ပေးချည်းနေရတာ
---
ကျနော်တို့ ငယ်ငယ်က နောက်ပြောင်တဲ့ စကားရှိတယ်ဗျ...အဲ့ အနောက်အပြောင်စကားက လူရွှင်တော်တွေ ဒါမှမဟုတ် လူရွှင်တော်တွေလို သရော်တော်တော် ရိတတ်ထေ့ တတ် တဲ့ လူတွေဆီက
ထွက်လာပုံရပါတယ် ကျနော်ကတော့  ကျနော်တို့ အမျိုး စက်ချုပ်ဆရာဆီက စကြားဖူးတာပါ..
.ကျနော်တို့ ခေတ်က စက်ချုပ်ဆရာတွေဟာ စမတ်လည်းကျသလို သီချင်းလေးတအေးအေးဆိုပြီး
အ၀တ်စညှပ် စက်နင်းနဲ့  စက်ခုံပေါ်ကနေ လောကကြီးကို သရော်တော်တော်နဲ့  ကြည့် တတ်ပြောင်တတ်လှောင်တတ်တဲ့ သူတွေ များပါတယ်...သက်ကြီးစကားသက်ငယ်ကြားသဘောပေါ့ 
သူ နောက်ပုံက..ပုလိပ်ရယ် ဟိုနင်းရယ် ဗေဒင်ဆရာရယ် စက်သမားရယ်တွေကို ကပ်မပေါင်းနဲ့ ကွ ကိုယ်ကချည်းပေးနေရတာ..ဟားဟားဟား..လို့ ..နောက်တာပါ...အဲ ကျနော်ကတော့ အဲ့ လိုမျိုးတွေ မနောက်ရဲပါဘူးငရဲငအုံတွေကြီးမှာ ကြောက်တတ် အချုပ်တွေဘာတွေ ကြောက်တတ်လို့ ပါ. ခေတ်အလိုက် ကြားဖူးခဲ့ တဲ့  စကားလုံးတွေအကြောင်း ပြန်ပြောပြယုံလေးပါခင်ဗျာ.....ငိငိ😁
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, August 15, 2015
၂ကြွင်းအကြောင်း...( ပြန်ဆိုတေးပါ..ငိငိ)
၂ကြွင်းအကြောင်း...( ပြန်ဆိုတေးပါ..ငိငိ)
---
ရေးပြဘူးတယ် ပြန်ရေးပြတာပါ ကြုံဖူးခဲ့ သမျှတွေထဲမှာ ထင်သာမြင်သာရှိလွန်းတဲ့  ကြီးမားတဲ့ အဖြစ်မို့ ပါ ၂ကြွင်းတစ်ယောက်အကြောင်းပါ သူငယ်ချင်းထဲကပါပဲ သူက.ဆိုးတယ်. မိုက်သွေးလည်းကြီးတယ်.ပိုက်ဆံရမယ်ဆို သူခိုးလက်ခံကအစ အကုန်လုပ်တယ် ဒါပေမယ့် 
မိန်းမနဲ့ အရက်တော့ ကင်းတယ်..မိန်းမမရှိဘူး ဂမ္ဘီရ အစီအရင်တွေကိုလည်းဝါသနာထုံတယ် ဒါနဲ့  ပြည်ဘက်ကဆရာတစ်ယောက်နဲ့ ဝက်ကုန်းဆေးထိုးတယ်..စွမ်းပုံတော့ရတယ်..

ကျဆုံးခန်းကို ရောက်ခါနီးလာလာလေလေ သွေးရူးသွေးတန်းတွေ ဖြစ်လာလေလေပေါ့ ..

.ရှင်ဒေ၀ဒတ်က သူနဲ့ ဆိုအမျိုးတောင်တော်သေးတယ် ဘုရားကို ဖိုက်တဲ့ နေရာမှာ ပထမပိုင်း လေပြေထိုးလေးတွေနဲ့ လာတာ...လေပြေထိုးမရတော့ မှ အကွက်ချပြီး အကွက်ကျကျ ဖိုက်တော့ တာမှာ အသက်ကိုပါရန်ရှာတဲ့ အထိ ဖြစ်လာတာ..အဲ့ မှာလဲ ပထမက သူများအငှားလက်နဲ လုပ်ကြံနေခဲ့ တာ...ထောင့် စေ့ ပုံက လက်နက်အာဏာရှင် ပဒေသရာဇ်မင်းကိုပါ ပေါင်းပြီး ဖဲ့ ဖို့ ကြိုစားတာ..
အဲ့ လို ဖဲ့ တာလဲ ပါရမီဘုန်းကံ သစ္စာ ပညာ အစစ ဘယ်ဖက်ကမှ မယှဉ်သာတော့  ရှင်ဒေ၀ဒက်ကချည်း အရှုံးကွက်တွေချည်း ဖြစ်လာတယ်...နောက်ဆုံး ကိုယ်တိုင်ခွန်အားထုတ်ပြီး ကျောက်တုံးနဲ့  ပစ်ချဖိသတ်ဖို့ အထိတောင်ကြိုးစားတယ်.သူများကို လုပ်ကြံတာမှာ ကိုယ်တိုင်ထွက်လုပ်ကြံတဲ့ အဆင့် ဟာ သွေးရူးသွေးတန်းနဲ့  ဘုရားမသေလို့ မဖြစ်ဖူး သေမှကို ဖြစ်မယ်ဆိုတာမျိုး အမုန်းတရား အထွဋ်အထိပ်ရောက်သွားတဲ စိတ် .တော်ယုံလူဆို အဲ့ အမုန်းစိတ်ကဘုရားကိုမလုပ်ကြံခင် ကိုယ့် ဟာကိုယ်တောင် နှလုံးသွေး ပွက်ပွက်ဆူပြီး ဘုံးကနဲ လဲသေသွားနိုင်အောင် ပူလောင်ပြင်းထန်တဲ့ စိတ်မျိုး...
ဒါလဲ မနိုင်ဘူး....အမျိုးမျိုးနည်းတွေနဲ့  အနိုင်မယူနိင်တာက ဂိတ်ဆုံးသွားပြီဆိုမှတော့  .
.....သူ့ အလှည့် ပေါ့ .....
အဲ့ မှာ ရှင်ဒေ၀ဒတ်..ကိုယ့် အကုသိုလ်နဲ့ ကိုယ် မြေမြိုခံရတော့ တာပါပဲ.....
သိပ်ရွံစရာ ကောင်းတဲ့ လူတွေ...
သိပ်ရွံစရာ ကောင်းတဲ့ လူတွေ...
------------------------------
အသိအမြင်တွေ အတွေးတွေကို မှိုင်းတိုက်တဲ့ နေရာမှာ ဖွတ်ခရိုတွေ စစ်ခရိုတွေလို စက်ဆုတ်စရာကောင်းတာ ရွံစရာကောင်းတာက .အာဏာရှင်ကို ဆန့် ကျင်သလိုလိုနဲ့  လွတ်ရာကျွတ်ရာနေ ဘေးလူလိုလို ဝေဖန်ရေးသမားတွေလိုလို နိုင်ငံရေးသုံးသပ်သူတွေလိုလို ကောင်းစေချင်လို့ အကြံပေးနေတာတွေလိုလို တရားမျှတစေချင်သူတွေလိုလို မတရားမှု့ တွေကို ဆန့် ကျင်သူတွေလိုလိုနဲ့  စုတုပြုအချက်အလက်တွေ ရှောက်စု စပ်ထဘီလို တောင်စပ်မြောက်စပ် ၁၂ မျိုး အတင်းသုတ်လုပ်ပြီး စိတ်ကူးယဉ်ခန့် မှန်းချက် စာတွေ အွန်လိုင်းတွေ ဖွဘုတ်တွေ မီဒီယာတွေကနေ တော်ကီထုလွှတ် စာတွေ ပိုစ်တွေ ရေးလွှတ်နေတဲ့  အချောင်သမားတွေပဲ..
တော်ယုံ စာဖတ်နဲသူ ဖတ်ယုံဖတ်ပြီး လိုက်မတွေးတတ်သူ ကိုယ့် အလုပ်ပဲကိုယ်လုပ်နေတာများလို့  အပြင်လောကကြီးနဲ့ သတင်း ကွန်တက်ပြတ်နေတတ်သူတွေမျိုးဆို နဂို ယုံကြည်ချက် မျှော်လင့် ချက်သေးသေးလေးတွေတောင် သူတို့  စာတွေ တော်ကီတွေကြောင့်  ကိုယ့်  ဘ၀အနာဂတ်တောင် ဘာကိုယုံလို့  ဘယ်ကိုပုံထားရမှန်းမသိတော့ လောက်အောင် အသိတွေ အတွေးတွေ ရှုတ်ယှက်ခတ်ကုန်ပြီး ၀ါးတားတားတွေဖြစ်သွားလောက်တယ်..
ဒါ့ ထက်ဆိုးတဲ့ ရေးသားနည်းတွေက စစ်ကျွန်ဘ၀က လွတ်အောင် ဘယ်လောက်ကြိုးစားစား ဘယ်တော့ မှ စစ်ကျွန်ဘ၀က မလွတ်နိုင်တော့ ဘူးလိုလို မြင်လာအောင် စစ်အာဏာရှင်သမားတွေကို မသိမသာ ပို အကြောက်စိတ်ဝင်သွားအောင် ကိုယ့် ကိုယ်ကို လူညံ့ တွေလို့ ထင်ပြီး တင်ထားတဲ့  စိတ်ဓါတ်တွေ ကျသွားအောင်တွေ ဒိုင်ကြောင်တွေထည့်  လွှတ်ရေးနေတဲ့ ဒီမို မျက်နှာဖုံးတပ်ထားတဲ့  ပညာတတ်ဆိုတဲ့  စပျစ်သီးဆိုတဲ့  တစ်ခုခုဖြစ်လာရင် အရင်ရှောင်သွားတတ်တဲ့ ကော်လံဖြူလို့ ဆိုကြတဲ့ ရေပေါ်ဆီ လူတွေပဲ.
..အဲ့ လို ရေပေါ်ဆီမျိုးတွေကို ရွံရှာလွန်းလို့  ကမ္ဘောဒီယားမှာ ရက်စက်တဲ့ ခမာနီပိုပေါ့ တို့ ပေါ်ထွက်လာပြီး သူတို့ အာဏာရသွားတဲ့ အခါကြတော့ အဲ့ လို ဆီဥ ထောပတ်စားပြီး လွတ်ရာကျွတ်ရာနေ ပန်ကာအောက်ထိုင်ပြီး လေလွှတ်နေတဲ့  ရေပေါ်ဆီတွေကို လယ်ထဲ အလုပ်ကြမ်းစခန်းထဲ ပို့ လိုက်တော့ တာမျိုးဖြစ်လာတော့ တာမျိုးပဲ..ရန်သူစစ်စစ်ပြောရခက် မိတ်ဆွေစစ်စစ် သတ်မှတ်ရခက်တဲ့ ဘာကောင်တွေမှန်းပြောရခက်တဲ့ .....

အလုပ်ပေးအတွေး..
အလုပ်ပေးအတွေး..
----
ဘေးအကွက်ထဲမှာ အနောက်တိုင်းယဉ်ကျေးမှု့ ကို လျှော့ ချရေး..ဆိုတဲ့  ပေ့ တစ်ခု၊ ပုံတင်ထားက ထဘီနဲ့ ရင်ဖုံးအင်းကျီ အ၀တ်အစားပြိုင်ပွဲပုံနဲ့ ...၊ အာ့ လေးတွေ့ ပြီး တွေးစရာ မေးစရာ စိတ်အပန်းဖြ အတွေးဖြန့် ကျက်မှု့ ဂိမ်းတစ်ခု ဖြစ်လာပုံက ...
'' ယဉ်ကျေးမှု ''့ ဆိုတာ ဘာကို ဆိုလိုတာလဲ ဘယ်လို နားလည်ထားသလဲ အရေပြား တစ်ထောက်စာပေါ်မှာ ဖုံးတဲ့ အ၀တ်အစားဝတ်တာကိုပဲ ယဉ်ကျေးမှု့ လို ဆိုလိုပါသလား စိတ်ပိုင်းဆိုင်သဘောထားတွေကရော ယဉ်ကျေးမှု့ ထဲမှာ ပါနိုင်သလား..အ၀တ်အစားဝတ်ပုံကို ယဉ်ကျေးမှု့ လို ဆိုရင် ဘယ်ခေတ်က အ၀တ်အစား နဲ့  ဘယ်သူတွေ ဘယ်အလွှာက လူတွေ ၀တ်တဲ့  အ၀တ်အစားကို ယဉ်ကျေးမှု လို့ သတ်မှတ်မှာလဲ ဘယ်သူတွေက သတ်မှတ်မှာလဲ ဘာကြောင့်  မိန်းမတွေရဲ့ အ၀တ်အစားကိုမှ အဓိက ပစ်မှတ်ထားပြီး နှိုးဆော်နေရတာလဲ ယောက်ျားတွေ ရဲ့ အ၀တ်အစားတွေကိုတော့ အနောက်တိုင်း ယဉ်ကျေးမှု့ လျှော့ ချရေးတွေဘာတွေ နဲ့  ဘာလို့ နှိုးဆော်လေ့ မရှိတာလဲ ....
ယောက်ျားတွေရဲ့  အ၀တ်အစားကရော ဘယ် ခေတ်က ဘယ်သူတွေ ၀တ်တဲ့ အ၀တ်အစား ဒီဇိုင်းကို ရိုးရာ အစဉ်အလာ ယဉ်ကျေးမှု့ ဒီဇိုင်းလို့ သတ်မှတ်မှာလဲ ဘယ်သူတွေကသတ်မှတ်မှာလဲ. ...သတ်မှတ်တယ်ဆိုရင်ရော အဲ အ၀တ်အစားဒီဇိုင်းက ကိုယ့် ကိုယ်ပိုင်လို ယဉ်ကျေးမှု့ လို့ ဘယ်သူက အာမခံမှာလဲ ကိုယ့် ကိုယ်ပိုင် ယဉ်ကျေးမှု့  ဒီဇိုင်းစစ်စစ်ပါ ဆိုတာရော သေခြာပါသလား. ..အနောက်တိုင်းယဉ်ကျေးမှု့ .ဆိုတာကရော ဘယ်ယဉ်ကျေးမှု့ ကိုဆိုလိုတာလဲ နိုင်ငံပေါင်းရာချီရှိတဲ့ အနောက်အရပ်မှာ ဘယ်အနောက်အရပ်က နိုင်ငံတွေက ယဉ်ကျေးမှု့ ဆိုတာတွေ ဒီ အရှေ့ ဘက် ဒီနိုင်ငံဘက်ကို လွှမ်းမိုးလာတယ်လို့ ပြောလိုတာလဲ.....စသဖြင့် ...စသဖြင့်  စသဖြင့် ....??????...တွေးစရာတွေ မေးစရာတွေ တစ်ပုံကြီးပေါ့ ....အဲဘာရယ် မဟုတ်ပါ.. အိပ်ငိုက်ပြေလေး တွေးကြည့် တာပါ..
.တစ်ခါတစ်လေ ကိုယ် ညံ့ တာကို ကိုယ်ညံ့ တာလို့ မမြင်ပဲ သူများတော်တာကို အပြစ်ရှာနေတာမျိုး ရှိတတ်သလား ကိုယ် ညံ့ တာကို သိပေမယ့်  ကိုယ့် ညံ့ ချက်ကို ဖုံးဖိချင်တာနဲ့  သူများတော်တာကို အပြစ်ဖွဲ့ ပြနေတာမျိုးတွေလည်း ရှိတတ်သလား.လို့ လည်း တွေးနေမိလေ၏. တွေးရသည့် အကြောင်းကား သတ္တ၀ါအနန္တတွင် လူသည် အလွန်မှ ဥာဏ်နီ ဥာဏ်နက်များတတ်သောကြောင့် ဖြစ်လေသည်......ငိငိ...😁

တရေးနိုး အတွေး...
တရေးနိုး အတွေး...
----------------------
စိတ်ကလည်း ဖြစ်ပျက်လို့ ဆိုပြီး ဖြစ်လိုက်ပျက်လိုက်ရဲ့  စပိက မြန်လွန်းလို့ မွေးကတည်းက ဒီနေ့ အထိ စိတ်အစဉ်အတန်းကြီးက တစ်ဆက်တည်း လို ခံစားမိတဲ့ သဘောပေါ့  ...
ရုပ်ရင့် ကျက်တယ်ဆိုတာ အရေပြားတွေ အရိုးတွေက နုရာကနေ ရင့်  ရင့် ရာကအိုသဘော၊ စိတ်ရင့် ကျက်မှု့ က ခံစားမှု့ တွေကို အပြည့့်ခံစားလိုက်ပစ်တာကနေ အခြေအနေတစ်ခုကို သင့် ၏ မသင့် ၏တွေ စသဖြင့် တွေးခေါ်ဆင်ခြင်ပုံတွေပါလာတာမျိုး စတိုင်သဘော..ခံစားမှု့ ကို အတွေးအကပ်ခံလိုက်ရတာမျိုး..
ရုပ်ဖြစ်ပျက်က မြင်သာလို့  ရုပ်ရဲ့  ရင့် ကျက်မှု့ က မြင်သာပြီး စိတ်ရဲ့ ရင့် ကျက်မှု့ က မမြင်သာဘူး..မမြင်သာတာက ရုပ်ကို ရုပ်ချင်းပြန်ကြည့် လို့ ရပေမယ့်  စိတ်ကို ပြန်ကြည့် ဖို့ က စိတ်နဲ့ ပဲ ပြန်ကြည့် လို့ ရတာမျိုး...
စိတ်ရဲ့ ရင့် ကျက်မှု့ က အတွေးအခေါ်နဲ့ ဆင်ခြင်မှု့ ပေါ်မှာပဲ စကားပြောလိမ့် မယ် စိတ်ခံစားမှု့ အပေါ်မှာတော့ သွားကြည့် လို့ မရဘူး
စိတ်ခံစားမှု့ သဘောက ဘ၀ရဲ့  အဖြစ်အပျက်တွေကို ပြန်တွေးလိုက်ရင် အနှစ် ၂၀ ၃၀ ၄၀ ၅၀ ရုပ်သက်တမ်း ဘယ်လောက်ပဲ ကြာကြာ စိတ်ထဲမှာ ၂ရက် ၃ရက် ၄ရက် ၅ရက်လောက်က အဖြစ်အပျက် ပူပူနွေးနွေးတွေလိုလို ခံစားလို့ ရနေတာမျိုး..
စိတ်ရဲ့ ရင့် ကျက်မှု့ ကတော့  လောကီစိတ်သဘောအရ ခွင့် မလွှတ်နိုင်လောက်တဲ့ ကိစ္စတွေကို ဓမ္မကို အာရုံပြုပြီး လောကုတ္တရာစိတ်နဲ့ ခွင့် လွှတ်ပေးလိုက်တယ် ဆိုတာမျိုးက စိတ်ရဲ့ ရင့် ကျက်မှု့ ...
အဲ့ ဒီ စိတ်ရဲ့ ဆင်ခြင်မှု့  ရင့် ကျက်မှု မရင့် ကျက်မှု့ဆိုတာကလည်း ရုပ်ရဲ့  နုပျိုမှု့  အိုမင်းမှု့ အပေါ်မှာ မူမတည်ပြန်တာက အသက်ငယ်ငယ်နဲ့  သံသရာက လွတ်မြောက်သွားတဲ့ စိတ်ကို ရသွားတဲ့ သူတွေလည်း ရှိသလို အသက်သာ ၇၀ ၈၀ တန်းဖြစ်နေတာ လောဘ ဒေါသ အညှိုး အာဃာတ တပ်မက်မှု့ တွေနဲ့  အလွန်ပူလောင်နေဆဲ သူတွေကိုကြည့် ရင် မြင်သာတယ်...
တစ်ခါတစ်ခါလည်းအတွေးက ရင့် ကျက်တယ်ဆိုတာ ကိုယ့် အတွက် သူ့ အတွက် ဆက်ဆံရေးတွေမှာ အကျိုးအမြတ်တွေ အပေးအယူတွေ အလျော်အစားတွေကို တွက်ချက်ပြီး မူရင်း စိတ်ခံစားမှု့ ကို ဖုံးဖိပြီး စိတ်ခံစားမှု့ ကတစ်မျိုး အပြင်ကတစ်သွင်နဲ့ ဟန်ဆောင် လှုပ်ရှားသွားတာများလားလို့ 
ဘာဘဲဖြစ်ဖြစ် တစ်ခါတစ်ခါ ခံစားမှု့ ကို ခံစားမှု့ အတိုင်းသက်သက်နဲ့ နေရတာက စိတ်ကို ပျော်စေတယ် ဟန်ဆောင်လောက ကနေ လွတ်မြောက်နယ်မြေထဲ ခဏရောက်နေသလိုလို
သုညကြွင်း စစ်မှု့ ထမ်း ခေါင်းပေါင်း နမိတ်သဘော နဲ့ သုညကြွင်း သောကြာသားကြီးကိစ္စ ပြန်တွေးထားတာပါ... နမိတ်ရဲ့ အကျိုးကျေးဇူး
သုညကြွင်း စစ်မှု့ ထမ်း
------
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပဲခူးတိုင်း ကညွှတ်ကွင်းရွာမှာ ၁၁ ဇူလိုင် ၁၉၄၇ ခုနှစ်က ဖွားမြင်ပါတယ်။
--------------
ပထမတော့ အမှတ်တမဲ့ ပဲ၊ နောက်တော့  သုညကြွင်းမဟာဘုတ်ဖြစ်နေတာ သတိထားမိသွားပြီး အင်္ဂါနံ စစ်မက် သဘောက မရဏအိမ်ထိုင်နေတာကို စိတ်ဝင်စားသွားတယ်၊ မရဏကို မှီပြီး အသက်မွေးရတာ အန္တရာယ်များတယ်ဆိုတဲ့ သဘောကိုတွေ့ ခဲ့ တာကြာပြီဆိုတော့ လေ၊ ဒါနဲ့ ပြက္ခိးန်မှာနေ့ သား ရှာလိုက်တော့ သောကြာသားတဲ့  အထွန်းဖွားပေါ့ ၊ သုညတွေ အဲ့ အထွန်းသောကြာ စကားကြောင့် ကျနော်တို့ က သုညကြွင်းတွေကို လေအိုးတွေလို့ နောက်ခေါ်ကြတယ် ၊ ကားပွဲစားလိုပဲ လေဖေါ်တတ်
သလို စိတ်လွတ်သွားရင် စကားဖေါင်တတ်တယ်။ ..
ဒါနဲ့  အသက်ပိုင်းကြည့် တော ၆၈ နှစ်ပြည့် စလေး လပိုင်းတောင်မစွန်းသေးဘူး အစိခံလိုက်ရတယ်၊..သောကြာသား ၆၈ ဆိုတာ ၄ခွင်မြောက် ဘုမ္မိ နဲ့ အင်္ဂါ သက်ရောက်ပေါ့ ၊
ရိုးရိုးအင်္ဂါတောင်မဟုတ်ဖူး မရဏအင်္ဂါ...သဘောက သတ်သေချင်စိတ်ပေါက်သွားအောင် ညစ်တဲ့ နေရာပေါ့ ...။ ဒီမွေးသက္ကရာဇ်သာ အမှန်ဆိုရင် အခုကိစ္စက သက်ရောက်ဗေဒင်တွေနဲ့  တိုက်ဆိုင်သားပဲပေါ့ လေ
Subscribe to:
Posts (Atom)