အမည်တွေ ခံစားချက်တွေ နဲ့ ကမ္ဘာ
--------
ကျနော်တို့ နေခဲ့ တဲ့ စတိတ်က ဒေါင်းတောင်း၊ လသာမြို့ နယ်ကကျောင်းသားက ကျောင်းရဲ့ တစ်ဝက်နီးပါးရှိတယ်၊ ကျန်တာက မြို့ နယ်ကျော်လာတက်တာ၊ ပန်းပဲတန်းမြို့ နယ်ကလည်းပါတယ်ပေါ့ ။လသာအများစုဖြစ်လို့ ကျောင်းက တရုပ်ကျောင်းလို့ မခေါ်ယုံတမည်ပဲ၊ ဒါပေမယ့် ဘယ်တုန်းကမှ လူမျိုးနွယ်စုသဘောကြောင့်  ကျောင်းတွင်းရန်ပွဲကြီးတွေ မဆင်နွှဲခဲ့ ရဘူးဘူး..ကျောင်းထဲရောက်ရင်
အရောင်တွေအကုန်ပျောက်ပဲ.။တစ်ချို့ ရင်းနှီးချစ်ခင်လွန်းလို့  ချစ်စနိုးနဲ့  သူငယ်ချင်းကို ဟယောင်တရုပ်ကြီး လာကွာ ဒဗလျုဘောသွားကစားမယ်လို့  တစ်ခါတစ်လေခေါ်ခဲ့ ရင် တရုပ်ကြီးလို့ အခေါ်ခံရတဲ့ သူငယ်ချင်းကလည်း စိတ်မဆိုးတဲ့ အပြင်တဟဲဟဲနဲ့ ပါပဲ..ခေါ်တဲ့ လေသံနဲ့  ဟန်က ချစ်လို့ ခေါ်တာလား နှိမ်ခေါ်တာလား ရန်စခေါ်တာလား နှလုံးသားတွေက နားလည်နေကြတယ်...
စတိတ်တစ်လျှောက် ဟယောင် ဗမာကောင် လို့ တော့ အခေါ်မခံခဲ့ ရသလောက်ပဲ၊ ဒါပေမယ့် တစ်ခါတစ်လေ ကျောင်းသားသစ်နဲ့  ရန်ဖြစ်တဲ့ အခါ ဗမာစုတ် လို့ ခေါ်ခံလိုက်ရတဲ့ အခါ ကမ္ဘာမကြေဘူးဖြစ်သွားတယ်..ကျောင်းအဆင်းဘောလုံးကွင်းထဲ ချိန်းပြီးရိုက်တဲ့ အထိဖြစ်သွားတယ်..
.( ကျောင်းသားပီပီ နောက်တော့ ဘော်ဒါတွေဖြစ်သွားတော့  ဗမာစုတ် လို့  မခေါ်ကြတော့ ပါဘူး.)
ပန်းပဲတန်းက သူငယ်ချင်းတွေရှိပေမယ့်  ကုလား လို့ ခေါ်ခဲတယ် အမည်သာခေါ်လေ့ ရှိတယ်၊ ခေါ်လေ့မရှိတာက တရုပ်ကြီးတို့ နဲ့ မတူတာက ဟယောင် ကုလား လာ ဒိုးကြမယ်လို့ ခေါ်လိုက်ရင် အဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာဟာ ကွက်ကနဲပျက်သွားတာမျိုး အမည်ဖေါ်ရခက်တဲ့ အရောင်တစ်မျိုးဖြတ်ပြေးသွားလေ့ ရှိတာသတိထားမိတယ်.ဒီတော့  ဒီလိုခေါ်တာ ဒီကောင်ကြိုက်ပုံမရဘူးလို့ သိလိုက်ပြီး နောက်ဆို ကုလားလို့ မခေါ်တော့ တာမျိုးဖြစ်လာတယ်..ဒိနေ့ အထိ စတိတ်က သူငယ်ချင်းတွေနဲ့  လည်ပင်းဖက်မြဲပဲ..
စတိတ်ကနေ တက္ကသိုလ်ရောက်တယ် ကမ္ဘာ မြန်မာအတွေးအမြင်သဘောတွေ ဖတ်ရပြီ အပြင်စာတွေဖတ်ပြီ စိတ်ပညာစာတွေပါ ပါလာပြီ ဒီတော့  လူတွေရဲ့  လေသံတွေ အကြောင်း သမိုင်းကြောင်းတွေ သိလာပြီပေါ့ ကိုယ့် လူမျိုးတွေရဲ့ အလွယ် အပျော်ကြိုက်တတ်တဲ့ သဘာဝစိတ်တွေလည်းရိပ်မိပြီ။
အမျိုးထဲက ဘကြီးအရင်းခေါက်ခေါက်ရဲ့  မွေးရာကနေ သေတဲ့ အထိ အမည်အရင်းက ကုလားကြီးတဲ့  ၊ ဦးကုလားကြီးပေါ့  ညီအစ်ကိုတွေချည်း ၇ ယောက်လောက်မှာ သူ့ တစ်ယောက်ထဲ ကုလားမျိုးနွယ်ဥပဓိရုပ် ချွန်ပြီးဖြစ်နေလို့  သူ့ ကို သူ့ အိမ်ကရော အရပ်ကပါ အလွယ်တကူခေါ်လိုက်တာ ကုလားကြီးဆိုပြီး၊ကျေးလက်သဘာဝအတိုင်းပါပဲ အရပ်ပုသူကို မောင်ပု နီးစပ်ရာဖြတ်ကနဲ ဖမ်းကိုက်တတ်တဲ့  ၀၀လုံးလုံးကျစ်ကျစ်သမီးလေးကို ခွေးမလေးလို့ ချစ်စနိုး အလွယ်ခေါ်ရင်းက ကြီးတဲ့ အထိ မခွေးမ ဖြစ်သွားတာမျိုးတွေလည်းရှိတယ်...
ဒေါပွချိန်မှာတော့ သောက် တွေ နဲ့ တွဲခေါ်လာတတ်တယ်။ ကိုယ့် မျိုးနွယ်ဟာ အမှန်တော့  စိတ်ပျော်တတ်သလောက် စိတ်မှတ်လည်းကြီးပြီး ရုပ်ခွန်အားမနိုင်တောင် စိတ်က သေတဲ့ အထိ အလျှော့ ပေးမသွားချင်တတ်ကြဘူး..ဒါကြောင့်  လူချင်းမနိုင်လောက်ရင်တောင် ပါးစပ်နဲ့  လှမ်းကစ်လိုက်လေ့  နံလှမ်းနှိမ်လိုက်တာမျိုးတွေလည်းရှိတတ်တယ်..
စကားလိမ်တွေ စကားပြောင်တွေနဲလည်း ရိတတ်ပြန်တယ်..ရွေသွေးမျိုးညွန့် လို့ သရော်ပြီး ရိတာမျိုးပေါ့ ....တစ်ချို့ အခေါ်အဝေါ်တွေဟာ ချစ်စနိုးနဲ့ ခေါ်တာမျိုးဖြစ်ပြီး တစ်ချို့ အခေါ်တွေကတော့  ဖီလင်ငုတ်နေလို့ ခေါ်တာမျိုးရှိတယ် အမည်တစ်ခု လှမ်းခေါ်လိုက်တာကိုက ခံစားချက်အလိုက် လေသံကိုက မတူဘူး..ဒါကို အခေါ်ခံရသူက ခံစားမိတယ်။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..