Powered By Blogger

Sunday, April 26, 2015

ငွေမြဲချင်လို့ တဲ့ ....



ငွေမြဲချင်လို့ တဲ့ ....
-----
ငွေမမြဲဘူးလို့  ငြီး အပြခံရတာကလည်း အကြားရဆုံးစကားလုံးပါ...သူတို့ သာ လာငြီးပြတာ ကျနော်ကိုယ်တိုင်ကလည်း ၀င်သမျှ မလောက်ပါဘူး သုံးပစ်သလားမမေးနဲ့ ဆိုတာမျိုးပါပဲ...ငိငိ..ဆရာဝန်တစ်ချို့ လိုပေါ့  သူများသာ ရောဂါတွေကုပေး ဆောင်ရန် ရှောင်ရန်တွေသာပြောပေးတာ သူကိုယ်တိုင်ကလည်း ရောဂါတစ်ခုခုကြောင့်  ဆေးလုံးတွေနဲ့ ပါးစပ်နဲ့ မပြတ်ဆိုသလိုပေါ့ 

အဲလိုလာငြီးပြရင် ဟုတ်ဟုတ် မဟုတ်ဟုတ် (အနဲဆုံး စိတ်သက်သာရာရစေဖို့ ပဲဖြစ်စေ ငွေအထွက် နဲသွားအောင် ပိုက်ဆံထားနေကျ နေရာမှာ သပြေညွန့် ခပ်သေးသေး လေး ထည့် ထားလိုက်ပါ တနင်္လာနေ့ မှာထည့် ပါ အညွန့် လေး အသစ်လဲရင်လည်း တနင်္လာနေ့မှပဲလဲပါ အချိန်နဲ့ ထည့် ချင်ရင် မနက် ၉-၁၀း၃၀ကြား ဖြစ်စေ နေ့ ၁၂-၁း၃၀ကြားဖြစ်စေ ည ၉-၁၀း၃၀ကြားမှာဖြစ်စေထည့် ပါ အသစ်လဲပါ မီးခံသေတ္တာတွေ ငွေသိမ်းအံဆွဲတွေ စသဖြင့် တွေမှာထည့် ထားလို့ ရတယ်ပိုဓါတ်သက်ခိုင်ပါတယ်ပေါ့ 

ဂြိုလ်ပတ်ယတြာ...အလွယ်စတိုင်



ဂြိုလ်ပတ်ယတြာ...အလွယ်စတိုင်
-------------------
မူလနည်းပညာကို လွယ်ကူပြီး ထိလည်းထိရောက်အောင်ခြုံ့ ထားတဲ့ ယတြာပညာပါ .သာမန်အများသိ..ကိုယ့် မွေးနံတစ်ထောင့် ထဲမှာ...(သို့ )စနေထောင့် ပန်းလှုမယ်သဘောထက် ပိုစွမ်းရည်မြင့် ၊ပိုကာကွယ်ခြင်း ပိုကံပွင့် စေခြင်းသဘောရှိသလို အကျိုးသက်ရောက်မှု့ အားမြန်ဆန်လှပါတယ်။ ငွေကုန်သက်သာပြီး တော်ယုံနဲ့ ငွေကုန်များတဲ့  ယတြာတွေသုံးစရာ မလိုပါဘူး..တစ်ခုပဲဆိုစရာရှိတာက အိမ်မှာတော့  မဟုတ်ဘဲ..အရပ်မျက်နှာထောင့် တွေ ပါတဲ့ စေတီပုထိုးတွေမှာ သွားလှုတာပါ..ဘုရားတက်လေ့ တက်ထရှိတဲ့သူတွေကတော့  အလွယ်တကူလုပ်နိုင်မယ်ပေါ့ ဗျာ...နည်းပညာက မခက်လှပါဘူး...။

တိုက်စစ် န၀င်းရိုက်ခြင်း




တိုက်စစ် န၀င်းရိုက်ခြင်း
----------
ဗဟုသုတအဖြစ်ပါ၊ ရှိတယ်လို့ ပြောပြတာပါ..အသိနဲပါတယ်၊ ဆရာကြီးလက်ထွက်ပါ၊ ဆရာ့ ဆီကတစ်ဆင့် ရတာပါ၊ ဒါပေမယ့်  အရွက်တွေနဲ့ ရိုက်ပေးရတဲ့ သူက ခေါင်းတွေမူးဖတ်ဖတ်တွေမောကျန်ခဲ့ လို့  တော်ယုံနဲ့ မလုပ်တော့ သလို အသုံးနဲသွားတဲ့ ဘ၀ကိုရောက်သွားပါတယ်...

ပုံမှန်အများသူငါ ကြားဖူးမြင်ဘူးနေတာက ထိုင်တယ် ပြီးရင် ခြေဆန့် ခြေဆင်းထိုင်ပြီး ငယ်ထိပ်ကနေ ခြေဖျားအထိ အရွက်တွေနဲ့ သပ်ချတဲ့  န၀င်းထိုင်တဲ့ စတိုင်ပါ
အဲ့ ဒါက ပုံမှန်အခြေအနေတွေသဘောမှာ မြင်နေကျ လုပ်နေကျစတိုင်ပါ..

အခုကတော့  ရက်ပိုင်းအတွင်း (သို့ ) တစ် နေ့ တာအတွင်း (သို့ )နာရီပိုင်းအတွင်း အရေးကြီးကိစ္စတစ်ခုခု ဖြေရှင်းရဖို့ ရှိနေတဲ့ အခါ ( ရိုက်ပေးမယ့် ဆြာကလည်း အရေးကြီးပုံရတယ်လို့ ထင်မြင်တဲ့ အခါ) န၀င်းအရိုက်ခံမယ့်  လူကို မတ်တတ်ရပ်ပြီး ငယ်ထိပ်ကနေ ခြေခုံပေါ် အထိ လက်ယျာရစ် ခရုပတ်ကြောင်လိမ်လှေကားဆင်းသလို ခပ်ဖြေးဖြေး ရိုက်ဆင်းချသွားတာပါပဲ. .အဆုံးသပ်ပုတ်ပေးလိုက်တာက ခြေဖျား ခြေခုံပေါ်မှာပါ...

သုဂတောဂုဏ်တော်..




သုဂတောဂုဏ်တော်..
----------
ဒီ သုဂတော ငါးချက် ဂါထာဟာ စကားအရာနဲ့ ပါတ်သက်တဲ့ သုဂတောဂုဏ်တော်ကို ဖွဲ့ ထားတာဖြစ်လို့  ၃ကြွင်းမဟာဘုတ်နဲ့ မွေးတဲ့ သူတွေနဲ့  သောကြာနံ စကားခိုက် နေရာမှာရှိတဲ့  စနေသားသမီးတွေ အတွက် တစ်သက်တာ အားကိုးဖို့  သီးသန့် အဖြစ် ညွှန်ပေးလေ့ ရှိပါတယ်..ရည်ရွယ်ချက်က ဂါထာတွေမှာ ညွှန်းလေ့ ရှိတဲ့  စီးပွားတက်ဖို့ ဘာညာတွေထက် ( စကားမှားတတ်မှု့ တွေအတွက် ကြိုတင်ဖြေဆေး) အဖြစ် ထုံမွှမ်းထားဖို့  ညွှန်းတာပါ..

ဒီတော့ ဒီလိုကြိုလုပ်ထားတဲ့  ကုသိုလ်တွေ အားကောင်းထားရင် တော်ယုံ စကားအမှားတွေမှာ ပြဿနာနဲသွားမယ် မှားရင်လည်း ပြေလည်တာလွယ်မယ်ပေါ့ ဗျာ...

နောက်တစ်ချက်က တော်ကီတွေ လွှတ်နေရတာ များတဲ့ စီးပွားသဘောတွေ အတွက်လည်း ကိုယ့် တော်ကီတွေ အလုပ်ဖြစ်အောင်လည်း
ဒီ သုဂတော ငါးချက်ကို သီးသန့် အားကိုးနိုင်ပါတယ်ပေါ့ ..စကားစီးအောင်ပေါ့ ..

ပုတီးစိတ်နည်းတွေက အမျိုးမျိုးရှိပါတယ်...ကျနော်လုပ်တဲ့ နည်းက ကိုယ့် အပျင်းရောဂါကြောင့် စိတ်တဲ့ နည်းက ပေါ့ ပေါ့ပါးပါး စိတ်တတ်ပါတယ် စိတ်တဲ့ ပုံက.....

တစ်ကြောင်းကို ပုတီးတစ်လုံးချနဲ့ ပုတီးတစ်ပတ်ပါ..ငါးကြောင်းမို့ ငါးပတ်ဖြစ်တဲ့ အခါ ဂါထာတစ်ပုဒ်လုံးကို ပုတီးတစ်ပတ် စိတ်မိလိုက်သလို တွက်စိတ်တာပါပဲ အဲ့ တော့ မြန်ပြီး ခါးမညောင်း အိပ်မငိုက်ဘူးပေါ့ လေ....

နောက်တစ်နည်းက ဂါထာကို မကြာခဏ အလွတ်ရွတ်တာပါ ခပ်သုတ်သုတ် ၉ ခေါက်ပါ...

နောက်တစ်နည်းက ဒီဂါထာကို ရွတ်ရမှာ ပျင်းတဲ့ အခါ ။ မေ့ နေတဲ့ အခါ ဂါထာကျက်ရမှာ ပျင်းတဲ့ သူတွေအတွက်ဆိုရင် 
'''' သုဂတောသိဒ္ဓိ ''..'' သုဂတောသိဒ္ဓိ ''..'' သုဂတောသိဒ္ဓိ ''..ဆိုပြီး အရဟံကို ပုတီးစိတ်သလို စိတ်ပါတယ် ။ အဲ့ လို စိတ်လည်းဖြစ်တာပါပဲ စိတ်က ရွတ်နေလည်းဖြစ်တာပါပဲ..

နောက်တစ်နည်းက ဥုံ '' သုဂတောသိဒ္ဓိ ''....ဆိုပြီး ရေကို ၉ ခါ မန်းပြီး ကိုယ့် ဟာကိုယ် သောက်တာပါပဲ..( အနှောင့် တွေရှိပုံရတယ်လို့ မသင်္ကာရင် မန်းပြီးလက်နဲ့ တောက်တာ တိုက်တာတွေလုပ်ပါတယ်)

နောက်ဆုံးချုပ်ရရင် ဘာအကြွင်းနဲ့ မွေးပါစေ ဘာနေ့ သားဖြစ်ပါစေ မည်သူမဆို ရွတ်ဆိုပွားများတာ ရေလဲအမျိုးမျိုးနဲ့ သုံးလို့ ရတာချည်းပါပဲဗျာ.ဘုရားစာဟာ အဓိပ္ပါယ်သေခြာမသိပဲ လန့် ပြီး ရွတ်မိ ယောင်မိတာတောင် အလုပ်ဖြစ်ပါတယ်ဆိုတာ ဇာတကတွေမှာတွေ့ နိုင်တာပါပဲ..

ဒုတိယမ္ပိ ထပ်ချုပ်ရရင် ဂါထာတွေပုတီးစိတ်တွေမှာ အရပ်သားသဘော လောကီကြီးပွား စီးပွားသဘောတွေ အတွက်သာ ရည်ရွယ်တဲ့ အခါ မကြာခဏ လုပ်ဖြစ်နေတယ် ရွတ်ဖြစ်နေတယ် ဆိုရင် ဘ၀ခရီးအတွက်လုံလောက်ပြီလို့ ယူပါတယ် 

ဒီတော့  ဒီလို လောကီစီးပွားသမားတွေ ဘ၀ထဲမှာကျင်လည်နေမယ့် သူတွေအတွက်ဆိုရင် အလုပ်မပျက် လူမှု့ မပျက် လုပ်လို့ ရတဲ့ ပေါ့ ပေါ့ ပါးပါးနည်းလေးတွေကိုသာ ရည်ညွှန်းပါတယ်..ကုသိုလ်တစ်ခုလုပ်ဖို့ ကို သောကတွေ စိတ်ဖိအားတွေ ထပ်ရနေတာမျိုး မကြိုက်ပါဘူး ကုသိုလ်တစ်ခုလုပ်ဖို အရေ့း စိတ်ညစ်မသွားစေချင်ပါဘူး...

.ဒိထက်ပိုတဲ့  ဆန္ဒမျိုးတွေဖြစ်တဲ ( ရုပ်ပစ္စည်းအပေါ်အခြေခံတဲ့ တန်ခိုးမဟုတ်ပဲ )စိတ်ပေါ်အခြေခံတဲ့  စိတ်တန်ခိုးတွေရချင်လို့  အိုက်ချလောင်းလုပ်ချင်လို့  ဆိုလာရင်တော့  သမာဓိဖြစ်လာဖို့ လိုပါမယ် သမာဓိဆိုတာ သီလအားပေါ်မှာ အခြေမခံပဲ မထူထောင်နိုင်ပါဘူး...''သီလ''သဘောတွေကို အရင်တည်ဆောက်ရပါလိမ့် မယ် တည်ဆောက်တဲ့  စနစ်တွေ တိကျလာရပါလိမ့် မယ်..ပေါ့ ပေါ့ ပါးပါးနဲ့ ရဖို့ မလွယ်တော့ ပါဘူး.အချိန်တွေဘ၀တွေပေးရပါလိမ့် မယ်ပေါ့ ဗျာ..။

ရုပ်ပစ္စည်းပေါ်အခြေခံတဲ့ တန်ခိုးဆိုတာ လူတွေ အများကြီးကို တစ်ကြိမ်ထဲနဲ့ လေထဲမှာ ပျံသန်းသွားနိုင်အောင် သယ်သွားပေးနိုင်တဲ့ ဂျမ်ဘိုဂျက် လေယာဉ်ပျံကြီးတွေဟာ ရုပ်ပစ္စည်းပေါ်အခြေခံတဲ့ တန်ခိုးလို့ ဆိုလိုတာပါပဲဗျာ...

နို့ ညှပ်အိမ်..



နို့ ညှပ်အိမ်..
--------
အဲ့ ကိစ္စက ဘယ်သူကစထွင်ခဲ့ မှန်းတော့ မသိဘူးဗျ...ကျနော်ကတော့ လောကီပညာတစ်ချို့ တို့ ဗေဒင်ယတြာတို့  သဘောက ယုံချင်ယုံမယုံချင်နေ သဘောပဲလို့ သတ်မှတ်ထားတယ်၊ ကိုယ့် အတွက်မယုံပေမယ့်  သူများကယုံချင်ယုံနေတတ်တာ...အဲ့ တော့ လာတုန်းလေး စိတ်ချမ်းသာဖို့  ယုတ္တိရှိရှိလေးတော့ ပြောပြီး ယတြာပေးတတ်တယ်...

တစ်အိမ်လုံးစာတွက်တာ လူကြီးတွေချည်း၅ယောက် နဲ့ လူငယ်တွေ အငယ်ဆုံးဆရာမ တောင် အသက် ၄၂ တဲ့ ။ တစ်အိမ်လုံးဘိုးဘွားရိပ်သာနဲ့ နလံထစခန်းတွဲထားသလိုပဲ..။ အဲ့ မှာ ဆရာမက အားလုံးပြီးမှ သူ့ အိမ်က နို့ ညှပ် လိုဖြစ်နေတာကြောင့် များလားလို့ ပြောလာတယ်...အဲ့ တော့  ကျနော်က ပြန်မေးရတယ် အခုအိမ်မှာနေတာ ဘယ်လောက်ကြာပြီလဲဆိုတော့  ၃ နှစ်လောက်ရှိပြီတဲ့  
(မြောက်ဒဂုံမှာ)..ပြောင်းလာကာစက နို့ မညှပ်သေးဘူးတဲ့ ၊ နောက်တော့  ခေါင်းရင်အိမ်ကလူတွေက ကျမတို့ ခြေရင်းအိမ်ကိုဝယ်လိုက်လို့ နို့ ညှပ်လိုဖြစ်သွားတာ ပြီးတော့ အိမ်တွေမြှင့် ဆောက်လိုက်တော့ ကျမတို့ အိမ်ကပုကျန်ခဲ့ တယ်တဲ့ ဗျာ...

ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း မဟာဘုတ်ပါရဂူ ဆရာကြီးဦးကြာမြင့် ရဲ့  န၀င်းစီးယတြာပညာမှ န၀င်းပွဲပုံစံ..

ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း မဟာဘုတ်ပါရဂူ ဆရာကြီးဦးကြာမြင့် ရဲ့  န၀င်းစီးယတြာပညာမှ န၀င်းပွဲပုံစံ....

မူလက ဆန်ကောနဲ့ ပါ ခေတ်သဘောကြောင့်  စတီးလင်ဗန်းတွေ ကို သုံးလို့ မရဘူးလားလို့ မေးတော့  စဉ်းစားပေးပြီး သုံးစွဲခွင့် ပြုခဲ့ တာပါပဲဗျာ



န၀င်းပွဲရဲ့  ဆန်ပုံအလယ် ထိပ်မှာ လက်ဘက် ၉ပုံနဲ့  ကွမ်းယာ ၉ ယာ ထောင်ပြီ ရံထားတဲ့  ရေဖန်ခွက် ရှိပါတယ်...အဲ့ ဒီရေဖန်ခွက်ကို န၀င်းရေ လို့ ခေါ်ပါတယ် ပွဲထွန်းပြီးသွားရင် အဲ့ ရေဖန်ခွက်ထဲက န၀င်းရေဟာ ရေမန်းသဘောဖြစ်သွားပြီး အိမ်ရှင်းမြေရှင်း ကားရှင်း တွေ  နေရာမသန့် တဲ့ နေရာတွေကို ရှင်းတာ အတိုက်တွေပယောဂတွေ ကိုရှင်းထုတ် တောက်ဖြန်းတိုက် စသဖြင့်  ဆေးဘက်ဝင် အစွမ်းထက်တဲ့  န၀င်းရေအဖြစ် အသုံးကျသလို  န၀င်းပွဲထွန်းပြီးရင် န၀င်းပွဲက ဆီတွေဆန်တွေ ကွမ်းရွက်တွေလက်ဘက်တွေဟာ န၀င်းဓါတ်သက်ဝင် ပစ္စည်းတွေဖြစ်သွားပြီး ဆွမ်းချက်လှုတာအပါအ၀င် အမျိုးမျိုးအသုံးချလို့ ရသွားပါတယ်.


နော်တို့ ဟာမျိုးဟာနွယ်တွေရဲ့ နာရေး ရက်လည်အလှုလေးပါလေ.

.


နော်တို့ ဟာမျိုးဟာနွယ်တွေရဲ့ နာရေး ရက်လည်အလှုလေးပါလေ.
-------------------------------------------------------
နာရေး ရက်လည်ညဦးမှာ အမျိုးတွေစုံတော့  နာရေးက နာရေးနဲ့ မတူတော့ ဘူး ဆွမ်းသိမ်းပွဲ အောင်ပွဲခံ အလှုလုပ်နေသလိုမျိုးနဲ့ တူလာတယ်ဗျ....နာရေးဆိုတော့  မလွှဲမကင်းသာနဲ့ ဆုံတုန်းကြုံတုန်းလေးဆိုတော့  ရှေးဟောင်းနှောင်းဖြစ်တေ ပြောလိုက်ကြ ငယ်ကျိုးငယ်နာတွေ ဖေါ်လိုက်ကျနဲ့  တ၀ါးဝါး တဟားဟားပေါ့  အပျော်ဆိုပြီး အမျိုးတွေစုဖဲရိုက်ကြတာလည်း ကိုယ့် အမျိုးနဲ့ ကိုယတင် အိမ်ပြည့် လို့  ဘေးထိုးတောင် နေရာလုနေရတယ်...ဟီးးးအဲ့ ဒါ ညဦးပိုင်းပေါ့ လေ...

ဒီလိုနဲ့  ညမှောင်လာတော့  မနက်အတွက် မုန် ဟင်းခါးချက်ကြရောဗျား..
ဘုန်းကြီးကျောင်းကငှားလာတဲ့ ဒံပေါက်အိုးဆိုက်ကြီးနဲ့ ပေါ့  မုန့် ဖတ် အချိန်ရာချီဆန့် 
အိုးကြီးတွေပေါ့ ..အများကြီးချက်ရသလားဆိုတော့  အရပ်ကနဲနဲ အမျိုးတွတ်တီးပေးမှာနဲ့  အိမ်ချိုင့် ဆွဲမသွားမှာက အလှု့ မုန့် ဟင်းခါး တစ်ဝက်ကျိုးစာလောက်ရှိလို့ ပါ..အဟီးး..ကြိုက်တတ်ကြတာကိုး...ခိခိ...အဲ အဲ့ မုန့် ဟင်းခါးချက်တော့ မှ စောစောက တည့် ပြီးတ၀ါးဝါးတဟားဟားဖြစ်နေတဲ့ အမျိုးတွေ ပွစိတွေထိုးပြီး ရန်ဖြစ်ကြတော့ တာ.....

မဖြစ်ခံနိုင်ရိုးလား အမျိုးတွေက ဆရာ့  ဆရာကြီးတွေကြီးပဲ...ပဲကြိုနေတာ ကပ်မှာစိုးလို့ ဆိုပြီး လှော်တက်ကို လက်က မချတန်းမွှေးနေတဲ့ သူကို ဟဲ့  စွပ်မွှေမနေနဲ့  ပဲတွေ မပွခင် ကြေကုန်ရင် ဟင်းရည်ပျက်သွားမယ်လို့  သွားဆရာကျတော့ မွှေနေတဲ့ သူက လှော်တက်ကြီးစောင့် မွှေရင်း..လာဆရာမလုပ်နဲ့  ငါသိပါတယ်ဟ.ကြေမှာစိုးရင် လာမွှေလေလို့  ဘာညာနဲ့ ပွစိပြန်ထိုး ငှက်ပျော်အူ လှီးနေတဲ့ လူကို ဘယ်လိုလှီး ဆိုဒ်ကဘယ်လောက် လှီး လို့ သွားဆရာကျပြန်တော့  လှီးနေတဲ့ သူက မျက်စောင်းပြန်ထိုး မေတ္တာပြန်ပို့ ...ငံပြာရည်က ဘယ်ဆိုင်ကလဲ ဘယ်တံဆိပ်လဲ ပုပ်စော်နံနေလားမနံနေလား သေခြာ ရှုခဲ့ လားတို့  မုန့် ဖတ်မှာတာ သေခြာလား သခြာပစေနော် အချိန်မီပို့ ပါ့ မလားကတစ်မျိုး သွေးတိုးရှိလို့  အငံ ကြောက်သူက မငံစေနဲ့ နော်လို့ ပြောတုန်း. မုန့် ရေ နဲနဲ လေးပစဟေ့ ..ဒါမှ သံပြာရေ ညှစ်စားလို့  ကောင်တာ လို့ လှမ်း အမိန့် ပေးသူက ဖြတ်ပြော....ဟဲ့ ဟဲ့  မမွှေခင် ရေစိမ်းတွေဖြတ်မထည့် နဲ့ လေ မွှေနေတုန်းထည့်  ဗိုက်နာကုန်မယ်လို့ အမိန့်ဝင်ပေးတော့  ရေထည့် သူက ရေခွက်ကို ခွပ်ဆို စောင့် ချ...ပါးစပ်ကလည်း ဒီလောက်တတ်နေရင်လည်း ကိုယ့် ဟာကိုယ် လာချက်ပါလား...မုန့် ဟင်းခါးများ တစ်မျိုးလုံးချက်တတ်တယ် ဘာညာနဲ့ ပွစိပွစိ....

အဟားးးး..တစ်ယောက်နဲ့ တစ်ယောက် ဆရာကျနေတာ ခက်လှမ်းလှမ်းက နားစွင့် ပြီး ကျိတ်ရယ်နေရတာ......အဲ့  ညက နာရေးဆိုတာတောင် မေ့ သွားပြီး... ရယ်နေရတယ်...အဟဲ..အဲ့ ဒါ နော်တို့ ဟာမျိုးဟာနွယ်တွေရဲ့ နာရေး ရက်လည် အလှုလေးပါလေ.....ခ်ခ်

အမည်တွေ ခံစားချက်တွေ နဲ့ ကမ္ဘာ




အမည်တွေ ခံစားချက်တွေ နဲ့ ကမ္ဘာ
--------
ကျနော်တို့ နေခဲ့ တဲ့ စတိတ်က ဒေါင်းတောင်း၊ လသာမြို့ နယ်ကကျောင်းသားက ကျောင်းရဲ့ တစ်ဝက်နီးပါးရှိတယ်၊ ကျန်တာက မြို့ နယ်ကျော်လာတက်တာ၊ ပန်းပဲတန်းမြို့ နယ်ကလည်းပါတယ်ပေါ့ ။လသာအများစုဖြစ်လို့ ကျောင်းက တရုပ်ကျောင်းလို့ မခေါ်ယုံတမည်ပဲ၊ ဒါပေမယ့် ဘယ်တုန်းကမှ လူမျိုးနွယ်စုသဘောကြောင့်  ကျောင်းတွင်းရန်ပွဲကြီးတွေ မဆင်နွှဲခဲ့ ရဘူးဘူး..ကျောင်းထဲရောက်ရင်
အရောင်တွေအကုန်ပျောက်ပဲ.။တစ်ချို့ ရင်းနှီးချစ်ခင်လွန်းလို့  ချစ်စနိုးနဲ့  သူငယ်ချင်းကို ဟယောင်တရုပ်ကြီး လာကွာ ဒဗလျုဘောသွားကစားမယ်လို့  တစ်ခါတစ်လေခေါ်ခဲ့ ရင် တရုပ်ကြီးလို့ အခေါ်ခံရတဲ့ သူငယ်ချင်းကလည်း စိတ်မဆိုးတဲ့ အပြင်တဟဲဟဲနဲ့ ပါပဲ..ခေါ်တဲ့ လေသံနဲ့  ဟန်က ချစ်လို့ ခေါ်တာလား နှိမ်ခေါ်တာလား ရန်စခေါ်တာလား နှလုံးသားတွေက နားလည်နေကြတယ်...

'''ကိုယ့် စိတ်ကိုယ်စစ် ''

'


''ကိုယ့် စိတ်ကိုယ်စစ် ''
------------
စာစုံလျှောက်ဖတ်တော့  ဓမ္မစာပေတွေပါ ကျွဲကူးရေပါသဘော ဖတ်မိလာတာပေါ့ ..အဲ့ လိုဖတ်ရင်းက ဓမ္မစာပေတွေထဲမှာ ''ကိုယ့် စိတ်ကိုယ်စစ် ''ဆိုတဲ့   စကားလုံး အတွဲလေးကို ရလိုက်တယ် သိပ်သဘောကျသွားတာပေါ့  ကိုယ့် အတွက် အမာခံစာလုံးလေးလိုဖြစ်သွားတယ်..အဲ့ စာလုံးလေးရဲ့ ကျေးဇူးနဲ့  တစ်ခုခုဆို ကိုယ့် ဖီလင်ကို ကိုယ် အရင်ပြန်ပြန်ကြည့် မိတတ်တဲ့  အလေ့ အကျင့် လေးရလာတယ် ဒီတော့ တစ်ခုခု ကို ခံစားပြီဆိုရင် ကိုယ်ဘာလို့  ဒီစိတ်ဖြစ်လာသလဲကို 
ပြန်ကြည့် တတ်သွားတယ်.အဲ့ ဒီကနေ နောက်တစ်ဆင့်  အပြင်ကမ္ဘာကလူတွေကရော သူတို့ စိတ်တွေက ဘာလို့ အဲ့ လိုတွေ ခံစားကြလဲဆိုတာကိုပါ ကြည့် မိလာတယ် အပြင်ရုပ်ထက် ရင်ထဲကိုဝင်ကြည့်  ကြည့် တာမျိုးဆိုပါတော့  ဒီလိုလိုက်လိုက်ကြည့်  ကြည့် တာ ဂိမ်းတစ်ခုလိုပါပဲ ပျော်စရာလေး တစ်မျိုးတောင်ဖြစ်နေတယ်..

ချာမတျောက်ရဲ့ အလန့် တကြား ''ငြီးချင်း ..''

ချာမတျောက်ရဲ့ အလန့် တကြား ''ငြီးချင်း ..''
------
''''အမလေးဆြာရယ်;;; ကျမကလူကုန်ကူးတယ်ဆိုတာ တရုပ်ကိုကောင်မလေးတွေ ပို့ လိုက်တာလောက်ထင်နေတာ...အခုကျမပြောင်းသွားတဲ့ ဘုရင့် နောင်က တည်းခိုခန်းမှာလေ အမလေး...ကောင်မလေးတွေကို မနဲဘူးဆြာရဲ့ ...ကျမက ၅လွှာမှာလေ...တည်းခိုခန်းက ကျမတို့ အောက်လွှာမှာ..အဲ့ဒါ ကျမတို့ အခန်းကိုတက်ရင် လှေခါးထစ်တွေမှာ တန်းစီ ထိုင်နေကြတာ အဲ့ ကောင်မလေးတွေကို မနဲရှောင်တက်သွားရတာ...မနက်မနက်ဆို အဲ့ လှေခါးထစ်လေတွေမှာ မုန့် တွေ ထွက်စားလို့  အောက်ဆင်းလိုက် ဖြတ်သွားတဲ့ လူတွေကို ဟိုအစ်ကို့ အဆင်ပြေလားဘာလားနဲ့  လူခေါ်လိုက်နဲ့ နေတာ...ဆြာရယ်..တကယ် တကယ် ရုပ်ရှင်ထဲကအတိုင်းပဲ..သူတို့ က မနက်ဆိုင်းညဆိုင်းတဲ့ ဂျူတီတွေနဲ့ ဆြာရဲ့  တည်းခိုခန်းက လူကြီးက ဟောက်တာများ ဟဲ့  ဘာထိုင်လုပ်နေတာလဲ ဘာလဲ နဲ့  အသံမာမာနဲ့  ကောင်မလေးတွေ ကုလားထိုင်မှာ ကြာကြာပေးမထိုင်ဘူး ဟောက်တာများ...တိုင်းပြည်က ပျက်နေပါပြီဆြာရယ် ဒင်းတို့ တွေ အကုန်ဖျက်ဆီးပစ်ခဲ့ တာပဲဆြာရယ်.....ကျမဖြင့် အဲ့ မှာနေရတာ ကြောက်လိုက်တာ အဲ့ လိုတည်းခိုခန်းမျိုး ကျမတို့ နားမှ နှစ်ခုဆြာရဲ့  ပေါ်တင်ကြီး အပြိုင်ခေါ်နေကြတာ မြင်မကောင်းကြားမကောင်းဘူး တော်သေးတယ် ကျမ မှာ သမီးမရှိလို့  ပြီးတော့  ညီမက ခရီးသွားနေတုန်း ခဏလာနေပေးပါဆိုလို့  ခဏသွားနေပေးရတာမို့ လို့  အဲ့ ဒါကြောင့်  ညီမက ပြန်ရောင်းမယ်ပြောနေတာကိုးဆြာရဲ့ ကျမက အစက နှမျှောနေတာ မြန်မြန်ရောင်းပစ်မှ ကောင်းမှာပါဆြာရယ် ဆြာတို့ နေရာပဲကောင်းတယ် အဲ့ လိုအနိဌာရုံတွေမမြင်ရဘူး အေးချမ်းထှာ...

(သူအလန် တကြားပြောနေတာ လိုက်နားထောင်ပေးနေရတဲ့ ကိုယ့် မျက်လုံးထဲ အိန္ဒိယပြည်က ဘုံဘေမြို့ က ကြက်တန်းကို မျက်လုံးထဲသွားမြင်နေတာ....ဟီးးး)

ပွဲမပြတ်ခဲ့ ဘူး..နဲ့  အင်ပါယာရှင်တွေရဲ့ လက်ထဲမှာ...



ပွဲမပြတ်ခဲ့ ဘူး..
--
ပြီးတော့  ကမ္ဘာ့ သမိုင်းစဉ်ကြီးကို ခြုံငုံကြည့် ရင် ဓမ္မ ရော အဓမ္မတွေဆိုတာရောဟာ နေနဲ့ လ အအေးနဲ့ အပူ အလင်းနဲ့ အမှောင် ဆန့် ကျင်ဘက် သဘောအဖြစ် ယင်နဲ့ ယန်သဘောအဖြစ် အမြဲ အတူ ယှဉ်တွဲနေခဲ့  ဖြစ်ခဲ့ မြဲဆိုတာ တွေ့ နိုင်ပြီး ဘယ်တုန်းကမှ ဓမ္မက အဓမ္မကို အဓမ္မက ဓမ္မကို အပြီးတိုင် အနိုင်ယူနိုင်ခဲ့ တာ (၀ါ) ပွဲပြတ်သွားခဲ့ တာ မရှိခဲ့ ဘူး ဓမ္မက အသာစီးရလိုက် အဓမ္မက အသာစီးရလိုက်နဲ့ အမြဲဖြစ်နေတဲ့  လူ့ သမိုင်းစဉ်ကြီးသဘောပဲ...ဓမ္မဖြစ်စေ အဓမ္မဖြစ်စေ အနိုင်ရရ အရှုံးဖြစ်ဖြစ် ယာယီ သဘောတွေသာတွေ့ ရတယ်...ဒီသဘောဟာ လူ့အဖွဲ့ အစည်းကြီး တစ်ခုလုံးသဘောတရားမျိုးပဲ...တစ်ဦးချင်း သဘောမှာတော့  ကိုယ့် အလိုအတိုင်းပဲ ကိုယ့် အတွင်းစိတ်မှာ ဓမ္မစိတ်က အဓမ္မစိတ်ကို ပွဲပြတ်အနိုင်ယူချင်သလား ရတယ် နည်းတွေရှိတယ်လို့ တော့  တွေ့ နိုင်တယ်..။

''တစ်ကြွင်းမှ သုညကြွင်းအထိ မဟာဘုတ် ရ မျိုး၏ ၇အိမ် အပေါ် စိတ်ထား ကစားကွက် အတိုချုပ်သဘော..''

''တစ်ကြွင်းမှ သုညကြွင်းအထိ မဟာဘုတ် ရ မျိုး၏ ၇အိမ် အပေါ် စိတ်ထား ကစားကွက် အတိုချုပ်သဘော..''



''တစ်ကြွင်းမှ သုညကြွင်းအထိ မဟာဘုတ် ရ မျိုး၏ ၇အိမ် အပေါ် စိတ်ထား ကစားကွက် အတိုချုပ်သဘော..''

သဘောတရားက ဒီလိုနေကြည့် လိုက်ပါ ဒီလို ကျင့် သုံးကြည့် ပါ ဒီလိုစိတ်ကိုထားကြည့် လိုက်ပါ ဘ၀ဟာ ဂွတ်တဲ့ အချိန်တွေများလာမယ်ပေါ့ ဗျာ...


 ၁ကြွင်းနှစ်မွေး မဟာဘုတ်ရှင်တစ်ယောက်ဟာ

၁= မိသားစု အပေါ် စိတ်လိုနေတုန်းတစ်မျိုး မလိုတော့ တစ်မျိုး နဲ့ ငါတကော မကောရင်
၂=ငွေကြေးလာဘ်လာဘကို တဘို့ တည်းကြံပြီး ဒိုင်လျိုအကြံအဖန်မလုပ်ရင်
၃= လူတကာကိုမယုံသင်္ကာနဲ့  သံသယ၀ါဒီအဖြစ် အစွန်းမရောက်သွားရင်
၎= လူတကာနဲ့ လူ့ အဖွဲ့ အစည်းသဘောကို အဆိုးမြင်လွန်းအားမကြီးလျင်
၅= အရည်အသွေးမြင့် သော ဥာဏ်ပညာကို ကလိမ်ကကျစ်ဥာဏ်များတက်ဘက်မရောက်သွားလျင်
၆=ပရိယာယ်စကားကြွယ်မှု့ မှ ဝေ့ ဝိုက်လှည့် ပတ်လိမ်လည်ကွေ့ ကောက်သဘောဘက်များမသွားလျင်
ဝ=လူကောင်းသူကောင်းအဖြစ်အများက အသိအမှတ်ပြုလာလျင်...
ဒီ ၁ကြွင်းမွေးရဲ့ အနာဂတ် အိုဇာတာအထိအား လောကဓံတရားဆိုးတွေရဲ့ ဒဏ်ကနေ သက်သာတည်ငြိမ်တဲ့ ဘ၀ကိုရလွယ်ပြီသဘော။

''ကံ။စိတ်၊ဥတု၊အာဟာရ..''နှင့် ''သက်ရောက်(၈)ခွင်''



''ကံ။စိတ်၊ဥတု၊အာဟာရ..''နှင့် ''သက်ရောက်(၈)ခွင်''
------------------------------------------------------------
သက်ရောက် ၈ ခွင်ကို အခြေခံသဘောတူရာစုပြီး  ၄ စု ခွဲ ချဉ်းကပ်ရှု့ မြင်ပုံပါ။ အကောက်အယူတတ်ရင် သက်ရောက်သဘောတွေကို ပိုမြင်လာနိုင်ပါတယ်။ သဘောတူရာ ၂ ဂြိုလ်တွဲကို ညီအစ်ကို လို့ လဲ တင်စားပါသေးတယ်။

(တနင်္ဂနွေ+တနင်္လာ)သက်ရောက်ကို ညီအစ်ကိုစုံတွဲလို့ သတ်မှတ်တင်စားပြီး အတိတ်က ကုသိုလ်တွေ သိသိသသာသာ ပေးရာ၊ ပစ္စုတ်ပန်ကာလမှာကျိုးစားသလောက်  အခွင့် အရေးရတာဖြစ်လို့ (ကံ) ဂြိုလ်စုံတွဲလို့  မြင်နိုင်ပါတယ်။ ကံ ကြောင့်  အလုပ်ရာထူးတိုးတက် ၀င်ငွေတက်ဆိုတဲ့  ကံ ပေးတဲ့ နေရာလို့ မြင်နိုင်ပါတယ်။ဒီနေရာမှာ ကံအထောက်အပံ့ ပါလာ ပုံက တောင်းစားသူတောင် တောင်းလို့ ပိုက်ဆံပိုရလာတဲ့ သဘော အတန်းမကိုင်ရတဲ့ ဆရာမက အတန်းပိုင်ဖြစ်လာတာမျိုး၊ အတန်းပိုင်က အတန်းမှုးဖြစ်လာတာမျိုး ကံသတ္တိကို သူ့ ဘ၀နဲ့ သူပေးလိုက်တဲ့  ကံ သဘောကိုဆိုလိုပါတယ်။

လဘက် လင်ဘန်း ငွေခေါ်ဓါတ်ယတြာကပ်ခြင်း



လဘက် လင်ဘန်း ငွေခေါ်ဓါတ်ယတြာကပ်ခြင်း 
================
တနင်္လာနံရဲ့  ဓါတ်မိတ် ဗုဒ္ဓဟူးနံ+ကြာသပတေး ကို ဓါတ်တူ နံတူဆေးကိုယူ သဘောနဲ့ ငွေစက္ကူအစစ်ကို ပေါင်းပြီး ငွေဝင်မပြတ်သွားအောင် လည်ပတ်အောင်
ဘုရားကို ဓါတ်ယတြာအဖြစ်နဲ့  ကပ်တဲ့ နည်းပါ..ဓါတ်မိတ်ဟာ အခေါ်ဓါတ် ၊ပီယဓါတ်၊ ဆွဲဆောင်မှု့ ဓါတ်ပါ.....ဒါကြောင့်  တနင်္လာရဲ့ ဓါတ်မိတ် လက်ဘက် ၉ ပုံ ခပ်သေးသေး လင်ဗန်း (ခေတ်ပေါ်စတီးလင်ဗန်း အနေတော်လေးပေါ့ ) မှာ ပတ်လည်ပုံ  လက်ဘက်ပုံရဲ့ အလယ်မှာ ငွေစက္ကူတစ်ရွက် (၀ါ) ပိုက်ဆံ ၁ရွက်ခင်း နဲ့ ယတြာဆင်လိုက်ပါတယ်..

ပြီးတော့  သူ့ ကို နိုင်လို ဆ ကို ခို သဘောအရ ငွေနံ တနင်္လာ ကို ခေါ်ယူ ဖို့  တနင်္လာရဲ့  ဆပွတ် စနေနံ အစားအစာများကို ငွေစက္ကူပေါ် ပန်းကန်ပြားတို့ ဖန်ခွက်တို့ နဲ့  ထည့် ပြီး တိုက်ရိုက်တင်ကပ်တဲ့ သဘောပါ...ဥပမာ ထန်းလျက်ခဲနဲနဲ တို့  နို့ တစ်ဖန်ခွက်တို့ သဘောပေါ့  ။ 

နေ့ စဉ်ကပ်လို့ ရတယ်...လဘက်သား အစိုဓါတ်က နောက်နေ့ တွေမှာ သိပ်ခြောက်သွားရင် အသစ် လဲလဲပေးလို့ ရတယ်။ ငွေစက္ကူကတော့ ၂ပတ်တစ်ခါ အသစ်လဲတယ်။ အဟောင်းကို စွန့် တယ်လှုပစ်တယ်။

တစ်ပတ်တစ်ခါသာဆိုရင် တနင်္လာနေ့ မနက် ၉နာရီ ကနေ ၁၀နာရီခွဲကြားမှာ ကပ်ပါတယ်..ပြီးရင် မွန်းတည့် နေကျော်ရင် နေ့ ခြင်းစွန့် ပါတယ်။ငွေဝင်စေဖို့ သာ အာရုံပြုတာသာဖြစ်ပါတယ် ဒီအာရုံပြုမှု့ နဲ့  ဓါတ်ယတြာနဲ့ ပေါင်းမိသွားတာဖြစ်ပါတယ်

အဓိကရည်ရွယ်ချက်က ထီပေါက်ဖို့ မဟုတ်ချမ်းသာဖို့ မဟုတ်ဖူး ၀င်ငွေမှန်ဖို့ လည်ပတ်နေဖို့  ဘိုင်ပြတ်သွားတာမျိုးမလွယ်ဖို့ ငွေလိုအပ်ချိန် အကြောင်းတစ်ခုခုခံပြီး ရလွယ်ဖို့ ပါ...

ထူးခြား တစ်ချက်က လဘက်သားနဲနဲကို တနင်္လာသားသမီးက ကွမ်းယာလိုသေးသေးထုပ် ပိုက်ဆံအိပ်မှာ ဆောင်ပြီး (ဥပမာ ကြွေးမြီတောင်းသဘော ပြေလည်အောင်ညှိနှိုင်းဖို့ သွားခြင်း လျှောက်ထားတဲ့ အလုပ်အတွက် အင်တာဗျူးခံဖို့ သွားခြင်း သဘောမျိုး ထူးခြားစကားတွေပြောဖို့ မှာ )   စကားပြောသွားရင် တစ်ပွဲတိုးဆောင်ရင် အိုကေလွယ်တယ် စကားတိုးလွယ်တယ် စကားအောင်လွယ်တယ်ပေါ့ လေ...ထူးခြားစကားပြောခြင်းသဘောတွေမှာသာ တပွဲတိုး ဆောင်သွားတာမျိုးဖြစ်ပြီး အမြဲတော့ မဆောင်ထားသင့် ပါ...အမြဲဆောင်ထားရင် ပီယစိတ်တွေ တစိမ့် စိမ့် ကြွတက် ၀င်လာပြီး ပီယလိုင်းတွေ သွားပူးမိလို့  အိုဗာဖြစ်သွားရင် ရှော့ တွေ ဖြစ်ကုန်တတ်ပါတယ်

''တစ်ကြွင်းမှ သုညကြွင်းအထိ မဟာဘုတ် ရ မျိုး၏ မရဏဥာဉ် အကျင့် ကစားကွက် အတိုချုပ်သဘော..''


''တစ်ကြွင်းမှ သုညကြွင်းအထိ မဟာဘုတ် ရ မျိုး၏ မရဏဥာဉ် အကျင့် ကစားကွက် အတိုချုပ်သဘော..''

သဘောတရားတွေဟာ အများစုကို ခြုံငုံပြောတဲ့  ယေဘူယျ သဘောသာဖြစ်ပြီး တစ်ချို့ တွေအတွက် ချွင်းချက် သဘောတရားရှိပါလိမ့် မယ်..အကြောင်းက မွေးနေ့ တွေ ကွာခြားကြတာ ကျား မ လိင်မတူကွာခြားမှု့ သဘောတွေ မွေးချိန်တွေကွာခြားကြတာ.မတူညီတဲ့ လူ့ အဖွဲ့ အစည်းမှာမွေးလာတာ၊ အယူဝါဒကိုးကွယ်ယုံကြည်မှု့ တွေ ရဲ့ သွန်သင်ချက်တွေကြောင့် တွေးပုံခံစားပုံတွေကွာခြားတတ်ကြတာ  လူမျိုးစု မျိုးနွယ်သွေးကွဲပြားတာ ၊ဒေသဆိုင်ရာ ဓလေ့ စိတ်တွေ ခေတ်ပညာတတ်မှု့ မတတ်မှု့ သဘောတွေ  အသက်မွေးဝမ်းကျောင်းသဘောတွေ ၊ ကြီးပြင်းလာတဲ့ ဘ၀အခြေခံတွေ ၊ပြောင်းလဲလာတဲ့ ခေတ်တန်ဘိုးသဘောတရားတွေ နဲ့  သံသရာက ကံကုသိုလ်သဘောတွေ သီလသမာဓိသိက္ခာ သုံးပါး အနဲအများကွာခြားမှု့ တွေ ကြောင့်  အကျင့် စရိုက်တွေ ထင်ရှားခြင်းမထင်ရှားခြင်း ချွင်းချက်တွေ ရှိနိုင်တယ်လို့  ဆိုလိုတာပါ



အိမ် နဲ့ ကွန်ဒိုတွေ တိုက်ခန်းတွေ ရောင်းချင်တဲ့ အခါ..



အိမ် နဲ့ ကွန်ဒိုတွေ တိုက်ခန်းတွေ ရောင်းချင်တဲ့ အခါ..
------------
ဗေဒင်မှာ အခေါ်ပညတ်ဟာ ယတြာအတွက် အရေးပါတဲ့ သဘောရှိပါတယ်..၊ ဒီတော့  အိမ်ရောင်းတဲ့ ယတြာနဲ့ ကွန်ဒို တိုက်ခန်း ရောင်းတဲ့ ယတြာဟာ အခေါ်မတူလို့  ယတြာ မတူဘူးဖြစ်သွားပါတယ်၊ ယေဘူယျသဘောက လုံးချင်းအိမ်တွေ လှိုင်သာယာလိုနေရာမျိုးက အိမ်အများစုဟာ အများစုခေါ်သလို အိမ် သဘောဖြစ်ပြီး မြို့ ထဲက ကန်ထရိုက်တိုက်တွေ ကွန်ဒိုတွေကိုတော့  အများစုခေါ်သလို ကွန်ဒိုခန်း တိုက်ခန်းလို့  နံ၂ လုံးတွဲခေါ်ကြပါတယ်...။ တစ်ချို့ မေးသူတွေဟာ မြို့ ထဲက အိမ်ခန်းရောင်းချင်လို့ ပါ လို့ ဆိုလာလို့  ဒီနေရာမှာ ဗေဒင်ဆရာက ဘယ်နေရာလဲလို့  စေ့ စေ့ ပေါက်ပေါက်ပြန်မေးလိုက်တော့ မှ လမ်း၃၀
က ဘယ်နှစ်လွှာက လို့  စသဖြင့်  ပြန်ဖြေတော့ မှ တိုက်ခန်း ရောင်းချင်တာကို သိလိုက်ရလေ့ရှိပါတယ် ဒီအခါ ဗေဒင်ဆရာက ကိုယ့် စိတ်ထဲကနေ အိမ် အစား တိုက်ခန်း ဆိုတဲ့ ပညတ် ကို ပြောင်းယူပြီး တိုက်ခန်းရောင်းတဲ့  ယတြာကို ပေးလိုက်ရပါတယ်.. ပို ဓါတ်မိသွားအောင်ပေါ့ လေ...

ရွှေအပ်ထည်တွေ နဲနေလို့ ဆိုပဲ..

ရွှေအပ်ထည်တွေ နဲနေလို့ ဆိုပဲ..
------
ရွှေပန်းတိမ်သမားက အပ်ထည်နဲလို့  ဆိုလာတဲ့ အခါ ပန်းတိမ်ခုံတွေ တစ်ဝိုက်ကို ကသစ်ရွက်နဲ့ ရေမွှေးရေနဲ့  လျှောက်စတိဖြန်းလိုက် သုံးလေးရက်တော့  ဆက်ဖြန်းလိုက်ပါလို့  မှာလိုက်တဲ့ အခါ အပ်ထည်တွေ ကျလာလေ့ ရှိပါတယ်...ကသစ်မရရင်ရော လို့ ဆိုလာတဲ့  သူကိုတော့  ကြက်သွန်နီလေးတစ်လုံးရေစိမ်ရေမွှေးနဲနဲညှစ်ပြီး အဲ့ ပန်းတိမ်ခုံတွေတစ်ဝိုက်ကို လက်နဲ့ လိုက်တောက်လိုက်ပါ သုံးရက်လေးရက်ဆက်ပြီးတော့ ပေါ့  လို့ .....သဘောက ရွှေ ဆိုတာကို ဗုဒ္ဓဟူးနံလို့ ယူပြီး ဗုဒ္ဓဟူးနံရဲ့  ဓါတ်မိတ် ( တနင်္လာ+သောကြာ.ဗုဒ္ဓဟူးနံ +တနင်္လာ ကုလား၊ ဗုဒ္ဓဟူးနံ+ သောကြာ= ၀ံသေ= ကုသေ= ကသစ်/ကြက်သွန် နဲ့  ဗုဒ္ဓဟူးနံ ရွှေ တွေကို ခေါ်လိုက်တဲ့ သဘောပါပဲဗျာ....

အင်္ဂါနံသဘောတွေ ရောင်းတဲ့ အခါ

အင်္ဂါနံသဘောတွေ ရောင်းတဲ့ အခါ 
---------------------
အင်္ဂါနံ ဖြစ်တဲ့  ဆန်ဆိုင်တွေ ဆေးစတိုးဆိုင် ဆီဆိုင်တွေ စက်ပစ္စည်းတွေ ဆိုပါတော့  တစ်ခါတစ်လေ ဆိုင်ခန်းရောင်းချင်တာတောင်ပါသေးဆိုပါတော့  အဲ့ တာကို အရောင်းသွက်အောင်တို့  ရောင်းထွက်သွားတို့ ကို သရက်ရွက်နဲ့ ရိုက်ခိုင်ချင်ခိုင်းတယ်. ပုတ်ခိုင်းတဲ့ အခါ ပုတ်ခိုင်း စိန်ကုန်သည်ကို သရက်ယိုကပ်ခိုင်းတာလည်း ပါချင်ပါတတ်သလို အင်္ဂါရဲ့  ဆပွတ်ဖြစ်တဲ့ တနင်္ဂနွေနံ အုန်းညွန့် နဲ့  ရိုက်တာလည်း လုပ်ချင်လုပ်တယ် ဒါတွေက ဓါတ်မိတ်တွေ ဆပွတ်တွေက ကစားတာမျိုး..ဒါလည်း ၀ယ်လက်တွေပေါ်လာတယ် အရောင်းရ လည်ပတ်နေတယ်ပေါ့ ထူးခြားချက်က အဲ့ ဒါနဲ့ တင် ခွင်တည့် နေတတ်လို့  ရာဇာ ကိန်းဆိုတဲ့  အတွင်းရန်ဓါတ် ရွက်လှရွက်ကို အင်္ဂါနံရောင်းတဲ့ အခါမှာ မသုံးဖြစ်ခဲ့ သေးတာပါပဲဗျာ...အဲ့ မှာ အင်္ဂါနံ ဆန် သဘောမှာ သရက်ရွက် သရက်ကိုင်းလေး နဲ့ သရက်ယိုလေးတွေက ဆိုင်အလတ်တန်းဆိုင်လေးတွေမှာ အလုပ်ဖြစ်နေတာများတယ် ခဏခဏ အရွက်တွေ ဟိုပြောင်းဒီပြောင်းမပြောင်းရလို့ လည်း သဘောကျပုံရတယ်....ပြီးတော့  ဒီလို ပုံမှန် ရောင်းဝယ်ဖေါက်ကားနေတဲ့  ပစ္စည်းတစ်ခုကို ရောင်းမကောင်းလို့ ဗေဒင်ဆြာဆီလာပြီဆိုရင် ဒီလို တပွဲတိုးနည်းလေးတွေက အလုပ်ဖြစ်လာတာမြန်လို့  သဘောကျကျတယ်..သဘောကျတော့  နောက်ဆို ကိစ္စတစ်ခုခု ရှိလာရင် သတိရပြီး ပြန်ပြန်ရောက်လာတော့ တာပါပဲဗျာ အဲ့ ကနေ ဗေဒင်ယတြာ ဖေါက်သည်ဖြစ်တော့ တာပါပဲ..သဘောက ဗေဒင်ဆရာကိုယ်တိုင် က စိတ်ရှင်းနေဖို့  ပေါ့ ပါးစိတ်ရှိနေဖို့ သူများအဆင်ပြေသွားပြီးတာပါပဲဆိုတဲ့  လူ လူချင်း သိတတ်သမျှလေးနဲ့  ကူညီချင်တဲ့ စိတ်က ငွေရဖို့  ပိုနာမည်ကြီးဖို့ ထက် ပိုများနေဖို့  နဲ့  မေးသူတွေ အလုပ်ဖြစ်ဖို့ မှာ လွယ်ကူပြီး အလုပ်ဖြစ်လွယ်တဲ့ နည်းလေးတွေ မှတ်ထား ကြံဆထားဖို့ ပေါ့ လေ..ပြီးတော့ ..ဒီဘက်ခေတ် အများစုရဲ့ ယေဘူယျ စီးပွားပုံစံ သဘောအရ သိပ်ပြီး ခက်ခဲံနက်နဲတဲ့ သဘောတရားတွေ လက်ပေါက်ကပ်အောင် စဉ်းစားပြီး သိပ်သုံးနေရတာမဟုတ်ဖူး..

ကောဇာလုံးဝပြောင်းအပြီးမှာ တနင်္ဂနွေသားတစ်ယောက် ဗွေဆော်ဦး.. --


ကောဇာလုံးဝပြောင်းအပြီးမှာ တနင်္ဂနွေသားတစ်ယောက် ဗွေဆော်ဦး..
-----------
အခု မြန်မာကောဇာ ၁၃၇၇ ဟာ တနင်္ဂနွေနံ မရဏကိမ်မှာ ဆင်းထိုင်သွားတဲ့  ၅ကြွင်းမဟာဘုတ်နှစ်ပါပဲ ဒီကာလဟာ လာမယ့် ရှေ့ နှစ် သင်္ကြန်ကာလ ခရစ်သက္ကရာဇ် ၂၀၁၆ ဧပြီလ အထိ အကြုံးဝင်ပါတယ် 

ဒီနေ့ ယတြာတစ်ခု တနင်္ဂနွေသားနဲ့ ပတ်သက်တယ် သူက ၈၅ ။ ၂လပိုင်းမွေးတာ အခု အသက် ၃၁ ထဲ မှာ ရာဟု ဘုမ္မိကြီးပေါ့ ...အခု လစိတ်က တနင်္လာလစိတ်မှာ...ဒီမနက်က ဆေးရုံရောက်သွားတယ် အူအတက်ယောင်တယ်..ခွဲရမယ်လို့ ဆိုတယ်...ဒီတော့  ကိုယ်စား အ၀တ်အစားဓါတ်ပုံနဲ့  န၀င်းယတြာကြီး အဝေးရောက်လုပ်ပေးရတဲ့ သဘောပေါ့ ....

ကျနော် သူတို့ ကို ကြိုပြောခဲ့ သလိုပါပဲ...ဒါပေမယ့်  ဒါက ကံကိုကပါလို့ ပေါ့ လေ..ဗေဒင်အရဆိုရင် လောကဓံဗေဒင်ဘက်ကလည်း သဘောတရားမှန်တယ်..။ ဒါပေမယ့်  ဒီဖြဟစ်စဉ်မျိုးဟာ အင်္ဂါလစိတ် ဗုဒ္ဒဟူးလစိတ်မျိုးမှာ ပိုဖြစ်သင့် တယ် ဘာလို့  တနင်္လာလစိတ်မှာ ကြိုလာဖြစ်သလဲ...အဲ့ မှာ ပြောရရင် 
ပထမအချက် က တနင်္လာ လစိတ်မှာ သုံးတန်ပေါ်နိစ္စအရ ၇ ၁ ၂ တိုင် လို့  ဆိုတယ် ၁ ဆိုတဲ့  တနင်္ဂနွေနံဟာ ပြ မှာ ရှိတယ်...ဒီတော့  ဘေးချင်းကပ်ခွင်လွှဲထူရင် ပြအိမ် ပြအိမ်ချင်း ဘေးတိုက် ဖြစ်သွားတော့  တနင်္ဂနွေသားကို ဒီ ၁၃၇၇ ရဲ့ ကောဇာမဟာဘုတ်က တနင်္ဂနွေနံ မရဏ က လာပူးသလိုဖြစ်နေတယ်....ဒါကြောင့် ရယ်..။

မဟာဘုတ်ရဲ့  မရဏ အိမ်ရဲ့ သဘော..


မဟာဘုတ်ရဲ့  မရဏ အိမ်ရဲ့ သဘော...
===========================
လက်ရိုးနဲ့  အများထင်တာက မရဏ ဆိုတာနဲ့  မကောင်းတော့ ပါဘူး ဆိုပြီး ပုံသေ ယူလိုက်ပါတော့ တယ်....ခေတ်သစ်မဟာဘုတ်မှာတော့  ဒီလို ပုံသေ ခံသာခံလိုက်ပေတော့ လို့  ယူတာမျိုးမဟုတ်တော့ ဘဲ ဒီမရဏ ကို ကိုယ်က ဘယ်လိုဆက်ဆံရင် အဆင်ပြေမလဲ လို့  အသုံးပြုတဲ့ သဘော...သူကို ပြောင်းလဲ လို့ မရ ရင် မိမိကိုယ် မိမိပြောင်းလဲပစ်ပြီး ဒီမရဏနဲ့  ဆက်ဆံလက်တွဲသွားရမယ့် သဘောကို တည်ဆောက်ပါတယ်....ပြောရရင် မိမိမွေးမဟာဘုတ် မရဏဂဏန်းဟာ သူ့ ဆီက ရဖို့  မဟုတ်ဘဲ ပေးဆပ်ခြင်းသဘော နဲ့ ဆက်ဆံတတ်မှ သာ မရဏဂဏန်းကရော ကျန်မဟာဘုတ်အိမ်က ဂဏန်းတွေဟာ အကောင်းသဘောနဲ့ အသက်ဝင်ပြီး၊ မိမိမဟာဘုတ်အိမ်က ဂဏန်းကို သူ့ ဆီက အယူနဲ့ သွားဆက်ဆံရင် မရဏဂဏန်းကရော ကျန် မဟာဘုတ်အိမ်ကဂဏန်းတွေဟာ အဆိုးသဘောနဲ့  ပြန်တုန့် ပြန်တတ်တာကို ဆိုလိုပါတယ်...။