘောပဲ  ဆိုလိုတာက လက်ရှိ ဖြတ်သန်းနေတဲ့  အခြေအနေကနေ မြေကြီးရောက်သွားနိုင်သဘောတွေ လွှမ်းမိုးနေသော ဂြိုလ်အိပ်တွေ သက်ရောက်တွေ သဘောတွေလို့  ဆိုနိုင်တယ်..
လက်ရှိ အနေအထားကနေ ဘယ်ကိစ္စတွေမှာ ဖယိုဖရဲဖြစ်သွားနိုင် မြေကြီး ရောက်သွားနိုင်သလဲကလည်း ထပ်ကျယ်ပြန့် ပြန်တယ် ဒါက ပုံသေ စာရေးထားရတာခက်တယ်  ဘာကြောင့် လဲဆိုတော့  လူလွတ်သဘော အိမ်ထောင်သည်သဘော လူ ဘုန်းကြီး သီလရှင် ၀န်ထမ်း ကိုယ်ပိုင်စီးပွားသမား စသဖြင့် အချက်အလက်တွေလည်းအများကြီး ထည့် တွေးရသလို ...
သဘောက တစ်ယောက်နဲ့ တစ်ယောက် ကံမတူလို့  အဟောထုတ်ရတာ မတူနိုင်ဘူးလို့ ဆိုလိုတာပါ
ဒီတော့  ဗေဒင်ကို စိတ်ဝင်စားတဲ့ အများကို အလွယ်ရိပ်မိအောင် ဘယ်လိုချုပ်ချရသလဲဆိုတော့ 
ဒီ ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး ဆိုတဲ့  အသက်ပိုင်းတွေဖြတ်ရင် ဖြတ်တဲ့ လူတွေကို ပိုက်ဆံ ၊ အိမ်၊ အလုပ်၊ ကျမ္မာရေး ၊ မိသားစုရေး၊ အမွေအရေး၊ ဆွေမျိုးရေး  အရှက် သိက္ခာ စသဖြင့်  လူ့ကိစ္စ တွေ သဘော  တစ်ချက် မဟုတ်တစ်ချက် ခပ်ပြင်းပြင်းလေးထိုးနှက်တတ်ပြီး အဆင်မသင့် ရင် ဘ၀ဟာမြေကြီးပေါ်  ရောက်သွားလွယ်တဲ့  သဘောတွေကို ဆိုလိုတာလို့ ပေါ့ ဗျာ...
အဲ့ မှာ အတိတ်ကံ ..ပစ္စုပန်လှုပ်ရှားမှု့  ကံ မတူကြ  မိသားစုဖွဲ့ စည်းပုံတွေ မတူကြ  ဘာသာတရား အားကောင်းမှု့  မကောင်းမှု့ မတူကြ  စိတ်ကြမ်းစိတ်နု မတူကြ စသဖြင့်  မတူညီကြတဲ့  အချက်အလက်တွေကြောင့်  တစ်ချို့ တွေကို ကျမ္မာရေးဖက်က အလဲထိုး နှိပ်စက်လိုက်တတ်ပေမယ့် 
နောက်တစ်ချက်က  ဒီ ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး တွေ ရောက်မှ ဘ၀ဟာ မြေစော်နံ ပြိုလဲ သွားနိုင်သလား လှိမ့် ကြောက်နေရမှာလား  အဲ့ ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး မဟုတ်တဲ့  သက်ရောက်တွေမှာ ထင်တိုင်းကြဲလို့ ရပြီးလား ဆိုရင်  အဲ့ ဒီလိုလည်း မဟုတ်ပြန်ဘူး
 ဘာဘုမ္မိ ဘာဘုမ္မိလေး ဘယ်ဘုမ္မိကြီး ကိန်းတွေမှ မဟုတ်ပဲ ဘ၀ပြိုလဲသွား အမှု့ တွေ ဖြစ်သွား အသက်ပျောက်သွားရတဲ့  သူတွေလည်း မနဲမှ မနဲမနော်ရှိနေ ဖြစ်နေပြန်တယ်
သဘောက  တနင်္ဂနွေ သားသမီးတွေဟာ စနေ သက်ရောက်ဖြတ်ရင် ဘာဘုမ္မိ ကိန်းတွေနဲ့ မှ မငြိပဲ့  အရှက်သိက္ခာကျမ္မာရေး အမှု့ ပြဿနာ သင်္ကာရှင်းရတာ အထင်မှားခံရတာ တစ်ချို့  အသက်ထိသွားတာလည်း အများကြီးပဲ  သဘောက  ဘုမ္မိတွေ ချည်းက ပြဿနာ ရှာနိုင်တာ မဟုတ်သေးပဲ အတွင်းရန်ဂြိုလ် မရဏဂြိုလ် စနေဂြိုလ်  အင်္ဂါ ဂြိုလ်သဘောတွေကလည်း  ထ ထ ပြဿနာရှိနိုင်သေးတယ်ပေါ့ လေ..
ဒီတော့  ဒါကြောင့်  ဘုမ္မိတွေမှ ကြောက်ရမယ် ဆိုတဲ့  စတိုင်စာမျိုးတွေကို  ကျနော်က မရေးတာပါ 
( တစ်ခြားဆရာတွေရေးထားတာလည်းအများကြီးရှီိပြီးသားလေ..)  အခုတောင် နှစ်စဉ် တစ်နှစ်တာ ဖြတ်သန်းနေတဲ့  ပစ္စုတ်ပန် ကိစ္စ သက်ရောက် အကြောင်းတွေချည်း ရေးပြောနေတာကြာလို့  ဒီ ဘုမ္မိတွေကိစ္စ မနဲ ပြန်တွေး ရေးယူရတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..