Powered By Blogger
Tuesday, May 5, 2015
ဘုရားကစကား ပြောတယ်လို့ အိပ်မက်မက်သူ.
ဘုရားကစကား ပြောတယ်လို့ အိပ်မက်မက်သူ.
----------------------
ပြီးခဲ့ ၂ နှစ်လောက်ကကြုံခဲ့ တာပါ......မက်တဲ့ သူက ချဲ ဒိုင်သမားပါ..သူကိုယ်တိုင်ကိုက ဗေဒင်အညာတွေအကြောင်းတော်တော့် ကိုတတ်နေသူမျိုးပါ သုတေသီ ဆရာတစ်ပိုင်းပေါ့  ဒါပေမယ့်  ဘီယာတွေ..ဘာညာတွေ ကင်းပုံလည်းမရပါဘူး၊ အဲဒိနေ့ က ..သူက ဗေဒင်အကြောင်းတွေလာပြောရင်းက    ညက သူ အိပ်မက်မက်တဲ့ အထဲမှာ....ဘုရားဟာ  ပလ္လင် ပေါ် ကနေ လှမ်းပြီး ပါးစပ်လှုပ် စကားပြောတာကို ဖူးရပါတယ်တဲ့ ....ဒီအပါတ်တော့  သူ ကိုယ်တိုင် ၀င်ကစ်ရင်ထောမယ်နဲ့ တူတယ် ထင်တယ်လို့ ပြောပါတယ်...ကျနော်က...ဘာလို့ ထောမယ်လို့ ထင်ရတာလည်းလို့ ပြန်မေးတော့  အိပ်မက်တိတ္ထုံ ကျမ်းထဲမှာ...အိပ်မက်ထဲ ဘုရားဖူးရရင် ကံကောင်းတတ်တယ်လို့ ပါတယ်လေတဲ့ ......
မဟာဘုတ်အကြွင်းစရိုက်နဲ့ သုစရိုက် ဒုစရိုက်ခွဲခြင်း
မဟာဘုတ်အကြွင်းစရိုက်နဲ့ သုစရိုက် ဒုစရိုက်ခွဲခြင်း
--------------------
ဒီနေရာမှာ ဆင်းရဲချမ်းသာကိုယ်ကျင့် သီလ ဘာညာကိုပြောတာမဟုတ်ဘဲ သုနဲ့ ဒုအင်အားချိန်ရင် များတဲ့ ဘက်ကျင့် ရင်အကျိုးဆက် ဘာလည်းလို့ မြင်သာစေခြင်းပါဘဲ.....ဒါကို မဟာဘုတ်မှာ မရဏအိမ်က ဂဏန်းနဲ့ ချိန်ပြီး (မရဏညဉ် အကောင်း၊အဆိုးလို့ သုံးပါတယ်)
၁ကြွင်းဟာ မရဏမှာ ဗုဒ္ဓဟူးထိုင်လို့  သူစရိုက်အဖြစ် လူမှု့ ဆက်ဆံရေးမှာ အနွံအတာ ခံကြပါတယ်.ဒုစရိုက်အဖြစ်..မခံတဲ့ လူက ရင့် တယ်ပေါ့  ခံတဲ့ လူဟာ အရေးဆို အကူအညီအများ ကြီးပြန်ရတတ်ပြီး မခံတဲ့ လူကတော့  အရေးဆို ကူညီမဲ့ လူမရှိတော့ ပါဘူး...။
အခြေအနေပေးမှု့ တဲတဲလေးပေါ်ကလူ..
အခြေအနေပေးမှု့ တဲတဲလေးပေါ်ကလူ..
------------
ကိုယ်စားလှယ်က သူများအတွက် လာမေးပေးတာ...ဒီဇင်္ဘာ ၅၆ တနင်္ဂနွေသမီးအတွက်ပါတဲ့ ...စန္ဒရော (တနင်္လာတိုင်)မှာ...၅၆ဖွားမို့  ၂ ကြွင်း တနင်္ဂနွေအထွန်းဖွားပေါ့  အခု အင်္ဂါသက်ရောက် အသက် ၅၉ ပေါ့ ...လစိတ်က အင်္ဂါလစိတ်ကနေ ဗုဒ္ဓဟူးလစိတ်ကို ဦးတည်နေပြီ...ဒါဆို ကျမ္မာရေးဖြစ်ဖို့ များပြီလို့ တွေးလို့ ရပြီ စန္ဒရောတိုင်နဲ့ ဖြစ်နေလို့ ကိန်းခန်းက အိမ်ကတော့ အထွက်ပြနေပြီ...အဲ့ တော့  ကျမ္မာရေးလား အိမ်ကတော့ အထွက်ပြနေပြီ လို့ မေးလိုက်တော့  ..ကိုယ်စားလှယ်က
ဟုတ်တယ်...ခုလောလောဆယ်တော့  အိမ်ကိုတော့ ပြန်ဆင်းလာပြီ ဦးနှောက်ထဲက သွေးကြောတွေ ယောင်နေလို့  ခွဲရမလိုလိုဖြစ်နေလို့  အဲ့ ဒါ..ခွဲရင်ကောင်းမကောင်း...တဲ့ ...ဒါဆို ဒီခေါင်းပိုင်း ကျမ္မာရေးပြဿနာတက်ပြီဆိုရင် ဒါ သူ့ အတိတ်ကံကပါလာတဲ့ ရောဂါပဲဗျ
( မရဏရောဂါလို့ မပြောဘူး)..လွယ်ဘူး ငွေနဲ့ စက်ကုရမယ့် သဘောရှိတယ် အခုကိန်းက ၆ပတ်အတွင်းကို စိုးရိမ်ရေမှတ်မှာရှိတယ်..ဒိထက်ပိုရင် ၆လအတွင်း အန္တရာယ်ရှိတယ်ပေါ့ ဗျာ..(ဒါက စန္ဒရောတိုင်ထိပ်က ၆ ဂဏန်းနဲ့  လစိတ်ကို ညှိလိုက်တာ...ခွဲခွဲ မခွဲခွဲ အန္တရာယ်ကိုရှိနေပြီ...ကျနော့် သဘောကတော့  ပါရဂူညွှန်ကြားတဲ့ အတိုင်း လုပ်တာကောင်းမယ်လို့ သူဖြစ်နေတာ ၃ လပိုင်းလောက်ကတည်းကပဲ.လို့  ..ပြောလိုက်တယ်..( ၃လပိုင်းဆိုတာက သူက ဒီဇဘာင်္မွေး တနင်္ဂနွေသမီးမို့  အဲ့ ၃လပိုင်းမှာ အင်္ဂါလစိတ် စ၀င်လာတာ)
ပြန်ညှိတဲ့ အခါ..
ပြန်ညှိတဲ့ အခါ..
-----------
သုံးတန်ပေါ်က အ၀င်ကိန်းတွေကို လောကဓံပညာက သဘောတွေနဲ့ ပြန်ညှိတဲ့ အခါ ပစ္စည်းတစ်ခု ၀င်တဲ့ အခါ ပါလာတဲ့ အကျိုးသက်ရောက်မှု့ ကို မှန်းဆကြည့် လို့ ရတယ်...
ဆိုပါတော့  အင်္ဂါနဲ့ ဟူးသက်ရောက်မှာ ရော သောကြာသက်ရောက်မှာပါ ကြာသာပတေးနံ ဆိုတဲ့  မြေ ၀င်ကိန်းရှိပါတယ်...ဘယ်သက်ရောက်က ကြာသာပတေးနံ မြေ၀င်တာဟာ ခိုင်ပါသလဲ စိတ်အေးချမ်းသာဖြစ်စေပါသလဲ ဆိုတာ လက်တွေ့ တွေ မြင်နိုင်သလို
 မဟာဘုတ်အရ အကုန်လုံး ငွေရှိရင် မြေ၀ယ်နိုင်တယ်...ဒါပေမယ့်  ကြာသာပတေးနံ မရဏအိမ်မှာ ရှိနေတဲ့  ၂ ကြွင်းအတွက် ဘယ်သက်ရောက်မှာ မြေ ၀င်ပါစေ ဖြောင့် ဖြောင့် တန်းတန်း လွတ်လွတ်ကင်းကင်း ရှိနိုင်သလားကို စီစစ်ရင်...
ကြာသာပတေးသက်ရောက်မှာရော စနေ သက်ရောက်မှာပါ တနင်္ဂနွေနံ အ၀င်ကိန်း အပေါ်တန်းမှာချည်း ရှိပါတယ်....ဘယ်သက်ရောက်မှာ အိမ်ထောင်ကျတာ အဆင်ပိုချောမွေ့ ပြီး ပိုကောင်းပါသလဲ ဘယ်သက်ရောက်မှာ အိမ်ဝယ်တာ ပိုခိုင်ပါသလဲ ဘယ်သက်ရောက်က အလုပ်ပိုခိုင်းပါသလဲ ဆိုတာ လက်တွေ့ တွေ ကြည့် ရင်သိနိုင်တယ်
သေလွယ်ပျက်လွယ်တတ်ပါသော..(သုံးတန်ပေါ်နိစ္စတိုင်ပညာတစ်ကွက်)
သေလွယ်ပျက်လွယ်တတ်ပါသော..(သုံးတန်ပေါ်နိစ္စတိုင်ပညာတစ်ကွက်)
-----------
မကြာခင် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတဲ့ ကြာသာပတေးသားတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့  ပြန်တွက်ရိုးလေးပါ..ဗေဒင် သဘော အကြောင်းတစ်ခုခုရှိလားလို့  ဗေဒင်ပညာဖက်က ထောက်လှမ်းရေးဆင်းကြည့် တဲ့ သဘောပါ..။
သူဟာ ၈လပိုင်း ၈၀ဖွား ၅ကြွင်းကြာသာပတေးသားဖြစ်ပြီး အခုဆို အသက် ၃၅ ဖြစ်လို့  သက်ရောက်က သောကြာ ခရီးသွားနှစ် လူမှု့ ရေးများတဲ့ နှစ် အကောင်းသဘောတွေလို့  သာမန်ယူလို့ ရပါတယ်..
.ဒါပေမယ့်  သုံးတန်ပေါ်နိစ္စတိုင်ပညာဘက်ကထောက်ထားပြီး ခွင်လွှဲတိုင်ထူပြီး အကဲခတ်ထားရင် သောကြာသက်ရောက်ရဲ့  သုံးတန်ပေါ်နိစ္စတိုင် ၃၄၅ တိုင်ထိပ်က သူ့ မွေးနံ ကြာသာပတေးနံကို(အခုနှစ်မကုန်သေး) ၁၃၇၆ ၄ကြွင်းနှစ်မဟာဘုတ်ရဲ့  မရဏအိမ်က နံ စနေနံက (ဓမ္မာသောက အတွင်းရန်ကိန်း)နဲ့ ကပ်ထားတာမြင်နိုင်ပါတယ်.
အခါတိုင်တွေနဲ့ အ၀င်အထွက်အ၀ယ်အခြမ်းဇယားတွေ
အခါတိုင်တွေနဲ့ အ၀င်အထွက်အ၀ယ်အခြမ်းဇယားတွေ
----------
အခါတိုင်ကိုသုံးတဲ့ အခါ မပြောပလောက်တဲ့ ကိစ္စတွေလို့ ထင်ရင် စိတ်အဆာကျွေးသဘော သဘာဝအတိုင်းအလွတ်နေပါတယ်..အမှားခံလို့ မဖြစ်လောက်ဖူးလို့ ထင်ရင် အနဲဆုံး အခါတိုင်ကိုကြည့် လိုက်လေ့ ရှိပါတယ်..ဒါဟာ စမ်းသတ်ချက်တွေအများကြီးလုပ်ကြည့် ခဲ့ ပြီးမှ သုံးတဲ့ သဘောပါပဲ...
ဥပမာ..ကြာသာပတေးတိုင်မှာ ဟူးနံ ရွှေ ခိုက်နေပါတယ်..အဲ့ အခါတိုင်မှာ ရွှေကို ရောင်းလဲမရောင်း ၀ယ်လဲမ၀ယ်ပါဘူး..အကြောင်းက ကြာကြာမခံတာ က အစ နောက်ဆက်တွဲ အဖြစ်၂ ပတ်ကနေ ၄ပတ်အတွင်း စိတ်မချမ်းသာစရာ ကိစ္စတွေပါလာလေ့ ရှိပါတယ်..၂ နဲ့ ၎ ဆိုတာ န၀င်းနဲ့ ခိုက် ဂဏန်းကို ယေဘူယျယူတာပါ
အခါတိုင်ရဲ့  ဆိုက်အဖက်ဟာ ယေဘူယျမှာ မြန်တဲ့ သဘောရှိပါတယ်။ အနဲဆုံးတော့  ကြာသာပတေးတိုင်မှာ ၀င်လာတဲ့ ရွှေဟာ ကိုယ်မသုံးရပဲ သူများအတွက်သုံးဖို့ ဖြစ်သွားတတ်ပါတယ် ..အ၀ယ်အရောင်းမှာ ကြေးများရင်တော့ ရွှေ အလျော့ တွက်ကလိမ်အကျခံလိုက်ရတာ..အရည်မမီတာ မျိုးတွေကြုံရတတ်လို့ ကြေးကြီးရင်  ရှောင်တာမျိုးပါပဲ..ပေါပေါပဲပဲသဘော နဲ့  နောက်ကြောင်းက
 (သက်ရောက်ကောင်းလစိတ်ကောင်းရင်ပေါ့ လေ) ကတော့  ဖီလင်ရှိရှိရာ ဘာမဆို ဘယ်တိုင်ဖြစ်စေ ၀ယ်ချင်ဝယ်လိုက်တာပါပဲ...
၃ကြွင်းမွေး နဲ့  မရဏသောကြာနံ ''သွေးရောဂါ..''
၃ကြွင်းမွေး နဲ့  မရဏသောကြာနံ ''သွေးရောဂါ..''
----------------
အဲ့ အမျိုးသမီးလေးက မေ ၈၅ အင်္ဂါသမီး..မိဘအသိုင်းအ၀ိုင်းက တော်တော် ချမ်းသာသူဖြစ်တယ်. လူလွတ်ဖြစ်တယ် ကိုယ်ပိုင်အလုပ်လည်း ထူထောင်ထားသူဖြစ်တယ် အလုပ်လည်းဖြစ်နေတယ် အရင် သူလာတုန်းကတည်း ဒီအသက် ၃၀ သောကြာသက်ရောက် ထဲအကြောင်းကို ပြောပြခဲ့ ပြီးသားပေါ့  လာနေကျလည်းဖြစ်တယ်..။
အဲ့ လာတုန်းက ပြောတဲ့ အထဲမှာ ကျမ္မာရေးအကြောင်းပါသွားတာက သောကြာမရဏ ဆိုတာ မတော်တဆမှု့ နဲနဲပါးပါးဖြစ်တတ်သလို တစ်ချို့ ကတော့  သွေးရောဂါမျိုးဖြစ်တတ်တယ် ပြီးတော့  ဒါဟာ လူပိန်တာ ၀တာနဲ့ မဆိုင်ဘူးလို ပေါ့( သူက သက်ချိုပြုံးနဲ့ ညီအစ်မနီးပါးပေါ့ ) သွေးရောဂါဆိုတာ သွေးပေါင်ပြုတ်ကျတာသွားရင်းလာရင်း သွေးနီဥအားနဲမူးလဲဖြစ်တာမျိုးတွေပေါ့ လို့ ပြောပြခဲ့ တယ်..(.ဖြစ်မယ်မဖြစ်ဖူးထက် ဖြစ်တတ်တာကိုပြောတာဖြစ်ပြီးဖြစ်လာတော့ လည်းမီးစင်ကြည့် ကယုံပေါ့ လို့ )..
အဲ့ အမျိုးသမီး သွေးနီဥအားနဲရောဂါ တကယ်ဖြစ်ခဲ့ တယ် ဆေးရုံလည်းတက်ခဲ့ ရတယ် သွေးလည်း သွင်းခဲ့ ရတယ် (သူများသွေးသွင်းရတာ ဖီးလ်ငုတ်နေတယ်)သွေးနီဥများလာဖို့ ဆေးလည်းသောက်နေရပြီ...ဖြစ်ခဲ့ သမျှတွေဟာ ၂လပိုင်းထဲမှာ အခံရဆုံးဖြစ်တယ်( သောကြာမရဏလစိတ်ထဲမှာ )....သူဖြုံနေတာက ရေရှည်အဲ့ လိုဖြစ် သွားမှာလားဆိုတာပဲ...
ရှင်းပြလိုက်တယ် အကယ်၍ အသက် ၃၀ ထဲမို့  ဖြစ်တာဆိုရင် ယာယီသွေးအားနဲရော ဂါမျိုးသာဖြစ်မယ် နောက်မကြာခင် ပြန်ကောင်းသွားလိမ့် မယ်ပေါ့ ...စိတ်မပူဖို့ က သွေးကင်ဆာမျိုးတော့ မဟုတ်သလို သွေးကင်ဆာအထိပြောင်းလဲဖြစ်သွားတာမျိုးမတွေ့ ခဲ့ ရဘူး အဲ့ ဒီ တစ်ခါတစ်လေ သွေးပေါင်ပြုတ်ကျသွားတာ  သွေးအားနဲနဲသွားတာမျိုးးတွေသာ များတယ်လို့  ပြောလိုက်ရတယ်...
( တစ်ချို့ ကတော့  ယာယီ မဟုတ်တော့ သွေးနီဥတွေ များများလာဖို့  ဆယ်စုနှစ်တွေနဲ့ ချီပြီအမြဲတမ်း ဆေးသောက်ပေးနေရတာမျိုးတွေလည်း ကြုံခဲ့ တဲ့ အကြောင်းတော့ မပြောလိုက်တော့ ဘူး)
အဲ့ ရောဂါမျိုးတွေကို မရဏရောဂါလို့ ဆိုလိုပြီး ပစ္စုတ်ပန်နေထိုင်သွားလာစားသောက်မှု့ သဘောထက် အတိတ်ကံက ဖြစ်ဖို့  ထ လာတဲ့ သဘောများသလို ကြိုတင်ကာကွယ်ရတာခက်တယ် ဖြစ်လာမှ ဖြစ်စပြုမှ မီးစင်ကြည့် ကရတာမျိုးများပါတယ်
နမိတ် ရဲ့ အလေး အပေါ့ ..
နမိတ် ရဲ့ အလေး အပေါ့ ..
---------
အမှန်တော့  ကျနော့် အတွေ့ အကြုံတွေနဲ့  မိသားစုအတွင်းအတွေ့ အကြုံတွေ နီးစပ်ရာလူတွေရဲ့ အတွေ့ အကြုံတွေအရ ပြောရရင် ကံ အဆင့် တစ်ခုရှိတဲ့ လူတွေအတော်များများမှာ လူ့ ကံ ကြောင့် ပါလာတဲ့  ကိုယ်ပိုင် နမိတ်သဘောတွေ ပါလာပြီးသားလို့  ယူတယ်..တစ်ချို့ ဟာတွေက အများကြုံ နေကြဖြစ်ပြီးသဘော တရားတူလေ့ ရှိတယ်..ဆိုပါတော့  မျက်ခမ်းလှုပ်ရင် ကွိုင်တစ်ခုခုကြုံတော့ မယ်ဆိုတာမျိုး ညာ(သို့ ) ဘယ်လက်ဝါးယားရင် ပိုက်ဆံတော့ အနဲနဲ့ အများထူးပြီးရတော့ မယ်လို့  ကိုယ့် အတွေ့ အကြုံနဲ့ ကိုယ် သိလိုက်ကြတာမျိုးပေါ့ ဒါတွေဟာ လူ ဖြစ်နေတဲ့  ကံ ကြောင့်  ဖြစ်လာတာလို့ ယူတယ်..
တစ်ချို့ နမိတ်တွေကတော့ ကိုယ့် အတွက်ကိုယ် သီးခြားဖြစ်ပေးတာမျိုးဖြစ်ပြီး သူတကာနဲ့ တူချင်မှ တူမှာဖြစ်သလို တစ်ခါမှ မကြားဖူးမဖတ်ဖူးမကြုံဘူးတာမျိုးတွေလည်း ဖြစ်တတ်တယ် ဒါမျိုးကြတော့  ကောက်ရတာ ခက်တယ်..နမိတ်က အသစ်လိုဖြစ်နေလို့ ပဲ ပြီးတော့  အဲ့ လိုနမိတ်တွေကလည်း ပုံစံမျိုးစုံဖြစ်နေတတ်တယ် ပြင်ပ အပြုအမူတစ်ခုခု ဖြစ်ချင်ဖြစ်နေတာ အိမ်မက်ထင်ရှားမက်တာ မျက်လုံးထဲ ကိုယ့် တစ်ယောက်ထဲ ဖြတ်ကနဲ မြင်လိုက်ရတာ ကိုယ့် တစ်ယောက်ထဲသာထူးခြားအသံမျိုးကြားလိုက်ရတာ ကိုယ့် တစ်ယောက်ထဲသာ အနံတစ်မျိုးမျိုး ဖြတ်ကနဲရလိုက်သလိုလိုဖြစ်ပြီး တကယ်လိုက်ရှုတော့ မရတော့ တာစသဖြင့် အစုံပါပဲ...
ပြည်ပသားစစ်စစ်တွေနဲ့ ယတြာကိစ္စ ဆက်ဆံရတဲ့ အခါ
ပြည်ပသားစစ်စစ်တွေနဲ့ ယတြာကိစ္စ ဆက်ဆံရတဲ့ အခါ
-----------
ပြည်တွင်းသား ပြည်ပသားတွေကို ဟောရတာ မွေးသက္ကရာဇ်ရဖြစ်လို့  သိပ်ပြဿနာမရှိပါဘူး ..ဒေသန္တရကြောင့် ဖြစ်လာတဲ့ စရိုက်ဗဟုသုတလေး နဲနဲပါးပါးရှိထားရင် လုံလောက်ပါတယ်. .အတော် အုံးစားရတတ်တာက ပြည်ပသားတွေအတွက် ယတြာပေးရတဲ့ အခါမှာ ပါပဲ..တစ်ချို့ ပြည်ပသားတွေက ယတြာကိုယုံတတ်ပြီး ယုံရင်လိုက်လုပ်တတ်ပါတယ်..န၀င်းပွဲလိုယတြာမျိုးတွေက ကိစ္စမရှိပေမယ် တစ်နှစ်တစ်ခါလာနေကြ လာတုန်းလေးတွေမှာယတြာပေးရတာမျိုးတွေ တပွဲတိုး ယတြာပေးရတာမျိုးတွေမှာ ကျနော်တို့  ပညတ်နဲ့ သူတို့ ပညတ် မတူတော့ တဲ့ အခါ ယတြာကီးကိုက်ပါ့ မလားဆိုတာ တွေးစရာ ဖြစ်လာပါမယ်..ဒီ့ အတွက် ကျနော့် အတွေ့ အကြုံတစ်ချို့ နဲ့  ကျနော့် အတွေးအယူကိုပြန်ရေးပြတာပါ..
တစ်ခါက စလုံးက ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ ကျနော့် ဘော်ဒါ ဆရာဝန် ဗုဒ္ဓဟူးသားဟာ အားလုံး အစဉ်ပြေနေပေယ့်  ဆေးရုံရဲ့  အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ ရဲ့ တင်းကျပ်မှု့ ကြောင့်  စိတ် အတော်ညစ်နေတယ်လို့ ဆိုလာပါတယ်..အကြီးအကဲက .စလုံးပေါက်ဖြစ်သလို ချမ်းသာပြီး ပညာအရည်အချင်းပါမြင့် လို့ မာနလည်းကြီးပုံရတယ် ဆေရုံခွဲတွေက ကမ္ဘာအနှံ့ မှာရှိလို့ အမြဲတမ်း အောက်ဒိုး ထွက်နေရပြီး ပြန်လာရင် တစ်ဆေးရုံလုံးကို ရစ်တတ်လို့  ညစ်နေတာလို့ ဆိုတယ် ဒါကို သူနဲ့ ဘယ်လို အဆင်ပြေအောင်လုပ်ရမလဲလို့ ဆိုလာပါတယ် အစည်းအဝေးထိုင်ရင် သူပါလာမှာတောင် ကြောက်နေရသလိုပဲတဲ့ ...
နေ့ သား တစ်ယောက်အတွက် ''အသန့် ဆုံးအခါ...''
နေ့ သား တစ်ယောက်အတွက် ''အသန့် ဆုံးအခါ...''
-----------
ဒီ သဘောကို မြန်မာ့ ရိုးရာမှာ အစဉ်အလာသုံးတဲ့ စကားက ''' နေတက်ရေတက်မှာ မွေးတဲ့ ကလေးဟေ့ ...ထက်မယ့် ကလေး ဘုန်းကြီးမယ့် ကလေးဟေ့  ''လို့  ဘာညာပြောရိုးရှိပါတယ်...ဒါဟာ စနေသားသမီးကိုသာ ဆိုလိုတာမဟုတ်ပဲ ၇နေ့သားသမီးကို ဆိုလိုတာဖြစ်ပါတယ်
 အမှန်တော့  နေ့ တက်ရေတက်ဆိုတာ ပုံမှန် နေတက်သဘောက နေ့ သားတစ်ယောက်
န၀င်းရောက်ချိန် မနက် ၉နာရီကနေ ၁၀နာရီခွဲကြား သဘောဖြစ်ပါတယ်
ဥပမာ တနင်္လာသား တစ်ယောက်ကို နေတက် ရေတက်မွေးချင်တယ်ဆိုရင် မနက်၉နာရီကနေ ၁၀နာရီခွဲကြား ဖြစ်တဲ့  ဂုရုတိုင် (တနင်္လာတိုင်ထိပ်ရောက်ချိန် (သို့ ) န၀င်းရောက်ချိန်)မွေးလိုက်တာပါပဲ....ရေတက် သဘောက အဲ့ ဒီတနင်္လာ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားဟာ
မြန်မာ့ ကောဇာသက္ကရာဇ် ရဲ့ လဆန်းရက်တွေ ရဲ့  ဒီရေတက်ချိန်နဲ့ ပါ တိုက်ဆိုင်နေရင် ပိုကောင်းတယ်ပေါ့ .
အခါတိုင်+အဌလက်ခွင်ပညာသဘော
အခါတိုင်+အဌလက်ခွင်ပညာသဘော
---------------------
အမှန်တော့  ဇယားနဲနဲပိုရှုတ်လို့ သာ နဲ့  အသုံးမလိုသေးတဲ့ အခါ တစ်ချို့ တွေ ပြောသလိုပါပဲ ဖတ်ဖူးတယ်ဆိုတဲ့  စာအုပ်ထဲပြန်အိပ်သွားတဲ့  စာအိပ်ပညာသဘောဖြစ်သွားလို့ ပါ..
ပုံထဲကအတိုင်းပဲ..အခါတိုင် ကို၂၄ နာရီမှာ ၂ ဖြတ်ပိုင်းပြီး မနက်၆ကနေညနေ၆။ ညနေ၆ကနေ နောက်နေ့ ၆နာရီအထိခွဲထားတယ်ပေါ့  ၊
ဒီတော့  ကြာသာပတေးနေ့ မနက် ၆နာရီကနေ ၇နာရီခွဲ ဆိုတဲ့ တစ်နာရီခွဲလောက်ကာလက ဂုရုဆိုတဲ့ ကြာသာပတေးတိုင်၊
၇နာရီခွဲကနေ ၉နာရီကြားက ဘောမ ဆိုတဲ့ အင်္ဂါတိုင်ပေါ့  ။
ဒီတော့  မနက်၆ကနေ ညနေ ၆နာရီအထိ တစ်နာရီခွဲ စီသွားရင် ဂုရု၊ ဘောမ၊ သူရဇ္ဇေ သာကြ၊ ဗုဒ္ဒ၊ စန္ဒရော၊သောရီ ဂုရု ဆိုပြီး ညနေ ၄နာရီခွဲကနေ ၆နာရီက ဂုရုတိုင်နဲ့  ပြန်ပိတ်သွားတယ်ပေါ့ ။
အဲ့  အခါတိုင် ၈တိုင်ကို အဌလက်ခွင်ထဲမှာ ကြာသာပတေးနေ့ ဖြစ်လို့  ကြာသာပတေးဂြိုလ်ခွင် အကွက်ထဲမှာ ကြာပတေးတိုင်ဆိုတဲ့  ဂုရုတိုင်ကို စထည့် ပြီး ဂုရု ဘောမဘာညာနဲ့  တစ်နာရီခွဲတိုင်း ရှေ့ အကွက်ထဲ အခါတိုင်သွားတဲ့ အတိုင်း ထည့် သွားတယ်.
.အဲ့ တော့  ညနေပိုင်း ပြန်ကြုံရတဲ့  ဂုရုတိုင်က စနေဂြိုလ်အဌလက်ခွင်ထဲ ရောက်နေတယ်ပေါ့ လေ..သဘောက ကြာသာပတေးနေ့  ညနေ၄နာရီခွဲကနေ ညနေ ၆နာရီကြားက ဂုရုတိုင်ကို စနေဂြိုလ်စီးနေတဲ့ ဂုရုတိုင်ဖြစ်နေတယ်ပေါ့ လေ
အကယ်၍ တနင်္လာနေ့  ဂုရုတိုင်နဲ့ ဗေဒင်လာမေးရင် (သို့ ) တနင်္လာနေ့ မှာ ရှိနေတဲ့  ဂုရုတိုင်ဟာ ဘယ်လို ဂုရုတိုင်လဲဆိုတာကို အဌလက်ခွင်ထဲ ထည့် ကြည့် ရင် တနင်္လာနေ့ ဖြစ်လို့  စန္ဒရောတိုင်ကို တနင်္လာ အဌလက်ခွင်က စထည့် တယ်
 ဒီတော့ စန္ဒရော ၊ သောရီ၊ ဂုရုဆိုတော့  အဲ့ ဂုရုတိုင်က ဗုဒ္ဒဟူးဂြိုလ်အဌလက်ခွင်ထဲက ဂုရုတိုင်ပေါ့ ..သဘောက တနင်္လာမနက်ဂုရုတိုင်ဟာ အနာခံတဲ့ သူသိပ်မကြာခင် အသာစံရမယ် အချောင်ကြံရင် သိပ်မကြာခင် လူမမာဖြစ်လိမ့် မယ်ပေါ့ ..
ဒါဟာ နေ့ စဉ်မှာ ကြုံနေရမယ့် တစ်နာရီခွဲစာ အခါတိုင်တွေကိုအဲ့ တစ်နာရီခွဲအတွင်းမှာ ဘယ်ဂြိုလ်တွေက စီးနေသလဲဆိုတာကိုကြည့် လိုက်တာနဲ့ ကောင်းရင်ဘယ်လောက်ကောင်းမယ် ဘယ်လိုနည်းနဲ့ ကောင်းမယ် စသဖြင့် တွေ ဆိုးရင်ဘယ်လောက်ဆိုးမယ် နဲနဲဆိုးမယ် မချိမဆန့် ဆိုးမယ် စသဖြင့်  အနုစိတ်ထပ်ကြည့် တဲ့ သဘောမှာ အရင်စသုံးတာပါ..( ဇယားရှုတ်လို့ သိပ်တောင် သတိတောင်မရတတ်ဖူး..ဟီးဟီး)
အခါတိုင်+အဌလက်ခွင်ဟာ အတွေးအမြင်ထက်လေလေ သုံးလို့ ကောင်းလေလေပါ... အမှန်တော့  အဟောပိုင်းတွေ နမိတ်သဘောတွေတင်မကပါဘူး...အဒီအရင်တွေ လုပ်တဲ့ အခါ ကျင့် စဉ်တွေ စ၀င်တဲ့ အခါကိုရွေးတဲ့ အခါ အိမ်ရှင်းမြေရှင်းတွေလုပ်တဲ့ အခါ န၀င်းယတြာကစားတဲ့ အခါ '''' အသန့် ဆုံးအခါ '''ကိုရွေးပေးချင်တဲ့ အခါမှာ အဓိကသုံးပါတယ်....
တစ်သက်စာ မှတ်ကရောပါပဲပေါ့ လေ...။
တစ်သက်စာ မှတ်ကရောပါပဲပေါ့ လေ...။
-----------
ဒီဖြစ်ရပ်ဟာ ကြေးစားဘ၀ ၀င်ပြီး မကြာခင်မှာ ဖြစ်ခဲ့ တာဖြစ်ပြီး တစ်သက်စာ မှတ်မှတ်ရရ ကျန်ခဲ့ တဲ့ အဖြစ်ပါပဲ...
တစ်နေ့ မှာ..အဲ့ တစ်နေ့ ဟာ ကြာသာပတေးနေ့  နေ့  ညနေ ၅ နာရီလောက်မှာပါ ..ရုံးသမားအမျိုးသမီး တစ်ယောက်ဟာ ဗေဒင်လာမေးပါတယ်.. .လာမေးပုံနဲ့ လေသံတွေ ဒီဇိုင်းတွေဟာ ပြာကလပ်စိန်ပုံစံဖြစ်နေပြီး ပေါ့ ရွှတ်ရွှတ်ပေါ့ ...ညနေစောင်းဖြစ်နေလို့  ဗေဒင်မဟောတော့ ဘူး ဂျလေဘီရိုက်တော့ မယ်လုပ်နေတုန်း ၀င်လာတာမျိုးဖြစ်နေပေမယ့်  ခါတိုင်းလို နောက်နေ့ မှ လို့  မပြောဖြစ်တော့ ပဲ တွက်ပေးမိလိုက်တာမျိုးပါ ( လန်းတာလဲပါတာပေါ့ လေ...ဟီဟိ)...
ဒါပေမယ့် တွက်နေရင်းက စိတ်ထဲမှာ ဖီလင်မလာတော့ သလိုဖြစ်လာပါတယ်. ..အသက်ပိုင်းကို မမှတ်ထားမိတော့ ပေမယ် ၄၀ ၀န်းကျင်ဆိုတာရယ် ဗုဒ္ဒဟူးသမီးဖြစ်တာရယ်ကိုတော့ အသေမှတ်မိနေခဲ့ ပါတယ်...အဲ့ ဒီမှာ သူ့ ရဲ့ လေသံဟာ ပေါ့ ရွှတ်နေယုံတင်မကပဲ အထင်စမော်လ်သလိုလိုလေသံတွေပါ
ပါလာနေတယ်လို့ ခံစားမိလာပါတယ်....အဲ့ မှာ ကျနော် ဟောချခဲ့ တာ ဒီနေ့ ကနေ ၂ ပတ်အတွင်း မတော်တဆမှု့ တစ်ခုခုကြုံနိုင်တယ် သတိထားပါလို့  ပါသွားပါတယ်...အဲ့ ဒါလည်း သူက ပြုံးစစ နဲ့ ဟေးလားဝါးလားပါပဲ.....ဒါနဲ့ အဲ့ နေ့ က ပြီးရောဆိုပါတော့ ကျနော်လည်း ငုတ်ပြီး ကျန်ခဲ့ ပါတော့ တယ်...
မေ့ တေ့တေ့ ဖြစ်သွားပြီး နောက် ၂ လလောက်အကြာမှာ အဲ့ အမျိုးသမီး ပြန်ရောက်လာပါတော့ တယ်....ဒီတစ်ခါလာတာက ဗေဒင်မေးဖို့ မဟုတ်တော့ ပဲ သူ ပြန်သွားပြီး နောက် ၂ ရက်လောက်မှာ ရုံးအဆင်း ကားဖယ်ရီပေါ်ကနေ ပြုတ်ကျတာ ခြေကျင်းဝတ်အရိုးအက်သွားခဲ့ တာ ရုံးမတက်နိုင်တာ တစ်လခွဲကျော်လောက်ကြာသွားတယ်ဆြာ တဲ့ ..ကျမကို စိတ်မဆိုးပါနဲ့  ပြောမိမှားရင် ခွင့် လွှတ်ပါ ပြန်ဖြေပေးပါတဲ့ ...ဗျာ......
ရုတ်တရက် ဘာပြန်ပြောရမှန်းမသိတော့ သလို ဘယ်ကစလို့  ဘယ်လိုရှင်းပြရမှန်းကို မသိတော့ ပါဘူး ဒါမျိုးဖြစ်လိမ့် မယ် ဒီလောက်တောင်ဖြစ်သွားလိမ့် မယ် လို့ လည်း မတွေးမိတဲ့ အပြင် အမှန်ဆိုရင် သူ့ ကို ဘာဟောမိလိုက်မှန်းတောင်ရုတ်တရက် စဉ်းစားမရပါဘူး..
.ဒါကြောင့်  ကျနော့် ကို အထင်မှားနေပြီထင်တယ် ကျနော်ဘာများဟောမိခဲ့ လို့ လည်း မမှတ်မိတော့ ဘူး အစ်မ ကျနော်က ရိုးရိုးပဲဗေဒင်တွက်တာပါ ဘာညာတွေလည်းမလုပ်တတ်ပါဘူး..လို့  ပြန်ပြောလိုက်တော့  သူက မယုံသေးသလိုလိုနဲ့  ကျနော်ဟောခဲ့  တာကို ပြန်ပြောပြပါတယ်..
.အဲ့ တော့ မှ ပြန်စဉ်းစားမိတာဟာ...ကျနော်တို့ ပညာမှာ အခါတိုင်တွေကို အဌလက်ခွင်ထဲထည့် ပြီး ကံချိန်တာ ရှိပါတယ်...ကြာသာပတေးနေ့  ညနေ ၅နာရီလောက်ဆိုတာ အခါတိုင်အရ ဂုရုတိုင် လူပျက်အကျင့် ပျက်တိုင် အလျော်အစားတိုင် လူခိုက် ဟူးနံ ခိုက်တိုင်ဖြစ်ပါတယ်...အဲ့ အခါတိုင်ကြီးဟာ အဌလက်ခွင်မှာ စနေဂြိုလ် အဌလက်ခွင်ထဲမှာ ရောက်နေတာပါ...သဘောက ကြာသာပတေးနေ့  ညနေ ၄နာရီခွဲကနေ ညနေ ၆နာရီကြားမှာ မကောင်းတဲ့ အဖြစ်တစ်ခုခု ကြုံရင် (သို့ ) နမိတ်အဖြစ်မြင်ရင် (သို့ ) အညံ့ အဟောထွက်နေရင် သာမန် ဂုရုတိုင် အညံ့ ဖြစ်နိုင်တဲ့  သဘောထက် ပြင်းအားပိုပါတယ် စနေအဌလက်ခွင်ရဲ့ သတ္တိပါ..ဒီသဘောရယ် အခါတိုင်တွေရဲ့ အဟောဟာ မြန်ဆန်တဲ့ သဘောရှိပြီး သက်ရောက်ပါမကောင်းရင် အဖြစ်ဆိုးတွေက ပိုမြန်မြန်ဆိုက်ရောက်လာတတ်ပါတယ်.ဒီသဘောကြောင့်  သူဟာ ၂ ပတ်မကြာပဲ ၂ရက်မြောက်တင် ခြေထောက်ပြဿနာတက်သွားရတာမျိုးပါပဲ..
ဒါပေမယ့်  ကျနော့် ကို အောက်လမ်းဆရာလိုလိုဘာလိုလို စွပ်စွဲခံလိုက်ရတာမို့  ရှက်သွားပြီး နောင်တစိတ်လည်း အကြီးအကျယ်ဝင်လာပါတော့ တယ် တော်ပြီဟနောက်ကို  သေလုအောင်ဆိုးတော့ မှတွေ့ လည်း မပြောရဲတော့ ပါဘုးဟ သူ့ ကံနဲ့ သူဖြစ်တာ ငါ့ ပယောဂလို့ ထင်ခံရမှာ မမိုက်ပါဘူးတွေဘာတွေ တွေးမိသွားပါတော့ .တယ် ...
အဲ့ နေ့ ကတော့ ဖေါလျှောလေးနေပေးလိုက်ပြီး ဘာမှမဖြစ်ပါဘူး စိတ်မဆိုးပါဘူး ရပါတယ်အစ်မတွေဘာတွေနဲ့  သူယူလာပေးတဲ့ ငွေနဲ့ မုန့် ပုံးလေးကို အောင့် သီးအောင့် သက်နဲ့  လက္ခံထားလိုက်ရပါတော့ တယ် လူလည်း ငုတ်နေတာ တစ်ပတ်လောက်ကြာပါတယ် လူတွေကို ဗေဒင်ဟောရမှာ အတော်လေးလည်းစတွန့် သွားတော့ တာပါပဲဗျာ.....မှန်ချင်အုန်းလေ မှတ်ပလား တော်သေးတယ် အိမ်ရှေ့ က လာကလော်မတုတ်လို့ ပေါ့ တွေဘာတွေနဲ့  တွေးပြီး....တစ်သက်စာ မှတ်ကရောပါပဲပေါ့ လေ...။
အင်းဆွဲခြင်း အဆောင်အပ်ပွဲ အခါတိုင်...နဲ့  တိုင်ပျောက်..
အင်းဆွဲခြင်း အဆောင်အပ်ပွဲ အခါတိုင်...နဲ့  တိုင်ပျောက်..
-----------
..နေ့ သားတစ်ယောက်ယောက်အတွက် ရည်စူးရင် အဲ့ နေ့ သား တိုင် အပေါ်သုံးနေရာ ရောက်ချိန်မှာ တစ်နာရီခွဲအတွင်းအပြီးဆွဲပါတယ်...အပေါ်သုံးနေရာဟာ ရည်ရွယ်ချက်မတူပါဘူး.. န၀င်းချိန်မှာ(ဥပမာ တနင်္ဂနွေသားဆို ဗုဒ္ဓတိုင်မှာ ) ထိုင်ဆွဲပေးတာဟာ အလုံးစုံသုံးသဘောအတွက်ဆွဲတာပါ သဘောက တိကျတဲ့ ပစ်မှတ်မထားဘူးပေါ့  ဆောင်ထားမယ်ပေါ့ ။
စီပွားအတွက်ဆို တနင်္ဂနွေနံ စီးပွားညွန့် နေရာရောက်နေချိန် ( ဥပမာ တနင်္ဂနွေသားဆို စနေတိုင်မှာ) ။ လူချစ်လူခင်ပေါ်ချင်လို့ ဆိုရင် ဥပမာတနင်္ဂနွေသားဆို ဘောမတိုင်မှာထိုင်ဆွဲပေးထားလိုက်ပါတယ်...။
ဒီလိုဆွဲပြီးလို့  အင်းကို အသက်သွင်းတာ သန့် တာ ဘာညာကလီကမာတွေ လုပ်ပေးပြီးတဲ့ အခါ အင်းဆောင်မယ့် တနင်္ဂနွေသားကို စောစောက အခါတိုင်တွေမှာပဲ သူ့  အခါတိုင်နဲ့  သူ လက်ရောက် အပ်ပေးပါတယ်..
နောက် အင်းဆွဲတဲ့ အခါတိုင်တစ်ခုကတော့  ကိုယ့် အတွက်ကိုယ်ဖြစ်စေ ဘယ်နေ့ သားအတွက်မဆိုဖြစ်စေ တနင်္ဂနွေနံ အင်း န၀င်းရောက်နေချိန် ဗုဒ္ဓတိုင်မှာ တစ်ထိုင်ထဲအပြီးဆွဲပြီး သူများလက်ထဲကို
ပေးချင်ရင်လည်း အဲ့ ဒီ့  ဗုဒ္ဓတိုင်မှာပဲ လက်ရောက်အပ်ပေးလိုက်တာပါပဲ အင်္ဂါ့ ဝိဇ္ဇာမှာသုံးတဲ့  အင်းတွေကလည်း အခါတိုင်တွေကပဲ ထွက်လာတာပါပဲ...ဒါတွေကတော့  စာအုပ်တွေမှာ ရှိပါတယ်...
ကိုယ့် မွေးနံနဲ့  န၀င်းချိန်
ကိုယ့် မွေးနံနဲ့  န၀င်းချိန်
----------------------
န၀င်းဆိုတဲ့ တိုင်ထိပ်မှာ ကိုယ့် မွေးနံရောက်ချိန်ဟာ အကျင့် တွေ ကျင့် ဖို့  အကောင်းဆုံးအချိန်ဖြစ်တယ်ဗျ...အကြောင်းက န၀င်းချိန်ဆိုတာ အသန့် ဆုံးအချိန်ဖြစ်ပြီး ရည်ရွယ်ချက်တွေ အောင်မြင်လွယ်တယ်ပေါ့ ....ဒါကြောင့်  အဲ့ အချိန်တစ်နာရီခွဲအတွင်း ဂါထာရွတ်တာ ပုတီးတစ်ထိုင်စိတ်တာတွေလုပ်ခဲ့ တယ်
ပစ်မှတ်အတိအကျတော့ မရှိခဲ့ ဘူး သူများကိုကူညီတဲ့ အခါ တော်ယုံကိစ္စဆို ပါးစပ်ပြောနဲ့ တင်ပြီးအောင်ပေါ့  ပြီးတာလဲများတယ်..
အဲ့ မှာ သတိထားရတာက ကိုယ့် မွေးနံ န၀င်းရောက်ချိန်ဟာ အောင်မြင်ရေးအချိန်ဆိုပေမယ့်  အခါက သန့် ရှင်းနေလို့  ကောင်းမှု့ သဘောကို ကြိုက်တယ် စိတ်ထားညစ်ပတ်ပြီးပြုမူဆောင်ရွက်တာကို မကောင်းတာလုပ်တာကို မကြိုက်ဘူး မကောင်းမှု့ ကို န၀င်းချိန်မှာ သွားလုပ်ရင် ယာယီ အောင်မြင်တတ်ပေမယ့်  ဆိုက်အဖက်ဆိုးကျိုးပြန်လာတာက ပွဲကြမ်းလေ့ ရှိတယ်...ဒါကြောင့် ကိုယ့် မွေးနံန၀င်းရောက်ချိန်မှာ မတရားမှု့ မကောင်းမှု တွေမပြုမိအောင်ဆင်ခြင်နေထိုင်လိုက်တယ်...။
န၀င်းချိန်မှာ မကောင်းမှု့ ပြုမိလို့  ပြန်လဲာ့  ဆိုက်အဖက်ဆိုးကျိုးဆိုတာ န၀င်းနေရာကနေ ခိုက်ထဲရောက်သွားတဲ့ သဘောပဲ..သဘောက သောကြာသား ဟာ သူ့ မွေးနံ န၀င်းရောက်ချိန် တနင်္လာအခါတိုင်မှာ မကောင်းမှု့ တွေ စိတ်ပုပ်တွေ လောဘဇောတွေ နဲ့ သူများနစ်နာအောင်သွားလုပ်ရင် ယာယီအောင်မြင်သွားတတ်ပေမယ့် အဲ့ တနင်္လာတိုင်ရဲ့ ခိုက် တနင်္ဂနွေနံ ရဲ့ ဆိုးကျိုး ပြန်ခံစားရတယ်ဆိုတဲ့ သဘော အိမ်ပူလာမယ် အိမ်သားတွေနဲ့ ငြိမယ် အိမ်ထောင်သည်ဆိုကွိုင်တက်မယ် အလုပ်ယာယီဂျမ်းဖြစ်တာ ရပ်သွားတာမျိုးတွေ အစာအိမ်ယောင်ချင်တာမျိုးတွေ စသဖြင့်  ၆ရက်ကနေ ၆ပတ်အတွင်း ၁၀ရက်ကနေ၁၀ပတ်အတွင်း ဆိုးကျိုးပြန်လာမယ်ဆိုတဲ့ သဘော
-----------------------------------------
ဥပမာ သူများတော့ မလုပ်ဘူး
ကိုယ့်မွေးနေ့ နဝင်းချိန်ဖြစ်ဖြစ်
အခါတိုင် တနလာင်္နံ နဝင်းဖြစ်နေရင်ဖြစ်စေ အဲ့အချိန်မျိုးမှာ casino မှာ ဖဲသွားရိုက်ရင်ကော
Na Win Thi Ha အဲ့ လို တွက်ချက်ပြီး ရိုက်တိုင်းနိုင်နေရင် ချမ်းသာတာကြာပြီ...ကံတစ်ကွက်ချန်ဆိုတာ နေရာတကာနီးနီးရှိတယ်လေ...ဒါက ပုံမှန်ဘ၀နေနည်းသဘောတွေ အခုရေးတာ ကိုယ့် မွေးနံတိုင်ထိပ်ရောက်ချိန်မှာ ကောင်းတာမလုပ်တောင် သူများကို မကောင်းမှု့ တွေ ဖြစ်အောင် လုပ်တာမျိုး အပြစ်မလုပ်ဖူးဆိုတဲ့ သဘော
ကောဇာမရဏအဖြည်...
ကောဇာမရဏအဖြည်...
-------------
မနှစ်က ကောဇာမရဏ စနေနံအဖြည်သဘောကို ရေးပြခဲ့ ပါတယ်...ဒီနှစ်အဖြည် သဘော ရှောင်ရန်ဆောင်ရန်က...
ဒီနှစ်ကောဇာ မရဏဟာ တနင်္ဂနွေနံ ဖြစ်တယ်...မရဏဆိုတာ အလိုက်ထိုက်ဆက်ဆံရတာ ပင့် ပေါင်းရတာ ဝေစားမျှစားသဘောတွေ ရှိပါတယ် မကြိုက်တာက ဖျက်လို ဖျက်စီးသဘောကို မကြိုက်ဘူး ဆိုးကျိုးပြန်လာတာကြီးတတ်ပါတယ်...
ရှောင်ရတာ သူများ သာယာနေတဲ့ အိမ်ယာမိသားစုကို ပြိုကွဲအောင်ဖျက်စီးရေးသဘော အတွေးအကြံ အပြောအဆိုတွေကို ရှောင်နိုင်သမျှ ရှောင်ရတာပါ...လောကီဆရာတွေဆို သူများချစ်ခြင်းကို ခွဲတဲ့ ပညာတွေသုံးပေးတာမျိုးကိုရှောင်ရတာမျိုးပါ...ပြုမိရင် ကိုယ့် ဆီ ဆိုက် အဖက်ပြန့် လာတာမြန် တတ်ပါတယ်..သူများညီညွတ်သာယာနေတဲ့ အခြေအနေတွေကို သွေးထိုးဖြိုခွဲတာမျိုးတွေကိုလည်း ရှောင်ရပါတယ် အဖက်က ကိုယ့် မိသားစုညီညွတ်နေမှု့ ကို ထိခိုက်လေ့ ရှိပါတယ်
ဆောင်ရတာက မိသားစုကို ငါတကောမကောပဲ အလိုက်အထိုက်လေးဆက်ဆံတာ တတ်နိုင်တဲ့ ဘက်က ပံ့ ပိုးပေးတာ ပြင်ပလှုပ်ရှားမှု့ ကတော့ မိဘမဲ့ တွေကို ပံ့ ပိုးလှုဒါန်းတာမျိုးတွေ အိမ်ကျောင်းဇရပ်တွေမှာ အခါအခွင့် သင့် ရင် ဒါနခန်းတွေ ထည့် ပေးတာ အလွယ်ဆုံးအပြုအမူက စာကလေးအိမ်လေးတွေ ချိတ်ဆွဲလှုထားတာမျိုးတွေဟာ ကောဇာမရဏရဲ့  အဆိုးလွှမ်းမိုးမှု့  ရောသုတ်တွေထဲကို ပါမသွားအောင် ကြိုကာထားတဲ့  နည်းတွေပါပဲ....
သဘော အချုပ်ကတော့  နှစ်တစ်နှစ်ရဲ့ မရဏအိမ်က နံသင့် ဂဏန်းကို အကောင်းသဘော မပြုပေးမိရင်တောင် အဖျက်သဘော သွားမပြုမူမိအောင် ပတ်ပြေးနေတဲ့  သဘောပါပဲဗျား.....
ဒီသဘောဟာ လာမည့်  သင်္ကြန်ကနေ နောင်နှစ်သင်္ကြန် ၁၃၇၇ ဆိုတဲ့  မြန်မာကောဇာတစ်ခုလုံးအတွက် နေထိုင်နည်းကစားကွက်ပါပဲဗျာ
လောင်းကစားနဲ့ ပတ်သက်လို့ ....
လောင်းကစားနဲ့ ပတ်သက်လို့ ....
------------
ဒီစာပါအကြောင်းက  တစ်ချို့ ဘော်ဒါတွေ သိပြီးသားပါ အခု တိုင်ပညာအကြောင်းကို တကယ့် အတွေ့ အကြုံကို အသစ်ပြန်ရေးပြလိုက်တာပါ...မဖတ်မိခဲ့ ရင်တော့ အသစ်ပေါ့ လေ တိုင်ပညာရဲ့  သဘောတရားကို ရိပ်မိအောင်ပါ...
အဲ့ ဒီနေ့ က တပည့် တွေနဲ့ ဆရာနဲ့ ရွှေတိဂုံ က ဗေဒင်ဆိုင်ခန်းမှာ ထိုင်ပြီး တိုင်ပညာနဲ့ နမိတ်တွေအကြောင်းပြောနေကြပါတယ်...ဆိုင်ခန်းရဲ့ ကျောမှာ ခပ်ဝေးဝေး
မှာ ဘုရားကြီးရဲ့ မြင့် မားလှတဲ့ တံတိုင်းကြီးရှိပါတယ် လေဟာနယ်လို လှမ်းမြင်နေရပါတယ်...ဒီအချိန်မှာ ဂုရုတိုင် ဆိုတဲ့ ကြာသာပတေးတိုင်အကြောင်းကို စကားလမ်းကြောင်းရောက်နေပါပြီ...
ဒီတိုင်ရဲ့  ဘေ့ စစ် သီအိုရီတစ်ခုက အလျော်အစားတိုင်ပါ...ဟိုနေ့ က ကျနော်ရေးခဲ့ တဲ့ တိုင်ပညာမှာ န၀င်းယူသွားရင် ကိုယ့် မှာခိုက်ကျန်ခဲ့ တယ် ခိုက်ယူသွားရင် န၀င်းကျန်ခဲ့ တဲ့ ဆိုတဲ့ သဘောတရားအကြောင်းရောက်နေပါပြီ...ဒါနဲ့  ကျနော်တို့ က ဒီဂုရုတိုင်မှာ ချဲ နမိတ်တစ်ခုခုဖမ်းရင် ရမလားလို့ မေးတဲ့ အခါ ဆရာက လိုချင်လို့ ဖမ်းရင်နမိတ်ပေါ်ပေးတတ်တဲ့ သဘောလည်း ရှိကြောင်းပြောနေရင်းက ခပ်လှမ်းလှမ်းက ဘုရားစောင်းတန်း အတက်လှေခါးထိပ်မှာ ကြီးဒေါ်ကြီး တစ်ယောက်ခလုပ်တိုက်ပြီး လဲတာ ပတ်ဝန်းကျင်တစ်ခုလုံး အာမေဋိတ်သံတွေထွက်လာပြီး မြင်လိုက်ရပါတယ်...
ပထမဘာသာစကား
ပထမဘာသာစကား
---
ချစ်ပုံချစ်နည်းသာကွဲကောင်းကွဲမယ်..ကိုယ်ငယ်စဉ်ဘ၀ကနေ အရွယ်တစ်ခုရတဲ့ အထိ နေခဲ့ ကြီးခဲ့ တဲ့ နေရာ..အထူးသဖြင့်  ပထမဘာသာစကားဆိုတဲ့  ကိုယ် ကလေးဘ၀က စပြီး မပီကလာပီကလာနဲ့  စပြီးသင်ယူပြောဆိုခဲ့ တဲ့ ဘာသာစကားကို စွဲလမ်းသွားတတ်တာကြောင့်  ကမ္ဘာတစ်ဝှမ်းဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ အသက်မွေးပါစေ အဲ့ ဒီ ပထမဘာသာစကားကို တစ်စုံတစ်ယောက်က ပြောဆိုသံကြားလိုက်တာနဲ့  သွေးတွေ ဆူတက်လာတယ် သွေးတွေ ပူတက်လာတယ် အဲ့ ဒီ့ ပထမဘာသာစကားဟာ ကိုယ့် ဘ၀ရဲ့ ပထမအချစ် ငယ်ချစ်ဦး ရီးစားဦး သဘောမျိုးလိုတောင်ဖြစ်နေသလို့  အဲ့ ပထမ ဘာသာစကားကို အဲ့ ပထမဘာသာ စကာပြောသူတွေနဲ့ အတူတူ စိတ်ထဲရှိသမျှ စိတ်လွတ်လက်လွတ် အားရပါးရ ပြောပစ်လိုက်ချင်စိတ်တွေ ၀င်လာတော့ တယ်...
ဒီသဘောကို ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ စပိုင်ဖမ်းပွဲတွေရဲ့ အဖြစ်တစ်ခုမှာ စပိုင်တွေကိုဖမ်းမိတဲ့ အခါမှာ စပိုင်တစ်ယောက်ဖြစ်ကြောင်းဖေါ်ထုတ်တဲ့ အခါမှာ အောင်မြင်မှု့ ရခဲ့ တယ်လို့ ဆိုတယ်...တစ်ခါမှာ လေ့ကျင့် ထားရည်ပြည့် ဝလွန်းနေလို့  သိပ်ကို ခေါင်းမာနေတဲ့ မင်္သကာစရာစပိုင်တစ်ယောက်ကို နည်းလမ်းစုံနဲ့ စစ်တာ မပေါ်ဘူးဖြစ်နေတုန်း စိတ်ပညာရှင် တစ်ယောက်က သူစစ်ကြည့် မယ်ဆိုပြီး တာဝန်ယူလိုက်တယ်လို့ ဆိုတယ်။
အဲ့ စိတ်ပညာရှင် လုပ်လိုက်ပုံက အဲ့ စပိုင်ကို အသာလွှတ်ပေးထားရာကနေ ရုတ်တရက် ထိတ်လန့် သွားအောင် ခြောက်လှန်လိုက်တဲ့ အခါ လန့် သွားတဲ့ စပိုင်ရဲ့  နှုတ်က မတိုးမကျယ်လေး လွတ်ကနဲ ယောင်မိလိုက်တာက သူ့ ပင်ရင်းမိခင်နိုင်ငံက ဘာသာစကားနဲ့ ယောင်မိလိုက်ရာကနေ ရိပ်မိသွားပြီး ဒီစပိုင်ဟာသူတို့ ထင်နေတဲ့  နိုင်ငံက စပိုင်ဆိုတာကိုဖေါ်ထုတ်ရလိုက်ခဲ့ တယ်လို့ ဆိုတယ်၊ နောက်တော့ စပိုင်လောကမှာ ဒီအဖြစ်အပျက်ကနေ သင်္ခန်းစာယူသွား
တာက သူတို့ ထောက်လှမ်းလိုတဲ့ ဒေသဆိုရင် အဲ့ ဒေသမွေး ဒေသကြီးတဲ့  လူတွေကို စပိုင်အဖြစ် ပြောင်းလဲ မွေးမြူတဲ့ စတိုင်ကိုကျင့် သုံးလာတော့ တယ်လို့ ဆိုတယ်
ဝေဖန်ရေးသမားတွေချည်းသာများလား...
ဝေဖန်ရေးသမားတွေချည်းသာများလား...
----------
''ဗျို့ ဆြာ ဟိုစာစောင်မယူဘူးနော်..သပိတ်မှောက်ထားတယ်..ဟဲဟဲ '''လို့  စာစောင်လိုက်ပို့ တဲ့ ဂျာနယ်ဆြာကို လှမ်းနောက်လိုက်တော့ ..စာစောင်ဆြာ ပြောလိုက်တဲ့ စကားကြောင့် စိတ်ဓါတ်တောင် ဖုတ်ကနဲ လွတ်ကျသွားလို့  ပြန်ကောက်ပြီး ရေဆေးထားလိုက်ရတယ်...ခိခိ
.အမှန်က ကြာပါပြီ ပိုက်ဆံဝိတ်လျှော့ တဲ့ အနေနဲ့ ရော အမြင်ကပ်နေတာက ကြာလှပြီ ဖြစ်လို့  လှန်လှော်တောင် အဆစ်ကလေးမကြည့် တာကြာလှပြီ...
စာစောင်ဆြာပြောတာပဲ ကြည့် လေ...''''အမလေး ဆြာသမားရယ်..ခုမှ ပိုတောင်မှာနေတဲ့ သူတွေ ရှိသေး..ဘာများ မဟုတ်တာတွေ ပါဦးမလဲလို့ သိချင်နေကြတာဆြာသမားရ..''' တဲ့ ...အဟီးးးအာ့ ကြောင့်  ဖေါင်ပြင်လေးတွေ ပါတားနီ ဆိုးမပျက်တာကိုး..ခ်ခ်
အဲ့ လို လူ့ သဘာဝကို ရိပ်မိတာကြာလှပြီ...ကောင်းတာစွန်းစွန်း မကောင်းတာ စွန်းစွန်း ကိုယ်မစွန်းရဲတာ သူများစွန်းရင် အားကြီး စိတ်ဝင်စားသွားတတ်တာချည်းများတယ်..'''' ဘာများဝေဖန်ရဦးမလဲဆိုပြီးတော့ ပေါ့ ..''' လူ့ သဘာဝများ မွေးကတည်းက ဝေဖန်ရေးသမားတွေဖြစ်လာပုံရပါတယ်ဗျာ..ပြီတော့  .ဝေဖန်ရတာက ပိုက်ဆံ မပေးရတာလည်း ပါချင်ပါနေမှာပေါ့ .အဟီးး.
အဲ ..မုန့် ဟင်းခါးတောင် ငံတယ်ရယ် ပေါ့ တယ်ရယ် ကောင်းလိုက်ထှာဆိုရယ် သိပ်မစွံဘူးဆိုတာရယ် ပျစ်တယ် ကြဲတယ် စပ်တယ် စပါးလင်များသလားလို့ ငရုပ်ကောင်းများတယ်တို့  ငှက်ပျောအူဖတ်က ပျော်နေပြီတို့ .ဘဲဥကကြေမွနေပြီတို့  ပဲတူးစော်နံသလားလို့ တို့  .စသဖြင့် ပေါ့ .. ပေါ်တင်ပြောရမှာ အားနာရင်တောင် သူများမသိအောင် စိတ်ထဲက ဖြစ်ဖြစ် မှတ်ချက်ကလေးပေးပြီး အလိုလို ဝေဖန်ပစ်လိုက်တော့ တာမျိုးပဲ...ပြီးမှ သုံးပွဲဆင့် အုပ်တာ..အဟီးးး..
အာဏာရှင်တွေကစခဲ့ တာ
အာဏာရှင်တွေကစခဲ့ တာ
-----
အရပ်သားစစ်စစ်ဆိုတာ စစ်ပွဲဆို ဘယ်စစ်ပွဲမှ တကယ် မကြိုက်ဘူး.စစ်တွေ တကယ်ဖြစ်လာမှာကိုလည်း  စိတ်ပူတတ်တယ် .ရုပ်ရှင်ထဲလောက်ပဲ ခဏ စစ်သွေးကြွတာ၊ စစ်ပွဲတွေ တကယ်ဖြစ်လာရင် အရပ်သားစစ်စစ်တွေရဲ့ ပထမဦးဆုံး အလုပ်က စစ်ပြေးဖို့ ပဲ...
ဒါဟာ ပြဿနာတွေ မဖြစ်ချင် ကိုယ့် မိသားစုနဲ့ ကိုယ် ထမင်းတစ်လုပ် ထင်းခုတ်စားရစားရ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ပြီးနေချင်လေ့ ရှိတဲ့ သဘောပဲ ကိုယ်နဲ့ ကိုယ့် မိသားစုလေး ဘ၀ပြိုပျက်သွားမှာကို မြေမြိုမှာထက်တောင်ကြောက်တတ်သေးသဘောပေါ့ ပြီးတော့  ဒါဟာ ကမ္ဘာတစ်ခွင်က ပုံမှန်အရပ်သားတွေအများစုရဲ့ သဘောထား သဘာဝပဲ
ပုံမှန်ထက် လွန်ကဲတဲ့ ခွဲခြားဖိနှိပ်ဆက်ဆံခံနေရပြီလို့ ထင်လာတဲ့ အခါ လူ့ သဘာဝရဲ့ သဘောအရ ကန်ချင်စိတ်တွေ စဖြစ်လာနေလေ့ ရှိတယ်..ရုပ်ခွန်အားမမျှလို့  
မနိုင်၍ သည်းခံနေသေးပေမယ့် အခြေအနေတစ်ခု ဖြစ်လာတိုင်း စိတ်ထဲကတော့ အမြဲတန်း ကန် နေလေ့ရှိတယ်..တစ်ချိန်ချိန်မှာတော့  အတွင်းက ကန်နေတဲ့  
စိတ်တွေဟာ အပြင်ကို ပေါက်ကွဲထွက်သွားလေ့ ရှိတယ် အဲ့ အချိန်မှာတော့  ကမ္ဘာပျက်တော့ တာပါပဲ..
စစ်ရှုံးစပြုလာပြီးနောက်ပိုင်း အပြောကြီးခဲ့ တဲ့  လစ်ဗျားရဲ့ အာဏာရှင် ကဒါဖီး မြို့ တော် ထရီပိုလီကနေ ထွက်ပြေးသွားလို့  တော်လှန်ရေးတပ်ပေါင်းစု မြို့ သိမ်းဝင်လာတော့   ကဒါဖီးလ်ရဲ့  ဖိနှိပ်မှု့ တွေကို စိတ်အနာကြီးနာနေတဲ့  လစ်ဗျားသားတွေ အပီ ထွက်ကြိုဆိုလိုက်ကြတယ်..။ ဆဒန်ဟူစိန်မရှိတော့ တဲ့  အီရတ်နိုင်ငံရဲ့  ဘဂ္ဂဒက် မြို့ တော်ကြီးထဲကို အမေရိကန်တပ်တွေဝင်လာတော့ အီရတ်ကီးတွေဟာ တိုင်းတစ်ပါးသားတပ်တွေ သူတို့ နိုင်ငံထဲကို ၀င်သိမ်းပြီဆိုတာကိုတောင် မေ့ သွားပြီး အမေရိကန်အလံတွေ ဝေ့ ရမ်းသူကရမ်း.အာဏာရှင်ဆဒန်ရဲ့ ရုပ်တုတွေတက်ဖြိုသူကဖြိုနဲ့  အားရ ၀မ်းသာကြိုဆို လိုက်ကြပြန်တယ်...ကြိုဆိုတဲ့  အရပ်သားတွေ မှားခဲ့ ပြီလား..မှန်သလား သူတို့ စိတ်ထဲမှာ အရာရာ ခွဲခြားဖိနှိပ်ခဲ့ လွန်းတဲ့  အာဏာရှင် ကဒါဖီလ်နဲ့  အာဏာရှင် ဆဒန်ဟူစိန်အပေါ် ဘယ်လောက်တောင် ''နာ'' နေကြသလဲ...
့ စစ်မာန် လက်နက်မာန် ဇောင်းထမှု့  အာဏာရဖို့  အာဏာမြဲဖို့ ဆိုရင် ကိုယ့် ပြည်သူလူထုပြည်တွင်းသားတွေကအစ  ကမ္ဘာတစ်ခွင်က ဘယ်သူ့ ကိုမှ လူမထင် ဘူးဆိုတဲ့  အာဏာရှင်တွေရဲ့ အမှားတွေကချည်းစခဲ့ တာချည်းပဲဆိုတာ မြင်သာတယ်...
အကြွေးတင်သွားရင် လွယ်လွယ်နဲ့ ဆပ်နိုင်သလား..
------------
ယေဘူယျကတော့  အဲ့ လိုမေးလို့ ကတော့  ဆပ်နိုင်မယ် မဆပ်နိုင်ဘူးဆိုတာ အလွယ်တော့ မပြောနိုင်ဘူး ကြွေးတင်တဲ့  ပမာဏတွေ တင်ပုံတင်နည်းတွေ  ကြွေးဆပ်ဖို့ တာဝန်ရှိနေတဲ့ သူတွေရဲ့  ၀င်ငွေ အခြေအနေတွေ အမျိုးမျိုးရှိတယ်လို့ ပဲဖြေလို့ ရပါလိမ့် မယ်..
ကြွေးတင်နေလို့ ဆိုတဲ့  ခေါင်းစဉ်နဲ့ လောကီဗေဒင်ဆရာဆီရောက်လာတဲ့ သူတော်များများမှာ သူတို့ ဆပ်ရမယ့် ငွေပမာဏကို ပုံမှန်စီးပွားရှာဖွေနေတဲ့   နည်းလမ်းတွေကနေ ကြေအောင်ဆပ်နိုင်ပုံ မရတော့ လို့  နောက်ဆုံးအခြေအနေမျိုးရောက်လုလုမှာ လောကီဆရာဆီရောက်လာရတော့ တဲ့ သဘောမျိုးများတယ်  လူ့ သဘောက ကိုယ့် ဟာကိုယ် ဖြေရှင်းနိုင်မှတော့  သူများဆီ ဘယ်သွားအကူအညီယူပါ့ မလဲ ....
အတွေ့ အကြုံတွေအရဆိုရင်..ကြွေးယူတဲ့ သူတွေရော ကြွေးရဖို့ ရှိတယ် ဆိုတဲ့ သူတွေရောဟာ သူတို့  သူများဆီက ကြွေးယူတုန်းက ယူသင့် မသင့်  ယူပြီးရင် ပြန်ဆပ်နိုင် မဆပ်နိုင် ကို ဗေဒင်မေးပြီးမှ လုပ်လေ့ မရှိသလောက်ဖြစ်သလို သူများကို ငွေချေးပေးလိုက်တတ်တဲ့  ကြွေးရဖို့ ရှိတဲ့ သူတွေ အများစုကလည်း 
ဗေဒင်ဆရာကို လာမေးပြီးမှ သူများကို ချေးလိုက်တာမျိုး မရှိသလောက်လို့ တောင်ဆိုရမယ်...