'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, May 5, 2015
မဟာဘုတ်အကြွင်းစရိုက်နဲ့ သုစရိုက် ဒုစရိုက်ခွဲခြင်း
မဟာဘုတ်အကြွင်းစရိုက်နဲ့ သုစရိုက် ဒုစရိုက်ခွဲခြင်း
--------------------
ဒီနေရာမှာ ဆင်းရဲချမ်းသာကိုယ်ကျင့် သီလ ဘာညာကိုပြောတာမဟုတ်ဘဲ သုနဲ့ ဒုအင်အားချိန်ရင် များတဲ့ ဘက်ကျင့် ရင်အကျိုးဆက် ဘာလည်းလို့ မြင်သာစေခြင်းပါဘဲ.....ဒါကို မဟာဘုတ်မှာ မရဏအိမ်က ဂဏန်းနဲ့ ချိန်ပြီး (မရဏညဉ် အကောင်း၊အဆိုးလို့ သုံးပါတယ်)
၁ကြွင်းဟာ မရဏမှာ ဗုဒ္ဓဟူးထိုင်လို့  သူစရိုက်အဖြစ် လူမှု့ ဆက်ဆံရေးမှာ အနွံအတာ ခံကြပါတယ်.ဒုစရိုက်အဖြစ်..မခံတဲ့ လူက ရင့် တယ်ပေါ့  ခံတဲ့ လူဟာ အရေးဆို အကူအညီအများ ကြီးပြန်ရတတ်ပြီး မခံတဲ့ လူကတော့  အရေးဆို ကူညီမဲ့ လူမရှိတော့ ပါဘူး...။
၂ကြွင်းဟာမရဏမှာ ကြာသာပတေးထိုင်လို့  သုစရိုက်များရင် မျှမျှတတ ဆုံးဖြတ်ဆောင်ရွက်တတ်ပြီး အမြဲလေးစားခံရလို့ လူသေတောင်နာမည်မသေပါဘူး ဒုစရိုက်များသူကတော့ ခေါင်းမာမာနဲ့ တဇွတ်ထိုးဆုံးဖြတ်တတ်ပြီးသူများပေးတဲ့ အကြံလက်မခံတတ်လို့ အကြံတစ်ချက်မှားတာနဲ့ ဘ၀ပျက်ပါတယ်။
၃ကြွင်းမှာမရဏမှာ သောကြာထိုင်လို့  သူစရိုက်သမားဟာစကားချိုပြီး ယဉ်ကျေးတဲ့ စကားဆိုလို့ စီးပွား အောင်မြင်တတ်ပြီး ဒုစရိုက်အားများရင်ဘုဘောက်ကျကျ စကားပြောလို့  လူမုန်းများခံရပြီး ဘေးအန္တရာယ်ကြီးပါတယ်..
၎ကြွင်းဟာ မရဏမှာ စနေနံထိုင်လို့ သုစရိုက်များရင် ရိုးစင်းရှက်တတ်ပြီး နာမည်သိက္ခာမပျက်လို့  လူလေးစားခံရပါတယ်.ဒုစရိုက်များရင် ဖြတ်လမ်းစီးပွား ချမ်းသာပြီးရောလုပ်တတ်လို့ အမည်ပျက်စာရင်းဝင်လို့ လူယုံမခံရတော့ ဘဲလူတောမတိုးဖြစ်သွားတတ်ပါတယ်၊
၅ကြွင်းဟာမရဏမှာ တနင်္ဂနွေထိုင်လို့  ငယ်စဉ်ကစလို့ မိသားစုအတွက်ပေးဆပ်ခဲ့ ရင်သုစရိုက်သမားဖြစ်လို့ အသက်ရလေဘ၀အေးချမ်းလေဖြစ်ပြီး ငယ်စဉ်က မိသားစုကိုဗိုလ်ကျရင်အသက်ရလေ မိသားစုအပူများပြီး မသာယာတဲ့ ဘ၀ကိုရတတ်လို့ ဒုစရိုက်စိတ်များသူလို့ ခေါ်ပါတယ်၊
၆ကြွင်းဟာ မရဏမှာ တနင်္လာထိုင်ထားလို့ ..၀မရှိဘဲဝိမလုပ်ရင် သုစရိုက်စိတ်များသူဖြစ်ပြီး ပွဲလည်တင့် သူ အဖြစ်ခံရပြီး ဒုစရိုက်များသူကတော့ အကြွားသန်လို့ မနိင်ဝန်ပိ ဒုက္ခတွေရောက်ရတတ်ပါတယ်၊
ဝကြွင်းဟာ မရဏမှာ အင်္ဂါ ထိုင်လို့ သူစရိုက်များရင်သီးခံတတ်ခြင်းတရားပြည့် စုံလို့  အသက်ရလေ စိတ်ချမ်းသာလေ ဘ၀ကိုပြန်ရပြီးဒုစရိုက်စိတ်များရင် စိတ်အလွန်တိုပြီး အတေးအမှတ်ကြီးလို့  ငယ်ငယ်ရွယ်ရွယ်နဲ့ အမြဲ အနိဌာရုံဘဲတစ်ချိန်လုံးတွေ့ ရပြီးစိတ်ကျရောဂါစွဲလာပါတယ်...
ဒါဟာယေဘူယျ ဖြစ်ပြီး အကြွင်းရှင်တွေဟာ မကြာခဏ အကောင်းသုစရိုက်စိတ်ဝင်လိုက် အဆိုးဒုစရိုက်စိတ်ဝင်လိုက်နဲ့ လည်း ဖြစ်နေတတ်ပါတယ်ဒါပေမဲ့ ကြာကြာ ဆက်ဆံလာရင်ဘယ်ဖက်က အင်အားများများရှိနေလည်းဆိုတာထင်ထင်ရှားရှား မြင်နိင်လာပါတယ်ေ..အဆိုးဖက်များနေရင်လည်း ကိုယ့် ဟာကိုယ်လေ့ ကျင့် ပြင်ဆင်ခွင့် လည်းရပါတယ်ပေါ့ လေ...။
ဒီနေရာမှသတိထားကြည့် ရင် သူ့အကြွင်းနဲ့  သူ့ အားနဲအားသာချက်သာဖြစ်ပြီး ရည်ညွှန်းချက်တုန့် ပြန်ချက်မတူတာတွေ့ ရမှာပါ..
.ဥပမာ....စကားပြောမခြေငံတာဟာ ၀ ကြွင်းအတွက်ဘ၀ပြဿနာမဟုတ်ပေမဲ့  ၃ကြွင်းအတွက် ဘ၀တစ်ခုလုံး ထိုးကြွေးလိုက်ရတတ်တယ်လို့ ဆိုလိုတာပါဘဲနော်..။လူတိုင်းလောဘရှိပြီး ၄ကြွင်းလောဘကထောင်နှုပ်ခမ်းနင်း လူတော မတိုးတော့ တဲ့ ထိဖြစ်တတ်တယ်ပေါ့ လေ...။
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..