Powered By Blogger
Wednesday, May 6, 2015
'''''ပူလိုက်ထှာ''ကို စာတစ်ပုဒ်ဖြစ်စေသတည်း...
'''''ပူလိုက်ထှာ''ကို စာတစ်ပုဒ်ဖြစ်စေသတည်း...'''''
----------
နေပြင်းလို့  '''ပူလိုက်ထှာ'' ဆိုတာတောင် အစစ်အမှန် သဘောမဟုတ်ပေဘူး ဒါဟာ သူများကို နေ ကြောင့်  ကိုယ့် မှာ ဘယ်လိုခံစားနေရပါတယ်ဆိုတာကို ဖေါ်ထုတ်ပြတဲ့ နေရာမှာ တစ်ဖက်သားသူ ချက်ချင်း သိသွားဖို့  ဖေါ်ပြလိုက်တဲ့  အသံထွက်ပစ္စည်းလေး တစ်ခုမျှသာပဲ...
ဒီအသံထွက်ဆက်သွယ်ရေးပစ္စည်းလေးကို မြန်မာဘာသာစကားလို့ ခေါ်ပြီး မြန်မာဘာသာစကား ဆိုတဲ့  ပစ္စည်းလေးကို သုံးစွဲတတ်သူကပဲ '' ပူလိုက်ထှာ.'' ဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ သိနိုင်မယ်...
မြန်မာဘာသာစကားဆိုတဲ့  တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တဲ့  အသံထွက်ပစ္စည်းလေးကို မသုံးတတ်ပဲ အင်္ဂလိပ်ဘာသာစကား (သို့ တည်းမဟုတ် ) မြန်မာဘာသာစကားမဟုတ်တဲ့ တစ်ခြား အသံထွက် ပစ္စည်းလေး တစ်ခုခုကိုသာ သုံးစွဲတတ်သူအဖို့  ကိုယ် ပြောလိုက်တဲ့  '''ပူလိုက်ထှာ '''ဆိုတာကို ဘာကို ဆိုလိုမှန်း အသံကြားယုံနဲ့  နားလည်လိမ့် မယ်မဟုတ်ပေဘူး...
အကယ်၍သာ တစ်ခြားသူဟာ အင်္ဂလိပ်ဘာသာစကား ဆိုတဲ့  ဆက်သွယ်ရေး အသံထွက်ပစ္စည်းလေး တစ်ခုကိုသာ သုံးစွဲတတ်သူဆိုခဲ့ ရင် သူ့ ကို .......
''' အိုးးး..ဒမ်ဘလယ်ဒီဖူးလ် ရော် ကမ်ထရီး..ဗဲရီး ဗဲရီး ဟော '့'' ..ဘာညာဆိုရင်တော့  ကိုယ်ဆိုလိုချင်တဲ့  ''ပူလိုက်ထှာ ''' ဆိုတဲ့  ခံစားမှု ကိုနားလည်ကောင်း နားလည်ပေး နိုင်လောက်မယ်.
အချုပ်ဆိုသော် ရမန်ကြီး ၂ ပတ် အဲ..ဆိုလိုသည်မှာ ဘာသာစကားဟူသည် တစ်ဦး နှင့် တစ်ဦး လျင်မြန်စွာ ဆက်သွယ် သိရှိ နားလည်နိုင်စေရန်အတွက် ဆက်သွယ်ရေး ကြားခံ အသံထွက် ပစ္စည်းတစ်ခုအဖြစ် စတင်တီထွင်သုံးစွဲကြရာမှ.......
ဟုတ်စ !
ဟုတ်စ !
အလွမ်းည
သတိရမိတဲ့ သူတွေကို သတိသိပ်ရမိတော့ 
ဒီညလေးဟာ တိတ်တဆိတ် အလွမ်းတွေနဲ့ 
မေးလေ့မရှိတတ်သော မေးခွန်း..
မေးလေ့မရှိတတ်သော မေးခွန်းတစ်ခု ..
.၁၀တန်းအောင်စာရင်းတွေ  ထွက်လာပြီးရင် ဗေဒင်ဟောစားတဲ့ သူတွေဆီ ရောက်ရောက် လာတတ်တာက  သားကို စစ်ဆေးတို့  ဗိုလ်သင်တန်းတို့ ကို တက်ခိုင်းမယ့်  မအေတွေ ဖအေတွေပေါ့ .
..သူတို့ လာရင်းကိစ္စက ၀င်ခွင့်  စစ်ဆေးရေးမှာ အောင်မြင်သွားပြီး  သင်တန်းတက်ခွင့် ရသွားဖို ရည်ရွယ်ချက်သာ ပါလေ့ရှိတယ်. ၀င်ခွင့် အောင်မအောင်ပေါ့  ၀င်ခွင့် အောင်ချင်တယ်ပေါ့  ..နောက်တစ်ချို့ က  အကပ်နဲ့ လိုက်တဲ့ ကိစ္စ အလုပ်ဖြစ်ချင်လို့ ပေါ့  ဒီလောက်ပါပဲ....
 အဲ့ ကိစ္စမှာ သူတို့ တွေ မမေးဘူးသလောက်ဖြစ်တဲ့  မေးရကောင်းမှန်းတောင် သိပုံမရတဲ့  မေးခွန်းက ကိုယ့် ဟာကိုယ်သာပြန်ပြန်မေးကြည့် တတ်တယ် ''
'''ကျနော့် သား ရှေ့ တန်းမှာ ကျသွားနိုင်သလား ?  ဥပစ္စေဒကကံ ပါသလား ?  '''ဆိုတာ ကိုယ့် ဟာကိုယ် မေးခွန်းတွေပြန်ထုတ်မိနေတတ်တယ်..ဒီမေးခွန်းမျိုးကို သားကို ဗိုလ်သင်တန်းတက်စေချင်တဲ့  မိဘတွေ အများစု မေးလေ့မေးထ မရှိကြတာများတယ် ...
ဒါတင်မကဘူး တကယ်လို့  ဥပစ္စေဒကကံပါနေတယ်လို့ ဗေဒင်ဆရာက ဟောရင် အကယ်၍သာ ငါသာ အိမ်ထောင်ကျ ငါ့ မှာ သားရှိခဲ့ လို့  ငါ့ သားကို ဗိုလ်သင်တန်းတက်ခိုင်း ဖြစ်ပါ့ မလားလို့ ကိုယ့် ဟာကိုယ်တော့   ပြန်မေးကြည့် တယ်.  အဖြေမရှိ မဖြေတတ် မဖြေနိုင်
ဒီလို မေးခွန်းမျိုးကိုရော ဗိုလ်သင်တန်းတက်စေချင်တဲ့  မိဘက (သို့ ) ဗိုလ်သင်တန်းတက်မဲ့ သူက မေးသင့် သလား မမေးသင့် ဘူးလား တွေးစရာ...