Powered By Blogger

Tuesday, May 5, 2015

အခါတိုင်+အဌလက်ခွင်ပညာသဘော


အခါတိုင်+အဌလက်ခွင်ပညာသဘော
---------------------
အမှန်တော့  ဇယားနဲနဲပိုရှုတ်လို့ သာ နဲ့  အသုံးမလိုသေးတဲ့ အခါ တစ်ချို့ တွေ ပြောသလိုပါပဲ ဖတ်ဖူးတယ်ဆိုတဲ့  စာအုပ်ထဲပြန်အိပ်သွားတဲ့  စာအိပ်ပညာသဘောဖြစ်သွားလို့ ပါ..

ပုံထဲကအတိုင်းပဲ..အခါတိုင် ကို၂၄ နာရီမှာ ၂ ဖြတ်ပိုင်းပြီး မနက်၆ကနေညနေ၆။ ညနေ၆ကနေ နောက်နေ့ ၆နာရီအထိခွဲထားတယ်ပေါ့  ၊

ဒီတော့  ကြာသာပတေးနေ့ မနက် ၆နာရီကနေ ၇နာရီခွဲ ဆိုတဲ့ တစ်နာရီခွဲလောက်ကာလက ဂုရုဆိုတဲ့ ကြာသာပတေးတိုင်၊

၇နာရီခွဲကနေ ၉နာရီကြားက ဘောမ ဆိုတဲ့ အင်္ဂါတိုင်ပေါ့  ။

ဒီတော့  မနက်၆ကနေ ညနေ ၆နာရီအထိ တစ်နာရီခွဲ စီသွားရင် ဂုရု၊ ဘောမ၊ သူရဇ္ဇေ သာကြ၊ ဗုဒ္ဒ၊ စန္ဒရော၊သောရီ ဂုရု ဆိုပြီး ညနေ ၄နာရီခွဲကနေ ၆နာရီက ဂုရုတိုင်နဲ့  ပြန်ပိတ်သွားတယ်ပေါ့ ။

အဲ့  အခါတိုင် ၈တိုင်ကို အဌလက်ခွင်ထဲမှာ ကြာသာပတေးနေ့ ဖြစ်လို့  ကြာသာပတေးဂြိုလ်ခွင် အကွက်ထဲမှာ ကြာပတေးတိုင်ဆိုတဲ့  ဂုရုတိုင်ကို စထည့် ပြီး ဂုရု ဘောမဘာညာနဲ့  တစ်နာရီခွဲတိုင်း ရှေ့ အကွက်ထဲ အခါတိုင်သွားတဲ့ အတိုင်း ထည့် သွားတယ်.

.အဲ့ တော့  ညနေပိုင်း ပြန်ကြုံရတဲ့  ဂုရုတိုင်က စနေဂြိုလ်အဌလက်ခွင်ထဲ ရောက်နေတယ်ပေါ့ လေ..သဘောက ကြာသာပတေးနေ့  ညနေ၄နာရီခွဲကနေ ညနေ ၆နာရီကြားက ဂုရုတိုင်ကို စနေဂြိုလ်စီးနေတဲ့ ဂုရုတိုင်ဖြစ်နေတယ်ပေါ့ လေ

အကယ်၍ တနင်္လာနေ့  ဂုရုတိုင်နဲ့ ဗေဒင်လာမေးရင် (သို့ ) တနင်္လာနေ့ မှာ ရှိနေတဲ့  ဂုရုတိုင်ဟာ ဘယ်လို ဂုရုတိုင်လဲဆိုတာကို အဌလက်ခွင်ထဲ ထည့် ကြည့် ရင် တနင်္လာနေ့ ဖြစ်လို့  စန္ဒရောတိုင်ကို တနင်္လာ အဌလက်ခွင်က စထည့် တယ်

 ဒီတော့ စန္ဒရော ၊ သောရီ၊ ဂုရုဆိုတော့  အဲ့ ဂုရုတိုင်က ဗုဒ္ဒဟူးဂြိုလ်အဌလက်ခွင်ထဲက ဂုရုတိုင်ပေါ့ ..သဘောက တနင်္လာမနက်ဂုရုတိုင်ဟာ အနာခံတဲ့ သူသိပ်မကြာခင် အသာစံရမယ် အချောင်ကြံရင် သိပ်မကြာခင် လူမမာဖြစ်လိမ့် မယ်ပေါ့ ..

ဒါဟာ နေ့ စဉ်မှာ ကြုံနေရမယ့် တစ်နာရီခွဲစာ အခါတိုင်တွေကိုအဲ့ တစ်နာရီခွဲအတွင်းမှာ ဘယ်ဂြိုလ်တွေက စီးနေသလဲဆိုတာကိုကြည့် လိုက်တာနဲ့ ကောင်းရင်ဘယ်လောက်ကောင်းမယ် ဘယ်လိုနည်းနဲ့ ကောင်းမယ် စသဖြင့် တွေ ဆိုးရင်ဘယ်လောက်ဆိုးမယ် နဲနဲဆိုးမယ် မချိမဆန့် ဆိုးမယ် စသဖြင့်  အနုစိတ်ထပ်ကြည့် တဲ့ သဘောမှာ အရင်စသုံးတာပါ..( ဇယားရှုတ်လို့ သိပ်တောင် သတိတောင်မရတတ်ဖူး..ဟီးဟီး)

အခါတိုင်+အဌလက်ခွင်ဟာ အတွေးအမြင်ထက်လေလေ သုံးလို့ ကောင်းလေလေပါ... အမှန်တော့  အဟောပိုင်းတွေ နမိတ်သဘောတွေတင်မကပါဘူး...အဒီအရင်တွေ လုပ်တဲ့ အခါ ကျင့် စဉ်တွေ စ၀င်တဲ့ အခါကိုရွေးတဲ့ အခါ အိမ်ရှင်းမြေရှင်းတွေလုပ်တဲ့ အခါ န၀င်းယတြာကစားတဲ့ အခါ '''' အသန့် ဆုံးအခါ '''ကိုရွေးပေးချင်တဲ့ အခါမှာ အဓိကသုံးပါတယ်....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..